Blog Archive

Friday, May 27, 2016

Samsung တွေပါဝါပြန်မတတ်တော့ရင် ဖြေရှင်းနည်း (ကွန်ပျူတာမလို)

Samsung တွေပါဝါပြန်မတတ်တော့ရင် ဖြေရှင်းနည်း (ကွန်ပျူတာမလို)

Sumsang တွေမှာ အကြောင်းမျိုးမျိုးကြောင့် ဖုန်း
ပါဝါ ပြန်မတတ်ဘဲ Samsung log ပုံမှာဘဲ
ရပ်နေပြီး ပြန်လုပ်မတတ်ဖြစ်နေသူတွေအတွက်
Computer မလိုဘဲ သင်တို့ကိုယ်တိုင်ပြုလုပ်နိုင်အောင်
Samsung Galaxy တစ်လုံးကို နမူနာစမ်းသပ်
ပြသထားပါတယ်…ဒီလိုမျိုးက
အများဆုံးဖြစ်တတ်တာက
ဖုန်းတွေမှာ Root ဖောင့်ပြီး မြန်မာ
ဖောင့်ထည့် ရန် Restart ချသွားတဲ့အခါ Logo မှာ ရပ်ပြီး
ပြန်မတတ်ဒါတွေနဲ့ …ဖုန်းမှာ apk data တွေ ပြည့်ပြီး
သူအလိုလို ပါဝါပိတ်ပြီး ပြန်မတတ် ဒါတွေ ဒါတွေက
အဖြစ်များဆုံးပါဘဲ…ပြီးတော့ သင် တို့ရဲ့ဖုန်းကို
ဝယ်လာစအတိုင် ပေါ့ပါးချင်စေရင်လည်း ဒီနည်းလေးနဲ့ လည်း အဆင်ပြေပါတယ်…
ဖုန်းက အသစ်တိုင် ပြန်လည်းပေါ့ပါးသွားမှာလည်းဖြစ်ပါတယ်!!

ပြုလုပ်နည်းကိုအာက်မှာ ရှင်းပြထားပါတယ် ၀င်ကြည့်လိုက်ကြပါ..

အရင်ဦးဆုံးမိမိတို့ Mobile ဖုန်ရဲ့Battery ကို ဖြုတ်၍
ပြန်တတ်ပေးလိုက်ပါ

ပြီရင် အောက်က ပုံအတိုင်း မိမိတို့ ဖုန်းရဲ့
(အသံချဲ ခလုတ်' ပါဝါ ခလုတ်'Home ခလုတ် )
သုံမျိုးလုံးကို ဖိနှိပ်ပြီး ဖုန်းရဲ့Logo ပုံ ပေါ်လာရင် လွှတ်ပေးလိုက်ပါ

အပေါ်က အတိုင်း လုပ်ဆောင်ပြီးပါက အောက်ကပုံလို
ပေါ်လာရင် (အသံ တိုး ခလုတ် )ဖြင့် ၃ကြောင်းမြောက်
ဖြစ်တဲ့
wlp data/factory restet ကို ဆွဲချပြီး
(ပါဝါ ခလုတ်)ဖြင့် Ok လုပ်လိုက်ပါ

ပြီးရင် အောက်ပုံ အတိုင်း
Yes--'delete all user date ကို နှိပ်လိုက်ပါ…ခင်ဗျာ

အဆင့်ကတော့ ပြီးခါနီးနေပါပြီး အောက်ပုံအတိုင်း
Language မှာ English ဘာသာရွေးပြီး
Googal account ထည့်ပေးလိုက်ပါ

ကဲ့ အောက်ပုံလို တွေ့ရ ရင်တော့ Ok နှိပ်ပြီး မိမိးတို့
ဖုန်းက ဝယ်စ ဖုန်းအတိုင်း ဖြစ်သွားပါလိမ့်မယ်……

Samsung logo ပုံ ရပ်နေတာ ပြုလုပ်နည်းပြီးဆုံးသွားပါပြီး
အာကာ
Software Guide
www.swln.info

Computer မှာHibernate ဆိုတာဘာလဲ

Hibernate ဆိုတာ ကွန်ပြူတာ ပိတ်တာပါပဲ လို့တော့ပြောလို့မရပါဘူး ဘာဖြစ်လို့လဲ ဆိုတော့ သူကကွန်ပြူတာ မှာ လက်ငင်းလုပ်နေတဲ့ အလုပ်တွေ အကုန်လုံးကို သိမ်းလိုက်ပါတယ် နောက်တစ်ခါ ကွန်ပြူတာကို ပြန်ဖွင့်လိုက်တဲ့ အခါမှာ ထပ်ပြီးတော့ ဖွင့်စရာ မလိုပဲနှင့် ဖွင့်လိုက်တာနှင့် ဆက်လုပ်လို့ရအောင် လုပ်ဆောင်ပေးပါတယ်။
ကွန်ပြူတာကို ကိစ္စ တစ်ခုကြောင့် ပိတ်ချင်ရင် Sleep လုပ်ကြပါတယ်၊ဘာဖြစ်လို့လဲဆိုတော့ ကိုယ်သုံးတဲ့ ဆော့လ်ဝဲတွေကို နောက်တစ်ခါ ဖွင့်စရာ မလိုတော့တာမို့လို့ပါ ၊ အဲ့လိုပါပဲ ခက်ကြာကြာပိတ်ထားချင်တယ် ဒါပေမယ့် နောက်တစ်ခါ ဆော့လ်ဝဲတွေ ထပ် မဖွင့်ချင်ရင် Hibernate လုပ်ပါတယ် ၊ နောက်တစ်ခုလည်း သုံးကြပါတယ် ဘာလဲဆိုတော့ Windows တက်တဲ့ အချိန်ကို ကြာကြာ မစောင့်နိုင်ရင် သုံးပါတယ် ၊သူက လက်ရှိလုပ်နေတဲ့ အလုပ်တွေကို လုံးဝ ပိတ်မပြစ်တဲ့ ခဏ သိမ်းထားတာဖြစ်တဲ့ အတွက် ပုံမှန် Shutdown ချပြီး Windows တက်တာထက် Hibernate လုပ်ပြီး Windows တက်တာက ပိုပြီးတော့ မြန်ပါတယ်၊
Windows8 မှာတော့ Hibernate Option ကို ဖြုတ်ထားပါတယ် ဒါကလည်းအကြောင်းရှိပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ Windows 8 ကို Shutdown ချလိုက်ရင် Windows7 မှာလို လုံးဝ မပိတ်သွားပါဘူး Hibernate မကျ Shutdown မက လို့ပြောရမှာပါ Hybrid Shutdownပါ  အဲ့တာမိုလို့ Windows 8 မှာ ကွန်ပြူတာ ဖွင့်တာ အရင် Windows တွေထက်ပိုပြီးတော့ မြန်တာကို တွေ့မှာ ဖြစ်ပါတယ်။ အဲ့တာမိုလို့ Hibernate Option ကို ဖြောက်ထားတယ် ထင်ပါတယ်။

