Blog Archive

Sunday, May 29, 2016

မနက်ခင်း အလုပ်မသွားခင် ဘုရားရှိခိုးပါ

မနက်ခင်း အလုပ်မသွားခင် ဘုရားရှိခိုးပါ
============================

မနက်ခင်း အိပ်ယာက ထပြီး မျက်နှာသစ် မနက်စာစား စတာတွေ လုပ်ပါ။ ပြီးတော့ အလုပ်သွားဖို့ ပြင်ဆင်ပြီးရင် ဘုရားရှိခိုး ဖြစ်ပါစေ။

မနက်ခင်း တစ်ခုဟာ တစ်နေတာရဲ့ အစဖြစ်တယ်။ နောက်ပြီး စိတ်ရွှင်လန်းနေတဲ့ အချိန်မှာ ကောင်းမှူကုသိုလ်လုပ် အမျှဝေ စတာတွေ လုပ်တာ အရမ်းကောင်းမွန်ပါတယ်။ အချိန်အကြာကြီးလည်း မပေးနိုင်ရင်တောင် မီနစ် အနည်းငယ်ဆို ရပါပြီ။

ဘုရားရှိခိုးတဲ့ အခါမှာလည်း မိဘတွေကို စိတ်ထဲကမှန်းပြီး ကန်တော့ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် သင့်ရဲ့တစ်နေ့တာ အလုပ်တွေမှာ အခက်အခဲများကို
လွယ်လင့်တကူ ဖြတ်ကျော်နိုင်ပါလိမ့်မယ်။

(ပစ်တိုင်းထောင်)

သီလရှင်ကို ယောက်ျားများက ရှိခိုးကောင်း၊ မကောင်း ၊ သီလရှင်ကို တပည့်တော်ဟု သုံးသင့်၊ မသုံးသင့်။

“သီလရှင်ကို ယောက်ျားများက ရှိခိုးကောင်း၊ မကောင်း ၊
သီလရှင်ကို တပည့်တော်ဟု သုံးသင့်၊ မသုံးသင့်။”
➖➖➖➖➖➖➖➖➖➖➖➖

အရှင်ဘုရား . . .
သီလရှင်ကို တပည့်တော်တို့ ယောက်ျားများက
ရှိခိုးကောင်းပါသလားဘုရား။
သီလရှင်နှင့် စကားပြောတဲ့အခါ တပည့်တော်လို့ သုံးသင့်သလား၊
ကျွန်တော်စသည်ဖြင့် သုံးသင့်သလား သိချင်ပါသည်ဘုရား။
ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား။

သီလရှင်ကို ယောက်ျားများ ရှိခိုးကောင်းပါတယ်။
ရှိခိုးခြင်းဖြင့် အပြစ်မဖြစ်သလို ကုသိုလ်ဖြစ်စေပါတယ်။
ရှိခိုးတယ်ဆိုတာ နှိမ့်ချတဲ့သဘော၊ အရိုအသေပြုတဲ့ သဘောရဲ့
သင်္ကေတ တစ်ခုပါ။ သီလရှင်မှ မဟုတ်ဘဲ ကိုယ့်ထက်
အသက်၊ သိက္ခာ၊ ဂုဏ်ကြီးသူများကို အရိုအသေပေးတာ၊
နိမ့်ချတာလည်း ကုသိုလ်ဖြစ်ပါတယ်။

ဒီနေရာမှာ ဗုဒ္ဓဘာသာရဲ့ ရှိခိုးကိုးကွယ်မှုကို အနည်းငယ်ပြောလိုပါတယ်။
ဗုဒ္ဓဘာသာဟာ “ပုဂ္ဂိုလ်”ကို ကိုးကွယ်တာမဟုတ်ပါဘူး၊
“ဂုဏ်”ကိုကိုးကွယ်တာပါ။ ပုဂ္ဂိုလ်မှာ ရှိတဲ့သီလ၊
သမာဓိ၊ ပညာစတဲ့ ဂုဏ်တွေကို အာရုံပြု ရှိခိုးကိုးကွယ်တာပါ။
ဒါကြောင့်လည်း သာသနာ့ဘောင် ရောက်လာတဲ့
သားသမီးတွေကို မိဘတွေက ရှိခိုးရတာပါ။

