Blog Archive

Wednesday, January 11, 2017

ဆားဗစ်​တန်း

ပုံထဲမှာ နမူနာပြထားတာကတော့
ခြေလျင်တပ်ခွဲမှူးသင်တန်း တက်ရောက်ပြီးဖြစ်တဲ့
ဗိုလ်ကြီးအဆင့် တပ်ဆင်ရမဲ့ Service bar ပါ ..

(၁) ဆားဗစ်တန်းအပေါ်ဆုံးက နံပါတ်(၁)ကတော့
`နိုင်ငံတော်စစ်မှုထမ်းတံဆိပ်´ပါ ..
စစ်မှုထမ်းသက် ၃၆၅ ရက်(၁ နှစ်) ပြည့်ပြီးတဲ့
တပ်မတော်သားတိုင်းကို ချီးမြှင့်ပါတယ် ..

(၂) နံပါတ်(၂)ကတော့ `ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်´ပါ ..
စစ်မှုထမ်းသက် ၃၆၅ ရက်(၁ နှစ်) ပြည့်ပြီးတဲ့
တပ်မတော်သားတိုင်းကို ချီးမြှင့်ပါတယ် ..

(၃) နံပါတ်(၃)ကတော့ `စစ်မှုထမ်းသက်တံဆိပ်´ပါ ..
ပုံထဲက နမူနာကတော့ စစ်မှုထမ်းသက် (၁၅)နှစ်ပြည့်ပြီးတဲ့
တပ်မတော်သားတိုင်း တပ်ဆင်ရမယ့် တံဆိပ်ပါ ..
တံဆိပ်ရဲ့ ဘယ်ဘက်က အဖြူတန်း(၁)တန်းဟာ
စစ်မှုထမ်းသက် (၅)နှစ်ကို ကိုယ်စားပြုပါတယ် ..

(၄) နံပါတ်(၄)ကတော့ `ရွှေလင်းယုန်တိုက်ပွဲတံဆိပ်´ပါ ..
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရွှေလင်းယုန်စစ်ဆင်ရေးမှာ
တိုင်းပြည်အတွက် အသက်ပေးလှူခဲ့တဲ့၊
တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ တပ်မတော်သားတွေအတွက်
ဂုဏ်ပြုထားတာပါ ..

(၅) နံပါတ်(၅)ကတော့ `လောက်ကိုင်တိုက်ပွဲတံဆိပ်´ပါ ..
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ပြည်တော်သာစစ်ဆင်ရေးမှာ
တိုင်းပြည်အတွက် အသက်ပေးလှူခဲ့တဲ့၊
တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ တပ်မတော်သားတွေအတွက်
ဂုဏ်ပြုထားတာပါ ..

(၆) နံပါတ်(၆)ကတော့ `ခြေလျင်တပ်ခွဲမှူးသင်တန်းတံဆိပ်´ပါ ..
ခြေလျင်တပ်ခွဲမှူးသင်တန်းကို တက်ရောက်ပြီးဖြစ်တဲ့
အရာရှိများ တပ်ဆင်ရပါတယ် ..

(၇) နံပါတ်(၇)ကတော့ `ခြေလျင်တပ်စုမှူးသင်တန်းတံဆိပ်´ပါ ..
ခြေလျင်တပ်စုမှူးသင်တန်းကို တက်ရောက်ပြီးဖြစ်တဲ့
အရာရှိများ တပ်ဆင်ရပါတယ် ..

အသစ်တိုးလာတာကတော့ (၄-ရွှေလင်းယုန်တိုက်ပွဲတံဆိပ်) နဲ့
(၅-လောက်ကိုင်တိုက်ပွဲတံဆိပ်) တို့ပါ ..

အခြားအဆင့်စစ်သည်များအတွက်တော့
နံပါတ်(၆)နဲ့ (၇)နေရာမှာ
အကြပ်လောင်းသင်တန်းတံဆိပ်၊ အရာခံဗိုလ်သင်တန်းတံဆိပ်
အစရှိသည်တို့ကို တပ်ဆင်နိုင်ပါတယ် ..