ဘယ်လိုပြန်ဖော်မလဲ ?
============
1) Win+R=>powercfg.cpl

2) Click => Choose what the power buttons do

3) Click => Change settings that are currently unavailable

4) Check Hibernate

ထမင်းချက်နည်းလျှို့ဝှက်ချက်များ

ထမင်းချက်ခြင်းလျှို့ဝှက်ချက်များ
--------------------------------

အိမ်ရှင်မများအတွက်ထမင်းချက်ရာတွင် အရသာသာမက ကျန်းမာရေးအတွက် အာဟာရဓါတ်တွေပါမဆုံးရှုံးစေမည့် အလွယ်တစ်ကူတစ်ခါတည်းပြီးပြည့်စုံစေမယ့် နည်းလေးများကို စုစည်း တင်ပြပေးလိုက်ရပါတယ်။

၁။ရှာလကာရည်
ထမင်းချက်ရာတွင်ရှာလကာရည်တစ်စက်၊နှစ်စက်ထည့်ပေးရုံဖြင့်ထမင်းရဲ့အနံ့အရသာကိုပိုပြီး
ထင်ပေါ်မွှေးပျံ့စေနိုင်မယ့်အပြင်ရာသီဥတုအလွန်ပူပြင်းပြီးထမင်းသိုးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။
(ရှာလကာရည်နံ့လုံးဝမထွက်ပါ)

၂။ဘီယာ
ဆန်ဟောင်းများအထားကြာသွားပြီးချက်ပြုတ်ရာမှာအနံ့အရသာက ဆန်သစ်လောက် မကောင်းတဲ့အချိန်မှာစိတ်မပူပါနဲ့ဆန်အဟောင်းကိုချက်ချိန်မှာဘီယာအနည်းငယ်သာ ထည့်လိုက်ပါပေါ်ဆန်းမွှေးပမာမွှေးပျံ့တဲ့ထမင်းကိုရရှိစေမှာဖြစ်ပါတယ်။

၃။မြေပဲဆီ
ထမင်းချက်ရာမှာဆားအနည်းငယ်နဲ့မြေပဲဆီအနည်းငယ်ထည့်ပေးပါကာရောပြီးမွှေပေးပါကဆန်ဖွာခြင်းမရှိပဲ
ခံတွင်းကိုတွေ့စေမှာဖြစ်ပါတယ်။

၎။ဆား
လက်ကျန်ထမင်းကိုပြန်နွေးရာတွင်ဆားအနည်းငယ်ထည့်ပေးခြင်းအားဖြင့်အနံ့ဆိုးများကိုပျောက်စေသည့်အပြင်
ခံတွင်းတွင်လည်းနူးညံ့နေစေမှာသေချာပါတယ်။

၆။ဆန်အရက်၊အရက်ဖြူ
ထမင်းကြော်ရာတွင် ထမင်းတွင်အရက်သုံး၊လေးစက်အနည်းငယ် ထည့်ကာကြော်ပေးပါက နတ်သဒ္ဓါပမာထမင်းအရသာကိုရစေနိုင်ပါတယ်။ အကယ်၍ထမင်းကျက်တ၀က်မကျက်တဝက်ဖြစ်နေတဲ့အခြေအနေမျိုးနဲ့ကြုံပါကဇွန်း၂ဇွန်းစာ
ဆန်အရက်ကိုထည့်ပြီးနွေးပေးခြင်းနဲ့ထမင်းကိုလုံးဝကျက်စေနိုင်ပါတယ်။

၇။ရေကျက်အေး
ထမင်းချက်ချိန်မှာရေကျက်အေးနဲ့ချက်ပါကဆန်မှာပါဝင်တဲ့ဗီတာမင် B1 ဓာတ်ကို အပြည့်အ၀ရရှိစေမှာဖြစ်ပါတယ်။

၈။ကြက်သွန်မြိတ်
ထမင်းတူးသွားပါကထမင်းကြားမှာကြက်သွန်မြိတ်တစ်ပင်ကိုထည့်ပြီးခဏအဖုံးအုပ်ထားပေးပါက
တူးနံ့များကိုယူပစ်လိုက်သလိုပြောက်ကင်းသွားမှာဖြစ်ပါတယ်။

၉။လက်ဖက်
ရေနွေးကြမ်းကိုထမင်းချက်ရာမှာထည့်ပြီးသာမာန်အတိုင်းထမင်းချက်ပါကရရှိလာတဲ့
ထမင်းကအနံ့အရသာကိုပြည့်စုံရုံသာမကအာဟာရလည်းအလွန်ဖြစ်စေပါတယ်။

၁၀။သံလွင်ဆီ
ထမင်းချက်ရာတွင်သံလွင်ဆီအနည်းငယ်ထည့်ပေးပါကဆန်ထဲရှိသကြားဓာတ်တိုးမြှင့်မှုကို ထိန်းချုပ်နိုင်တဲ့အပြင်အစာအိမ်ကိုလည်းဥပဒ်မဖြစ်စေနိုင်ပါဘူး။
ဆီးချိုသမားများအတွက်လည်းသင့်လျှော်ပါတယ်။

(ကျန်းမာရေးအတွက်ဆေးတစ်ခွက်)

Scource: Yan Aung Myat Thu

Visit website

Vivo phone တွေ Firmware ပြန်တင်ရင် ဘာလို့ Dead တက်တာလဲ

Vivo phone တွေ Firmware ပြန်တင်ရင် ဘာလို့ Dead တက်တာလဲ


Vivo ဖုန်းတွေ firmware တင်ပြီးရင် dead တာ အဓိကကတော့ miracle နဲ့ read ထားတာကို

miracle နဲ့ ပြန်တင်လို့ပါ firmware တင်ပြီးလို့ ဘာမှမတက်တော့ရင် ဒီထဲမှာပါတဲ့ flashtoolနဲ့ပဲရေးပါ

miracle နဲ့ readထားတာပါ miracle နဲ့ မရေးပါနဲ့ flashtool နဲ့ပဲရေးပါ

speaker မလာတာလဲ ဒီ firmware နဲ့ရေးပါ်firmware ဖိုင်နှစ်ဖိုင်ပါပါတယ်

MB များတာကိုအရင်ရေးပါ Display မလာရင် touch မကိုက်ရင်

imei ပျောက်ရင် နောက်တစ်ဖိုင်ဆက်ေ၇းပါ အဆင်သင့်လုပ်ပေးထားပါတယ်

နောက်တစ်ဖိုင်းရွေးတဲ့အခါမှာလဲ ရွေးပြီးရင်

nv

protect -s.bin

protect -f.bin

အဲ့ဖိုင်လေးတွေကို sp flashtool ကနေ

ရွေးထည့်ပေးပြီးပြန်ရေးပါ။ ဒါဆိုလုံးဝအဆင်ပြေသွားပါပြီ။ ကျနော်သုံးလုံးအောင်ပြီးသားပါ

