Blog Archive

Thursday, May 19, 2016

Fb,gmailအကောင့် လုံခြုံ ရေး နှင့် ပတ်သတ် ၍ သတိထား ရမည့် အချက်များ

အကောင့် လုံခြုံ ရေး နှင့် ပတ်သတ် ၍ သတိထား ရမည့် အချက်များ
-----------------------------------------
(၁) စက်မှာ anti virus တစ်ခုတင်ထားပေးပါ..။(Malwarebytes Anti-Malware က သုံးရတာ အဆင်ပြေပါသည်)

(၂)ဘယ်မှာသုံးသုံး remember password မှ အမှန်ခြစ် ကို ဖြုတ်ပါ။
စက်၏ browser (eg-firefox,chrome) ၏cookiesများကိုဖြတ်ပေးပါ..။

cookies များဖြတ်နည်း- firefox>>tools>>options>>privacy>> အောက်ဆုံးမှ you may want to clear your recent history (or)
remove individual cookies မှ clear your recent history
>>Time range to clear ကို Everthing ပြောင်း >>
တွေ သမျှ အကုန် အမှန် ခြစ် ထည့်ပြီး clear now ကိုကလစ် ပါ။

(၃) Gmail သုံးမယ်ဆိုရင် address bar(https://mail.google.com/)ကို
ပထမဆုံး ကြည်ပါ ။။ Gmail address (mail.google.com)
ဟုတ် မဟုတ်စစ်ပါ..။ သေချာအောင် တော့ mail.google.com ဆိုပြီးကိုယ်တိုင်
ရိုက်ပြီး ၀င်ပါ။

သူများပေးသောလင့်များ...ကိုယ်ထိုင်သောစက်မှ အလိုလို ပေါ်လာသော
Gmail page များကိုသေချာ (mail.google.com) မှန်မှ ကြည့်ပြီး ၀င်ပါ။
(phising -- web စာမျက်နှာအတု ကို လန့်  လို ပါ) Gmail ထဲ့တွင့်
ပုံမှန် ပြောနေ ကျ သူငယ်ချင်း ၊ချစ်သူ မှ အပ
မိမိသူငယ်ချင်းအမည်နှင့် အစ ...အခြားသော ဆိုဒ်များ မှ ပိုသော
mails များအား delete လုပ်ပါ..Filter ခံပါ...spam mails များ ဖျက်ပါ..။

(၄) (Gmail/Facebook) ၀င်ရာတွင် ပထမဆုံး password အမှားဖြင့် 2 ကြိမ်
လောက် ရေးလိုက် ဖြတ်လိုက် လုပ်ပြီး အမှန်ဖြင့် ပြန်ဝင်ပါ။
မိမိတို့ (Gmail/Facebook) အကောင့် တွင် ဖုန်းနံပါတ် သို့ 
recovery mail ထားပါ...။ password တွင်
အက္ခရာ(a,b,c)၊ ဂဏန်း(1,2,3) နှင့် **** @@ ## ကဲ့သို့သော
သင်္ကေတများနှင့် ပေးပါက ပိုမို့လုံခြုံမူရှိပါသည်။
(brute-force cracking နဲ့ တိုးမှာ စိုးလို့ ပါ။) eg-password- Mgk@38Nn1*

(၅)ဖေဘုတ်ဖွင့် သည့် ဂျီမေးလ် အကောင့် ကို သူများ မသိပါစေ နဲ့ ။
Facebook ဆို လျှင်လည်း မူရင်း -https://www.facebook.com/
ကို ကိုယ်တိုင် address bar တွင် ရိုက်ပြီး ၀င်ပါ။ password အမှားဖြင့်
2 ကြိမ် လောက် ရေးလိုက် ဖြတ်လိုက် လုပ်ပြီး အမှန်ဖြင့် ပြန်ဝင်ပါ။

ဖေဘွတ် အကောင့်တွင့် အမည်မသိသော ၊ မူရင်းပုံမပါသော၊
mutual friend နည်းသော သူများ အား
သူငယ်ချင်းအဖြစ် လက်ခံခြင်း / မခံခြင်း ဆင်ခြင်ပါ..။

ဘာဖြစ်လို့ လည်းဆို တော့ Facebook password
မေ့သွားတဲ့ အခါ Facebook password recovery
လုပ်ဖို အတွက် မိမိ friend (၃) ဦးအား select လုပ်ကာ
ဖေဘွတ်မှ မေးလ် ပို ကာ recovery ပြန်ယူ ၍ ရပါသည်။

လူတစ်ယောက်တည်း မှ အကောင့် သုံးခု ဖြင့် Friend Request ပိုကာ
သူငယ်ချင်း ဖြစ် ၍ မိမိ အကောင့် အား မ သွား နိုင် ပါသည် ။ ဒါက Using Victims Mobile to Hack Facebook Account (သို့ )ps Reserting နည်းပါ။

Facebook Security Question အား အလေးနက် သေချာထားပါ။
( အမေ ငယ်အမည် ဆိုရင် သေချာ အကုန် သူများမသိအောင် ဖြည့်ပါ။)။
fake pages တွေကို သတိထားပါ။ မိမိ ဖေဘွတ်၊ဂျီမေးလ်
ဝင်ပြီး အသုံးပြု နေလျက် မှ password ထပ်တောင်းသော့ 
page များ မ၀င်မိပါစေနှင့်။

(၆)FB brower save ပေးထားပါ..။ဖေဘွစ် တွင့် tags လုပ်ခြင်း၊
friends request ပိုတာ များ ခြင်း၊ အခြား သော့ လင့် များ ရှယ်ခြင်း၊
friends request များ အား တစ်ပြိုက်တည်း များစွာ confirm လုပ် ခြင်း၊
ဖေဘွတ် မသုံးပဲ ကြာမြင့်စွာ ထားမိခြင်း၊ မိမိ ပုံမှန်သုံးနေသော
ကွန်ပျူတာ(IP)မဟုတ်ပဲ အခြားသော ကွန်ပျူတာ ဖြင့် ခဏခဏ
ဝင်သုံးခြင်းဖြစ်လည်း security checkလုပ်ခြင်း ခံရပါမည်..။

