Blog Archive

Thursday, January 12, 2017

မိမိ သုံးနေသော Facebook Acc ကို ကလိချင်သူများအတွက်

မိမိ သုံးနေသော Facebook Acc ကို ကလိချင်သူများအတွက် 🙈🙈
ဆရာများကျော်သွားကြပါလို့✌✌✌

Save ထားပါ Share ထားပါ တစ်ချိန်အသုံးဝင်လာပါလိမ့်မယ် ....

Followers ဖွင့်နည်း

Account Setting ကို သွားပါ
Followers ထဲကို ၀င်ပါ (Facebook Birthday မှာ 18 နှစ်ပြည့်ဖို့ တော့ လိုတယ်နော် )
Friends ဆိုတဲ့နေရာမှာ Public ကို ပြောင်းလိုက်ပါ
အဲ့ဒါဆို Followers ဖွင့်ပြီးသား ဖြစ်သွားပါပြီ
............................................................................................

Followers Comment ပိတ်နည်း

F C ပိတ်ချင်ရင်
Who can like and comment on your public post? မှာ Friends ထားလိုက်ပါ
Followers ရော Friends တွေရော Comment ပေးခွင့် ပြုမယ်ဆိုရင် Public မှာထားပါ
Followers တွေထဲက Comment ရွေးပေးစေချင်တယ်ဆိုရင် Friends of Friends ထားလိုက်ပါ

Wallposts ပိတ်နည်း

Account Setting ထဲဝင်ပါ
Timetime and Tagging ဆိုတဲ့ထဲ ၀င်ပါ
Who can post on your timelime? ဆိုတဲ့ထဲဝင်ပါ
Friends ဆိုတဲ့ နေရာမှာ Only me ပြောင်းလိုက်ပါ (ဘယ်သူမှ ကိုယ့် Timelime ထဲ Wallpost ရေးမရတော့ပါဘူး Birthday နီးရင်တော့ မှတ်မှတ်ရရပြန်ဖွင့်လိုက်ပေါ့နော် )

............................................................................................
Tag ပိတ်နည်း (Timelime အမှိုက်ရှင်းသက်သာစေနည်း )

Account Setting ထဲကို ၀င်ပါ
Timelime and Tagging ဆိုတဲ့ထဲ ၀င်ပါ
Review posts friends tag you in before they appear on your timelime? ဆိုတဲ့ စာတန်းလေး ကို နှိပ်လိုက်ပါ
off နေရာ On ပြောင်းလိုက်ပါ  (ဘယ်သူမှ ကိုယ့် Timelime ထဲကို အမှိုက်ရှုပ်လို့ မရတော့ပါဘူး)

ပြီးရင်
နောက်တစ်ဆင့်ပါ ထပ်လုပ်လိုက်ပါ

Review tags people add to your own posts before the tags appear on Facebook?
ဆိုတဲ့ စာတန်းလေးထဲဝင်ပြီး off နေရာမှာ on ပြောင်းလိုက်ပါ

............................................................................................
Friends ပိတ်နည်း

Account Setting ထဲက Privacy ထဲက
Who can sent friend request? မှာ Everyone ကနေ Friends of Friends ပြောင်းလိုက်ပါ ( ကိုယ်သူငယ်ချင်းတွေထဲက Friends ဖြစ်နေပြီးသားသူမှ ကိုယ့်ကို လာ Add လို့ရမှာပါ မဟုတ်ရင် Followers ဖွင့်ထားရင် Follow ပဲရပါမယ် ) <No One ဖြစ်ချင်ရင်တော့ Followers 10K လိုအပ်ပါတယ် Followers 10K ရရင် ဘယ်သူမှ လာ Add လို့ မရအောင် အပြီးပိုင် ပိတ်ပစ်လို့ရပါပြီ >

..............................................................................................

Friends List ပိတ်နည်း

Phone Browsers or Computer နဲ့ မိမိ Facebook Acc ကို ၀င်လိုက်ပါ
ပြီးရင် ကိုယ့် Timelime ကို သွားပါ Friends ဆိုတဲ့ထဲဝင်ပါ
Edit Privacy ဆိုပြီးတွေ့ ပါမယ် အဲ့ဒါလေးကို နှိပ်လိုက်ပါ Who can see your friends list? ဆိုတဲ့နေရာက  Public ကနေ Only Me ပြောင်းလိုက်ပါ
(ကိုယ့်ဘယ်သူတွေနဲ့ Friends ဖြစ်နေတယ်ဆိုတာကို ဘယ်သူမှ ၀င်ကြည့်လို့ မရတော့ပါဘူး ၀င်ကြည့်တဲ့ သူနဲ့ Manual Friends List ကိုသာ ၀င်ကြည့်တဲ့သူမြင်ရမှာပါ)

..........................................................................................................................
Block နည်း (Mesaage Only)

Message ပဲ ပို့လို့မရအောင် Message Only Block လို့ရပါတယ်
Acc တစ်ခုလုံး Block မဟုတ်ပဲ Message Box တစ်ခုတည်း Block ချင်သူများအတွက်

Messenger ထဲမှာ Block ချင်တဲ့ Acc ရှာပြီး
About ထဲက Block ထဲဝင်ပြီး Block All Message ကို ဖွင့်ပေးလိုက်ပါ
Message လာပို့လို့ မရတော့ပါဘူး
Acc တစ်ခုလုံး မ Block ချင်ပဲ Message သာ Block ချင်သော သူများအတွက်ပါ

......................................................................................................................
Followers အရေအတွက် မြင်နေရတာကို ပိတ်နည်း

ခုန Friends List ထဲက Edit Privacy ထဲကပဲ
who can see your followers on your timelime? ကို Public ကနေ only me ပြောင်းလိုက်ပါ

..........................................................................................................................
Friend Request Sent Limit ပြည့်လို့ ထပ်အပ်လို့မရတော့ရင် ကိုယ်အရင်က Add ခဲ့သူတွေပြန်ဖျက်ဖို့ ဒီမှာ ၀င်ကြည့်
/ ကိုယ် Add ထားပြီး ဘယ်သူတွေ လက်မခံသေးလဲ ကြည့်ချင်ရင် ဒီမှာ ၀င်စစ်ကြည့်

https://mobile.facebook.com/friends/center/requests/outgoing/?_rdr#friends_center_main

...............................................................................................
Hacking ရန်မှ သာမန် HackCat တွေရန်အား ကာကွယ်နည်း