(သုတေသီ ဆြာခိုင်) (11-1-2016)

ဘုရားလောင်းအကိတ္တိရှင်ရသေ့၏ ဆုတောင်းများ

ဘုရားလောင်းအကိတ္တိရှင်ရသေ့၏ ဆုတောင်းများ

¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
(၁) လောဘမရှိသူ ဖြစ်ရပါလို၏။
(၂) ဒေါသမရှိသူ ဖြစ်ရပါလို၏။
(၃) လူမိုက်ကို ဘဝဆက်တိုင်း မတွေ့ မမြင်ရပါစေနှင့်။
(၄) လူမိုက်အကြောင်း ဘဝဆက်တိုင်း မကြားရပါစေနှင့်။
(၅) လူမိုက်နှင့် ဘဝဆက်တိုင်း မိတ်ဆွေ မဖြစ်ရပါစေနှင့်။
(၆) လူမိုက်နှင့် ဘဝဆက်တိုင်း စကားမပြောရပါစေနှင့်။
(၇) လူမိုက်အား ဘဝဆက်တိုင်း မနှစ်သက်ရပါစေနှင့်။
(၈) ပညာရှိကို ဘဝဆက်တိုင်း တွေ့မြင်ရပါစေ။
(၉) ပညာရှိအကြောင်း ဘဝဆက်တိုင်း ကြားရပါစေ။
(၁၀) ပညာရှိနှင့် ဘဝဆက်တိုင်း မိတ်ဆွေ ဖြစ်ရပါစေ။
(၁၁) ပညာရှိနှင့် ဘဝဆက်တိုင်း စကားပြောခွင့်ရပါစေ။
(၁၂) ပညာရှိကို ဘဝဆက်တိုင်း နှစ်သက်သူဖြစ်ရပါစေ။
(၁၃) နံနက် အရုဏ်တက်အချိန်တွင် ဆွမ်းဘောဇဉ်များ အလိုအလျောက်ဖြစ်ပေါ်လာပါစေ။
(၁၄) သီလရှိသောအလှူခံပုဂ္ဂိုလ်မြတ်များ လာရောက်အလှူခံကြပါစေ။
(၁၅) ဆွမ်းဘောဇဉ်များသည် လှူ၍မကုန်ခန်းသည် ဖြစ်ပါစေ။
(၁၆) လှူစဉ် စိတ်ကြည်လင်ပါရစေ။
(၁၇) လှူပြီးနောက်တွင် နောင်တမရသည် ဖြစ်ရပါစေ။
(၁၈) သိကြားမင်းသည် ငါ၏အထံသို့ နောက်မလာပါစေနှင့်။
လင်္ကာ

ဤသည့်ပုည ကုသလကြောင့်

လောဘ ဒေါသ မောဟကင်းကွာ

သံသရာဝယ် ကျင်ပါရဘိ

ပညာရှိနှင့် ယှဉ်မိပေါင်းသင်း

ဉာဏ်မဲ့ကင်း၍ ပြည့်တင်းလှူဖွယ်

လှူစဉ်ဝယ်လည်း သုံးသွယ်စေတနာ

ဖြောင့်ညီညာသည် ခေမာအထွဋ်

တိုင်စေသော်။
( မင်းကွန်းတိပိဋကဆရာတော်ကြီး)

Credit:
ဓမ္မရတနာ

မျက်ကြည်လွှာ-နဲ့  သေဆုံးပြီးခန္ဓာ လှူဒါန်းခြင်း အတွက် ကျွန်တော့်ဆီကို စုံစမ်းမေးမြန်းကြတယ် ဘယ်လိုလှူရလဲ-ဘယ်နေရာမှာ လှူရလဲပေါ့ အဲလိုမေးမြန်းမှုတွေ ကြုံရတိုင်း ကျွန်တော်ကလဲ ပြန်မေးဖြစ်တယ်- သေမှဘဲ ကိုယ့်မျက်ကြည်လွှာ နဲ့  အသုံးမ၀င်တော့တဲ့ ခန္ဓာကြီးကို လှူချင်တာလား ယခုအသက်ရှင်စဉ် မလှူချင်ဘူးလား