လူတွေနေ့စဉ် စောင့်ထိန်းရတဲ့ သီလတွေထက်
ကိုရင်၊ ရဟန်း၊ သီလရှင်များ စောင့်ထိန်းရတဲ့
သီလတွေက ပိုများပါတယ်။ အဲဒီသီလစတဲ့ ဂုဏ်တွေကြောင့်
လူပုဂ္ဂိုလ်တွေက မိမိထက် ဂုဏ်အားဖြင့် သာလွန်တဲ့
“ရဟန်း၊ သာမဏေ၊ သီလရှင်တွေ”ကို ရှိခိုးကြခြင်းဖြစ်ပါတယ်။
သီလရှင်၊ အမျိုးသမီး ဆိုတဲ့ပုဂ္ဂိုလ်ကို မကြည့်ဖို့တော့ လိုပါတယ်။
မျက်မှောက်ခေတ် မြန်မာပြည်မှာ ရှိတဲ့သီလရှင်တွေဟာ
အနည်းဆုံး “ရှစ်ပါး သီလ”ကို စောင့်ထိန်းကြတဲ့အပြင်
မြတ်စွာဘုရား တရားတော်တွေကို သင်အံလေ့ကျက်
ပို့ချဟောပြောပေးနေတဲ့ သူများဖြစ်တဲ့အတွက်
သူတို့ကိုလည်း တစ်နည်းအားဖြင့် “ဓမ္မစေတီထိုက်တဲ့သူ”များဟု
ဆိုနိုင်ပါတယ်။ ဒါကြောင့် သာမန်နေ့စဉ် ငါးပါးသီလတောင်
လုံခြုံအောင် စောင့်ထိန်းဖို့ ခက်တဲ့လူပုဂ္ဂိုလ်တွေ ထက်စာရင်
သီလ၊ သမာဓိ၊ ပညာ ဂုဏ်တွေမြင့်တဲ့ သီလရှင်ကို
ရှိခိုးထိုက်ပါတယ်။ ပုဂ္ဂိုလ်ကို မကြည့်ပါနဲ့၊
ဂုဏ်ကို အာရုံပြုပါ။ အမျိုးသမီးဆိုတဲ့ အစွဲလည်းမထားပါနဲ့။
အဲလို အစွဲထားရင် ကိုယ့်အဒေါ်တွေ၊ အမတွေလည်း
အမျိုးသမီးတွေပဲ သူတို့ကိုတောင် သီတင်းကျွတ်၊
နှစ်ကူးစသည်မှာ ကန်တော့ကြသေးတာပဲ။
သီလရှင်ဆိုပိုတောင် ကန်တော့ကောင်းပါသေးတယ်။
ကန်တော့ခြင်းဖြင့် အပြစ်မဖြစ်ပါ။
ကုသိုလ်တောင် ဖြစ်ပါသေးတယ်။

သီလရှင်ကိုလည်း စကားပြောတဲ့အခါမှာ “တပည့်တော်”လို့သုံးသင့်ပါတယ်။
တကယ်တော့ စကားအပြောအဆို ဆိုတာတွေက ပညတ်ချက်တွေပါ။
သူနိုင်ငံ သူ့ယဉ်ကျေးမှုအရ သတ်မှတ်ထားတဲ့
ဓလေ့ထုံးစံများ ဖြစ်နေတဲ့အတွက် ယဉ်ကျေးမှုအရ
သီးခြားသတ်မှတ်ချက်လေးတွေ ရှိနေတဲ့အပြောအဆိုလေးတွေ
လိုက်ပြီး သုံးသင့်ပါတယ်။ ဒါလည်းပဲ အပြစ်မဖြစ်ပါဘူး။