Account Setting ထဲက General ထဲဝင်ပါ
Email ထဲဝင်ပါ Friends ဆိုတဲ့ နေရာမှာ Onlyme ပြောင်းထားပါ
ပြီးရင် Back တစ်ချက်နှိပ်ပြီး Security ဆိုတဲ့ထဲ ၀င်ပါ
Login Alerts ဆိုတဲ့ထဲ ၀င်ပါ
Notifications ဆိုတဲ့ထဲ ၀င်ပါ Don't get notifications ကနေ Get Notifications ပြောင်းလိုက်ပါ (Browser or Other Device က လက်ရှိကိုယ်သုံးနေတဲ့ Acc ကို ၀င်လိုက်တိုင်း ယခု Acc ၀င်တာ သင် လား တခြားသူလား noti ပေးပြီး မေးမှာ ဖြစ်ပါတယ် )
Save လုပ်ပါ
Back တစ်ချက်ပြန်ထွက်ပြီး
Email ဆိုတဲ့ထဲ ထပ်ဝင်ပါ
Don't get email alerts ကနေ Get email alerts ပြောင်းလိုက်ပါ (အထက်မှာ ပြောခဲ့သလို တစ်နေရာရာက မိမိ Acc ကို ၀င်လိုက်ပြီဆိုတာနဲ့ Email ကို စာလှမ်းပို့ ပေးမှာပါ)
Save လုပ်ပါ

Back နှစ်ချက်ပြန်ထွက်ပြီး
Login Approvals On ထဲဝင်ပါ မိမိ အမြဲ သုံးတဲ့ Ph no တစ်ခု ထည့်လိုက်ပါ
ph no ကို code ပို့ ပေးပါလိမ့်မယ် အဲ့ code ရိုက်ထည့်ပြီး Login Approvals On တာအောင်မြင်သွားပါပြီ
Login Approvals Code တွေ တန်းချပြတတ်သလို တစ်ခါတစ်လေ တန်း ချမပြပါဘူး
တန်းချမပြရင် Account Setting ထဲ က Security ထဲ ပြန်ဝင်ပါ
Login Approvals Codes ဆိုတဲ့ ထဲ ၀င်လိုက်ပါ Codes ဆယ်ခု တွေ့ ရပါတယ် အဲ့ Code ဆယ်ခု ကို သေချာသိမ်းထားပါ
ကိုယ့်ထည့်ခဲ့တဲ့ Ph Network Server ကြောင်နေချိန် Acc ပြန်ဝင်ချိန်မှာ ဖုန်းကို Code မပို့ ခဲ့ရင် ခုန က Codes ဆယ်ခုထဲက တစ်ခုခုနဲ့ ပြန်ဝင်နိုင်ပါတယ်
အဲ့ Code ဆယ်ခု ကုန်သွားခဲ့ရင် လဲ အောက်ခြေနားမှာ get new codes ဆိုတာပါပါတယ် code ဆယ်ခု အသစ် ပြန်ယူနိုင်ပါတယ်

Third Parth Authenticator တော့ မပြောပြတော့ပါဘူး အဲ့လောက်ဆို လုံလောက်နေပါပြီ 60% လောက် ကောင်းကောင်း ကာကွယ်ထားနိုင်ပါတယ်

............................................................................................
Acc ကို ခဏ မသုံးချင်သေးဘူးဆိုရင် Deactivate လုပ်ထားလို့ ရပါတယ်

Deactivate လုပ်နည်း
Account Setting ထဲက Security ထဲဝင်ပါ
အောက်ခြေနားမှာ Account(Deactivate) ဆိုတဲ့ ထဲ ၀င်ပါ
Password တောင်းရင်ရေးပေးလိုက်ပါ
ခြေနေမျိုးစုံ အကြောင်းပြပြီး D သွားလို့ ရပါတယ်
Acc ပြန်သုံးမယ် ဆိုရင်တော့ This is temporary. I'll be back ကို ရွေးပြီး Close ကိုနှိပ်ပါ
7Days ကိုရွေးပါ
အောက်ခြေနား နည်းနည်းသွားပြီး opt out of receiving future email from facebook ကို ခေါက်ခြစ် ပြီး
Deactivate ကို ရွေးပေးလိုက်ပါ သွ့ သူ Log out ဖြစ်သွားမှာပါ
သူငယ်ချင်းများ ထံမှာ Facebook User လို မပေါ်ပဲ နာမည် ကိုအဖြူကြီးနဲ့ ပေါ်နေမှာပါ

Deactivate မှာ I don't understand how to use Facebook. ကို ရွေးပြီး Deactivate လုပ်ပြီး
Acc ပိတ်လိုက်မယ်ဆိုရင် Acc ကို Server မှ ဖျက်ချသွားမှာပါ များသောအားဖြင့်တော့ ပြန်ဝင်ရင် ပြန်တက်လာပါတယ်

Deactivate မလုပ်ချင်ပဲ ကိုယ်တိုင်လဲ မသုံးချင်တော့ဘူးဆိုရင်
တစ်ယောက်ယောက်ကို အမွေ ပေးခဲ့လို့ ရပါတယ်
Security ထဲ က Legacy Contact ထဲမှာ သင် အမွေ ပေးချင်တဲ့ တစ်ယောက်ကို ပေးခဲ့နိုင်ပါတယ်

......................................................................................................................

Facebook ID တင်နည်း

Facebook Acc ကို Report မိလို ဖြစ်ဖြစ် Server က စစ်ချချိန် Acc Name ကြောင့်
Name Lock မိပြီဆို ID တင်ရန်အတွက်
ဒီ Link ကို သွားပါ https://m.facebook.com/help/contact/319547548123767

အထက်က Link မှာ မိမိ Acc Login ၀င်တဲ့ Email or Ph no ရေးပါ
ပြီးရင် မှတ်ပုံတင် ဒါမှမဟုတ် အစိုးရက အသိမှတ်ပြုထားတဲ့ Card တစ်ခု ကို
ရှေ့ ခြမ်းဖြစ်တဲ့ (နာမည်/မွေးနေ့ /မှတ်ပုံတင်အမှတ်) တွေကို ရှင်းနေအောင် ပုံရိုက်ပြီး
Browse ကနေ ပို့ ပေးလိုက်ပါ
နောက်ဆုံး ရလာတဲ့ Support Inbox Link ကို သိမ်းထားပါ
Gmail သုံးထားတယ်ဆို Gmail Inbox ထဲမှာလဲ ရှိနေမှာပါ 100% မှာ 80% က မိမိ သုံးနေတဲ့
Facebook Password သာ သိတဲ့အတွက် Support Inbox Link ကို သိမ်းထားတာအကောင်းဆုံးပါ
အဲ့ကနေ Server က ပြန်စာကို စောင့်ပြီး စာပြန်ပါ
စာပြန်ရမှာ က အရမ်းရိုးရှင်းပါတယ်

Eg>>
Kyaw Soe Moe
8/9/1997
8/Sept/1997
Myanmar,Buddish
Magway

Yangon ဆို ရန်ကုန်ပေါ့ နယ်တွေက သိပ့်အရေးမကြီးပါဘူး အဲ့လိုစာတိုရေးရေးပြီး အောက်က Photo တင်ပေးလိုက်ပါ အဲ့ဒါဆိုစာပြန်လာရင်ရပါပြီ
သုံးခါလောက် ရစ်ပါလိမ့်မယ် အဲ့လိုပဲ ပြန်ရေးပြီး ပြန်တင်ပါ လေးခါ ငါးခါ ဆို တင်လိုက်တဲ့ မှတ်ပုံတင်ထဲက နာမည် အတိုင်း Facebook Name နဲ့  ID တင်ပြီးသားဖြစ်နေမှာပါ
............................................................................................................................................
Facebook Email Change နည်း