ပိုဆိုးက အကောင့် dissable လုပ်ခံ ရပါမည်။ ၀င်နေကျ
မဟုတ်သော IP ကွန်ပျူတာမှ အခြားသူ (သို့  မဟုတ်)
သတိမထား ပဲ မိမိ အကောင့် အခြား ကွန်ပျူတာ တွင် ဖွင့်
မိနေခြင်း ဖြစ် တတ် နေသည် ကို လည်း သတိထား ပါ ။
သုံးပြီးတိုင်း logout လုပ်ပါ။

(၇)မလိုသည် add_on များ ကို delete ပေးပါ..။
web site များဝင်ကြည်ရာတွင် မလိုအပ်ပဲ အလိုလို
ကျလာသော ကြော်ညာ လင့် များ နှိပ်ခြင်း မလုပ် ပါ နှင့်
ပိတ်ပြစ်ပါ။ download ချသော အခါ အော်တို
install လုပ်ပေးသော add_on များကို remove,disable လုပ်ပါ..။
control panel တွင် toolbar ဟု ဖေါ်ပြနေသော
aps များ ကို uninstall လုပ်ပါ..။

( firefox> tools> add-ons>> extensions>
အတွင်းရှိမလိုအပ်သော add-ons များ remove လုပ်ကာ
firefox အား restart ပေးပါ..။tools bar များ
ဖျက် မရပါက control panel တွင် uninstall
လုပ်ပါ။နောက်ဆုံး အဆင် မပြေက firefox အားအသစ်ပြန် run ပေးပါ။ )

(၈)တွေ သမျှ အကုန်မဒေါင်းပါနဲ့ ...မိမိလိုချင်သောဖိုင့် ၊ဆောဝဲလ်
ဟုတ်မဟုတ် စစ်ဆေးပြီးမှာ ဒေါင်းလော့ချပါ။
(source ကိုစစ်ပါ)။ ကိုယ်မသိတဲ့ လူက မေးလ်ကနေ ဖြစ်ဖြစ်
chat box ကနေ ဖြစ်ဖြစ် လင့်ခ် တစ်ခုခုပို့လိုက်ရင်လုံးဝကလစ်မိ ပါ စေ
နှင့်..RAT (Remote Access Trojan)ကအရမ်း
ကြောက်ဖို ကောင်းပါသည်။ ကွန်ပျူတာ အရမ်း
လေးလာပါက virus မသတ်နိုင်ပါက ၀င်ဒိုး အသစ် တင်...ပါ။
anti-virus တင်ထားပါ..။

(၉) အင်တာနက်ဆိုင်တွင် သုံးနေသူများ အတွက် ကွန်ပျူတာဆိုင်
မှာထွက်တိုင်း facebook၊Gmail အကောင့်များ
logout လုပ် ပါ။ပြန်စစ်ပါ..။(browser) firefox တွင်
password save လုပ်ထား မထား ပြန်စစ်ပါ။cookies များဖြတ်ပါ။

(လုပ်နည်း-password save ထား၊မထား ကြည်ရန် နှင့်
save ထားပါ ပြန်ဖျက်နည်း-
firefox>>tools>>options>>security>>remember passwords for sites တွင် အမှန်ခြစ်ပေးထားပါက ဖြုတ်ပစ်ပါ..။ပြီးနောက် saved passwords ကို ကလစ်ကာ remove all လုပ်ပါ။)

(၁၀) နောက်ဆုံးသတိထား ရမှာက CyberCafe (သို့ )
အင်တာနက်ဆိုင် မှာ အသုံးပြု နေသူတွေ အတွက် သတိ
ထားရမှာက keylogger ပဲ ဖြစ်ပါတယ်.။ဒင်းက
ကွန်ပျူတာ မှ မိမိ လုပ်သမျှ အားလုံးကို အချိန်နဲ အမျှ အကုန့် 
ဖမ်းယူ ထားခြင်းပါ ပဲ.။

hardware keylogger ဆိုရင်တော့ ကီးဘုတ်နဲ့ 
မာသားဘုတ် ဆတ်ထားတဲ့ နှစ်ခု ကြား မှာရှိပါတယ်။

software keylogger ကတော့ အမျိုးမျိုးပါပဲ။
On-screen keyboard သုံးတတ်ရန် သုံးပါ။ (start>>Accessories>>Accessibility>>On-screen keyboard) ။

ပုံမှန် ဆို ရင်တော့ windows key နဲ့ 
R ကို တွဲ နှိပ် Run box မှာ taskmgr ကို ရိုက်
Taskmanagerပေါ်လာရင် Process ဆိုတဲ့ tab
ကိုသွား အဲ့မှာmsdts.exe (သို)smdts.exe (သို့)
အခြား အမည်မသိသော exe ဖိုင် တတ် ၊
မတတ်ကြည် ၊တွေ ရင် select ပေး End process ပေး လိုက်ပါ။
(အခြား exe ဖိုင် အမည်၊ကိုယ်တိုင် ရေး
bat ဖိုင် လေးတွေ ကို path ချိန်းထားရင်တော့ မသိဘူးပေါဗျာ )

အကောင်းဆုံးက တော့ USB Stick ထဲ့မှာ
Anti KeyLogger (Portable Version) လေး
ကို မသုံးခင် အရင် run ပြီးစစ်ကာ သုံး နိုင်ပါသည်။