မြတ်စွာဘုရားရှင်တောင် ဘုရားဖြစ်ပြီး တရားဟောတဲ့အခါ
အရိုးစွဲနေပြီးဖြစ်တဲ့ အိန္ဒိယရဲ့ ဗြဟ္မဏ ဓလေ့ထုံးစံများကို
လိုက်ပြီးသုံးနှုန်း တရားဟောတာတွေ ရှိပါတယ်။
ဒါကြောင့် မြန်မာပြည်ရဲ့ ဓလေ့ထုံးစံ သတ်မှတ်ချက်များဖြစ်တဲ့
လူပုဂ္ဂိုလ်များနဲ့ သာသနာ့ဝန်ထမ်းများရဲ့ အသုံးအနှုန်းလေးတွေကို
လိုက်ပြီးသုံးသင့်ပါတယ်။ တစ်ဘက်ကလည်း ဒီလို
သုံးနှုန်းခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုနှိမ့်ချရာ ရောက်သလို
ကိုယ့်ထက်ဂုဏ်မြင့်တဲ့သူကို အရိုအသေပြုရာလည်း
ရောက်ပါတယ်။ ဒါကြောင့် သီလရှင်ကိုလည်း တပည့်တော်ဆိုတဲ့
အသုံးအနှုန်းမျိုးဖြင့် သုံးနှုန်းပြောဆိုသင့်ကြောင်း
အကြံပြုလိုက်ပါတယ်။

ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
~~~~~~~~~~~~~~~~~~~~~

သီလရှင်အား ရှိခိုးငြားက *

မေး ။ ။ ဆရာတော်ဘုရား
(1) သီလရှင်အား လူယောက်ျားတို့ ၀ပ်တွားရိုကျိုး
ကောင်းအဆိုး ကြောင်းကျိုး မည်သို့ ရှိသနည်း ။

(2) မိန်းမအများ ရှိခိုးငြား ကျိုးကား ဘယ်သို့
ရှိသနည်း ။ သာဓကသွင်း ယုံမှားကင်း ဖြေရှင်း
ပေးပါဘုရား ။

ဖြေ ။ ။ မဟောသဓာ ဇာတ်တော်မှာလျှင် မဟောသဓာ
လောင်းအလျာက ပရိဗ္ဗာဇိက ဘေရီမအား
ညွတ်ခ၀ပ်လျှိုး ရှိလျှင်ခိုးခဲ့ ။ စံထိုးသမှု ထိုဝတ္ထုကို
စွဲရှုကြည့်က ကျင့်သီလကို ပဓာနထား ရှိဝပ်တွား၏
ကျားမ မရွေး ရှိခိုးရေးကို ဆတွေးကြံကာ
ကင်းသင်္ကာသည် မြဲစွာ မှတ်သားဖွယ်ပင်တည်း ။

ဘာသာရေးပြဿနာများ
ရဝေထွန်း

Credit to ; အရှင် သုမင်္ဂလ

Play Store မှာ မြန်မာနိုင်ငံကနေဒေါင်းလို့မရတဲ့ CoC အပါအ၀င် ဂိမ်းတွေ၊app တွေကို ဘယ်လိုဒေါင်းလုဒ်လုပ်မလဲ

Play Store မှာ မြန်မာနိုင်ငံကနေဒေါင်းလို့မရတဲ့ CoC အပါအ၀င် ဂိမ်းတွေ၊app တွေကို ဘယ်လိုဒေါင်းလုဒ်လုပ်မလဲ
HOW TO Mobiles & Tablets Softwares & Application by Ye Wint - April 12, 20160

Google Play Store ဆိုတာ အကောင်းဆုံးနဲ့ အမိုက်ဆုံး Android ဂိမ်းတွေ၊ app တွေကို စုစည်းထားတဲ့နေရာ ဖြစ်ပြီး၊ Android သုံးသူတွေအတွက် မရှိမဖြစ်နေရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ၊ ကျွန်တော်တို့ မြန်မာနိုင်ငံက Android ဖုန်းသုံးသူတွေအနေနဲ့ Clash of Clans တို့ Hay Day တို့လို ဂိမ်းတွေကို Play Store မှာ တရားဝင်ဒေါင်းလုဒ်လုပ်ဖို့မပြောနဲ့၊ ရှာလို့တောင်မရပါဘူး။

ဒါဆို ကျွန်တော်တို့ မြန်မာနိုင်ငံကနေမရတဲ့ ဂိမ်းတွေ၊ app တွေကို Google ရဲ့ တရားဝင် Play Store မှာပဲ လွယ်လွယ်ကူကူနဲ့ download ဆွဲချင်ရင် ဘယ်လိုလုပ်မလဲ။ နည်းလမ်းကတော့ အရမ်းကို လွယ်ကူပါတယ်။

(၁) ပထမဦးဆုံး ကျွန်တော်တို့ Hot Spot Shield ဆိုတဲ့ app လိုပါမယ်

Hot Spot Shield  app​အား​အောက်​ပါ
linkတွင်​​ဒေါင်းယူပါ
https://www.dropbox.com/s/7f1nk77taipcw1m/Hotspot_Shield_v4.1.8.apk?dl=0

VPN proxy ကျော်ပေးနိုင်မယ့် Hot Spot Shield ဆိုတဲ့ app ကို Google Play Store မှာ သွားရှာပါ။ ဒီ app ကတော့ မြန်မာနိုင်ငံကနေ လွယ်လွယ်ကူကူပဲ Play Store search box မှာ ရိုက်ရှာပြီး၊ ဒေါင်းလုဒ်ရယူနိုင်ပါတယ်။