Account Setting ကိုသွားပါ
General ထဲဝင်ပေးပါ
Email ထဲထပ်ဝင်ပါ
Add email address ဆိုတာပါပါတယ် အဲ့ဒါကို နှိပ်ပါ အထဲမှာ Email အသစ်ရေးပါ Password ရေးပါ
ကိုယ်ထဲခဲ့တဲ့ Email Inbox ကို သွားပါ Gmail ဆို www.gmail.com ပေါ့ အဲ့မှာ Code ပို့ ထားမှာပါ
အဲ့ Code ကို ထည့်ပြီး Confirm လုပ်ပါ Confirm Link ကို သုံးလဲရပါတယ်
Email အောက်တည့်တည့်မှာ Friends လို့ ပေါ်လာရင်ရပါပြီ
Primary Email နေရာမှာ နောက်ထည့်တဲ့ Email Change ပါ ပြီးရင်(Password တောင်းရင်ပေးလိုက်ပါ)
နောက်ထည့်တဲ့ Email ပြောင်းပြီးပြီဆို အရင် Email ကို Remove လုပ်ပစ်ပါ
နောက်ထည့်တဲ့ Email အောက်က Friends ကိုနှိပ်ပြီး only me ပြောင်းပါ

............................................................................................................................
Facebook Password Change နည်း

Account Setting ကိုသွားပါ
General ထဲဝင်ပေးပါ
Password ထဲထပ်ဝင်ပါ
Current Password မှ အခုလက်ရှိသုံးနေတဲ့ Password ကို ရေးပါ
New Password and Re-New Password နေရာမှာ နောက်ထားမယ့် Password ကို ရေးပါ
ပြီးရင် Change နှိပ်ပါ
Log out other device နဲ့  log in stay... ပါပါမယ်
Log out other device ရွေးပေးလိုက်ပါ
စက်ရုပ်ကလေး က ခိုင်းတာလေးတွေ အနည်းငယ်လုပ်ပေးလိုက်ပါ Go to newfeeds ပေါ်လာရင် ရပါပြီ

.........................................................................................................................................
Facebook ၀င်ထားပြီး Password မေ့နေတယ်ဆိုရင် Password အသစ် Change နည်း

Account Setting ကိုသွားပါ
Text Messaging ထဲကို ၀င်ပါ
Ph no ထည့်ခဲ့တယ်ဆို အဲ့ ph no ကို reset code ပို့ ဖို့ www.faceboook.com ကို နှစ်သက်ရာ Browser နဲ့ ဝင်ပါ
ပြီးရင် Forget Password? မှာ မိမိ Facebook ရှာပါ ပြီးရင် ခုနက ph no ကို code လှမ်းပို့ ပါ
ှSMS ရောက်လာရင် အဲ့ Code ထည့်ပါ ပြီးရင် Log out other device ရွေးပေးလိုက်ပါ
စက်ရုပ်ကလေး က ခိုင်းတာလေးတွေ အနည်းငယ်လုပ်ပေးလိုက်ပါ Go to newfeeds ပေါ်လာရင် ရပါပြီ

Ph no မထည့်ထားခဲ့ဘူးဆိုရင် Text Messaging နေရာမှာ Ph no ထည့်ပါ ပြီးရင် SMS ၀င်လာရင် ph no confirm လုပ်ပါ
ပြီးရင် အထက်က ပြောတဲ့တိုင်း www.faceboook.com  ကနေ Password Reset ချလိုက်ပါ

.........................................................................................................................................................
င်္Facebook Page ဖျက်နည်း

မိမိ ဖျက်ချင်တဲ့ မိမိ ပိုင်တဲ့ Facebook Page ကို သွားပါ
Edit Setting ကိုသွားပါ ပြီးရင် General ထဲကို ၀င်ပါ
အောက်ဆုံးမှာ Remove

Credit To Original Writer

Admin AyeKyaw

အသုံးဝင် iPhone Codes များ

အသုံးဝင် iPhone Codes များ
.
.
ဖုန်းကုတ်များသည် သိထားသင့်သော အကြောင်းအရာများဖြစ်သည်။ သို့မှသာ အချိန်တိုအတွင်း လိုချင်သော အချက်အလက်များကို ရှာဖွေနိုင်မည် ဖြစ်သည်။ 
.
*#06# - IMEI Code ဖော်ခြင်း
.
*3001#12345#* - iPhone Settings , Cell Information နှင့် Network ၏ အကြောင်းအရာများကို ဖော်ထုတ်ပေးမည် ဖြစ်သည်။
.
*#67# - Call Forwarding ဖြင့် iPhone Busy ဖြစ်နေသည့်အချိန်တွင် စစ်ကြည့်ရန်
.
*646# - ကြိုတင်ငွေချေစံနစ်ဖြင့် ပေးချေထားသော အချက်အလက်များထဲမှ ကျန်ရှိသော မိနစ်ကို ကြည့်ရူ့ရန်
.
*225# - ကြိုတင်ငွေချေစံနစ်ဖြင့် ပေးချေထားသော အချက်အလက်များထဲမှ ကျန်ရှိသော ငွေလက်ကျန်စစ်ရန်
.
*777# - ကြိုတင်ငွေချေစံနစ်ဖြင့် ပေးချေထားသော အချက်အလက်များထဲမှ ကျန်ရှိသော အကောင့်ကို စစ်ရန်
.
*#33# - Bar Control ကို စစ်ဆေးရန်နှင့် Enable , Disable ဖြစ်နေသော Setting များကို စစ်ဆေးရန်
.
*#76# - Connected Setting များကို စစ်ဆေးရန် ဖြစ်သည်။
.
*#21# - Call Forwarding Setting များကို ပြင်ဆင်ရန် ဖြစ်သည်။
.
*3282# - အသုံးပြုပုံများကို ဖော်ပြပေးမည် ဖြစ်သည်။
.
*#61# - Miss Calls အရေအတွက်ကို စစ်ဆေးရန် ဖြစ်သည်။
.
*#62# - Phone သည် No Service ဖြစ်နေချိန်တွင် Call Forwarding Number များကို Verify လုပ်နိုင်ရန်အတွက် ဖြစ်သည်။
.
*#3370# - EFR (Enhanced Full Rate) လုပ်ငန်းစဉ်ဖြစ်ပြီး Voice အရည်အသွေးကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးသည့် လုပ်ဆောင်ချက်ဖြစ်သည်။ သို့သော် Battery အား ပိုမို ကုန်ကျမည် ဖြစ်သည်။
.
*#5005*7672# - SMS Center ကို စစ်ဆေးရန် ဖြစ်သည်။
.
*331* - Network Operator ကို ဆက်သွယ်ရန် ဖြစ်သည်။
.
*#43# - Call Waiting Status ကို ဖော်ပြပေးမည် ဖြစ်သည်။
.
*43# - Activate waiting လုပ်ရန်အတွက်ဖြစ်သည်
.
#43#- Deactivate waiting လုပ်ရန်အတွက်ဖြစ်သည်
.
*#31# - Phone Nunber ဖျောက်ရန်အတွက် ဖြစ်သည်။
.
.
25-5-2016
တကိုယ်တော်သိုင်းသမား
ကိုရီချင်