(မှတ်ချက် - Anti KeyLogger (Install Version)
သုံး ရင် တော့ Install လုပ်ဖို့အတွက် User Permission
ကို ဆိုင်ရှင်က ပေးချင် မှ ပေးမှာပါ။ ) နောက်ဆုံး
အဆင် မပြေ ရင် မိမိ ကိုယ်ပိုင်စက်တွင်
Deepfreeze တင်ထားပါ။
ဖတ်သမျှ သိသမျှ အား ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Credit...Mgmg Tharlay (ကျိုက်ကော်)

ငလျင်​လှုပ်​လျှင်​​ဆောင်​ရွက်​ရမည့်​အရာများ

ငလျင်အတွက် အသက်ကယ်တြိဂံ

အခု အချိန်မှာ...သဘာဝဘေးအန္တရာယ် တွေဟာ နေရာတိုင်းမှာ
ဖြစ်ပေါ်နေကြတာကို စာဖတ်သူတိုင်း သိရှိကြမှာပါ.....

တကယ့်ကိုယ်တွေ့ကြုံလာတဲ့ အချိန်....ပျာယာမခတ် ပဲ လုပ်ဆောင်သင့်သည်များကိုအချိန်မှီ လုပ်ဆောင်နိုင်ဖို့အတွက် ဒီဆောင်းပါးလေးကို ပြန်လည်ဝေမျှလိုက်ပါတယ်........

ငလျင် လှုပ်ရင် စားပွဲ အောက်မှာ နေပါတို့၊ တံခါး ကျည်းဘောင် အောက်မှာေ
နပါတို့ အစရှိသဖြင့်အရပ်ပြော စကားတွေရှိကြတာကို ကြားဖူး ကြမှာပါ။ အဲဒါတွေ အားလုံးကို ခေါင်းထဲက ထုတ်ပစ် လိုက်ပါတော့။ အခု ဆောင်းပါး ကို ဖတ်ပြီးတဲ့နောက်မှာ စာဖတ် ပရိသတ် တွေရဲ့ အတွေး အခေါ် ပြောင်းသွား
နိုင်ပြီး တစ်နေ့နေ့မှာ သင်တို့ရဲ့ အသက်တွေကို ကယ်တင်နိုင်ဖို့အထောက် အကူဖြစ် ပါလိမ့်မယ်။ (Doug Copp ၏ "The Triangle of life ဆောင်းပါး ကို ဘာသာပြန်ဆိုပါသည်။)

ကျွန်တော့်နာမည်ကဒေါက်ဂ် ကော့ပ်ပါ။ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အတွေ့ အကြုံ အရင့်ဆုံး ကယ်ဆယ် ရေးအဖွဲ့အစည်းဖြစ်တဲ့ အမေရိကန် အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့ ARTI ရဲ့ကယ်ဆယ်ရေး အကြီး အကဲနှင့်
သဘာဝ ဘေး အန္တရာယ် စီခံခန့်ခွဲ ရေးမှူး ရာထူးကို ရရှိထား သူပါ။

ကျွန်တော်ဟာ ပြိုကျနေတဲ့ အဆောက်အအုံ (၈၇၅)ခုထဲကို တွား သွားဝင်ရောက်ခဲ့ဖူးပါတယ်။ ကမ္ဘာ့ နိုင်ငံပေါင်း(၆၀)ကျော်က ကယ်ဆယ် ရေးအဖွဲ့အစည်းတွေနဲ့ တွဲဖက်လုပ် ဆောင်ခဲ့ဖူးပြီး အချို့နိုင်ငံတွေမှာ ဆိုရင် ကယ်ဆယ်ရေးအဖွဲ့တွေကို တောင်တည်ထောင်ပေးခဲ့ဖူးပါတယ်။ ၁၉၈၅ ခုနှစ်နောက်ပိုင်းမှာ ကမ္ဘာပေါ် မှာဖြစ်ပျက်သမျှ အကြီးစားသဘာဝ ဘေးအန္တရာယ်တိုင်းမှာ
ဝင်ရောက် တာဝန် ထမ်းဆောင်ဖူး ပါတယ်။
၁၉၈၅ ခုနှစ်၊ မက္ကဆီကိုစီးတီး ငလျင်ဖြစ်ပြီးတဲ့နောက်မှာ ကျွန်တော်
ကျောင်းတစ်ကျောင်းထဲကို အရင် ဆုံး တွားသွားဝင်ရောက်တဲ့အခါမှာ ကျောင်းသား ကလေးငယ်အားလုံး သူ တို့တွေရဲ့စာသင်စားပွဲတွေအောက် မှာရှိနေတဲ့
မြင်ကွင်းပါပဲ။ ဒါပေမဲ့ ကလေးတွေအားလုံး အရိုးတွေ စိစိ ညက်ညက်ကြေတဲ့အထိပိမိနေကြ တာကို စိတ်မချမ်း မြေ့ဖွယ်မြင်တွေ့ ခဲ့ရပါတယ်။

တကယ်လို့သာ ကလေးငယ်တွေဟာ အခန်းအလယ်လျှောက် လမ်းထဲက သူတို့တွေရဲ့ စာသင်ခုံ တွေနဲ့ဘေးကပ်လျက်လဲလျောင်း နေခဲ့ကြမယ်ဆိုရင်တောင် အသက် ဆုံးရှုံးချင်မှ ဆုံးရှုံးကြ ရမှာ ပါ။ အရှင်းဆုံးပြောပါမယ်။

အ ဆောက်အအုံတစ်ခု ပြိုကျတဲ့အခါ မျက်နှာကြက်တွေရဲ့အလေးချိန်ဟာ ပရိဘောဂတွေရဲ့ အပေါ်တည့်တည့်ကို သက်ရောက်တာကြောင့် အောက် တည့်တည့် မှာရှိတဲ့ အရာဝတ္ထု အားလုံး ကြေမွသွားကြပါတယ်။