(၂) Hot Spot Shield နဲ့ VPN ကျော်မယ်

Hot Spot Shield အက်ပလီကေးရှင်းကို install လုပ်ပြီးသွားရင်၊ ဖုန်းထဲကနေ အဲဒီ app ထဲ ၀င်လိုက်ပါ။

-app ထိပ်ဆုံးမှာ Connect ဆိုတဲ့ ခလုတ်ပါရှိပြီး၊ အောက်ဘက်မှာ Add apps ဆိုတဲ့ အစိမ်းရောင်ခလုတ်လေး ပါရှိပါတယ်။

-Adds apps ကို နှိပ်လိုက်ရင် ကိုယ့်ဖုန်းထဲမှာသွင်းထားတဲ့ app တွေ စာရင်းပေါ်လာပါလိ့မ်မယ်။ Google Play Store app ကို ရွေးပေးလိုက်ပါ။Screenshot_20160309_174230

–  ပြီးရင် back ပြန်ထွက်ပြီး ‘Connect’ ဆိုတာကို နှိပ်ပေးလိုက်ရင် VPN proxy ကျော်တာအောင်မြင်သွားပါပြီ။ ( ကြော်ငြာတစ်ခုပေါ်လာရင် ခဏစောင့်ပြီး back ပြန်နှိပ်ပေးလိုက်ပါ)

(တကယ်လို့ စာဖတ်သူအနေနဲ့ youtube မှာ မြန်မာနိုင်ငံကနေကြည့်လို့မရတဲ့ဗီဒီယိုတွေ ကြည့်ချင်တယ်ဆိုရင်၊ Youtube app ကို Add လုပ်ထားပေးလိုက်ပါ)

(၃) Play Store ထဲက ဒေတာတွေကိုဖျက်ပါမယ်။

VPN ကျော်ပြီးသွားရင်၊ Play Store ထဲက cache ဖိုင်တွေကို ဖျက်ဖို့ လိုပါတယ်။ Hot Spot Shield ကနေ Home ကီးနှိပ်ထွက်ပြီး –

– ဖုန်း Settings ထဲ ၀င်ပါ။

– Applications ကို သွားပြီး၊ Google Play Store ကို နှိပ်လိုက်ပါ။

– ‘ Clear Cache’ ဆိုတာကို အရင်လုပ်ပြီး၊ ‘Clear Data’ ဆိုတာကိုပါ ထပ်လုပ်လိုက်ပါ။

(၄) Play Store app ထဲ ပြန်ဝင်ပါ။

Play Store ထဲ ပြန်ဝင်လိုက်ရင်၊ Clear Data လုပ်ထားတာကြောင့် Play Store app ထဲ ပထမဦးဆုံး ၀င်ဝင်ချင်းအဆင့်ကို ပြန်ရောက်သွားမှာ ဖြစ်ပြီး၊ မိမိ Gmail အကောင့်နဲ့ Play Store ကို ချိတ်ဆက်လိုက်ပါ။

(၅) Play Store မှာ ကိုယ်အရင်က ရှာလို့၊ ဒေါင်းလို့မရတဲ့ ဂိမ်း၊ app ကို ရှာကြည့်ပါ။

Play Store ရဲ့ ထိပ်ဆုံးက Search box မှာ မြန်မာနိုင်ငံကနေ ရှာလို့၊ ဒေါင်းလုဒ်လုပ်လို့မရတဲ့ ဂိမ်းတစ်ခုခု၊ ဥပမာ – Hay Day ၊ Clash of Clans စတာကို ရှာဖွေကြည့်လိုက်ရင်၊ ထိပ်ဆုံးကနေ ထွက်ပေါ်လာတာကို တွေ့ရမှာပါ။

ဒါဆိုရင်တော့ နောက်တစ်ခါ Clash of Clans update ထွက်ရင်၊ သူများဆီက လိုက်တောင်းနေစရာ၊ ၀က်ဆိုဒ်တွေမှာ လျှောက်ရှာနေစရာမလိုတော့ဘဲ၊ ကိုယ့်ဖုန်းထဲကနေပဲ Play Store ၀င်ပြီး၊ Supercell ကပေးတဲ့ Official update ကို ချက်ချင်း ဒေါင်းလုဒ်ဆွဲယူနိုင်ပြီဖြစ်ပါတယ်။