နည်းစနစ်​ကျနဂါး​မောက်​စိုက်​ပျိုးခြင်း

နည်းစနစ်ကျ နဂါး‌မောက်‌စိုက်‌ပျိုးခြင်း
============================

နဂါးမောက်စိုက်ပျိုးခြင်း

နဂါးမောက်သီးမှာမြန်မာနိုင်ငံ အတွက် သစ်သီးပင် အသစ် တစ်မျိုးဖြစ်သည် ။ ဈေးကွက် အလားအလာကောင်း သဖြင့်စီးပွားဖြစ် စိုက်ပျိုးနိုင်သော သီးနှံ တစ်မျိုးဖြစ်ပါသည်။ အသီး ပုံသဏ္ဍာန်နှင့် အသီးအခွံ အရောင်(အနီနှင့်ပန်ရောင်) မှာ ဆွဲဆောင်မှု ရှိသဖြင့် အိမ်နှင့် စားသောက်ဆိုင်များပန်းခြံများတွင် အလှပင်အဖြစ် စိုက်ပျိုးနိုင်ပါသည်။ မူရင်းဒေသ မျိုးစု(Hylocerus) အောက်တွင်မျိုးစိပ်ပေါင်း(၂၆)ခုရှိ ရာမျိုးစိန်အလိုက်မူရင်းဒေသကွဲပြားပါသည်။ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသောမျိုးများ၏မူ ရင်ဒေသမှာမက္ကဆီကိုနိုင်ငံအလယ်ပိုင်းဒေသဖြစ်သည်။ ရာသီဥတု ရေငတ် ဒဏ်ခံနိုင်သော ရှားစောင်းနွယ်ဝင် အပင်မျိုးဖြစ်သည်။

ပူနွေးသော ရာသီဥတု ကိုကြိုက်နှစ်သက် သည်။ နေရောင်ခြည်ကောင်းစွာ ရရှိသောနေရာဒေသ များ တွင်ကောင်းစွာဖြစ် ထွန်းသည်။ အနိမ့်ဆုံးအပူချိန်( -၂) ဒီဂရီ စင်တီဂရိတ် အထိ ခံနိုင်ရည် ရှိပါသည်။ မြေအမျိုးအစား နဂါးမောက်ပင် စိုက်ပျိုးရန် သင့်တော်သောမြေချဉ်ငံကိန်း pH မှာ(၆)ဖြစ်သည်။ ရေစီးစိမ့်မှုကေင်းသောမြေမျိုး တွင်ကောင်း စွာဖြစ် ထွန်း သည်။ အပင်အမျိုးအစား တွယ်တက်ပင်နှင့်မြေပေါ်တွားသွား ၍ပေါက်သောရေငတ် ဒဏ်ခံနိုင်သော ရှားစောင်း မျိုးနွယ်ဝင်အပင်ဖြစ်သည်။ ပင်စည်သုံးမြှောင့်ပုံရှိသည်။ ပင်စည် အနားတွင် ဆူးငယ် များ ရှိသည်။ မျိုးအလိုက် ဆူး အတိုအရှည်နှင့် ဆူး အရေအတွက် ကွာခြားသည်။ ပင်မပင်စည်၏ အဖူးမှ ထွက်လာသောပင်စည်သစ်သည် သက်တမ်း နှစ်နှစ်သား ရှိလာလျှင် ပန်းပွင့်သည် ။ နေထွက်လျှင် ပန်းပွင့် ငုံသွားသည်။ ပွင့်ဖတ်သည် အစိမ်းရောင် သမ်းသောအ၀ါရောင် ရှိသည်။ပွင့်ချပ် သည်နို့နှစ်ရောင်ဖြစ် သည်။အသီးအရောင်မှာ မျိုးအလိုက် အနီရောင်၊ ပန်းရောင်၊ အ၀ါရောင် သမ်းသော ပန်းရောင် စသည့်ဖြင့် ရှိသည်။ အသီးလုံးပတ်လည်တွင် နဂါးအမောက် ကဲ့သို့ ကော့ပြန်နေသောအဖတ်များ ရှိသည်။ အတွင်းသား အရောင်အဖြူရောင် မျိုးနျင့်အနီရောင် မျိုးများကို စီးပွားဖြစ် စိုက်ပျိုးသည်။အစေ့မှာအမဲရောင်ဖြစ်သည်။ မျိုးရွေးချယ်ခြင်း မျိုးတူသော်လည်း ပန်းပွင့်ခြင်း၊ အသီးသီးခြင်းနှင့် အသီးအရည် အသွေး တို့ကွာခြားနိုင်သည်။သို့ဖြစ်၍ကျန်းမာ သန်စွမ်းပြီး သီးထွက်ကောင်းသော အပင်မှ အစိမ်းရင့်ရောင် ရှိ ရှည်လျားသော ပင်စည်ကိုဖြတ်ယူ မျိုးပွားပါ။ ပျိုးပင် ထုတ်လုပ်ရန် အပင် ကိုထားရှိပါ။ စီးပွားဖြစ်စိုက်ပျိုးရန် ပျိုးပင်များ ကို ၎င်း အပင်မှ ပွားများ ရယူပါ။

စိုက်ပျိုးခြင်း

၁။ ပင်ခြား၊ တန်းခြား ၉x၁၂ ပေထား၍ ၄x၄ လက်မ(သို့) လုံးပတ်ထွာ ဆိုင် ရှိမျောတိုင်(သို့)အချင်း (၆) လက်မရှိ ကွန်ကရိပြွန် အခြေကို အင်္ဂတေဖြင့်လုံအောင် ပိတ်ပြီးမှ တိုင်စိုက်ပါ။ ကွန်ကရိပြွန် အတွင်းရေထည့်ပေးနိုင် ရန်ဖြစ်သည်။ တိုက်ထိပ်တွင် အကိုင်းများ တွဲခိုရန် (၄) ပေပတ်လည် သစ်သားခွေပြုလုပ်ပေးပါ။

၂။ (၃x ၃) ပေရှိ စိုက်ကျင်းကို တူးပြီး စိုက်ကျင်းများ ထဲသို့ N-P-K (၁၅း၁၅း၁၅)ဓါတ်မြေသြဇာ ဟင်းစားဇွန်း (၂)ဇွန်း၊ သဘာဝမြေဆွေး (၈)ပြည်ခန့်ကို အပေါ်ယံမြေနှင့်မြေအောင်း ပိုးသတ်ဆေး တစ်မျိုးမျိုး (Furadan,Regent, Losban) နှင့် သမအောင်ရောမွှေ ၍ဖြည့်ပေးပါ။စိုက်ကျင်း အထက် (၆) လက်မအမြင့် သို့ဘောင်ပြုလုပ်ပါ ။ရေ၀ပ်ပါ က ရေနုတ်မြောင်းပြုလုပ်ပေးရန်လိုပါသည်။

