Blog Archive

Friday, January 13, 2017

လူတွေ အသုံးမဝင်ဘူးလို့ထင်ခဲ့တဲ့ အူအတက်ရဲ့ အရေးပါမှုကို ပညာရှင်များတွေ့ရှိ

လူတွေ အသုံးမဝင်ဘူးလို့ထင်ခဲ့တဲ့ အူအတက်ရဲ့ အရေးပါမှုကို ပညာရှင်များတွေ့ရှိ

===================
===================

ဆေးဘက်ဆိုင်ရာ သိပ္ပံပညာရှင်တွေဟာ အူအတက်ရဲ့ အရေးပါမှုကို ဖော်ထုတ်ခဲ့ကြပါတယ်။ တကယ်တော့ အူအတက်ဟာ အစာသိုလှောင်ခြင်း ပြုလုပ်နိုင်တဲ့ ကိုယ်အင်္ဂါမဟုတ်သလို၊ မတော်တဆ ၎င်းအတွင်းကို အစာအမာများ ၀င်ရောက်သွားပါကလည်း အရေးပေါ်ခွဲစိတ်မှု မလုပ်ရင် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ ကိုယ်အင်္ဂါ ဖြစ်နေပါတယ်။

ဒါကြောင့် အချို့က အပိုဖြစ်နေတဲ့ အူအတတ်ကို ဖယ်ရှားလိုက်ရင် သေသွားနိုင်သလား-ဆိုတဲ့ မေးခွန်းမျိုး မေးခဲ့ကြပါတယ်။ အဖြေကတော့ အူအတက်ကို ဖယ်ရှားရုံနဲ့ လူ မသေနိုင်ပါဘူး။ ဒါပေမယ့် အူအတက်ရဲ့ အလွန်အရေးပါတဲ့ လုပ်ဆောင်မှုတွေကို သိပ္ပံပညာရှင်တွေက မကြာမီက ရှာဖွေတွေ့ရှခဲ့ပြီးနောက် ဒီကိုယ်တွင်းအင်္ဂါဟာ မရှိမဖြစ် လိုအပ်တယ်လို့ အဖြေထွက်ပေါ်လာခဲ့ပါတယ်။

အူအတက်ဟာ အပိုအဖြစ် ပါလာတာမဟုတ်ပါဘူး။ ၎င်းရဲ့ လုပ်ဆောင်ချက်ထဲမှာ လူ့ကျန်းမာရေးကို အကျိုးပြုနိုင်တဲ့ ဘက်တီးရီးယားတွေ မွေးမြူပေးခြင်း ဖြစ်ပါတယ်။ အဆိုပါ ဘက်တီးရီးယားတွေဟာ ရောဂါတိုက်ဖြတ်ရေးစနစ်ကို အပြည့်အ၀ ထောက်ပံ့ပေးပြီး၊ လူရဲ့ ကျန်မားရေးကို အထူး ထောက်ပံ့ပေးပါတယ်။

အူအတက်ထဲက ဘက်တီးရီယားတွေဟာ အစာအိမ်ကို နှောက်ယှက်တိုက်ခိုက်တဲ့ ဆိုးဝါးတဲ့ ဘက်တီးရီးယားတွေကို တန်ပြန်တိုက်ခိုက်ကြပြီး၊ အူမကြီးကင်ဆာမဖြစ်အောင် အဓိက ကာကွယ်ပေးတဲ့ ကိုယ်တွင်းအင်္ဂါ ဖြစ်နေပါတယ်။ အူုအတက်
ဟာ ပျမ်းမျှအားဖြင့် လေးလက်မခန့်သာ ရှည်လျှားပြီး ဝမ်းဗိုက်ရဲ့ ညာဘက်အောက်ခြေမှာ တည်ရှိပါတယ်။

ဒီတွေ့ရှိချက်ကို Dr Heather Smith ဦးဆောင်တဲ့ Midwestern University ဆေးသုတေသနအဖွဲ့က နို့တိုက်သတ္တ၀ါ 533 မျိုးရဲ့ အူအတတ်တွေရဲ့ လုပ်ဆောင်မှုတွေကို စနစ်တကျ မှတ်တမ်းတင်ပြီးမှ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အူအတက် ပါဝင်တဲ့ နို့တိုက်သတ္တ၀ါတွေရဲ့ မျိုးစိပ်နဲ့ နေထိုင်တဲ့ ဒေသတွေအပေါ်မှာ မူတည်ပြီး၊ ကွဲပြားမှုအနည်းငယ်တော့ ရှိပေမယ့် သေချာတာကတော့ အူအတက်ဟာ မရှိမဖြစ် အင်္ဂါအစိတ်အပိုင်း ဖြစ်တယ်လို့ အဖြေထွက်ခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

============

SearchMyanmar

No comments:

Post a Comment