firmware က update ပါ။
 
DOWNLOAD

pass=mofmofmofmkkz


Credit >>> Ko Myo Ko Ko Zaw

www.ayekyaw.org
Visit website

Xiaomi accountဖွင့်​နည်း

ဘာကြောင့် Xiaomi account ဖွင့်ရတာလဲဆိုတာကို သိချင်သူများရှိမယ်ထင်လို့ပါ...
Xiaomi device တွေကို အသုံးပြုပီဆိုရင်ဖြင့် mi account ဟာ အရေးပါတဲ့ အရာတခုပါ။ ဘာကြောင့်လိုမှာလဲ မေးခဲ့ရင်တော့.... ၁။ theme ကနေ အလွယ်တကူ မြန်မာဖောင့်(ဇော်ဂျီ)သုံးလို့ရပါတယ် root မလိုပါဘူး
၂။ မိမိတို့ရဲ့ ဖုန်း ပျောက်သွားခဲ့ရင် ပြန်ရှာဖို့အတွက် အခွင့်အလမ်းတွေ များပါတယ်
၃။ Mi Cloud 5gb အလကားပေးသုံးထားတာမို့ မိမိတို့ရဲ့ ဖုန်းနံပတ်တွေ၊ လိပ်စာတွေ၊ note၊ ဓာတ်ပုံတွေကို သိမ်းဆည်းထားလို့ရပါမယ်
၎။ အခုနောက်ပိုင်း miui 7.1 မှာ bootloader lock ဖြစ်လာတဲ့အတွက် မိမိအကောင့်ကို မမှတ်မိရင် အထဲကို အလွယ်တကူ ၀င်လို့မရတော့ပါဘူး.....
ဒါကြောင့် mi account ဟာ အရေးပါတဲ့အခန်းက ဖြစ်လာပါတယ်....
အကောင့် ဘယ်လိုဖွင့်မလဲ ? အလွယ်တကူပြောရရင်တော့ နိုင်ငံတကာမှာ ဖုန်းနံပတ်နဲ့ ဖွင့်လို့ရပါတယ်..... ချွင်းချက်အနေနဲ့ မြန်မာနိုင်ငံမှာကတော့ telecom ပေါ်မူတည်ပီး တချို့က ရတယ်၊ တချို့က မရပါဘူး... ဒီတော့ ဖုန်းနံပတ်နဲ့ အကောင့်ဖွင့်လို့မရရင် မိမိတို့ရဲ့ gmail နဲ့ အကောင့်လုပ်လို့ရပါတယ်..... အောက်မှာ လင့်ပေးထားပါတယ်... ဒီ့ကနေပီး အကောင့်ဖွင့်လို့ရပါတယ်...
Mi account ဖွင့်ရမယ့် လိပ်စာ… https://account.xiaomi.com/pass/register အခုပေးထားတဲ့လင့်ကို ၀င်ပါ..
ဖုန်းနဲ့အဆင်မပြေရင် ကွန်ပျူတာနဲ့လုပ်ရင်လည်း ရပါတယ်..
မိမိတို့ မေးလ်ထဲကို activate လုပ်ဖို့ လင့်ပို့လာခဲ့ရင် အဲ့ထဲကို ၀င်လိုက်တာနဲ့ အကောင့်သစ်ရပါပီ.... တချို့ကကျတော့လည်း အကောင့်လုပ်ပီး pw မပေးမိတာတို့ တခြားအကြောင်းတို့ကြောင့်များ မေ့တတ်ခဲ့ရင်တော့ အောက်က လင့်ကိုဝင်ပီး pw ကို reset လုပ်လို့ရပါတယ်.. မေးလ်ထဲကို ပို့ပေးမဲ့လင့်ကနေတဆင့် ၀င်ပီး pw reset လုပ်နိုင်ပါတယ်... မေ့တတ်သူများအတွက်တော့ အဆင်ပြေမယ် ထင်ပါတယ်ဗျ.
.. MI acc reset pw link…. https://account.xiaomi.com/pass/forgetPassword မိမိတို့ မီအကောင့်ကို လုံးဝမသုံးချင်လို့ ဖျက်ချင်တယ်ဆိုရင်လည်း ဖျက်လို့ရပါတယ်... ဒါပေမယ့် မဖျက်ခင်မှာ အောက်က ရေးထားတဲ့ နည်းလမ်းလေးတွေအတိုင်း မဖြစ်မနေလုပ်ပီးမှ ဖျက်ပါ.... မဟုတ်ရင်တော့ ဒုက္ခနဲ့လှလှ တွေ့ပါလိမ့်မယ်....
Delete... Mi account permanent.. ..
1. Order history on mi.com
2. Information on en.miui.com (including account information. Account name cannot be used again after deletion.)
3. Data in Mi Cloud
4. Mi account in the phone (Please sign out your Mi account existing in the phone before deleting your account: Settings->Mi Cloud->Sign out)
5. Data in MiTalk
6. Data in Theme Kindly follow below instructions to delete your Mi account:
Attention: If you have signed into your Mi account on your mobile phone, please do go to "Settings"-"MI Cloud"and sign out first.
1. Please visit: https://account.xiaomi.com/pass/del and sign in
2. Tick "Yes, I want to permanently delete my Mi Account and all its data". And then click "Delete Mi Account"
3. After that you need to pass through the verification page: phone number or email
4. Continue to click "delete Mi account" and the whole process will be finished If you have any other Xiaomi product- related concerns/services or you need more information, you can reach us through the following ways: Credit to:Original Uploader

လက်ပ်တော့ပျောက်သွားရင် ဒါမှမဟုတ် အခိုးခံလိုက်ရရင် ဆော့ဖ်ဝဲနဲ့ဘယ်လိုပြန်ရှာမလဲ

လက်ပ်တော့ပျောက်သွားရင် ဒါမှမဟုတ် အခိုးခံလိုက်ရရင် ဆော့ဖ်ဝဲနဲ့ဘယ်လိုပြန်ရှာမလဲ

ဖုန်းတွေတင်ပျောက်တတ်တာမဟုတ်ပါဘူး။ လက်ပ်တော့တွေလည်း အခန့်မသင့်ရင် ပျောက်တတ်ပါတယ်။ လက်ပ်တော့ဆိုတာ ဖုန်းတွေထက်တောင် ပိုတန်ဖိုးကြီးသေးတာမို့၊ ပျောက်သွားရင် တော်တော်စိတ်ညစ်ရမှာပါ။

မဖြစ်ခင်က ကြိုတင်ကာကွယ်ဆိုသလို၊ လက်ပ်တော့ အခန့်မသင့်လို့ ပျောက်သွားတာဖြစ်ဖြစ်၊ အခိုးခံလိုက်ရရင်ဖြစ်ဖြစ် အလွယ်တကူပြန်ရှာနိုင်မယ့်ဆော့ဖ်ဝဲကို မျှဝေပေးလိုက်ပါတယ်။