၃။ ကျင်း အလယ်တွင်မျောတိုင် စိုက်ပေး၍ မိခင်ပင် မှဖြတ်ထားသော နဂါးမောက် ပင်စည်ကိုင်းဖြတ် ကို ၄ လက်မခန့်မြေမြုပ် စိုက်ပျိုးပါ။ တစ်ကျင်းလျှင် ၂ပင်စိုက်ပါ။ ပင်စည်ကိုင်းပြတ်သည် အလျားအနည်းဆုံး ၈ လက်မရှိ သင့်သည်။ စိုက်ပျိုးပြီး အပင်ကိုနှစ်ပတ် အထိအရိပ်ပြုလုပ်ပေးပါ။

၎။ မျှောတိုင် တွင် မှီနေသာ အကိုင်းတစ်ကိုင်း သာရှိစေရန် ဘေးတက်များ ကို ဖဲ့ပေးပြီးတိုင်တွင် အကိုင်းအား ပလတ်စတစ်စဖြင့်ချည်ပေးပါ။

၅။ ရေ တစ်ပတ် တစ်ခါ ရွဲရွဲလောင်းပေးပါက လုံလောက်ပါသည်။ အပင်ပြုစုခြင်း ပေါင်းမြက် ကင်းရှင်းစေရန် တူရွင်း၊ပေါက်ပြား တို့ဖြင့် ရှင်းလင်းပေးခြင်း၊ အပင်ခြေပတ်လည် တွင်ကောက်ရိုး ၊မြက်ခြောက် စသောမြေဖုံး ပစ္စည်းများဖြင့် ဖုံးအုပ်ပေးခြင်း ၊ပေါင်းသတ်ဆေး အသုံးပြု၍နှိမ်နှင်းပေးခြင်း များဖြင့်ဆောင် ရွက်နိုင် ပါသည်။ သဘာဝမြေသြဇာရွက်ဖျန်းဆေးများ အသုံးပြုခြင်း စိုက်ပြီး ၁-၂ လ ကြာပြီး နောက် သဘာဝမြေသြဇာများ၊ ဘိုကာရှီ များကို ပင်စည်အားမထိစေဘဲဘေးပတ်ပတ်လည်မှ မြေဆွ၍ ကျွေးပေးပါ။

မိမိခြံမှ ထွက်သော သစ်ရွက်ခြောက်များ၊ ကောက်ရိုးများကိုအပင်ပတ်ပတ်လည်တွက် ဖုံးအုပ်ထားပေးခြင်းဖြင့် ရေလိုအပ်ချက် လျော့နည်းရုံမျှမက မြေကြီးအတွင်းမှ အဟာရဓာတ်များ အငွေ့ပျံ ပျောက်ဆုံးမှုမှ သက်သာစေသည့်အပြင် မြေကြီးတွင်းရှိ အကျိုးပြု အဏုဇီဝများ၏ ကောင်းမွန်သောလုပ်ဆောင်ချက်ကြောင့် အပင်ကြီးထွား သန်မာပြီး ရောဂါဒဏ်ခံနိုင်ရည်မြင့်တက် လာမည်ဖြစ်သည်။
သဘာဝရွက်ဖျန်းဆေးများ၊ အချဉ်ဖောက်ထားသော အရွက်ရည်/အသီးရည်၊ ဝါးပေါင်းခံရည်၊ အဏုဇီဝရည်များကိုလည်း ၁ ပတ် တစ်ခါ သို့မဟုတ် ၂ ပတ် တစ်ခါ ဖျန်းပေးသင့်ပါသည်။ ဓါတ်မြေသြဇာထည့်သွင်းပေးခြင်း အပင်စိုက်ပြီး (၂) လကြာသော အချိန်မှစ၍ NPK အချိုး (၁၅း၁၅း၁၅) ရှိသော ဓါတ်မြေသြဇာကို တစ်ပင်လျှင် ဟင်းစားဇွန်း (၂) ဇွန်းနှုန်း ထည့်သွင်းပေးပါ။ (၅) နှစ်သားကျော်ပါကNPK အချိုး ( ၁၃း၁၃း၂၁) နှင့် (၅း၂၄း၂၄) ဓါတ်မြေသြဇာ ကို တစ်ပင်လျှင် ဟင်းစားဇွန်း(၃) ဇွန်းနှုန်းဖြင့် (၂) လခြား တစ်ကြိမ် တစ်လှည့်စီ ထည့်သွင်းပေးပါ။

ပိုးမွှားကာကွယ်နှိမ်နှင်းခြင်း

နဂါးမောက်ပင်၏ အဓိကဖျက်ပိုးမှာ ပုရွက်ဆိတ်နီဖြစ် သည်။ အပင်၏ အဖျားပိုင်း အဖူးနုများနှင့်အသီးညှာ တို့တွင် ပုရွက်ဆိတ် များ စားသောက် ဖျက်ဆီး ပါသည်။ပင်စည်ခြေကို ဖျက်ဆီးသော ပုရွက်ဆိတ်နီများ ကိုမြေအောင်း ပိုးသတ်ဆေး တစ်မျိုးမျိုး အသုံးပြု ၍နှိမ်နင်းနိုင်ပါသည်။ ပင်စည်ပေါ်ပိုင်း ဖျက်ဆီးသော ပုရွက်ဆိတ်နီ များကို သဘာဝပိုးသတ်ဆေးများ သို့မဟုတ်ဆီဗင် (sevin) ပိုးသတ်ဆေးဖြင့်နှိမ်နင်းနိုင် ပါသည် ။ ရောဂါ အနေဖြင့် ပင်စည်ပုပ်ရောဂါနှင့်အမြစ်ပုပ်ရောဂါများ ကျရောက်တတ်ပါသည်။ ၀တ်မှုန်ကူးခြင်း ပင်တည်း ၀တ်မှုန်ကူးခြင်း ရှိသော်လည်း အသီးတင်နှုန်းများစေရန် ၀တ်မှုန်ကူးပေး ရမည်။