ဒီ့အပြင် Spotify တို့လို မြန်မာနိုင်ငံကနေ ဒေါင်းလုဒ်လုပ်လို့မရတဲ့ အမိုက်စား music streaming app တွေကို ဒေါင်းလုဒ်ရယူပြီး သုံးစွဲနိုင်ပြီဖြစ်ပါတယ်။
Credit digitaltimes.com.mm

Facebook ကနေ ဖုန်းနဲ့ Live Stream ဘယ်လိုလွှင့်မလဲ

Facebook ကနေ ဖုန်းနဲ့ Live Stream ဘယ်လိုလွှင့်မလဲ
HOW TO Mobiles & Tablets Softwares & Application by Ye Wint - May 16, 20160

အခုတလော Facebook မှာ သူ့ထက်ငါ အပြိုင်အဆိုင် Live streaming ဗီဒီယိုတွေ လွှင့်နေကြတာ တွေ့ရမှာပေါ့။ အရင်တုန်းကတော့ ဒီလို ဗီဒီယိုတွေ တိုက်ရိုက်လွှင့်နိုင်တဲ့ feature ကို ဆယ်လီတွေမှာပဲ ရခဲ့ပေမယ့်၊ အခုဆို တစ်ကမ္ဘာလုံးကလူတိုင်း Facebook မိုဘိုင်းအက်ပလီကေးရှင်းကနေ Live stream တိုက်ရိုက်လွှင့်နိုင်ပါပြီ။ သင်လည်း အများနည်းတူ ခေတ်နောက်ကျမကျန်ရစ်အောင် Live stream လွှင့်နည်းလေး သိထားဖို့လိုပြီင်္နော်။

Android နဲ့ iOS ဖုန်းတွေကနေ Facebook မှာ Live stream ဘယ်လိုလွှင့်မလဲ

အဆင့် (၁) ပထမဦးဆုံး သင့်ရဲ့ Android (ဒါမှမဟုတ်) iOS Facebook app ထဲ ၀င်ပြီး၊ status တင်ဖို့ လုပ်လိုက်ပါ။

write_status_menu_thumb

အဆင့် (၂) အခုဆို location တွေဘာတွေရွေးတဲ့ အောက်နား၊ညာဘက်မှာ လူခေါင်းပေါ်ရေဒီယိုလှိုင်းလေးတွေထနေတဲ့ပုံ တွေ့ရပါလိမ့်မယ်။ နှိပ်လိုက်ပါ။

အဆင့် (၃) ကိုယ့် privacy ကို ရွေးချယ်ပါ။ ကိုယ်တိုက်ရိုက်လွှင့်နေတဲ့ဗီဒီယိုကို မကြည့်စေခဲ့တဲ့လူတွေ မကြည့်နိုင်အောင်ရွေးထားနိုင်ပါတယ်။ ပြီးတော့ ကိုယ်အခုတိုက်ရိုက်လွှင့်မယ့်ဗီဒီယိုက ဘာအကြောင်းလဲဆိုတာ description အနည်းငယ်ရေးပါ။

live_video_settings_input_thumb

အဆင့် (၄) အားလုံးပြီးပြီဆိုရင်၊ Go Live ဆိုတာကို နှိပ်ပြီး၊ သင့်စမတ်ဖုန်းကင်မရာနဲ့အတူ live stream စတင်လွှင့်နိုင်ပါပြီ။ ရိုးရိုးတန်းတန်းကြီး ဗီဒီယိုလွှင့်တာထက်စာရင်၊ ပိုမိုဆန်းဆန်းလေး လွှင့်ချင်တယ်ဆိုရင်လည်း ပုံလေးတွေနဲ့ ဗီဒီယိုကို အလှဆင်လို့ရပါတယ်။ ဒါပေမယ့် ဒီ feature ကတော့ လူတိုင်းမှာ မရသေးဘူးလို့ သိရပါတယ်။

အဆင့် (၅) ကိုယ်တိုက်ရိုက်လွှင့်နေတဲ့ဗီဒီယိုကို ကြည့်ရှုနေသူတွေက အချိန်နဲ့တပြေးညီ comment တွေ ပေးနိုင်ပါတယ်။ တကယ်လို့ Live Stream လွှင့်တာပြီးရင် အောက်က Finish ဆိုတာလေးကို နှိပ်ပြီး ရပ်ပစ်နိုင်ပါတယ်။

live_video_broadcast_thumb