မျက်ကြည်လွှာ-နဲ့  သေဆုံးပြီးခန္ဓာ လှူဒါန်းခြင်း
အတွက် ကျွန်တော့်ဆီကို စုံစမ်းမေးမြန်းကြတယ်
ဘယ်လိုလှူရလဲ-ဘယ်နေရာမှာ လှူရလဲပေါ့
အဲလိုမေးမြန်းမှုတွေ ကြုံရတိုင်း ကျွန်တော်ကလဲ
ပြန်မေးဖြစ်တယ်- သေမှဘဲ ကိုယ့်မျက်ကြည်လွှာ
နဲ့  အသုံးမ၀င်တော့တဲ့ ခန္ဓာကြီးကို လှူချင်တာလား
ယခုအသက်ရှင်စဉ် မလှူချင်ဘူးလား

-

သေမှ လှူချင်တာလို့  ပြန်ဖြေသူအတွက်
ထပ်မေးမိတယ်- ဘယ်အရွယ်သေမှာလဲ
ဘယ်ရောဂါနဲ့  ဘယ်ဒေသမှာ သေမှာလဲ
သေဆုံးပြီးတဲ့အခါ မိသားစုက ကိုယ်မှာခဲ့
တာကို တကယ်အကာင်အထည် ဖော်ပေး
မှာလား- ကူးစက်ရောဂါ မျိုးနဲ့ ဆို လှူလို့ မရ
ငယ်ငယ်ရွယ်ရွယ်သေသွားပေမယ့် မျက်ကြည်လွှာ
ကောင်းမကောင်း မသေချာ- မကောင်းရင်
လှူလို့ မရ- အလှူအထမမြောက်နိုင်-

-

သေပြီးခန္ဓာကို လှူထားတဲ့ နေရာက တကယ်ယူ
အုံးမှ- သူတို့ မှာလဲ အခက်အခဲ နဲ့ ကြုံကြိုက်နေချိန်
မျိုးဆို ကိုယ့်ရဲ့ အလောင်းကို လာယူမှာမဟုတ်-
မိသားစုကရော တကယ်သွားပို့ ဖို့ လုပ်ဆောင်မှာလား-
ကိုယ်က ပြည်ပမှာ သေခဲ့ရင်- နယ်ကျေးရွာလေး
တခုမှာသေခဲ့ရင်- ထိခိုက်ဒဏ်ရာနဲ့  သေခဲ့ရင် စတဲ့
မရေရာ မသေချာသော အကြောင်းတရားက
အချိန်နဲ့ အမျှ ပြည့်နှက်နေကြောင်း ရှင်းပြပေး
ဖြစ်တယ်-

-

အဲလို သေပြီးမှ လှူရင် အလှူဟာ
နာမည်သာလျှင် ရှိမယ်- အလှူအထ မြောက်ခြင်း
မမြောက်ခြင်းတော့ မသိ
အဲတော့ လှူမယ့်သူဘက်ကို အကြံပေးဖြစ်တယ်
အသက်ရှင်စဉ် လှူပါလား- အသက်ရှင်စဉ်မှာလဲ
လှူလို့ ရပါတယ်-

-

ဒါဆို ဘယ်လို လှူမလဲ

ဒီမျက်လုံး- ဒီမျက်ကြည်လွှာနဲ့  စာတွေဖတ်ခဲ့
ပညာတွေ သင်ခဲ့ကြတာမဟုတ်လား- အဲတော့
ယုံကြည်ရာ ဘာသာတရားမှာ သစ္စာပြုလိုက်ပါ

" ကျွန်ုပ်သည် ဤမျက်ကြည်လွှာ ဤမျက်လုံးတို့ 
နဲ့  စာပေတတ်မြောက်ခဲ့သည်ဖြစ်၍ အသက်ရှင်
သမျှ ကာလပတ်လုံး ဆွံ့ အနားမကြား ကလေး
ငယ်များကို ကျွန်ုပ်သိထားသမျှ ပြန်မျှဝေပါမည်
ပညာမသင်ကြားနိုင်သော ကလေးငယ်များတွေ့ ရင်
တတ်စွမ်းနိုင်သလောက် ကျွန်ုပ်သိထားသလောက်
ပြန်မျှဝေပါမည်- ဤမျက်ကြည်လွှာ ဤမျက်လုံးတို့ 
သည် ကုသိုလ်တရားဖြစ်စေသော -ပညာအကျိုးဌာ
ဖြစ်စေသော နေရာတို့ မှာ အသုံးပြုပါမည် " လို့ 