နဂါးမောက်သီး၏ပန်းပွင့်ချိန်မှာ ညပိုင်းမှာ ပွင့်သည့် အတွက်ကြောင့် ၀တ်မှုန်ကူးခြင်း ကို ညပိုင်းမှာပြုလုပ်ပေး ရသည်။ မိုးများပါက၀တ်မှုန်ကူးခြင်း ကို အဟန့်အတားဖြစ်သည့် အတွက် ၀တ်မှုန်ကူးပြီး လျှင်ပန်းပွင့်ကို ပလပ်စတစ်အိတ်ဖြင့် စွပ်ပေးထားသင့်သည်။ အသီးဆွတ်ခူးခြင်း လက်သန်းထိပ် အဆစ် အရွယ် အစိမ်းရောင်ရှိပွင့်ဖူး ကို ပင်စည် အဖျားပိုင်းတွင်တွေ့နိုင်သည်။ ဧပြီလ၊ ဇူလိုင်လ အတွင်းတွင် ပန်းပွင့်လေ့ရှိသည်။ ပန်းပွင့်ပြီး (၇) ပတ်မှ (၈) ပတ် အကြာတွင် အသီးဆွတ်ခူးနိုင်သည်။ အသီးပေါ်ရှိ အဖတ်များ အစိမ်းရောင်ပျောက်ပြီး အနီရောင်ပြောင်းလာလျှင် အသီး ဆွတ်ခူးနိုင်သည်။ အသီးရင့်ပြီးနောက် အပင်ပေါ်(၁၅) ရက်ခန့် ဆက်လက် ထားနိုင်သော်လည်းအသီးအရည်အသွေး (အနံ့အရသာ) လျော့သွားတတ်သည် ။မေလ မှအောက်တိုဘာ လ ကာလအတွင်း သီးထွက်ရရှိသည် ။ နေရာဒေသနှင့် ရာသီဥတု အခြေအနေပေါ် မူတည်၍ အသီးထွက်ချိန်ကွာခြားသည်။

အလေးထားစားသုံးသင့်သည့်သစ်သီးဖြစ်ပြီး အာဟာရပြည့်ဝစေပြီး၊ ခွန်အားကို အမြန်ဆုံးပြန်လည်ပြည့်ဝစေခြင်း ၊ မောပန်းနွမ်းနယ်မှု ကို အမြန်ဆုံး သက်သာ၍ အစာမကြေ ရင်ပြည့် ရင်ကယ်ဖြစ်ခြင်း ကို ချက်ချင်းပျောက်ကင်းစေပြီးဆီးချို၊သွေးချို၊ သွေးတိုး မတက်စေရန် အကူအညီပေးသည်။ ပန်းနာရင်ကြပ်သမားများ သက်သာပျောက်ကင်းစေသည် ။ နှလုံးရောဂါများ သက်သာစေသည်။

မဖြစ်မနေစားသုံးသင့်သူများ

* ကျန်းမာဖွံ့ဖြိုးပြိး အသားအရေ လှပနုပျိုလိုသူ * နာတာရှည်ရောဂါ ခံစားနေရသူ * လေးဘက်နာ ၊နှလုံးရောဂါ ခံစားနေရသူ * ဆီးချို၊ သွေးချို၊သွေးတိုးရောဂါ ခံစားနေရသူ * အစာအိမ်နှင့် ပက်သက်သည့် ရောဂါရှိသူ * ကျောက်ကပ်ရောဂါရှိသူ၊ ဆီးကျောက်တည်သူ * ဆီးချုပ်၊ ၀မ်းချုပ်တတ်သူ * ဦးနှောက် မဖွံ့ဖြိုးသည့်ရောဂါရှိသူ * လေကောင်းလေသန့် မရရှိသော ပတ်ဝန်းကျင်တွင် လုပ်ကိုင်နေရသူ * စိတ်မောလူမောဖြစ်နေသူ * ကိုယ်အလေးချိန်လျော့ချချင်သူ * အားအင်ကုန်ခမ်းစိတ်ဓါတ်ကျနေသူ

မြန်မာအမည် - နဂါးမောက်သီးပင်
အင်္ဂလိပ်အမည်- DRAGON FRUIT
ရုက္ခဗေဒအမည်- Hylocerus sprecies
မျိုးရင်း -CACTACEAE

အသီးတင်စေခြင်း နှင့်ပန်းပွင့်ခြင်း ပန်းပွင့်ရာသီရောက်သည်နှင့်နဂါးမောက်ကိုင်း၏ ဘေးစောင်းများတွင်း နီနီရဲရဲ အဖူးငုံလေးများ အစီအရီပေါ်လာတတ်သည်။ သက်တမ်းရင့်ကိုင်းတကိုင်းမှ အဖူးငုံ ၃ဖူးမှ ၅ဖူးကြားပေါ်လာတတ်ပြီး ထိုအဖူးများထဲမှ ၅၀~၇၀ % သည် ပန်းဖူးအဖြစ်သို့ရက်သတ္တပတ် ၂ပတ်ကြာလျှင် ရောက်ရှိသည်။ ထိုမှ နောက်ထပ် ၁၅ရက် မှ ရက် ၂၀ ကြာသောအခါ ပန်းပွင့် ဘ၀သို့ ရောက်ရှိပါသည်။

ထို့ကြောင့် အဖူးငုံဘ၀မှ ပန်းပွင့်ချိန်အထိ ပျမ်းမျှ ၂၅~ ၃၅ ရက် ကြာမြင့်ပါသည်။ ပုံမှန်အားဖြင့်ပန်းပွင့်များသည် ညနေ ၆နာရီမှ ၇နာရီကြားတွင် စတင်ပွင့်ကြပြီး ပန်းပွင့်အားလုံးအပွင့်အာဆုံး အနေအထားမှာည ၁၀နာရီဝန်းကျင်ခန့်တွင်ဖြစ်သည်။ထို့နောက်ပန်းပွင့်အတွင်း ၀တ်မှုန်ကူးခြင်း ကိစ္စပြီးဆုံးသည့်နောက်တွင် ပန်းပွင့်မှာပြန်ငုံသွားပြီး တဖြည်းဖြည်းညှိုးသွားသည်။ ၀တ်မှုန်ကူးရန်ကျန်ရှိနေသေးသော ပန်းပွင့်တို့မှာမူ၁ရက်မှ ၂ရက်အထိအပွင့်အတိုင်းရှိနေတတ်သည်။ ၀တ်မှုန်ကူးရန်အကူအညီပေးသူများမှာလင်းနို့၊ ပျား၊ ပိတုန်း၊ ဖလံ၊ လိပ်ပြာတို့ဖြစ်သည်။

သို့သော်နဂါးမောက်ပန်းပွင့်သည် ညဘက်မှာသာ ပွင့်လေ့ရှိသောကြောင့် လင်းနို့ နှင့်ညဘက်ကျင်လည်လေ့ရှိသော ဖလံ များသည်သာ အဓိက၀တ်မှုန်ကူးသူများဟု လေ့လာတွေ့ရှိရသည်။ သို့သော် အသီးသီးချိန်တွင်မူအသီးများကို လင်းနို့များက ဖျက်ဆီးစားသောက် လေ့ရှိကြသည်။ ခြံသစ်စတည်ခါစအခြေအနေမျိုးတွင် ၀တ်မှုန်ကူးပေးသူတို့ မပေါများနိုင်ပေ။ ထိုအချိန်တွင် အသီးတင်နှုန်း နည်းပါတတ်သည်။ ထို့ပြင် စိုက်သက် ၁နှစ်သားဝန်ကျင် အပင်ငယ်ချိန်တွင်လည်း အသီးတင်နှုန်းနည်းပါးလေ့ရှိသည်မှာ ထုံးစံပင်ဖြစ်သည်။

