Blog Archive

Friday, January 13, 2017

ဘယ်လို_Fb_Lock_ကျကျ_ရအောင်ပြန်ယူနည်း ᠌᠌᠌

ဘယ်လို_Fb_Lock_ကျကျ_ရအောင်ပြန်ယူနည်း ᠌᠌᠌

လွယ်မယောင်နဲ့ခက်တယ်။
ဒီနည်းက Fb Lockအားလုံးနဲ့သက်ဆိုင်ပါတယ်။
Photo Lock ကျကျ ။ ID Lock ကျကျ ။ Name Lock ကျကျ ။ Disable Lock ကျကျ ။ အသုံးပြုလို့ရတဲ့ One Click Tool Fb Lock ဖြေနည်းပါပဲ။ အရေးကြီးတာက ID Card ပဲ။ ID ဆိုတာ မှတ်ပုံတင် ။ ကျောင်းသားကတ်။ ယဉ်မောင်းလိုင်စင်။ ဝန်ထမ်းကတ် ။ အဲ့လို အစိုးရကအသိမှတ်ပြုထားတဲ့ ကတ်တွေကို ID CARD လို့ခေါ်ပါတယ်။ ID CARD မှာပါတဲ့နာမည်နဲ့ မွေးနေ့ဟာ Fb မှာပါတဲ့ Name နဲ့ BD တူရင် ဘလိုပဲဖြစ်ဖြစ်ပြန်ရပါတယ်။
တစ်ခုလောက်တူရင်ကို ID CARD နှစ်ခုပြလိုက်ရုံနဲ့ ပြန်ရပါသေးတယ်။
တစ်ခုမှမတူရင် တော့ ကျုပ်လည်းမဖြေရှင်းတတ်ဘူး။
ဆုတောင်းလို့ပဲပြောတတ်တယ်။
ကျနော်ပြတဲ့နည်းက ID CARD နှစ်ခုကိုအသုံးပြုမယ့်နည်းပဲဗျ။
အဲ့ဒါမှသေချာပေါက် Fb ကလက်ခံမယ်ထင်လို့ပါ။
ရေးရမယ့်စာသားတွေကို ကျနော်ပြထားပါတယ်။
ဘယ်ဟာက စရေးရေး ရပါတယ်။
နှစ်ခုတင်ပေးထားမယ်။
တစ်ခုကို ID CARD တစ်ခုအတွက်ပဲသုံးပါ။
ကျန်တဲ့တစ်ခုကို နောက် ID CARD အတွက်သုံးပါ။

ပထမစာသား>>>>>

ID My name is
ID My First Name is
ID My Middle Name is
ID My Last Name is
ID My date of birth is
--------------------------------

My facebook profile name is

My profile First name is
My profile Middle name is
My profile Last name is
My profile date of birth is

Please reopen, and return my account.
My facebook account, please give.
Do not want to change the name, please give me the right to continue to use the name they are using now. Now the real name My friends known.
My facebook custom facebook profile name to be allowed to reset the current name and recycled Facebook respective adults and staff to help Myanmar to be allowed to register and jointly respectfully submitted request for appeal.
I will proved that name is my real name according to my Nationality Identity Card from Myanmar. Please help me,my daer lovely facebook community Team.
Thank you very much for your help.

ဒုတိယ စာသား>>>>

ID My name is
ID My First Name is
ID My Middle Name is
ID My Last Name is
ID My date of birth is
Please reopen my locked  account. This account is my life .
Please forgive me for my mistake I prove that name is my real name according to Nationality Identification Card from Myanmar . Please help me ,my dear lovely Facebook community team.
My facebook account recycling policy, Facebook respective gentleman further respectfully request.
My Nationality Identification Card from Myanmar  is  attaching with this mail. Thank you  so much for your help and your kindness ,my lovely Facebook Team.