‘Prey’ ဆော့ဖ်ဝဲဟာ စက်ထဲသွင်းပြီးသွားရင်၊ နောက်မှာ run နေတာကြောင့် ခိုးသွားတဲ့လူတောင် ဒီဆော့ဖ်ဝဲ ရှိတာသိမှာမဟုတ်ပါဘူး။ ‘Prey’ ဆော့ဖ်ဝဲကနေ လက်ပ်တော့ရဲ့တည်နေရာရှာတာ၊ လက်ပ်တော့စခရင်မှာ မက်ဆေ့ရေးတာတွေ လုပ်နိုင်သလို၊ လက်ပ်တော့ကို လှမ်းလော့ခ်ချပစ်လို့ ရပါတယ်။
အဆင့် (၁)

Prey ဆော့ဖ်ဝဲကို သုံးဖို့အတွက် ပထမဦးဆုံး Prey အကောင့်တစ်ခု လုပ်ထားရပါမယ်။ အခမဲ့ပါ။ Preyyproject.com ကို သွားပြီး၊ သင့် အီးမေးလ်နဲ့ Sign up လုပ်ပါ။ အကယ်၍ ကိုယ့်ကွန်ပြူတာနဲ့ Prey ကို မချိတ်ရသေးဘူးဆိုရင်၊ track လုပ်ဖို့ device မရှိဘူးဆိုပြီး ဖော်ပြနေမှာပါ။

အဆင့် (၂)

Prey ဆော့ဖ်ဝဲကို ကွန်ပြူတာမှာ ဒေါင်းလုဒ်ဆွဲပါ။ Windows XP ကနေ Windows 10 အထိ သုံးနိုင်ပါတယ်။ Windows အပြင် Android ကော၊ iOS ကော ၊ Mac OS မှာပါ သုံးနိုင်ပါတယ်။ Prey ဆော့ဖ်ဝဲကို ဒေါင်းလုဒ်ဆွဲပြီးရင် ကိုယ့်စက်မှာ install လုပ်လိုက်ပါ။

အဆင့် (၃)

Prey ဆော့ဖ်ဝဲကနေ ၀င်ပြီးရင်၊ ‘Existing user’ ဆိုတာကို ကလစ်လုပ်ပြီး၊ ကိုယ် ခုန Prey အကောင့်ဖွင့်ထားတဲ့ အီးမေးလ်နဲ့ password ကို ရိုက်ထည့်ပေးလိုက်ပါ။ ဒီအခါ သင့်စက်ကို ကာကွယ်ပြီးပြီ ဖြစ်ကြောင်း စာတစ်ခုပေါ်လာပါမယ်။
အဆင့် (၄)

အခုဆိုရင် Preyproject.com ကို web browser ကနေသွားပြီးကြည့်မယ်ဆိုရင်၊ သင့်လက်ပ်တော့ တည်ရှိတဲ့နေရာကို မြေပုံကနေတဆင့် ဖော်ပြပေးသွားမှာပါ။ တော်တော်တိကျပါတယ်။

အဆင့် (၅) လက်ပ်တော့ပျောက်သွားပြီဆိုရင် ?

လက်ပ်တော့ပျောက်သွားပြီဆိုရင်၊ Prey ၀က်ဘ်ဆိုဒ်ကိုသွားပြီး၊ သင် register လုပ်ထားတဲ့လက်ပ်တော့နာမည် ကိုနှိပ်ပြီး၊ ‘Set device to missing’ လို့ ရွေးပေးလိုက်ပါ။ အခုဆိုရင် သင့်လက်တော့ရှိနေတဲ့နေရာနဲ့ update ပေးသွားပါမယ်။ ‘Yes,my device is missing’ ဆိုတာကို ရွေးပေးလိုက်ပါ။


အဆင့် (၆) လက်ပ်တော့ပေါ်မှာ စာလှမ်းရေးမယ်။

‘Maps and actions’ ခလုတ်ကိုနှိပ်လိုက်ရင်၊ လက်ပ်တော့ အွန်လိုင်းပေါ်မှာ နောက်ဆုံးရှိခဲ့တဲ့အချိန်နဲ့၊ တည်နေရာတို့ကို ဖော်ပြပေးသွားမှာပါ။ ‘Alarm’ ဆိုတာကို ရွေးလိုက်ရင်၊ သင်ပျောက်သွားတဲ့လက်ပ်တော့ကနေ အသံအကျယ်ကြီးထွက်လာမှာဖြစ်ပါတယ်။ လက်ပ်တော့ပေါ်မှာလည်း ပိုင်ရှင်ထံ ပြန်အပ်ပေးဖို့တောင်းဆိုစာ၊ ဖုန်းနံပါတ်တို့ကို လှမ်းရေးနိုင်ပါတယ်။

အဆင့် (၇) Lock ချမယ်

ကိုယ့်လက်ပ်တော့ရသွားတဲ့လူက ကိုယ့်လက်ပ်တော့ password ကိုကျော်ပြီး၊ သင့်လက်ပ်တော့ထဲက ဒေတာတွေကို မသုံးစေချင်ဘူးဆိုရင် ‘Lock’ ဆိုတာကို ရွေးပေးပြီး၊ ကိုယ်ပေးချင်တဲ့ password တစ်ခုပေးလိုက်ရင်၊ လက်ပ်တော့ အလိုအလျောက် lock ကျသွားမှာဖြစ်ပါတယ်။

Prey ဟာ Windows လက်ပ်တော့တွေတင်မဟုတ်ဘဲ၊ ဖုန်းတွေကိုပါ ခြေရာခံရှာပေးနိုင်ပါတယ်။ Prey အကောင့်တစ်ခုကို ဖုန်း/ကွန်ပြူတာသုံးလုံးအထိ ခြေရာခံပေးနိုင်တာကြောင့် ကိုယ့်ဖုန်းပါ အကောင့်ထဲ ထည့်ထားလိုက်တာက အပန်းမကြီးပါဘူး။ Prey အက်ပလီကေးရှင်းကို Play Store မှာကော App Store မှာပါ အခမဲ့ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။


Ref: Tech Radar

Credit - digitaltimes.com.mm

ဘယ်လိုဗီဒီယိုမျိုးကိုမဆို GIF အဖြစ်ပြောင်းလဲနည်း

ဘယ်လိုဗီဒီယိုမျိုးကိုမဆို GIF အဖြစ်ပြောင်းလဲနည်း
Android HOW TO HUBS Mobiles & Tablets PC & Laptops by U Min Thant - May 8, 20160

ကျွန်တော့်အနေနဲ့ မနေ့က Facebook ပေါ်က GIF တွေကို မိမိကွန်ပျူတာနဲ့ ဖုန်းတွေမှာ ဘယ်လိုSave လုပ်မလဲဆိုတဲ့ နည်းလေးကို ပြသခဲ့ပြီးပါပြီ။ ဒီနေ့မှာတော့ ကျွန်တော်ဟာ ဗီဒီယိုတွေကနေ GIF ဖိုင်တွေအဖြစ်ပြောင်းလဲနိုင်မယ့် နည်းလမ်းတစ်မျိုးကို တင်ပြပေးမှာ ဖြစ်ပါတယ်။ သင့်မိသားစုနဲ့၊ သူငယ်ချင်းတွေနဲ့ အတူရိုက်ထားတဲ့ ဗီဒီယိုဖိုင်တွေကို လွယ်လွယ်ကူကူနဲ့ ပျော်စရာ GIF တွေအဖြစ်ပြောင်းနိုင်ပါပြီ။