ဒါပေမဲ့အဲဒီအပျက်အစီးပုံရဲ့ဘေးနေ ရာလေးတွေကတော့ ဂလိုင်များအ ဖြစ်ကျန်ခဲ့ပါတယ်။ အဲဒီနေရာလွတ် ကို ကျွန်တော်က "အသက်ကယ်တြိဂံ" လို့ အမည်ပေးထားပါတယ်။

အရာဝတ္ထုတစ်ခုဟာကြီးမား တောင့်တင်းလေ ပိုမိုခိုင်ခံ့လေ ဖြစ်လို့ သူတို့ရဲ့ဘေးက ကွက်လပ်ဟာလည်းပိုပြီးကြီးမားနိုင်ပါတယ်။ ဒီတော့ လူသားတွေအနေနဲ့ အဲဒီနေရာလွတ် ထဲမှာ ဘေးမသီ ရန်မခနေ ထိုင်နိုင်ဖို့ အခွင့်သာသွားစေပါတယ်။ ငလျင် ကြောင့်ပြိုပျက်နေတဲ့ အဆောက် အအုံပုံတွေကို တီဗွီမှာ တွေ့ရတဲ့အခါ အသက်ကယ်တြိဂံတွေကို လိုက်ပြီး ရေတွက်ကြည့်ပါ။ ပြိုပျက် နေတဲ့ အဆောက် အအုံတစ်ခု အထဲမှာ အတွေ့ရအများဆုံး ဂျီဩမေတြီ ပုံသဏ္ဌာန်ကတော့ တြိဂံဖြစ်ပြီး နေရာ တကာမှာ တွေ့ရပါလိမ့်မယ်။

ဘေးရန်ကင်းဖို့ လက်တို့ အညွန်း

၁။ ငလျင်လှုပ်လို့ အဆောက်အအုံ တစ်ခုပြိုတော့မလို ဟန်ပြင်နေရင် လူ တော်တော်များများဟာ တစ်ခုခု အောက်ထဲဝင်ပုန်းဖို့လောက်ပဲ သိကြလို့ အဆောက်အအုံပိသေ ကြရပါတယ်။ စာရေးစားပွဲတွေ၊ ကား တွေအစရှိတဲ့ အရာတွေအောက်ဝင်ပုန်းသူတွေဟာ အဖြစ်ဆိုးနဲ့ ကြုံတွေ့ ကြရပါတယ်။

၂။ ခွေးတွေကြောင်တွေနဲ့ကလေးငယ် တွေဟာ သန္ဓေသားလောင်းပုံစံ အတိုင်း ခွေအိပ်လေ့ရှိတာကို မြင်ဖူး ကြမှာပါ။

ငလျင်လှုပ်ပြီ ဆိုရင်လည်း အဲဒီလိုအနေအထားနဲ့ မြေကြီးပေါ်မှာ လဲလျောင်းနေသင့်ပါတယ်။ ဒါဟာ သဘာဝကပေးတဲ့ဘေးကင်းလုံခြု ရေးအသိပညာပါပဲ။ ခွေခေါက်နေခြင်း အားဖြင့် နေရာလွတ်သေးသေးလေး ထဲမှာ အသက်ရှင်ရက်ကျန်ရှိဖို့အခွင့် သာသွားစေပါတယ်။ အလွယ်တကူ ပြားချပ်မသွားနိုင်တဲ့ ဆိုဖာထိုင်ခုံ၊ ခုတင်အစရှိတဲ့ ထုထည်ကြီးကြီးအရာ တွေဘေးမှာခွေခေါက်နေလို့
ရမယ့် နေရာလွတ်မျိုးရှိတတ်ပါတယ်။

၃။ ငလျင်လှုပ်နေစဉ်ကာလအတွင်း မှာ ပျဉ်ထောင်အိမ်တွေဟာ အလုံခြုံ ဆုံးပါပဲ။ သစ်သားဟာ ကွေးလွယ် ညွတ်လွယ်လို့ငလျင်လှိုင်းတွေနဲ့ အတူ အလိုက်သင့်လှုပ်ရှားနိုင် ပါတယ်။ ပျဉ်ထောင်အိမ်တစ်လုံး ပြိုကျတယ်ဆိုစေဦးတော၊့ နေရာလွတ်တွေအများကြီးချန်ထား ခဲ့ပါလိမ့်မယ်။ ဒါ့အပြင် ပျဉ်ထောင် အိမ်တွေဟာပြိုကျရင်ပိမယ့်အလေး ချိန်လည်းနည်းပါးပါတယ်။

အုတ် တိုက်တွေကတော့ ငလျင်လှုပရင်အုတ် ချပ်တွေအဖြစ်တစ်စစီပြိုကွဲကျသွား တတ်လို့ အောက်မှာရှိနေမယ့်လူတွေ အတွက်အန္တရာယ်ရှိပါတယ်။

၎။ ညအချိန်ငလျင်လှုပ်တဲ့အခါခုတင် ပေါ်မှာတိုက်တိုက်ဆိုင် ဆိုင်ရောက် နေရင် ခုတင်ဘေးကိုသာလှိမ့်ချလိုက် ပါ။ငလျင်လှုပ်ရင် ခုတင်ဘေးလိမ့်ဆင်းဖို့
အကြံပြုချက်တွေကိုသာ ခုတင် ခြေရင်းမြင်သာတဲ့နေရာမှာ ကပ်ထား ပေးနိုင်မယ်ဆိုရင်လူအသေအပျောက် နည်းသွားနိုင်ပါတယ်။

