Blog Archive

Wednesday, January 18, 2017

iTunes ကို အသုံးမပြုပဲ iPhone ထဲက ပုံတွေကို Computer ထဲဘယ်လိုပြောင်းထည့်မလည်း

iTunes ကို အသုံးမပြုပဲ iPhone ထဲက ပုံတွေကို Computer ထဲဘယ်လိုပြောင်းထည့်မလည်း

သင့်ရဲ့ photo တွေ video တွေ ကို သိမ်းဆည်းဖို့အတွက် iTunes ကို သင့်ရဲ့ computer မှာ install လုပ်စရာ မလိုပါဘူး။ သင့် iphone နဲ့ computer ကို ချိတ်ဆက်လိုက်တာနဲ့ windows က သင့် iphone ကို camera အနေနဲ့ အလိုအလျောက်ဖော်ပြပေးပြီး ဓာတ်ပုံ တွေ video တွေကို မြင်တွေ့ရပါလိမ့်မယ်။သင့် ရဲ့ iphone ဒါမှ မဟုတ် iPad ကို USB ကြိုး အသုံးပြုပြီး Computer နဲ့ ချိတ်ဆက်လိုက်ပါ။
USB နဲ့ ချိတ်ဆက်လိုက်တဲ့ အခါ “if you want to trust this computer” ဆို တဲ့ dialogue box ပေါ်လာပါလိမ့်မယ်။ ဒီလို ပေါ်လာတဲ့ အခါ “Trust” ကို နှိပ်လိုက်ပါ။
Windows ဟာ iOS device ကို ရှာဖွေ တွေ့ရှိပြီး Camera အနေနဲ့ ပြသပေးပါလိမ့်မယ်။ သင့် ရဲ့ iPhone ဒါမှမဟုတ် iPad ထဲက File Explorer ကိုသွားပါ။ This PC ကို double-click နှိပ်ပါ။
ပြီးတဲ့ အခါမှာ Internal Storage ထဲက DCIM ကို သွားပါ ပြီးနောက် ဓာတ်ပုံ တွေ video တွေကို မြင်ရပါလိမ့်မယ်။
သင့် ရဲ့ iPhone ဒါမှမဟုတ် iPad ထဲက သင် save လုပ်ချင်တဲ့ မည်သည့် file မဆို Copy and Paste လုပ်ပြီး Computer ထဲ သိမ်းဆည်းနိုင်ပါတယ်။

တကယ်လို့ ဒီနည်း က သင့် ရဲ့ iPhone ဒါမှမဟုတ် iPad ကို Windows ကမဖတ်ဘူးဆိုရင် တခြားနည်း နဲ့ ချိတ်ဆက်နိုင်ပါတယ်။
Start Menu ထဲကနေ “ Devices and Printers” ကို ရှာပြီး ဖွင့်လိုက်ပါ။
Device and Printers ကို တွေ့တဲ့အခါ သင့် ရဲ့ Device ဖြစ်တဲ့ iPhone ကို ရှာပြီး right click နှိပ်ပါ ပြီးတဲ့အခါမှာ “Troubleshoot” ကို နှိပ်ပါ။ Troubleshoot ကို နှိပ်ပြီး connection နဲ့ပတ်သတ်တဲ့ ပြသနာတွေကို ဖြေရှင်း ပေးပြီး သင့်ရဲ့ device ထဲက ဖိုင်တွေကို အသုံးပြုလို့ရပါလိမ့်မယ်။

Credit #jAN
ref: timesofindia