အရင်ဆုံးပြုလုပ်ရမှာက PlayStore ကိုသွားပြီး Video & GIF meme လို့ရိုက်ရှာလိုက်ပါ။ အောက်မှာပြထားတဲ့ ပုံစံနဲ့ App ကိုတွေ့ရင် ဒေါင်းလုဒ်ရယူလိုက်ပါ။

vid to gif1

တခြား ဗီဒီယိုကနေ GIF အဖြစ် Convert လုပ်တဲ့ App တွေရှိပေမယ့် ကျွန်တော်သုံးကြည့်တဲ့အထဲမှာ ဒီကောင်လေးက တော်တော်အဆင်ပြေတာကြောင့် ဒါလေးကိုပဲသုံးတာပါ။ ပြီးရင် App ကိုဖွင့်လိုက်ပါ။

vid to gif2

အပေါ်မှာပြထားတဲ့အတိုင်းစမြင်ပြီဆိုရင် Video ကိုနှိပ်ပြီး သင့်စက်ထဲက သင် GIF လုပ်လိုတဲ့ ဗီဒီယိုတစ်ခုကိုရွေးလိုက်ပါ။ ကျွန်တော်ကတော့ Viva Video နဲ့ ပြင်ထားပြီးသားဖြစ်တဲ့ ခြောက်စက္ကန့်စာ ဗီဒီယိုဖိုင်တစ်ခုကို ရွေးလိုက်ပါတယ်။

vid to gif3

ဒီအတိုင်းမြင်နေရရင် ဘာမှပြင်စရာမလိုပါဘူး။ Next Step ကိုပဲနှိပ်လိုက်ပါ။ အဲ့ဒီမှာ သင့်ကို GIF အတွက် Meme စာသားတွေထည့်လိုမထည့်လိုမေးပါလိမ့်မယ်။ သင်ထည့်ချင်လည်းထည့်နိုင်ပါတယ်။ ကျွန်တော်ကတော့ မထည့်တော့ပါဘူး။ နောက်တစ်ဆင့်တက်မယ့် Next Step ကိုပဲရွေးလိုက်ပါတယ်။

vid to gif4

အဲ့ဒါပြီးရင် GIF အတွက် Frame တွေ၊ Speed တွေ ရွေးချယ်ရမှာပါ။ နည်းနည်းလေးပြင်ပါမယ်။ Frame rate ကို နဂို 8 FPS ကနေ 10 FPS လောက်ထားလိုက်ပါ။ ပြီးရင် တော့ Speed ကိုနည်းနည်းလေးတိုးလိုက်ပါ။ အိုကေပြီထင်ရင် Next Step ကို နှိပ်လိုက်ပါ။ Convert လုပ်နေကြောင်း Percent တွေတက်ပြီးပြနေပါလိမ့်မယ်။

vid to gif5vid to gif6

ပြီးရင်တော့ Preview အနေနဲ့ သင်မြင်ရမယ့် GIF ကိုပြမှာပါ။ အဲ့ဒီမှာ သင်က GIF ကိုသိပ်မကျေနပ်သေးဘူးဆိုရင် Back ကီးနှိပ်ပြီး ပြန်လည်ပြင်ဆင်နိုင်ပါတယ်။ အိုကေသွားပြီဆိုရင်တော့ Save လုပ်လိုက်ပါ။

vid to gif7

သင့်ရဲ့ Video ကနေ GIF အဖြစ်ပြောင်းလိုက်တဲ့ ဖိုင်ကို Gallary ထဲမှာတွေ့နိုင်မှာပါ။ ဒီနည်းလမ်းနဲ့ Android မိုဘိုင်းလ်ဖုန်းတွေကနေ ဗီဒီယိုတွေကို GIF အဖြစ်အလွယ်တကူပြောင်းလဲနိုင်ပါတယ်။

Facebook က GIF တွေကို ဘယ်လို Save လုပ်နည်း၊ Video တွေကနေ GIF တွေဖန်တီးနည်း

Facebook က GIF တွေကို ဘယ်လို Save လုပ်နည်း၊ Video တွေကနေ GIF တွေဖန်တီးနည်း
HOW TO Mobiles & Tablets PC & Laptops by U Min Thant - May 7, 20160

GIF တွေကို ကြိုက်နှစ်သက်တဲ့ သင်ဟာ Facebook ပေါ်ကနေ GIF တွေတွေ့နေရပေမယ့် Save လုပ်ဖို့အခက်အခဲ ရှိနေပါသလား။ သင့်ဖုန်းဒါမှမဟုတ် Computer ထဲက ဗီဒီယိုတွေကို GIF အဖြစ်ပြောင်းလဲ ဖန်တီးချင်နေတာကို အခက်အခဲဖြစ်နေပါသလား။ ဒီလိုမျိုး GIF ကြိုက်နှစ်သက်တတ်တဲ့ သူတွေအနေနဲ့ အထက်က အခက်အခဲတွေကြုံဖူးကြမှာပါ။

အရင်တုန်းကလည်း GIF နဲ့ ပတ်သက်ပြီး အကြောင်းအရာတချို့ကို ရေးသားခဲ့ဖူးပါတယ်။ ဒါတွေကတော့ Facebook GIF တွေဘယ်လိုတင်မလဲ။ Android ဖုန်းတွေမှာ GIF တွေဖန်တီးနိုင်မယ့် App များ။ YouTube ဗီဒီယိုတွေကနေ GIF ဖိုင်တွေထုတ်ယူနည်း၊ စသည်ဖြင့်ပါ။ အဲ့ဒီအကြောင်းအရာတွေမှာ ဓာတ်ပုံတွေကို GIF တွေပြောင်းလည်းတာ၊ GIF ကိုကိုယ်တိုင်ဖန်တီးတာ စတာတွေကိုရေးသားခဲ့ပြီးပြီဖြစ်တာကြောင့် ကျွန်တော့်အနေနဲ့ ထပ်မံရေးသားခြင်းမပြုတော့ပါဘူး။ ဒီ Article မှာတော့ Facebook နဲ့ တခြားလူမှုကွန်ယက်မီဒီယာပေါ်က GIF တွေ Save လုပ်တာကို အရင်ဖော်ပြပေးမှာဖြစ်ပြီ၊ ဗီဒီယိုတွေကနေ GIF ကိုဖန်တီးတာတွေကိုတော့ မနက်ဖြန်ညနေလေးနာရီခွဲမှာ တက်မယ့် How To Article မှာ ဖော်ပြပေးမှာပါ။