အဲ့စာသားနှစ်ခုကိုID CARD နှစ်ခုနဲ့တွဲပြီးပုံထဲကအတိုင်း SEND ပေးလိုက်ပါ။
မှတ်ပုံတင်ဆို (Nationality) ကျောင်းသားကတ်ဆို (School) ။ ။ဒါတော့ စာသားလေးတော့ ပြောင်းသုံးပေးပေါ့ဗျာ။
Birthday နေရာမှာလည်းအလွယ်မလိုက်ပါနဲ့။
2.1.1997ဆိုရင်  2/January/1997 လို့ရေးပေးပါ။
ဒါဆိုရင် သင့် Fb ဟာ Lockကျနေခြင်းမှ လွတ်မြောက်လာပါလိမ့်မယ်။
Like&Share ထားဖို့တော့မမေ့ပါနဲ့ဗျာ………

Lockကျနေသော account ကို ID တင်ရန် link>>https://www.facebook.com/help/contact/?id=351277868234354

Credit

လေးစားစွာဖြင့်
ခမီတိုင်းရင်းသား​လေး
www.Aungyetway.com

လူတွေ အသုံးမဝင်ဘူးလို့ထင်ခဲ့တဲ့ အူအတက်ရဲ့ အရေးပါမှုကို ပညာရှင်များတွေ့ရှိ

လူတွေ အသုံးမဝင်ဘူးလို့ထင်ခဲ့တဲ့ အူအတက်ရဲ့ အရေးပါမှုကို ပညာရှင်များတွေ့ရှိ

===================
===================

ဆေးဘက်ဆိုင်ရာ သိပ္ပံပညာရှင်တွေဟာ အူအတက်ရဲ့ အရေးပါမှုကို ဖော်ထုတ်ခဲ့ကြပါတယ်။ တကယ်တော့ အူအတက်ဟာ အစာသိုလှောင်ခြင်း ပြုလုပ်နိုင်တဲ့ ကိုယ်အင်္ဂါမဟုတ်သလို၊ မတော်တဆ ၎င်းအတွင်းကို အစာအမာများ ၀င်ရောက်သွားပါကလည်း အရေးပေါ်ခွဲစိတ်မှု မလုပ်ရင် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ ကိုယ်အင်္ဂါ ဖြစ်နေပါတယ်။

ဒါကြောင့် အချို့က အပိုဖြစ်နေတဲ့ အူအတတ်ကို ဖယ်ရှားလိုက်ရင် သေသွားနိုင်သလား-ဆိုတဲ့ မေးခွန်းမျိုး မေးခဲ့ကြပါတယ်။ အဖြေကတော့ အူအတက်ကို ဖယ်ရှားရုံနဲ့ လူ မသေနိုင်ပါဘူး။ ဒါပေမယ့် အူအတက်ရဲ့ အလွန်အရေးပါတဲ့ လုပ်ဆောင်မှုတွေကို သိပ္ပံပညာရှင်တွေက မကြာမီက ရှာဖွေတွေ့ရှခဲ့ပြီးနောက် ဒီကိုယ်တွင်းအင်္ဂါဟာ မရှိမဖြစ် လိုအပ်တယ်လို့ အဖြေထွက်ပေါ်လာခဲ့ပါတယ်။

အူအတက်ဟာ အပိုအဖြစ် ပါလာတာမဟုတ်ပါဘူး။ ၎င်းရဲ့ လုပ်ဆောင်ချက်ထဲမှာ လူ့ကျန်းမာရေးကို အကျိုးပြုနိုင်တဲ့ ဘက်တီးရီးယားတွေ မွေးမြူပေးခြင်း ဖြစ်ပါတယ်။ အဆိုပါ ဘက်တီးရီးယားတွေဟာ ရောဂါတိုက်ဖြတ်ရေးစနစ်ကို အပြည့်အ၀ ထောက်ပံ့ပေးပြီး၊ လူရဲ့ ကျန်မားရေးကို အထူး ထောက်ပံ့ပေးပါတယ်။

အူအတက်ထဲက ဘက်တီးရီယားတွေဟာ အစာအိမ်ကို နှောက်ယှက်တိုက်ခိုက်တဲ့ ဆိုးဝါးတဲ့ ဘက်တီးရီးယားတွေကို တန်ပြန်တိုက်ခိုက်ကြပြီး၊ အူမကြီးကင်ဆာမဖြစ်အောင် အဓိက ကာကွယ်ပေးတဲ့ ကိုယ်တွင်းအင်္ဂါ ဖြစ်နေပါတယ်။ အူုအတက်
ဟာ ပျမ်းမျှအားဖြင့် လေးလက်မခန့်သာ ရှည်လျှားပြီး ဝမ်းဗိုက်ရဲ့ ညာဘက်အောက်ခြေမှာ တည်ရှိပါတယ်။