၅။ ငလျင်လှုပ်ချိန်မှာ တံခါး၊ ဒါမှ မဟုတ် ပြတင်းပေါက်ကနေပြေးထွက် ဖို့အချိန်မရတော့ဘူးဆိုရင် ဆိုဖာကြီး ကြီးဒါမှမဟုတ်ဗီရိုကြီးကြီးဘေးမှာခွေခေါက်ပြီးနေလိုက်ပါ။

၆။ တံခါးကျည်းဘောင်အောက်မှာ ဝင်ပုန်းတဲ့သူတွေဟာ သေဆုံးကြရပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငလျင်လှုပ်လို့ကျည်းဘောင်ပြုတ်ထွက်သွား ချိန်မှာ အပေါ်ကအုတ်၊ အင်္ဂတေအစ ရှိတာတွေ ပြိုကျလာနိုင်လို့အခန် မသင့်ရင်
ခန္ဓာကိုယ်နှစ်ပိုင်းပြတ်သွားနိုင်ပါတယ်။

၇။ လှေကားခွင်ထဲမှာ ဘယ်တော့မှမ နေပါနဲ့။ လှေကားတွေဟာ ပင်မအ ဆောက်အအုံနဲ့ တစ်ဆက်တည်းမရှိ တတ်ဘဲပုခက်လွှဲသလို ယိမ်းခါနေ အောင် တည်ဆောက်ထားတတ်တာ မို့ ငလျင်လှုပ်ပြီဆိုရင် ပြုတ်ကျလာပြီး အောက်မှာရှိတဲ့သူတွေကိုလှေကား ထစ်တွေက အပိုင်းပိုင်း ခုတ်ဖြတ်ပစ် တတ်ပါတယ်။ အဆောက်အအုံပြို မကျနိုင်ဘူး ဆိုရင်တောင် ထွက်ပြေးနေတဲ့သူတွေနဲ့ လှေကားပြည့်သွားပြီး ပြုတ်ထွက် သွားနိုင်တဲ့ အန္တရာယ်ရှိလို့ လှေကားကြံ့ခိုင်မှုကို မပြတ်စစ်ဆေး သင့်ပါတယ်။

၈။ နံရံတွေရဲ့အတွင်းဘက်ထက် အ ပြင်ဘက်မှာရောက်နေစေဖို့ကြိုးစား ပါ။ အတွင်းဘက်မှာ ရောက်နေလို့အဆောက်အအုံပြိုကျခဲ့ရင် ထွက်ပေါက်
ရှာမရဖြစ်တတ်ပါတယ်။

၉။ ငလျင်လှုပ်ချိန်မှာ မော်တော် ယာဉ်တွေအတွင်း ဝင်ရောက်ပုန်းအောင်း သူတွေဟာ ပြင်ပကအရာတွေသူတို့ အပေါ်ပိတဲ့အခါ ထွက်ပြေးလို့မရဘဲ ပိသေကြရပါတယ်။ တကယ်လို့သာ ကားထဲကထွက်လာပြီးကားဘေးနား ကပ်လျက် ခွေခေါက်အိပ်နေရင်တောင် အသက်ရှင်သန်မှုအခွင့်အရေး ပိုရှိနေပါသေးတယ်။ ကားတွေဟာ ဘယ်လောက်ပဲပိပိသူတို့ရဲ့ဘေးကပ် လျက်မှာ သုံးပေလောက်ကွက်လပ ကျန်ခဲ့တတ်ပါတယ်။ ဒီကွက်လပ် လေးဟာ အသက်ကယ်တြိဂံပါပဲ။

၁၀။ ပြိုကျပျက်စီးနေတဲ့သတင်းစာ တိုက်တွေနဲ့စာရွက်အသုံးများတဲ့ အ ခြားရုံးတွေကိုဝင်ရောက် ကြည့်ရှုဖူး တဲ့အတွေ့အကြုံအရ စက္ကူတွေဟာ လွယ်လွယ်နဲ့ပြားကပ်မသွားတတ်တာ ကိုတွေ့ရပါတယ်။ စက္ကူပုံကြီးဘေး နားမှာဆိုရင်တော့ နေရာလွတ်ကြီး ကြီးမားမားကျန်တတ်ပါတယ်။ ဒီအချက်တွေကို ၁၉၉၆ခုနှစ် မှာလက်တွေ့စမ်းသပ်ကြည့်ပြီးသား ဖြစ်ပြီး တူရကီအစိုးရ၊ အစ္စတန်ဘူလ်မြို့အုပ်ချုပ်ရေးအဖွဲ့နဲ့ ARTI ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ စမ်းသပ် ချက်မှာ သိပ္ပံနည်းကျအဖြေထွက် ခဲ့ပါတယ်။

ကျွန်တော်တို့ပူးပေါင်းအဖွဲ့ ဟာ လူသားတို့ရဲ့ခံစားမှုအတိုင်းသိရှိ ခံစားနိုင်တဲ့ လူတူစက်ရုပ် (၂၀) ကို ကျောင်းတစ်ကျောင်းနဲ့ နေအိမ် တစ်လုံးထဲထည့်ပြီး အဆောက်အအုံ တွေကို ဖြိုချကြည့်ခဲ့ပါတယ်။

စက် ရုပ်(၁၀)ရုပ်ကို အောက်ထဲပြေးဝင်ပုန်း တဲ့စနစ်အတိုင်း နေရာချထားခဲ့ပြီး ကျန်တဲ့စက်ရုပ်(၁၀)ရုပ်ကိုတော့ ကျွန်တော့်ရဲ့အသက်ကယ်တြိဂံနည်း စနစ်အတိုင်း နေရာချထားခဲ့ပါတယ်။ အဆောက်အအုံတွေပြိုကျ သွားပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ပူးပေါင်းအဖွဲ့ဟာ အဆောက်အအုံ ပျက်ထဲဝင်ပြီး ဗီဒီယိုမှတ်တမ်းတင် ခဲ့ပါတယ်။ အဲဒီအခါမှာတစ်ခုခု အောက်ထဲပြေး ဝင်ပုန်းတဲ့နည်းကို သုံးရင်အသက်ရှင်စရာလမ်းမမြင်တဲ့ အနေအထားတွေမှာ အသက်ကယ် တြိဂံနည်းစနစ်ကို သုံးတဲ့သူတွေဟာအသက်အန္တရာယ်ကနေ လွတ်ငြိမ်း ချမ်းသာဖို့ ရာနှုန်းပြည့်ရှိနေတာကို တွေ့ခဲ့ရပါတော့တယ်။