အဆင့် (၆) တကယ်လို့ သင် Live Stream လွှင့်တဲ့အချိန်မှာ မကြည့်လိုက်ရတဲ့လူတွေလည်း ကြည့်နိုင်အောင် အတွက် ဒီဗီဒီယိုကို သင့် Facebook ပရိုဖိုင်မှာ တင်ပေးထားမှာဖြစ်ပါတယ်။ မကြိုက်ရင်လည်း ပြန်ဖျက်ပစ်နိုင်ပါတယ်။

delete_option_thumb

သတိပြုရမှာက Live stream ဗီဒီယိုတစ်ခုဟာ မိနစ် ၉၀ ထက် ပိုကြာလို့မရပါဘူး။ ပြီးတော့ Live Stream အကြာကြီးလွှင့်ရင် အင်တာနက်ဒေတာတော်တော်ကုန်နိုင်ပါတယ်။ ကိုယ့် ကိုယ်ပိုင်အကောင့်ကနေ Live Stream လွှင့်နိုင်သလို၊ Facebook page တစ်ခုအနေနဲ့လည်း Live Stream လွှင့်နိုင်ပါတယ်။ လုပ်နည်းက အတူတူပါပဲ။

Ref: PC Advisor

iPhone ရဲ့ အင်တာနက်ဒေတာသုံးစွဲမှုကို လျော့ချပစ်နိုင်မယ့် နည်းလမ်း ငါးသွယ်

iPhone ရဲ့ အင်တာနက်ဒေတာသုံးစွဲမှုကို လျော့ချပစ်နိုင်မယ့် နည်းလမ်း ငါးသွယ်
Apple HOW TO HUBS Mobiles & Tablets by Ye Wint - May 9, 20160

ဖုန်းဘေလ်တွေ ခဏခဏကုန်လို့ စိတ်ညစ်နေရပါသလား။ ကိုယ်က Facebook တို့ Instagram တို့လို social network app တွေ သိပ်သုံးလေ့ရှိသူမဟုတ်၊ ရုပ်ရှင်တွေ၊သီချင်းတွေလည်း ဒေါင်းလုဒ်ဆွဲသူမဟုတ်ဘဲနဲ့၊ ဖုန်းအင်တာနက်ဖိုးတော်တော်ကုန်နေတယ်ဆိုရင်တော့ သင့် iPhone က အင်တာနက်သုံးစွဲမှုများနေတာ ဖြစ်နိုင်ပါတယ်။ မပူပါနဲ့ သင့် iPhone ရဲ့ ဖုန်း settings ထဲမှာ အင်တာနက်ဒေတာသုံးစွဲမှုကို လျော့ချပေးနိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။

၁။ ဖုန်းအင်တာနက်နဲ့ app တွေ update အလိုလိုလုပ်တာကို ပိတ်ပေးပါ။

တကယ်လို့ သင့်ဖုန်းထဲက app တွေကို အလိုအလျောက် update လုပ်ခိုင်းထားတယ်ဆိုရင်၊ Cellular data မသုံးဘဲ၊ Wi-Fi နဲ့ပဲ update လုပ်ဖို့ ပြောင်းထားပေးပါ။ Settings> iTune & App Stores ကနေ Use Cellular Data ကို ပိတ်ပေးပါ။

၂။ app က အလိုအလျောက် ဒေတာတွေဆွဲတာကို ပိတ်ပေးပါ။

iOS app တွေဟာ နောက်ကွယ် background မှာ update လုပ်နိုင်သလို၊ ကိုယ်က ဒီ app တွေကို မဖွင့်ထားရင်တောင်၊ နောက်ကွယ်ကနေ သတင်း၊ဓာတ်ပုံ၊အကြောင်းအရာအသစ်တွေကို လှမ်းဆွဲနေနိုင်ပါတယ်။ ဒါမှ ဒီ app တစ်ခုကို သင်ပြန်ဖွင့်လိုက်တဲ့အခါမှာ၊ နောက်ဆုံးသတင်းတွေကို သင့်ကို တန်းပြနိုင်မှာပါ။ ဒီလို Refresh လုပ်နေတာကို ပိတ်ဖို့အတွက် Settings> General > Background App Refresh ကို သွားပြီး၊ ဒီ feature ကြီးတစ်ခုလုံးကို ပိတ်ပစ်နိုင်သလို၊ ကိုယ့်စိတ်ကြိုက် app တွေပဲ ရွေးပြီး၊ အဖွင့်အပိတ်လုပ်နိုင်ပါတယ်။