Facebook ပေါ်မှ GIF တွေကို ဖုန်း/ကွန်ပျူတာထဲက Save လုပ်နည်း

Facebook ပေါ်က GIF တွေကို Save လုပ်တာကတော့ နည်းနည်းတော့ အလုပ်ရှုပ်ပါတယ်။ ခက်တော့မခက်ပါဘူး။ ဖုန်းနဲ့ကွန်ပျူတာနဲ့ကဘာမှမကွာပါဘူး။ ဒါကြောင့် ဖုန်းနဲ့လုပ်တာကို ပြသပေးပါမယ်။ အရင်ဆုံး သင့်အနေနဲ့ GIF ရှိတဲ့ Page တစ်ခုကို အရင်သွားလိုက်ပါ။ ကျွန်တော်ကတော့ Suicide Squad ရဲ့ Page မှာ ကြိုက်နှစ်သက်တဲ့ GIF တစ်ခုကိုတွေ့မိ တာကြောင့်အဲ့ဒီကို ဝင်လိုက်ပါတယ်။

ht download gif1

စိတ်ကြိုက် GIF တစ်ခုတွေ့ပြီဆိုရင် Post ရဲ့ ညာဘက်အပေါ်ထောင့်က မျှားလေးအောက်စိုက်နေတဲ့ icon ကိုနှိပ်လိုက်ရင်ဒီအတိုင်း Menu Box ကျလာပါလိမ့်မယ်။ Menu ထဲက Copy Link ကိုနှိပ်လိုက်ရင် အဲ့ဒီPost ရဲ့ Link ကို ကူးသွားပါလိမ့်မယ်။

ht download gif2

ပြီးရင် Facebook App ထဲကထွက်လိုက်ပြီး ဖုန်း Browser ထဲဝင်လိုက်ပါ။ Browser ထဲရောက်ရင် Search Bar မှာ ခုနကကူးလာတဲ့ Link ကို Paste လုပ်ပြီး Post ထဲဝင်ရမှာပါ။ တစ်ခုရှိတာက သင့်Browser ထဲမှာ သင့်အကောင့်ကို ဝင်ထားပြီးသားဆိုရင် ပိုပြီးအဆင်ပြေပါလိမ့်မယ်။ ဝင်ပြီးရင် Website View အနေနဲ့ ဒီတိုင်းလေးတွေ့ရပါလိမ့်မယ်။

ht download gif3

ပြီးရင် GIF ပုံကိုနှိပ်လိုက်ရင် သူ့နဂိုမူရင်းပုံကိုသွားမှာပါ။ ရောက်သွားရင်အောက်မှာပြထားတဲ့အတိုင်း မြင်နိုင်မှာပါ။

ht download gif4

ပုံကိုဖိထားလိုက်ရင် Menu Box ကျလာမှာဖြစ်ပြီး Save Image ကိုနှိပ်လိုက်ရင် GIF ကို ဒေါင်းလုဒ်ဆွဲပါလိမ့်မယ်။ ပြီးသွားရင်တော့ သင့် Gallary ထဲက File တစ်ခုထဲမှာ GIF လေးကိုတွေ့ရမှာပါ။ ဒါပါပဲ။ နည်းနည်းတော့အလုပ်ရှုပ်ပေမယ့် လွယ်ကူပါတယ်။ တိုက်ရိုက်ဒေါင်းတဲ့ App ကတော့ မရှိလို့ အလွယ်ကူဆုံးနည်းကို ရှာဖွေပြီး တင်ပြပေးလိုက်တာပါ။

ကဲဒီလိုလွယ်ကူတဲ့ နည်းလမ်းနဲ့ သင့်လိုချင်တဲ့ GIF တွေ Facebook မှာတွေ့တဲ့အခါ ဒေါင်းလုဒ်ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ မနက်ဖြန်ကျရင် တက်လာမယ့် “ဘယ်လိုဗီဒီယိုမဆို GIF အဖြစ်ပြောင်းလဲနည်း” ကိုလည်း စောင့်မျှော်ဖတ်ရှုပေးနိုင်ပါတယ်။

Samsung ဖုန်းတွေမှာ password ဒါမှမဟုတ် pattern lock မေ့သွားရင် Samsung ID သုံးပြီး ဘယ်လို unlock လုပ်မလဲ

Samsung ဖုန်းတွေမှာ password ဒါမှမဟုတ် pattern lock မေ့သွားရင် Samsung ID သုံးပြီး ဘယ်လို unlock လုပ်မလဲ

Android HOW TO HUBS Mobiles & Tablets Samsung by Ye Wint - April 25, 20160

ကိုယ့်ဖုန်းကို သူငယ်ချင်းတွေ၊သူစိမ်းတွေ ယူမသုံးနိုင်အောင်လို့ ဖုန်း lock screen ကို password ဒါမှမဟုတ် pattern lock နဲ့ ပိတ်ထားတတ်ကြတယ် မဟုတ်လား။ လက်ဗွေရာဆန်ဆာပါတဲ့ဖုန်းဆို လက်ဗွေရာနဲ့ပေါ့နော်။ ဒါပေမယ့် တစ်ခါတလေ လက်ဗွေရာဆန်ဆာကြောင်သွားတာမျိုး၊ ဒါမှမဟုတ် ကိုယ်ပေးထားတဲ့ password (or) pattern ကို ကိုယ်ကိုယ်တိုင် မေ့နေတတ်တာမျိုးဆို ဖုန်းထဲဝင်လို့မရဖြစ်ဖူးမှာပါ။

Samsung ဖုန်းတွေမှာ ဒီပြဿနာကို အောက်ပါနည်းလမ်းလေးတွေနဲ့ အလွယ်ကူဆုံးဖြေရှင်းနိုင်ပါတယ်။

တစ်ခုသိထားရမှာက၊ ဒီနည်းလမ်းက ပထမဆုံး ကိုယ့်ဖုန်းမှာ Samsung အကောင့်ရှိဖို့ လိုပါတယ်။ Samsung အကောင့်ဖွင့်ဖို့ ဖုန်း Settings ထဲဝင်၊ Accounts ကနေ Add Account ဆိုတာနှိပ်ပြီး၊ Samsung Account ကို ရွေးပေးလိုက်ပါ။ ဒီမှာ ကိုယ့် Google အကောင့်နဲ့ Samsung အကောင့်တစ်ခုဖွင့်လိုက်ပါ။ ကိုယ့် gmail ထဲကို Verify မေးလ်တစ်စောင် ပို့ပါလိမ့်မယ်။ အဲဒီ မေးလ်ထဲဝင်ပြီး၊ Verify ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆို Samsung အကောင့်လုပ်တာ ပြီးပါပြီ။

add samsung account in Galaxy S4

အကယ်၍ ကိုယ့်ဖုန်းမှာ Password ဒါမှမဟုတ် Pattern ကို မေ့သွားပြီး ၀င်လို့မရတော့ဘူးဆိုရင်

(၁) ကွန်ပြူတာ ‘ဒါမှဟုတ် ဖုန်းနောက်တစ်လုံးကနေ https://findmymobile.samsung.com ကို သွား