ဒီဥပမာကို ကြည့်ခြင်းအားဖြင့် ငလျင်လှုပ်ပြီဆိုရင် ပျာယာခတ်မသွား ဘဲ အခိုင်အခံ့ပစ္စည်းတွေရှိတဲ့ နေရာ တွေဘေးကွေးကွေးကလေးဝင်ထိုင် နေတတ်ဖို့ လိုအပ်တယ်ဆိုတာ သိကြ မယ်လို့ထင်ပါတယ်။ ကမ္ဘာကြီးမှာ သဘာဝဘေး အန္တရာယ်တွေပိုမိုဖြစ်ပွားလာလို့ လူသားတွေရဲ့အသက်အန္တရာယ် ပိုမိုရှိလာတဲ့အတွက် တစ်ခုခုဖြစ်လာ ခဲ့လို့ရှိရင် အဆင်သင့်ဖြစ်နေစေဖို့မိမိနေထိုင်ရာ အိမ်၊ ပတ်ဝန်းကျင်မှာ အသက်ကယ်ပစ္စည်းတွေများများစား စားထားရှိဖို့လိုအပ်ပါမယ်။ ကိုယ့်ပတ် ဝန်းကျင်မှာအသက်ကယ်တြိဂံဘယ် နှစ်ခုရှိနိုင်တယ်ဆိုတာကို ကြိုတင်ရှာ ဖွေထားသင့်ပါတယ်လို့ အကြံပြုလိုက် ပါရစေ။ (Doug Copp ၏ "The Triangle of life ဆောင်းပါး ကို ဘာသာပြန်ဆိုပါသည်။)

Credit: Original Writer KZ

www.bellbagan.com
www.facebook.com/bellbagan

မျက်မှန်သမားများ​​မျက်​စိပါဝါချနည်း

မျက်စိပါဝါချနည်းက လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကိုယ်တိုင်သိပ်သိချင်တဲ့မေးခွန်းတခု ဖြစ်ခဲ့ဖူးတယ်။ အွန်လိုင်းမှာလည်း အမေးလည်းများတယ်။ မျက်စိသဘောက စနစ်တကျ မချတတ်ရင် (သို့မဟုတ်) လုပ်နည်းမမှန်ရင် ပါဝါပိုတက်လာတတ်တယ်။ အမှန်တော့ ကျတော်ကိုယ်တိုင်လည်း စာရေးပြီးနောက်ပိုင်း(အထူးသဖြင့် ဝတ္တုရေးပြီးနောက်ပိုင်း)မှာ မျက်စိပါဝါက သိသိသာသာ တက်လာခဲ့တယ်။ ဒါ့ကြောင့် ပါဝါတက်နေသူတွေကို ကျစေချင်တဲ့ စေတနာရှိတယ်။

တကယ်တော့မျက်စိပါဝါကျဖို့ဆိုတာ တော်တော်ခက်ခဲတယ်။ လူငယ်အများစုက အဝေးမှုန်သမားတွေ ဖြစ်ကြတယ်။ ဂိမ်း၊ တီဗွီ၊ ကွန်ပျူတာစတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့အကျိုးဆက်ဆိုလည်း မမှားပါ။ ဒီဖက်ခေတ် အွန်လိုင်းနဲ့ ဖေ့စ်ဘွတ်အလွန်အကျွံခေတ်စားလာတာလည်း မီးလောင်ရာ လေပင့်ဆိုသလို ပိုဆိုးလာစေတယ်။ အထူးသဖြင့် ဖုန်းနဲ့စာကြည့်တာ မျက်စိကို ပိုထိခိုက်စေတယ်။ အခု ဒီဆောင်းပါးမှာ မျက်စိပါဝါကျစေဖို့ သာမက ရှောင်ရန်အချက်တွေကိုပါ တခါတည်း ပြောပြသွားမှာ ဖြစ်ပါတယ်။

မျက်စိပါဝါချချင်ဖို့ မျက်စိကို ကောင်းကောင်းအနားပေးဖို့ လိုပါတယ်။ ဖုန်း၊ကွန်ပျူတာ၊ တီဗွီ screenကထွက်တဲ့ အလင်းစူးစူးတွေ ကြည့်လို့မရပါ။ ကွန်ပျူတာ ဖုန်းအကြည့်များသူတွေအနေနဲ့ brightness အလင်းကို တတ်နိုင်သမျှလျှော့ချဖို့ လိုပါတယ်။ အလင်းစူးစူးတွေက မျက်စိကြွက်သားကို ပိုကျုံ့စေတာကြောင့် ပါဝါတက်လာတတ်တယ်။တချို့အွန်လိုင်းစာမျက်နှာတွေမှာ နေကသိုဏ်းရှုဖို့ ပြောတာမျိုး ရှိတယ်။ တကယ်က နေရောင်အပါအဝင် ဘယ်အလင်းစူးစူးကိုမှ စိုက်ကြည့်တာမျိုး မလုပ်သင့်ဘူး။ အဲလိုပြုလုပ်ခြင်းက အတွင်းတိမ်(cataract)ဖြစ်စေရုံမက macular degeneration ခေါ်တဲ့ မျက်စိအမြင်အာရုံကို တဖြည်းဖြည်း ပျက်စီးစေနိုင်တယ်။ အပြင်သွားတဲ့အခါလည်း UVA and UVB rays 99% နဲ့ 100% ကြား ကာကွယ်တဲ့ မျက်မှန်မျိုး တပ်ထားရမယ်။