iphone

၃။ Wi-Fi ကို မိုဘိုင်းဒေတာက စစ်ကူပေးနေရတာ ပိတ်ပစ်ပါ။

Wi-Fi Assit ဆိုတာ iOS ရဲ့ အမိုက်စား feature တစ်ခုပါ။ ကိုယ် ချိတ်ထားတဲ့ Wi-Fi က အရမ်းနှေးကွေးနေရင်၊ မိုဘိုင်းအင်တာနက်ကနေ ၀င်ဆွဲပေးပြီး၊ page တွေ တက်တာမြန်အောင်၊ ဓာတ်ပုံတွေမြန်မြန်ပေါ်အောင် လုပ်ပေးပါတယ်။ ဒါပေမယ့်၊ ဒါဟာ သင့်မိုဘိုင်းအင်တာနက်ကိုလည်း သုံးတာကြောင့်၊ Wi-Fi သုံးရင်းနဲ့ ဖုန်းဘေလ်ကုန်နေရမှာပါ။

Wi-Fi Assist ကို ပိတ်ပစ်ချင်တယ်ဆိုရင်၊ Settings > Cellular ထဲဝင်ပြီး၊ အောက်ဆုံးထိ ဆွဲချကာ၊ Wi-Fi Assit ကို ပိတ်ပစ်လိုက်ပါ။

iphone2

၎။ iCloud Drive ကို Cellular Data နဲ့ မသုံးပါနဲ့

ဒေတာတွေကို iCloud Drive သုံးပြီး အတင်အချလုပ်တတ်သူဆိုရင်၊ မိုဘိုင်းဒေတာနဲ့ မသုံးတာအကောင်းဆုံးပါ။ ရုံးလို Wi-Fi ရတဲ့နေရာမှ Wi-Fi နဲ့ cloud သုံးတာ ပိုအဆင်ပြေပါလိမ့်မယ်။ iCloud Drive ကို Cellular နဲ့ မသုံးဘဲ၊ Wi-Fi နဲ့ပဲ သုံးဖို့ Settings> iCloud > iCloud Drive ကို သွားပြီး၊ အောက်ဆွဲချကာ၊ Use Cellular Data ကို ပိတ်လိုက်ပါ။

iphone3

၅။ သီချင်းတွေကို ခဏခဏ Stream လုပ်ပြီး နားမထောင်ပါနဲ့

သီချင်း၊ရေဒီယိုတွေကို stream လုပ်ပြီး အချိန်ကြာကြာနားထောင်ရင် ဘေလ်တော်တော်ထိပါတယ်။ Spotify နဲ့ Apple Music လို streaming app တွေမှာ Wi-Fi ကနေပဲ stream လုပ်နားထောင်နိုင်အောင် ပြောင်းထားနိုင်ပါတယ်။

Apple Music မှာ Settings > Music ကနေ Streaming & Downloads ဆက်ရှင်ကို သွားလိုက်ရင်၊ setting နှစ်ခုကို တွေ့ပါလိမ့်မယ်။ ပထမဆုံး Use Cellular Data ကို ပိတ်လိုက်ရင်၊ မိုဘိုင်းအင်တာနက်ကနေ လုံးဝ streaming လုပ်ရတော့မှာမဟုတ်ဘဲ၊ Wi-Fi နဲ့ပဲ stream လုပ်နိုင်မှာဖြစ်ပါတယ်။ ဒီလိုမလုပ်ချင်ဘူး၊ မိုဘိုင်း အင်တာနက်နဲ့ပဲ stream လုပ်ချင်တယ်ဆိုရင်တောင် အောက်က High Quality on Cellular ကို off ထားလိုက်ရင်၊ အသံဖိုင်က အရမ်း bitrate အမြင့်စားကြီးမဟုတ်တော့ဘဲ၊ ဒေတာစားနည်းနည်းသက်သာတဲ့ low bitrate ဖြစ်သွားမှာပါ။

iph

Ref: Cnet

ရက်​၆၀​စောင့်​ရန်​မလိုဘဲ Fb name ချိန်းနည်း

ရက်​၆၀​စောင့်​ရန်​မလိုဘဲfb name changeနည်း

Ph noဖြင့်​ fb acc ​ဖောက်​နည်း

Ph noဖြင့်​ fb acc ​ဖောက်​နည်း