Capture

(၂) ကိုယ့် Samsung အကောင့် ID ရယ် Password ရယ် ရိုက်ပြီး Log in ၀င်

(၃) Log in ၀င်ပြီးသွားပြီဆိုရင် ကိုယ့် register လုပ်ထားတဲ့ Samsung ဖုန်းပေါ်နေပါလိမ့်မယ်။ အကယ်၍ ဖုန်းမှာ ဖုန်းလိုင်း ဒါမှမဟုတ် ကွန်နက်ရှင်မရှိဘူးဆိုရင်တော့ ဖုန်းက inactive ဆိုပြီး ပြနေပါလိမ့်မယ်။ ၀က်ဘ်ဆိုဒ်စာမျက်နှာရဲ့ ဘယ်ဘက်ခြမ်းမှာ Connection ၊ Remote Controls တို့ကို On ဖွင့်ထားပေးပါ။

samsung-unlock-myphone

(၄) အောက်နားမှာ Unlock My Device ဆိုတာ ရှိပါတယ်။ နှိပ်လိုက်ရင် ‘Unlock My Screen’ ဆိုတဲ့ လင့်ခ်တစ်ခု ထပ်ပေါ်လာပြီး၊ Unlock ခလုတ်ကို နှိပ်လိုက်တာနဲ့၊ ဖုန်း lock screen ပွင့်သွားပြီဖြစ်ကြောင်း ပေါ်လာပါလိမ့်မယ်။

samsung-unlock-my-device

(၅) အခုဆိုရင် သင့်ဖုန်း Lock screen ပွင့်သွားပြီဖြစ်ပြီး၊ ဖုန်းမှာ lock ပေးထားတာပါ ပျောက်သွားပါလိမ့်မယ်။ နောက်တစ်ခါ lock ပြန်ပေးချင်တယ်ဆိုရင် ပြန်ပေးနိုင်ပါတယ်။ မမေ့အောင်တော့ ဂရုစိုက်ပေါ့။

ဒီ feature လုပ်ဆောင်ပုံက Android ဖုန်းတော်တော်များများမှာပါတဲ့ Android Device Manager နဲ့ တူတူပဲ ဖြစ်ပြီး၊ အင်တာနက်ကွန်နက်ရှင်လိုပါတယ်။ ဒါပေမယ့် Samsung ရဲ့ Find My Mobile မှာက၊ ဖုန်းပျောက်သွားရင် သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ကို ဂါဒီယန်ပေးပြီး၊ သူ့ဖုန်းကနေ ကိုယ့်ဖုန်း ကို Emergency mode လှမ်းပြောင်းနိုင်တာ၊ ပျောက်သွားတဲ့ဖုန်းမှာ SIM ကတ် လဲလိုက်ရင်၊ သတိလှမ်းပေးတာ စတာတွေ ပါဝင်ပါတယ်။

Ref: Mash Tips

Android Root ရှိတဲ့ဖုန်းတွေအတွက် Internal Memory ထပ်တိုးနည်း

Android Root ရှိတဲ့ဖုန်းတွေအတွက် Internal Memory ထပ်တိုးနည်း
အေးကျော်(နည်းပညာ)

တချို့ Android ဖုန်းတွေမှာ ဖုန်းတွင်း Memory အရမ်းနည်းနေတတ်ပါတယ် 256MB လောက်ပဲ ပါပဲ တဲ့ Version နိမ့် Android ဖုန်းမျိုး မြင်ဖူးပါတယ်... ခု Memory နည်းလို့ စိတ်ညစ်နေသူများ ဒါမှ မဟုတ် အတေည်သင့်ပါရဲ့နဲ့ App တွေ များများသုံးချင်သူများအတွက် (တစ်ချို့ဖုန်းတွေမှာ default stroage location) ပြောင်း တာမပါဘူးလေ :D) SD ကတ်မှ Memory တစ်ချို့တစ်ဝက်ကို ဖုန်းတွင်း Internal Memory နဲ့ ချိတ် ဆက်ပုံကိုဘာဘီ ပြောပြပါမယ်....

ဖုန်းကနေပဲ လုပ်မှာမို့ အဆင့်တွေတော့များတယ်နော် ပြိးတော့ ဒီ ဆော့ဖ်ဝဲက App2SD ရဲ့သဘောနဲ့ တူတယ် ဒါပေမယ့် သူ့လောက် Error မရှိပါဘူး App2SD သုံးရင် imei ပျောက်သွားတာတို့ Internal Memory လုံးဝသုံးမရတာတို့ဖြစ်တတ်ပါတယ်
ခုပြောပြမယ် ကောင်က သဘောချင်တူပေမယ့် အလုပ်လုပ်ပုံချင်မတူပါဘူး ပြီးတော့ ဒီတော့ ဒီကောင်က Error ကင်းတယ်လေ တော်တော်များများလဲ သိပြိးသားဖြစ်မှာပါ ဒါပေမယ့် မသိသေးသူများအတွက် ဘာဘီ ပြောပြမယ်နော်....

လိုအပ်တာကတော့ အနည်းဆုံး
4GB ရှိတဲ့ microSD ကတ်လိုပါတယ် အကြံပေးချင်တာကတော့ တတ်နိုင်ရင် 8GB သုံးစေချင်ပါတယ် ပြီးတော့ 8GB ဆိုရင် Classes 6 လောက် ရရင်ပိုကောင်းတာပေါ့နော် ပြိးတော့ Data တွေ ရှိရင်လဲ တစ်ခုခုမှာသိမ်းထားပေါ့ SD ကတ်ကို အဲ app လေးက format ချသွားမှာမို့ပါ

ဟုတ် ပြိးတော့ ဒီ Software တွေကိုဒေါင်းလိုက်ပါ

- Aparted

Download

-Link2SD ဒီကောင်က (plus) နော် Update ပေးရင်လဲ မလုပ်နဲ့

Download

ဟုတ် Software တွေ Install လုပ်ပြိးရင်တော့ စကြတော့မယ်နော်

၁ ။ Sotware တွေ Install လုပ်ပီးရင် အရင်ဆုံး အဲဒီ Software တွေမသုံးခင် ဖုန်း Setting ထဲကိုသွားလိုက်ပါ Storage ဆိုပြိးပါပါတယ် အဲမှာ SD card ဒါမှ မဟုတ် external SD ဆိုပြိး ပါပါတယ် အဲ SD ကို Unmount SD card လုပ်လိုက်ပါ

၂ ။ Ok လား Cancel လားမေးရင် Ok ပေးလိုက်ပါ

၃ ။ mount sd card ဆိုပြိး ပြောင်းသွားရင်ရပါပြိး အဲ Setting ထဲက ထွက်လိုက်ပါ

၎ ။ ခု Install လုပ်ခဲ့တဲ့ app တွေ ထဲက Aparted ဆိုတဲ့ app ကိုဝင်ပါ ပြိးရင် အစိမ်းရောင် အပေါင်းလက္ခဏာလေးပါပါတယ် အဲကောင်ကို တစ်ချက်စိ ၃ ခေါက်နှိပ်လိုက်ပါ