သစ္စာပြု လှူဒါန်းလို့ ရပါတယ်-

-

ဘယ်သူသိသိ မသိသိ- ဘယ်သူ့ အသိအမှတ်ပြုပြု
မပြုပြု- ကိုယ်ပြုသော သစ္စာ - ကိုယ့်ပိုင် ပြဌာန်းမှု
အတွက် ကိုယ့်လေးနက် ယုံကြည်မှုသာလျှင်
အဓိကကျသည် မဟုတ်ပါလား- အချိန်တိုင်းမှာ
ကိုယ့်အသိ ကိုယ့်ခန္ဓာ နဲ့ သာ ခရီးဆက်နေရသည်
မဟုတ်ပါလား

-

ခန္ဓာကိုယ်ကို ဘယ်လိုလှူမလဲ
ယုံကြည်ရာ ဘာသာတရားမှာ သစ္စာပြုလိုက်ပါ

" ကျွန်ုပ်သည် အသက်ရှင်သမျှ ကာလပတ်လုံး
ကျွန်ုပ်ခန္ဓာကို အသုံးချ၍ အများအကျိုးကို
ဆောင်ရွက်ပါမည်- အမိအဘတို့ ကို အစွမ်းကုန်
ပြန်လည်ပြုစုလုပ်ကျွေးပါမည်- မိမိရှေ့ ဆင်းရဲဒုက္ခ
ရောက်နေသော သတ္တ၀ါကို မြင်လျှင် တတ်စွမ်းသမျှ
ကူညီကယ်တင်ပေးပါမည်- ပြန်လည်မျှဝေ
ပညာသင်ပေးရာမှာ ဤခန္ဓာကို အသုံးပြုပါမည်-
ကိုယ့်ကျင့်တရား တည်ဆောက်ရာမှာ ဖြစ်စေ
ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း ကို လူအများကြား
သယ်ဆောင်သွားရာမှာ ဖြစ်စေ ဤခန္ဓာသည်
စံပြအရာ ဖြစ်စေရမည်... "

-

ဘယ်လို လှူချင်သေးလဲ- ကိုယ်လှူချင်သလို
ဆက်ထည့်ပေါ့- ကိုယ်လှူချင်တာတွေကို
ကိုယ်တိုင်ကြေငြာပြီး အဓိဌာန်ပြု လှူပေါ့
ဘုရားသိဖို့ ထက် မိမိကိုယ်တိုင် သိဖို့ အရေးကြီး
ပါတယ်- အများသူဌာ သိဖို့ ထက် မိမိကိုယ်တိုင်
ပြန်လည်သာဓုခေါ်ဖို့ အရေးကြီးပါတယ်

-

သေပြီး ကိုယ့်အတွက် အသုံးမလိုတော့မှ
လှူတာဟာ မကောင်းကျောင်းပို့ တာနဲ့ 
တူပါတယ်- မလိုတာကို ပစ်ပလိုက်တာထက်စာရင်
လှူတာက ကောင်းတယ်ဆိုတဲ့ ယူဆချက်ပါ-
သေပြီး မီးရှို့ ပစ်မယ့်အတူတူ လှူတာက ပိုကောင်း
တယ်ဆိုတဲ့ အတွေးအခေါ် အယူအဆထက်
အသက်ရှင်စဉ် အဖိုးတန်နေတုန်း မိမိခန္ဓာ-
မိမိအသက်ကို အကျိုးရှိစွာ အသုံးချလှူဒါန်းတာက
ပိုအဓိပ္ပါယ်မရှိဘူးလား-
ပိုပြီး အတ္တ ကင်းစင်ရာ မရောက်ပေဘူးလား
ပိုပြီး ပါရမီ ထိုက် လှူဒါန်းမှု မဖြစ်ပေဘူးလား

-

ဒီထက် ထပ်တိုးပြောရရင်
အသက်ရှင် စဉ် မှာလဲ လှူဒါန်းပါ
သေဆုံးသွားတဲ့အခါ မေတ္တာနဲ့ လှူဒါန်း
ထားရစ်ခဲ့ပါ- ဒါဆိုရင်တော့ အကောင်းဆုံးပေါ့