အိပ်ရေးမဝတာကလည်း မျက်စိကိုထိခိုက်စေတဲ့ အကြောင်းတခုဖြစ်တယ်။ ဒါ့ကြောင့် အိပ်ချိန်ကောင်းကောင်းပေးဖို့လိုတယ်။ နောက်တခုက စိတ်ဖိစီးမှုပါ။ စိတ်ဖိစီးမှုက ဇီဝကမ္မပြောင်းလဲစေရုံသာမက မျက်စိကြွက်သားတင်းပြီး မျက်စိပါဝါတက်လာစေတယ်။ စိတ်ရော မျက်စိကိုရော အနားပေးပါ။ မျက်စိသဘောက ဆယ်မိနစ်တခါအနားပေးရပါတယ်။ ဒီနေရာမှာ မျက်စိအထူးကု Arun Sethi ပြောတဲ့ အကြံပြုချက်လေးက သိပ်ကောင်းတယ်။ ဒီနေ့ခေတ် လူငယ်တွေဟာ ကွန်ပျူတာ၊ဖုန်းစတဲ့ လျှပ်စစ်ပစ္စည်းတွေ အလုပ်တွေကြားကရုန်းမထွက်နိုင်ကြဘူးတဲ့။ အဲဒီအတွက် အကောင်းဆုံးအကြံပေးချင်တာက တခုတည်းပါ။ မျက်စိအားစိုက်ရတဲ့ အလုပ်မျိုးမှာ ခေါင်းငုံ့ ခေါင်းမော့ လေ့ကျင့်ခန်းလေး အကြိမ်နှစ်ဆယ်လောက် လုပ်ပေးပါတဲ့။ ဒီလေ့ကျင့်ခန်းက မျက်စိနဲ့ လည်ပင်းကို သွေးလျှောက်အားကောင်းစေပြီး မျက်စိပါဝါချရာမှာ အထောက်ကူပြုပါတယ်။

မျက်စိအနားပေးတဲ့အခါ rule of 20 ဆိုတဲ့ ဥပဒေသတခု ရှိတယ်။ ဒီဥပဒေသအရ သင်ဟာ အာရုံစူးစိုက်ရတဲ့ အရာတခုကို အချိန်ကြာ ကြည့်မယ်ဆိုရင် မိနစ်နှစ်ဆယ်ပြည့်တိုင်း ပေ (၂၀) မှာရှိတဲ့ ပစ္စည်းတခုကို စက္ကန့်(၂၀)ကြာ ကြည့်ပေးပါတဲ့။ ဆိုလိုချင်တာက မိနစ် (၂၀)တခါ ခပ်လှမ်းလှမ်းက အရာဝတ္တုကို စက္ကန့်(၂၀) ကြည့်ပြီး အကြောဖြေရမှာဖြစ်ပါတယ်။ ဒီနည်းက အမြင်အာရုံကို သိသိသာသာတိုးတက်လာစေတယ်။

နောက်အရေးကြီးတဲ့တချက်က မျက်စိ ရေဓာတ်အားဖြည့်ဖို့ ဖြစ်တယ်။ ရေဓာတ်ခမ်းခြောက်မှုက မျက်စိခြောက်ကပ်တာ၊ မျက်လုံးဝါးတာဖြစိနိုင်တယ်။ အစိုဓာတ်ပြည့်ဝနေဖို့ ရေများများသောက်သင့်တယ်။ ဒီနေရာမှာ အများစု မှားနေတာလေးတခုကို ဖော်ပြပါရစေ မနက် အိပ်ရာထထချင်း မျက်နှာကို အရင်ဆုံးသစ်တာ မျက်စိအတွက်တော့ လုံးဝမကောင်းဘူး။ တကယ် လုပ်သင့်တာက ပါးစပ်ထဲရေတလုပ်အရင်ငုံလိုက်၊ နောက်ပြီးမှ မျက်လုံးကို ဖွင့်ပြီး ရေနဲ့ပက်ဖြန်းရမှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် မျက်စိကို အေးမြစေတယ်။ အအေးဓာတ်က တင်းရင်းနေတဲ့ မျက်စိကြွက်သားကို ပြေလျှော့စေတာမို့ မျက်စိပါဝါကျဆင်းလာနိုင်တယ်လို့ ဆိုတယ်။ ဒီအလေ့အကျင့်မျိုးကို မနက်အိပ်ရာထတိုင်းလုပ်ဖို့ လိုပါတယ်။

မျက်စိပါဝါကျဖို့ လေ့ကျင့်ခန်းတွေ ရှိပါတယ်။ eye relaxation exerciseလို့ ခေါ်တယ်။ အရင်ဆုံး မိမိလက်ဖဝါးနှစ်ဖက်ကို ပူလာအောင် အချင်းချင်းပွတ်ပါ။ ပြီးရင် မျက်စိကိုပိတ်ပြီး ပူလာတဲ့လက်ဖဝါးကို မျက်လုံးပေါ်ဖိတင်ထားပါ။ စိတ်ထဲက မျကိစိကြွက်သားတွေ လျှော့နေပြီလို့ ကိုယ့်ဘာသာ သဘောထားပါ။ ဒီလေ့ကျင့်ခန်းမျိုးက အချိန်မပေးနိုင်ဘူးဆိုတဲ့ အိုင်တီသမားတွေ၊ကွန်ပျူတာရှေ့ နာရီပေါင်းများစွာ ထိုင်နေသူတွေအတွက် အလွန် ကောင်းပါတယ်။ စာရေးတဲ့အခါ ကျတော်ကိုယ်တိုင် ဒီလိုအလေ့အကျင့်လုပ်ထားတယ်။