တချို့သော စိုက်ပျိုးသူများသည် ပထမနှစ်ကိုအသီးမယူစေဘဲအပွင့်များ ခြွေပစ်လေ့ရှိသည်။ -ထို့ပြင် နောက်နှစ်သီးသောအသီးမျာတွင်လည်း သိမ်သော သေးသော အသီးများကို ခြွေပစ်ခြင်းဖြင့် ထွားကြိုင်းသော ကျန်ရှိအသီးများကို ရရှိကြသည်။ လေ့လာတွေ့ရှိချက်များအရအာရှတိုက်မှ Hylocereus undatus အသီးခွံ အနီရောင် ရှိပြီး အတွင်းသားမှာ အဖြူရောင်မျိုးမှာ ပွင့်တည်းဝတ်မှုန်ကူးနိုင်သောမျိုးစိတ်ဖြစ်သည်။ ထိုမျိုးစိတ်ထဲမှ တချို့သည် ၀တ်မှုန်ကူး ပေးသူများပင် မလိုအပ်ဘဲ ပန်းငုံဘ၀မှာပင်ဝတ်မှုန်ကူးခြင်းကိစ္စ အောင်မြင်သောမျိုးစိတ်ဖြစ်သည်။ အများစုမှာမူ ၀တ်မှုန်ကူးပေးသူလင်းနို့၊ ပျား၊ ပိတုန်း၊ ဖလံ၊ စသည်တို့ဖြင့် ၀တ်မှုန်ကူးခြင်းကိစ္စကိုပြီးမြောက်စေသည်။ Hylocereus megalanthus or Selenicereus megalanthus အတွင်းသာအဖြူ အသီးခွံအ၀ါမျိုးမှာ ၀တ်မှုန်ကူးပေးသူမလိုအပ်ဘဲ ၎င်းတို့ကိုယ်တိုင်ပွင့်တည်းဝတ်မှုန်ကူးခြင်းကိုဆောင်ရွက်နိုင်သောမျိုးဖြစ်သည်။ အကြောင်းမှာ ၎င်းမျိုး၏ ပန်းပွင့်တွင်ရှိသောဝတ်ဆံဖိုတိုင်နှင့် ၀တ်ဆံမတိုင်ထိပ်တို့၏ အမြင့်မှာတူညီနေသော ကြောင့် ပန်းပွင့်၏အငုံဘ၀တွင်ပင် ၎င်းတို့ထိတွေ့နိုင်ကာ ၀တ်မှုံကူးခြင်းကိစ္စကို ပြီးမြောက်စေခြင်း ဖြစ်သည်။ Hylocereus costaricensisအတွင်းသားအနီမျိုးစိတ်များကိုမူ လေ့လာဆဲအနေထားမှာပင်ရှိပြီး ၎င်းတို့သည် လည်း ပွင့်တည်းဝတ်မှုကူးနိုင်သောမျိုး ဖြစ်နိုင်သည်ဟု သတ်မှတ်ကြသည်။

လေ့လာတွေ့ရှိချက်များအရ လက်ဖြင့်ဝတ်မှုကူးပေးသော အသီးများ (တနည်းပွင့်ခြားဝတ်မှုန်ကူး မျိုးစိတ်များ) သည် ၀တ်မှုန်ကူးပေးရန်မလိုအပ်သော အသီးများ(တနည်း ပွင့်တည်းဝတ်မှုန်ကူး မျိုးစိတ်များ - ၎င်းတို့မှာပင် သဘာဝ ၀တ်မှုန်ကူးသူတို့လိုအပ်သောမျိုးနှင့် မလိုအပ်သော မျိုး ဟူ၍ ထပ်ခွဲနိုင်သည်။) ထက် အရွယ်အစားပိုမိုကြီးပြီး အလေးချိန်များသည်။ အသီးတို့၏ အလေးချိန်များခြင်း အသီးကြီးခြင်းကို ယေဘုယျလေ့လာရသော် အသီးအတွင်း အစေ့ပါဝင်မှုနှင့် များစွာသက်ဆိုင်နေကြောင်း တွေ့ရသည်။တနည်းအားဖြင့် ထိုအစေ့များ ဖြစ်ပေါ်လာခြင်းသည် ၀တ်မှုန်ကူးနိုင်သော ပမာဏ အနဲအများပေါ်မူတည်နေသည်ကို လေ့လာတွေ့ရှိရသည်။လူက လက်ဖြင့် ၀တ်မှုန်ကူးပေးရသော အသီးတို့မှာကားဝတ်မှုန်ပမာဏ အများဆုံးကို ကူးပေးနိုင်ခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်မိပါသည်။ ပွင့်တည်းဝတ်မှုန်ကူးမျိုးမှအသီးများသည် ပျမ်းမျှအားဖြင့် ၃၅၀ မှ ၆၀၀ ဂရမ်ထိ ရှိတတ်ပါသည်။ ပွင့်ခြားဝတ်မှုန် ကူးမျိုး (လက်ဖြင့် ၀တ်မှုန်ကူးရသောမျိုးစိတ်) မှ အသီးမျာသည် ၅၀၀ မှ ၉၀၀ ဂရမ်အထိ ရှိတတ်ပါသည်။ မြန်မာနိုင်ငံတွင် အများသောအားဖြင့် တွေ့ရသော မျိုးများမှာပွင့်တည်းဝတ်မှုန်ကူး မျိုးများဖြစ်ကြောင်း သိရှိရသည်။ ထိုမျိုးစိတ်များသည် တခြားမျိုးကွဲများနှင့် ရောနှောစိုက်ခြင်းဖြင့် မျိုးကွဲများဖြစ်လာပြီးပွင့်ခြားဝတ်မှုန်ကူး မျိုးစိတ်အသွင်ပြောင်းလဲတတ်သည်ကိုလည်းလေ့လာတွေ့ရှိရပါသည်။

မိမိနဂါးမောက်မျိုးအားလက်ဖြင့်ဝတ်မှုန်ကူးပေးရန် လိုမလို အလွယ်ဆုံးစမ်းသပ်နည်းမှာ ပန်းပွင့်၏၀တ်ဆံဖိုတိုင်ထိပ်နှင့် ၀တ်ဆံမတိုင်ထိပ်တို့ အမြင့်ချင်း တူညီနေလျှင် သို့မဟုတ် ကွာဟချက် ၂စင်တီမီတာ အောက်ရှိနေလျှင် လက်ဖြင့်ဝတ်မှုန်ကူးပေးရန် မလိုအပ်ကြောင်းလေ့လာတွေ့ရှိရသည်။ ထိုသို့မဟုတ်ဘဲတိုင်ထိပ်အမြင့်ကွာဟချက်မှာ များနေပါက ပျား၊ ပိတုန်းတို့ အကူအညီဖြင့်ပင်မရတတ်သည်ကို အနောက်တိုင်းသုတေသီများ၏ လေ့လာချက်များအရ သိရှိရသည်။ အကြောင်းမှာ ပျားပိတုန်းတို့၏ ခန္ဓာကိုယ် အရွယ်အစားနှင့် ပန်းပွင့်အရွယ်အစားမှာအလွန်ကွာဟနေသောကြောင့် ၀တ်မှုန်ကူးပေးရန် မလွယ်ကူပေ။ လင်းနို့များသည်မူ ၎င်းမျိုးစိတ်များအတွက်ဝတ်မှုန်ကူးပေးနိုင်သော သဘာဝမိတ်ဆွေပင်ဖြစ်သည်။ သို့သော် ၎င်းတို့သည် အသီးများရင့်မှည်လာချိန်တွင် အသီးအား လာရောက် စားသောက်လေ့ရှိသောကြောင့်ရန်သူအဖြစ်လဲ တည်ရှိနေပေသည်။ လက်ဖြင့်ဝတ်မှုန်ကူးပေးရန်လိုအပ်သော မျိုးစိတ်များအတွက် ၀တ်မှုန်ကူးနည်းမှာ ၀တ်ဆံဖိုတိုင်မှ ၀တ်မှုံများကို ၀တ်ဆံမတိုင်ထိပ်သို့ ဖြူးပေး ပွတ်ပေးခြင်းဖြင့် ၀တ်မှုန်ကူးစေခြင်းဖြစ်သည်။ဝတ်မှုန်ဖိုများကို ပန်းပွင့်ပြီး ၂-၃ နာရီအတွင်း စုဆောင်းနိုင်သည်။

