Blog Archive

Saturday, December 31, 2016

အမဲသားရှောင်တာဟာ လောကီအကျိုး ရှိ/မရှိ

အမဲသားရှောင်တာဟာ လောကီအကျိုး ရှိ/မရှိ
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿

(အမေး)

လယ်တီဆရာတော်ဘုရားက လူတွေအား အမဲသားလှူဖို့
တိုက်တွန်းခဲ့တယ်။
အမဲသားရှောင်ြပီး မေတ္တာပို့တဲ့အတွက် မြို့တစ်မြို့မှာ ဘီလူးသဘက်စတာတွေကို ဟန့်တားနိုင်တယ်လို့
စာဖတ်ဖူးပါတယ်ဘုရား။
တပည့်တော်သိချင်တာက အမဲသားစားတာကို ရှောင်ခြင်းဖြင့်
လောကီအကျိုး ရှိ/မရှိဆိုတာကို သိချင်ပါတယ်ဘုရား။

ကိုကိုအောင်။ ဆန်ဖရန်စ္စကို

.

.

(အဖြေ)

အမဲသားမစားတာဟာ လောကီအကျိုးရှိတယ်လို့ ပြောရမယ်။
နားလည်အောင်ပြောရရင် အသားမစားခြင်းဖြင့် အစိမ်း၊
သရဲ၊ သင်းကွဲပြိတ္တာ၊ တစ္ဆေ၊ မြေဖုတ်၊ နတ်ဘီလူး၊
နတ်မိစ္ဆာများဘေး၊ ခြသေ့င်္၊ သစ်၊ ကျားစတဲ့ သားရဲဘေးအန္တရာယ်မှကင်းဝေးခြင်း၊ သက်ရှည်ကျန်းမာ
ရောဂါကင်းသဖြင့် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာခြင်းစတဲ့ အကျိုးများရနိုင်တယ်လို့ ပြောနိုင်ပါတယ်။

အထူးသဖြင့် ကျွဲနွားတို့၏အသားကိုမစားဘဲ ရှောင်ကြဉ်ခြင်းဟာ ပိုပြီးရောဂါကင်းတယ်၊ သက်ရှည်ကျန်းမာတယ်လို့
သုတ္တနိပါတ်ပါဠိတော်မှာ ဟောတော်မူထားပါတယ်။

တယော ရောဂါ ပုရေ အာသုံ၊

ဣစ္ဆာ အနသနံ ဇရာ။

ပသူနဉ္စ သမာရမ္ဘာ၊

အဋ္ဌန၀ုတိ မာဂမုံ။

လို့ဟောတော်မူပါတယ်၊

အဓိပ္ပါယ်က နွားသားကျွဲသားစားသူတို့ မပေါ်မှီ ရှေးအခါက

(၁) ဣစ္ဆာ-လိုချင်တာမရတဲ့အတွက် စိတ်ပူပန်
အနှောက်ယှက်ဖြစ်ရတဲ့ရောဂါ။

(၂) အနသန–စားချိန်မှာ မစားရ၊ အိပ်ချိန်မှာ မအိပ်ရတဲ့အတွက် စိတ်ပူပန်အနှောင့်အယှက်ဖြစ်ရတဲ့ရောဂါ။

(၃) ဇရာ – အိုချိန်ကျတဲ့အခါ အိုရတဲ့ရောဂါ။
ထိုရောဂါ (၃)မျိုးသာ ပေါ်ပေါက်ခဲ့ပါတယ်။

ထမင်းရှင်ဟင်းရှင်ဖြစ်တဲ့ ကျွဲနွားသတ္တ၀ါတွေကို သတ်ဖြတ်စားသောက်တဲ့အချိန်ကစပြီး လောကမှာ ကိုးဆယ့်ခြောက်ပါးသော ရောဂါဝေဒနာ များ ဖြစ်ပေါ်လာ
ကြပါတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အမဲသားများကိုရှောင်တာဟာ အထက်ဖေါ်ပြပါ လောကီကောင်းကျိုးများ ရနိုင်ပါတယ်လို့
အဖြေပေးလိုက်ပါတယ်။

                                 ဦးကောဝိဒ(မြိတ်)
                            ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁

━━━━━━━━━━━━━━━━━━━━

🗿🗿(#သိမှတ်​ဖွယ်​ရာ​_​ဗဟုသုတရွာ)
www.facebook.com/knowledgevillage11
.
.
.
.
✌ မင်္ဂလာပါ :D

နေ့စဉ်အမြဲမပြတ် တင်ဆက်ပေးနေတဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်းအရာလေးတွေနဲ့ ဗဟုသုတရစရာလေး တွေကို မလွတ်တမ်း ဖတ်ရှုနိုင်အောင် Page ထဲဝင်ပြီး ★SeeFirst★လုပ်ထားဖို့ လည်း မမေ့နဲ့အုံးနော် :D

(( အထွေထွေ ဗဟုသုတများ နှင့်
သုတ/ရသ အဖြာဖြာ ကို ဖတ်ရူရန်
ဒီနေရာတွင်နှိပ်ပါ 👇👇👇👇
👉👉 နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ  ))
.
.
Thank You :D