၅ ။ နှိပ်ပြိးပါက Part1 ၊ Part2 ၊ Part3 ဆိုပြိး သုံးခုတွေ့ရမှာပါ ပြိးရင် Internal Memory ကို ဘယ် လောက် GB ထိတိုးမှာလဲ 1GB လား 2GBလား 4GB လား
ဟုတ် ဘယ်လောက်ပဲတိုးတိုး အဲတိုးမယ့် GB ကို Part2 မှာသွားသတ်မှတ်ရမှာပါ Part1 နဲ့ မဆိုင်ပါဘူး

၆ ။ ဒါဆို Part2 ကွင်းထဲက fat32 ကိုသွားနှိပ်လိုက်ပါ

၇ ။ နှိပ်တာနဲ့ Format တွေ အများကြိးပေါ်လာမှာပါ ext2, ext3, ext4, fat32/fat16, f2fs,swap
အဲ Format များထဲက အနိမ့်ဆုံး ext2 ကိုတော့ ဖုန်းတော်တော် များများ support ပေးပါတယ် ဒါပေမယ့် နောက်ပိုင်း huawei model မြင့် တစ်ချိုနဲ့ ဈေးကွက်မှာ နာမည်သိပ်မထင်ရှားတဲ့ ဖုန်းအချိုကတော့ fat32 ပဲ support ရပါတယ် huawei အစောပိုင်းတွေကထွက်ခဲ့တဲ့ဖုန်းတွေကတော့ ext support ရပါတယ် ext format support လုပ်ရင် Software ရဲ့ အရသာကို အပြည့်ဝခံစားရမှာဖြစ်ပြိး fat32 ဆိုရင်တော့နည်းနည်း အကန့်သတ်ရှိပါတယ် အဲဒီက မိမိဖုန်းနဲ့ကိုက်ညီမယ့် format တစ်ခုရွေးလိုက်ပါ

၈ ။ ပြီးရင် Part2 ကပဲ 0MB ဆိုတာ Click လိုက်ပါ

၉ ။ နံပါတ်ရိုက်ရမယ့် Boxတစ်ခုပေါ်လာပါမယ် အဲဒီမှာ Internal အတွက်
2GB စဉ်းစားထားတယ်ဆိုရင်2044 ရိုက်ပါ
4GB စဉ်းစားထားရင် 4088 ရိုက်ပါ

SD ကတ်သာ 4GB ပဲရှိတယ်ဆိုပါက
1GB ပဲ ရိုက်ပါ 1022 ပေါ့ ပြိးရင် OK နှိပ်

၁၀ ။ ပြီးရင် Part3 ကိုဆက်သွားပါမယ် Part1 ကိုချန်ထားခဲ့ပါနောက်ဆုံးမှ လုပ်ပါမယ်
Part3 မှ fat32 ကိုပဲ Click ပါ

၁၁ ။ Format တွေအများကြီးပေါ်လာပါမယ် swap ကိုပဲရွေးပေးပါ

၁၂ ။ ပြီးရင် Part3 မှပဲ 0MB ကိုနှိပ်ပါ

၁၃ ။ နံပါတ်ရိုက်မယ် box တစ်ခုပေါ်လာပါမယ် 256 ဟုရိုက်ပါ 256 ထက်မပိုပါစေနဲ့ ဒီ Part3 အသုံးပြုနည်းကို ဒီပိုစ်မှာ မရှင်းပြသေးပါဘူး ရှုပ်သွားပါမယ် သူက Ram ကို support လုပ်တဲ့ format ဖြစ်ပါတယ် ဘာအတွက် ဒီမှာ ခုကတည်းလုပ်သလဲဆိုတော့ နောက် ဒီကောင်ကို လုပ်ချင်လာရင် ထပ် Partition ခွဲရင် အရင်လုပ်ထားတာတွေ အကုန်ပျက်သွားမှာမို့ပါ

၁၄ ။ Part2 နဲ့ Part3 ပြီးရင် Part1 ကိုခုမှ သွားလုပ်ပါမယ်
Part1 ကတော့ fat32 ပဲထားရမှာမို့ fat32 ပဲထားပါ ပီးရင် 0MB ကိုနိပ်ပြီး New Partition Table msdos အောက်မှ part2 နှင့် Part3 ကိုလုပ်ပြိး ကျန်သော memory ပမာဏ နံပါတ်ကို ရိုက်ထည့်ရမှာပါ

၁၅ ။ တစ်ခုနဲ့တစ်ခုမတူပါဘူး ဘာပဲဖြစ်ဖြစ် Total MB မှ Part2 နင့် Part3 ကိုနှုတ်လို့ရလာတဲ့ နံပါတ်ကိုထည့်ရမှာပါ

၁၆ ။ ပြီးရင်အပေါ်ထောင့်က Menu ကိုနိပ်ပြီး Apply Changes နိပ်ပါ

၁၇ ။ ပြီးရင် ok ကိုထပ်နှိပ်ပါ

၁၈ ။ sd card ready ဆိုပြီးပြလာရင် ထပ်ပြီး ok ကိုနှိပ်ပါ

၁၉ ။ ပြီးရင် App ထဲမှထွက်လိုက်ပါ

၂၀ ။ ခု Link2SD ဆိုတဲ့ software ကိုစဖွင့်လိုက်ပါ Part2 တွင်မိမိ လုပ်ခဲ့သော format ကိုရေးလိုက်ပါ

၂၁ ။ reboot ချလိုက်ပါ

၂၂ ။ reboot ပြန်တက်လာရင် Link2SD ကိုပြနိဝင်ပြီး Yပုံစံလေးကို နှိပ်ပါ ပြီးရင် user ကိုနိပ်ပါ
user applications အောက်ရောက်သွားပါမည်

၂၃ ။ Menu ကိုနိပ်ပီ multi select လုပ်လိုက်ပါ

၂၄ ။ အပေါ်က select all ကိုနိပ်ပါ

၂၅ ။ Menu ကိုထပ်နိပ်ပြီး crate link ကိုနိပ်ပါ

၂၆ ။ Link တွေအကုန် အမှန်ခြစ်ပေးပါ

၂၇ ။ linked->SDcard ဆိုရင် ထပ်တိုးထားတဲ့ memory ထဲရောက်သွားပါပြီး

၃၀ ။ Menu ကိုနိပ်ပါ stroage info ဆိုပီးပါပါတယ် ၀င်လိုက်ပါ

၃၁ ။ sdcard 2nd part ဆိုတာ ထပ်တိုးးထားတဲ့ memory ပါပဲ

၃၂ ။ cache တွေ ရှင်းပေးတဲ့ shortcut တစ်ခု ဒါမှ မဟုတ် widget မှတဆင့် Desktop ပေါ်တင်ရပါတယ်
ပြိးတော့ တခြား Tool တွေလဲပါပါသေးတယ်။

Credit = B4rb3

သားကောင်းရတနာ(နည်းပညာ)

  www.ayekyaw.org
Visit website