ညနေ၆နာရီတွင် ပုံမှန် ပန်းပွင့်သောကြောင့် ည ၈နာရီမှ ၉နာရီအတွင်း စုဆောင်းနိုင်သည်။ စုဆောင်းရာတွင် သန့်စင်ထားသော ကပ်ကြေးအသေး သို့မဟုတ် ဇာဂနာဖြင့် ၀တ်မှုန်ဖိုများကို ဇစ်ပါသောလေလုံ ပလက်စတစ်အိတ်အတွင်း စုဆောင်းပြီး အအေးခန်း (သို့မဟုတ်) အေးသောနေရာတွင်ထားကာ မနက်ခင်းအစော ၃-၅ နာရီတွင် နေမထွက်ခင်တွင်ဝတ်ဆံမတိုင်ထိပ်သို့ နားကြပ်တံ၊ စုတ်တံအသေးဖြင့် ညင်သာစွာပွတ်ပေးဖို့လိုပါသည်။ပန်းပွင့် ၁ပွင့် သို့မဟုတ် ၂ပွင့်လောက်မှ ၀တ်မှုန်များကို စုဆောင်းပြီး တခြားပန်းပွင့်များသို့ လိုက်လံ ၀တ်မှုန်ကူးပေးရမည်ဖြစ်သည်။ဝတ်မှုန်ကူးပြီးပါက ပန်းပွင့်အား အသီးစွတ်အိတ်များဖြင့် စွတ်ပေးခြင်းဖြင့် အရည်အသွေးကောင်းမွန်သောအလေးချိန်စီးသော အသီးများကို ရရှိစေပါမည်။ အလင်းရောင်နှင့် အပူချိန် ထို့ပြင် အလင်းရောင်နှင့်အပူချိန်တို့မှလည်း နဂါးမောက် ပန်းပွင့်ခြင်းကို သက်ရောက်မှုရှိနိုင်ပါသည်။လေ့လာတွေ့ရှိချက်များအရ ရေခဲမှတ်အောက် -2ံC တွင်လည်းကောင်း။ အပူချိန် 4 5ံC ထက်ကျော်လွန်လျှင်သော်လည်းကောင်း နဂါးမောက်များ မရှင်သန်နိုင်တော့ပေ။နှင်းကျထူထပ်သော အရပ်ဒေသများတွင် နဂါးမောက်ကို မစိုက်သင့်ပေ။ အပူအအေး ပြောင်းလဲမှုသည်အပင်ပေါ် ဆိုးကျိုးသက်ရောက်စေသည်။ အပင်ကိုင်းသားများ ဖူးရောင်၊ အက်ကွဲခြင်း၊ အ၀ါရောင်ပြောင်းလာခြင်း၊ အရည်များစိမ့်ထွက်လာပြီး တပင်လုံး ပျော့ခွေလာခြင်း စသည့်ဆိုရွားသည့်လက္ခဏာများ ပေါ်ပေါက်တတ်သည်။

နဂါမောက်၏မျိုးရင်းမှာCactus ရှားစောင်းမျိုးရင်မှန်သော်လည်း နဂါးမောက်မျိုးကိုမူ သဲကန္တာရတွင် စတင်တွေ့ရှိခြင်းမဟုတ်ဘဲ တောထဲတောင်ထဲ အရိပ်အနည်းငယ်ရသော ဒေသများမှာ တွေ့ရှိရခြင်းကြောင့် အလင်းရောင်ကို အပြည့်အ၀မဟုတ်ဘဲ အတိုင်းအတာတခုအထိသာကြိုက်နှစ်သက်သော အပင်ဖြစ်သည်။ ပူနွေးမှုသည် ပန်းပွင့်ခြင်းကိုစောစီးစွာပွင့်စေပြီး အေးမြသောရာသီတို့တွင် ပန်းပွင့်ခြင်းမှာ နောက်ကျတတ်သည်။ နဂါမောက်သည် လင်းတာတုံ့ပြန်မှုရှိသော အပင်ဖြစ်သည့်အားလျော်စွာ လင်းတာရှည်သောနေ့များတွင် ပန်းပွင့်ခြင်းကို ဖြစ်ပေါ်စေသည်။ အတွေ့အကြုံရှိ စိုက်ပျိုးသူများ၏ ပြောစကားအရလပြည့်ညနှင့် လပြည့်မတိုင်ခင်ညများတွင် နဂါးမောက်များပိုမိုပွင့်လေ့ရှိ သည်ဟုဆိုသည်။ ထို့အပြင်ဗီယက်နမ်နိုင်ငံတွင် တနှစ်ပတ်လုံးနီးပါး အသီးရရှိစေရန်အတွက်အသီးမပွင့်ရာသီများတွင် မီးများထွန်းပေးခြင်းဖြင့်ပန်းပွင့်စေကာ အသီးတင်စေသည်။၇၅-၁၀၀ ၀ပ်မီးလုံးများကို လူသွားလူလာလွတ်သောအမြင့် ၈ပေခန့်တွင် ကြိုးများဆိုင်းကာ၆-၁၀ ပေကြား အကွာအဝေးတွင် တလုံးနှုန်းဖြင့် ည ၇နာရီမှ သန်းခေါင်ယံအထိမီးဖွင့်ပေးကြသည်။ပူသောရာသီများတွင် ၁၅-၂၀ရက်ခန့်၊ အေးသောရာသီများတွင် ၂၀-၂၅ရက်ခန့် တနေ့လျှင် ၄-၅နာရီနှုန်းဖြင့် မီးများအလင်းပေးလေ့ရှိကြသည်။ထိုသို့ပြုလုပ်ခြင်းဖြင့် နဂါးမောက်ကို တနှစ်ပတ်လုံးသီးစေကာ ပုံမှန် အသီးမထွက်သောရာသီတွင် မိမိမှာဈေးကောင်းရရှိစေသည်။

Credit : Original writer