-

ဒါက စဉ်းစားနိုင်အောင် ပြောပြတာပါ

လှူမယ့်လူများအတွက် အကြံပြု
ရေးသားခြင်းပါ- လှူပြီးသား လူများအတွက်
ဤစာသည် မည်သို့ မျှ အဓိပ္ပါယ်မသက်ရောက်စေရ
လှူမယ်လို့ ကြံရွယ်နေကြသူများကိုသာ
စဉ်းစားနိုင်ဖို့  ပြောပြခြင်းပါ-

ခဏခဏ ရှင်းပြနေရတာ
မောလာလို့  စာရေးထားတာပါ-
နောက်လာမေးတဲ့ သူရှိတိုင်း စကားနဲ့
မပြောတော့ဘဲ ဒီစာကိုသာ ပြပါမယ်
:D :D :D

အသိ သတိ- ဆင်ခြင်ဥာဏ်များဖြင့်
အလှူအတန်း များစွာ ပြုလုပ်နိုင်ကြပါစေ

-

( လှူပြီး-မလှူရသေး အားလုံးကို
လေးစားလျှက် )

ဖိုးဇော်
09795405022
၁၁-၁-၂၀၁၇

ပုံ က - ၂၀၁၃ - ၅ လ ပိုင်း

ဘုရားလောင်းအကိတ္တိရှင်ရသေ့၏ ဆုတောင်းများ

ဘုရားလောင်းအကိတ္တိရှင်ရသေ့၏ ဆုတောင်းများ

¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
(၁) လောဘမရှိသူ ဖြစ်ရပါလို၏။
(၂) ဒေါသမရှိသူ ဖြစ်ရပါလို၏။
(၃) လူမိုက်ကို ဘဝဆက်တိုင်း မတွေ့ မမြင်ရပါစေနှင့်။
(၄) လူမိုက်အကြောင်း ဘဝဆက်တိုင်း မကြားရပါစေနှင့်။
(၅) လူမိုက်နှင့် ဘဝဆက်တိုင်း မိတ်ဆွေ မဖြစ်ရပါစေနှင့်။
(၆) လူမိုက်နှင့် ဘဝဆက်တိုင်း စကားမပြောရပါစေနှင့်။
(၇) လူမိုက်အား ဘဝဆက်တိုင်း မနှစ်သက်ရပါစေနှင့်။
(၈) ပညာရှိကို ဘဝဆက်တိုင်း တွေ့မြင်ရပါစေ။
(၉) ပညာရှိအကြောင်း ဘဝဆက်တိုင်း ကြားရပါစေ။
(၁၀) ပညာရှိနှင့် ဘဝဆက်တိုင်း မိတ်ဆွေ ဖြစ်ရပါစေ။
(၁၁) ပညာရှိနှင့် ဘဝဆက်တိုင်း စကားပြောခွင့်ရပါစေ။
(၁၂) ပညာရှိကို ဘဝဆက်တိုင်း နှစ်သက်သူဖြစ်ရပါစေ။
(၁၃) နံနက် အရုဏ်တက်အချိန်တွင် ဆွမ်းဘောဇဉ်များ အလိုအလျောက်ဖြစ်ပေါ်လာပါစေ။
(၁၄) သီလရှိသောအလှူခံပုဂ္ဂိုလ်မြတ်များ လာရောက်အလှူခံကြပါစေ။
(၁၅) ဆွမ်းဘောဇဉ်များသည် လှူ၍မကုန်ခန်းသည် ဖြစ်ပါစေ။
(၁၆) လှူစဉ် စိတ်ကြည်လင်ပါရစေ။
(၁၇) လှူပြီးနောက်တွင် နောင်တမရသည် ဖြစ်ရပါစေ။
(၁၈) သိကြားမင်းသည် ငါ၏အထံသို့ နောက်မလာပါစေနှင့်။
လင်္ကာ

ဤသည့်ပုည ကုသလကြောင့်

လောဘ ဒေါသ မောဟကင်းကွာ

သံသရာဝယ် ကျင်ပါရဘိ

ပညာရှိနှင့် ယှဉ်မိပေါင်းသင်း

ဉာဏ်မဲ့ကင်း၍ ပြည့်တင်းလှူဖွယ်

လှူစဉ်ဝယ်လည်း သုံးသွယ်စေတနာ

ဖြောင့်ညီညာသည် ခေမာအထွဋ်

တိုင်စေသော်။
( မင်းကွန်းတိပိဋကဆရာတော်ကြီး)

Credit:
ဓမ္မရတနာ