မျက်မှန်သမားတွေ တကယ်လုပ်ရမယ့် လေ့ကျင့်ခန်းက အခုမှပြောမှာပါ။ လေ့ကျင့်ခန်းက သိပ်မခက်ပါ။ မျက်လုံးကို အထက်အောက်၊ဘယ်ညာ ကစားပေးရမှာဖြစ်တယ်။ အဲလိုလုပ်ဖို့ အရင်ဆုံး မျက်လုံးကို အပေါ်လှန်ကြည့်ပါ။ပြီးရင် နာရီလက်တံလည်သလို စက်ဝိုင်းပုံဖြည်းဖြည်းချင်း လှည့်ပြီး ကစားပါ။ (၁၀) ကြိမ်ရအောင် အရင်လုပ်ပါ။ ပြီးရင် အပေါ်ကိုကြည့်ပြီး နာရီလက်တံပြောင်းပြန် လားရာအတိုင်း မျက်လုံးကို လှည့်ကစားပါ။ (၁၀)ကြိမ်ပဲ လုပ်ရမှာဖြစ်တယ်။ ပါဝါသိပ်မတက်သေးသူတွေအနေနဲ့ မျက်မှန်တချိန်လုံး တပ်မထားသင့်ပါ။ သဘာဝအမြင်ကိုလည်း အားကိုးသင့်တယ်။အဆိုပါအချက်က မျက်မှန်ပါဝါသမားတွေ မကြာခဏမေးလေ့ရှိတဲ့ အမြဲတပ်ထားရမှာလား မေးခွန်းအတွက် အဖြေလည်းဖြစ်နေပြန်တယ်။ တခါတရံ မျက်မှန်ချွတ်ထားသင့်တယ်။

ဆက်ပြောမှာက အစားအသောက်ရွေးချယ်မှုပါ။ မျက်စိလည်း အာဟာရဓာတ်ပြည့်ဝဖို့ လိုပါတယ်။ Vitamin A, Vitamin C, lutein နဲ့ beta carotene ကြွယ်ဝတာတွေက မျက်စိ အားကောင်းစေတယ်။ ငါးကြီးဆီ၊ သင်္ဘောသီး၊ ထောပတ်၊ ဖရုံ၊ တရုတ်ဇီးသီး နဲ့ စပျစ်သီး များများစားပါ။ ဝါတဲ့ နီတဲ့ သစ်သီးများများစားရမယ်။ ခါကြက်ဥ(မုန်လာဥနီ)ထဲမှာ မျက်စိအားကောင်းစေတဲ့ beta-carotene ဆိုတဲ့ဓာတ်ပါတယ်။ ခါကြက်ဥ များများစားပါ။ ဖျော်ရည်လည်း လုပ်သောက်နိုင်တယ်။ အာနိသင်ကတော့ အစိမ်းလိုက်ဝါးစားတာလောက် မကောင်းပါ။ အခွံမာသီးနဲ့ ငါးအဆီမှာ Omega 3 ဆိုတဲ့ဓာတ် ပါတယ်။ အိုမီဂါသရီးက အသက်အရွယ်ကြောင့်ဖြစ်တဲ့ မျက်စိမှုန်တာအတွက် ကောင်းပါတယ်။ ဘယ်ရီသီးတွေက သွေးလည်ပတ်မှုအားကောင်းစေတယ်။ မျက်စိသွေးလျှောက်မှုက ပါဝါကျနိုင်တယ်။ ပါဝါသမားတွေ ရှောင်ရမှာက ချိုတာတွေဖြစ်ပါတယ်။ သကြားဓာတ်က မြင်လွှာကို ပိုမိုပျက်ဆီးစေတယ်။ ဒါ့ကြောင့် အဆာပြေမုန့်ပဲသွားရေစာ၊ ဆီကြော်စာ၊ အာလူးကြော်၊ ကွတ်ကီးတွေ ရှောင်ပါ။ ဆေးလိပ်၊ အရက်က လုံးဝမသောက်ပါနဲ့။

မျက်စိပါဝါကျစေတဲ့ အိမ်သုံးနည်းက သခွားသီးကပ်တာဖြစ်ပါတယ်။ ညအိပ်ခါနီးတိုင်း ရေခဲသေတ္တာထဲထည့်ထားတဲ့ သခွားသီးကို ပါးပါးလှီးပြီး မျက်လုံးပေါ်တင်အိပ်ပါ။ အေးတဲ့ဓာတ်က မျက်စိကြွက်သားပြေလျှော့စေပြီး မနက်ပိုင်း အိပ်ရာထမှာ မျက်လုံးကို ကြည်လင်နေမှာ ဖြစ်ပါတယ်။ အနှစ်ချုပ်လိုက်ရင် မျက်စိအားကောင်းစေဖို့ အစားအသောက်ရွေးချယ်တတ်ရမှာဖြစ်ပြီး မျက်စိလေ့ကျင့်ခန်း လုပ်ဖို့ဖြစ်ပါတယ်။ အထူးသဖြင့် နေ့စဉ် ကြက်ဥတလုံး၊ ချဉ်တဲ့သစ်သီးတမျိုးမျိုး (သံပုရာသီး၊လိမ္မော်သီး၊ရှောက်သီး)၊ မုန်လာဥနီတတောင့်နဲ့ စပျစ်သီးတတွဲ စားပေးခြင်းအားဖြင့် မျက်စိပါဝါသိသိသာသာကျဆင်းလာတာ တွေ့ရမှာ ဖြစ်တယ်။

Credit-ဒို့မြန်မာ &ဒေါက်တာ အေးမင်းထူး