ဒီတွေ့ရှိချက်ကို Dr Heather Smith ဦးဆောင်တဲ့ Midwestern University ဆေးသုတေသနအဖွဲ့က နို့တိုက်သတ္တ၀ါ 533 မျိုးရဲ့ အူအတတ်တွေရဲ့ လုပ်ဆောင်မှုတွေကို စနစ်တကျ မှတ်တမ်းတင်ပြီးမှ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အူအတက် ပါဝင်တဲ့ နို့တိုက်သတ္တ၀ါတွေရဲ့ မျိုးစိပ်နဲ့ နေထိုင်တဲ့ ဒေသတွေအပေါ်မှာ မူတည်ပြီး၊ ကွဲပြားမှုအနည်းငယ်တော့ ရှိပေမယ့် သေချာတာကတော့ အူအတက်ဟာ မရှိမဖြစ် အင်္ဂါအစိတ်အပိုင်း ဖြစ်တယ်လို့ အဖြေထွက်ခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

============

SearchMyanmar

ခရုသင်း/သမင်ဖြူ ပျောက်ကင်းသက်သာစေမည့် ဆေးနည်းတွေကအများကြီးပါ..

ဘာမှလည်း အပန်းမကြီး / ကိုယ့်ဒေသမှာလည်း အလွယ်တကူရှိတဲ့ ပစ္စည်း / ဘေးထွက်ဆိုးကျိုးလည်းမရှိဘူးထင်လို့ Share လိုက်ပါတယ်ဗျ။

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ..
ဒီတစ်ခါ ကျွန်တော်က ခရုသင်း/သမင်ဖြူ "Vitiligo"(leucoderma)နဲ့ပတ်သက်ပြီး အစွမ်းထက်တဲ့ ဆေးနည်းအကြောင်း ဖော်ပြပေးချင်ပါတယ်။
ခရုသင်း/သမင်ဖြူ ပျောက်ကင်းသက်သာစေမည့် ဆေးနည်းတွေကအများကြီးပါ..ဒါပေမဲ့ ကျွန်တော်က ရောဂါဝေဒနာ တစ်ခုအတွက် ဆေးနည်းရှာဖွေတဲ့နေရာမှာ လက်တွေ့သက်သာပျောက်ကင်းပြီး လူအများယုံကြည့်မှု့ရရှိထားတဲ့ ဆေးနည်းများကို အရင်လေ့လာကြည့်ရပါတယ်။
အခု ကျွန်တော် ခရုသင်း/သမင်ဖြူအတွက် လေ့လာတွေရှိထားတဲ့ အကောင်းဆုံးနဲ့လက်တွေ့ပျောက်ကင်းစေတဲ့ဆေးနည်းလေးကတော့ ဆနွင်းမှုန့် နဲ့ မုံညှင်းဆီ(Turmeric & Mustard Oil)ဖြစ်ပါတယ်။
အသုံးပြုပုံကတော့ ဆနွင်းမှုန့်(၂၅)ဂရမ် နှင့် မုံညှင်းဆီ (၂၅၀)မီလီလီတာကို ရောစပ်၍ အရေပြားသို့ တစ်နေ့ကို (၂)ကြိမ် ပွတ်လိမ်းပေးခြင်းဖြင့် လအနည်းငယ်အတွင်း တဖြည်းဖြည်းချင်း အသားရည်အရောင် မှုလအတိုင်း ပြန်လည်ဖြစ်တည်သွားပါလိမ့်မယ်။
ဆနွင်းမှုန့်ဟာ ဗက်တီးရီယား ပိုးမွှားများကို သေစေနိုင်ပြီး သွေးကိုလည်း သန့်စင်စေပါတယ်။
မုံညှင်းဆီဟာ အရေပြား မှိုရောဂါအတွက်အထူးကောင်းမွန်ပြီး အသာရေကို စိုပြေစေပါတယ်။
မုံညှင်းဆီကို နီးစပ်ရာ ကုန်စုံဆိုင်များတွင် မေးဝယ်ပါ...ဆနွင်းမှုန့် စစ်စစ်ကို ရှာဖွေပါ...
ကျေးဇူးတင်ပါတယ်..

Credit - ဘဝခါးခါး✏
Win Min Phyo