Blog Archive

Wednesday, May 25, 2016

အသုံးဝင် i Phone Codes များ

အသုံးဝင် iPhone Codes များ
.
.
ဖုန်းကုတ်များသည် သိထားသင့်သော အကြောင်းအရာများဖြစ်သည်။ သို့မှသာ အချိန်တိုအတွင်း လိုချင်သော အချက်အလက်များကို ရှာဖွေနိုင်မည် ဖြစ်သည်။
.
*#06# - IMEI Code ဖော်ခြင်း
.
*3001#12345#* - iPhone Settings , Cell Information နှင့် Network ၏ အကြောင်းအရာများကို ဖော်ထုတ်ပေးမည် ဖြစ်သည်။
.
*#67# - Call Forwarding ဖြင့် iPhone Busy ဖြစ်နေသည့်အချိန်တွင် စစ်ကြည့်ရန်
.
*646# - ကြိုတင်ငွေချေစံနစ်ဖြင့် ပေးချေထားသော အချက်အလက်များထဲမှ ကျန်ရှိသော မိနစ်ကို ကြည့်ရူ့ရန်
.
*225# - ကြိုတင်ငွေချေစံနစ်ဖြင့် ပေးချေထားသော အချက်အလက်များထဲမှ ကျန်ရှိသော ငွေလက်ကျန်စစ်ရန်
.
*777# - ကြိုတင်ငွေချေစံနစ်ဖြင့် ပေးချေထားသော အချက်အလက်များထဲမှ ကျန်ရှိသော အကောင့်ကို စစ်ရန်
.
*#33# -  Bar Control ကို စစ်ဆေးရန်နှင့် Enable , Disable ဖြစ်နေသော Setting များကို စစ်ဆေးရန်
.
*#76# - Connected Setting များကို စစ်ဆေးရန် ဖြစ်သည်။
.
*#21# - Call Forwarding Setting များကို ပြင်ဆင်ရန် ဖြစ်သည်။
.
*3282# - အသုံးပြုပုံများကို ဖော်ပြပေးမည် ဖြစ်သည်။
.
*#61# - Miss Calls အရေအတွက်ကို စစ်ဆေးရန် ဖြစ်သည်။
.
*#62# - Phone သည် No Service ဖြစ်နေချိန်တွင် Call Forwarding Number များကို Verify လုပ်နိုင်ရန်အတွက် ဖြစ်သည်။
.
*#3370# - EFR (Enhanced Full Rate) လုပ်ငန်းစဉ်ဖြစ်ပြီး Voice အရည်အသွေးကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးသည့် လုပ်ဆောင်ချက်ဖြစ်သည်။ သို့သော် Battery အား ပိုမို ကုန်ကျမည် ဖြစ်သည်။
.
*#5005*7672# - SMS Center ကို စစ်ဆေးရန် ဖြစ်သည်။
.
*331* - Network Operator ကို ဆက်သွယ်ရန် ဖြစ်သည်။
.
*#43# - Call Waiting Status ကို ဖော်ပြပေးမည် ဖြစ်သည်။
.
*43# - Activate waiting လုပ်ရန်အတွက်ဖြစ်သည်
.
#43#- Deactivate waiting လုပ်ရန်အတွက်ဖြစ်သည်
.
*#31# - Phone Nunber ဖျောက်ရန်အတွက် ဖြစ်သည်။
.
.
25-5-2016
တကိုယ်တော်သိုင်းသမား
ကိုရီချင်
.
.
ကျေးဇူးပြုပြီး Page ကိုလည်း Share ခြင်းအားဖြင့်
ပညာဒါနမျှဝေပေးပါဦး......ခင်ဗျာ..

အမာရွတ်​ ​ပျောက်​စေဖို့ သဘာဝ​ဆေးနည်း

အမာရွတ်​ ထိထိရောက်ရောက် ပျောက်ဖို့
´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´
အမာရွတ်ပျောက်ဆေးဈေးကြီးပေးဝယ်ပြီးလိမ်း ဒါမှမဟုတ်ရင် သဘာဝနည်းလမ်းလေးတွေနဲ့လုပ်ရင်လည်း ရပါတယ် အချိန်တော့ပိုကြာတာပေါ့။
Aloe Vera Gel လျှားစောင်းအနှစ် - အသားအရေ နဲ့ပတ်သက်လာရင်မရှိမဖြစ် လျှားစောင်းကို အမာရွက်မှာပုံမှန်ပွတ်ပေးမယ်ဆိုရင်တော့ သက်သာစေမှာပါ။ လျှားစောင်းက မာကျောနေတဲ့ အမာရွက်တွေကို နူးအိလာစေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။
Banana – ငှက်ပျောသီး ကို နယ်ပြီး အမာရွက်နေရာကို နေ့စဉ် နှစ်ကြိမ် အုပ်ပေးမယ်ဆိုရင် ထူးခြားမှုရှိစေပါတယ်။ ငှက်ပျောသီးက ညိုမဲနေတဲ့ အမာရွက်ကို လင်းလတ်စေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။
Cilantro Juice – နံနံပင်ရည် မှာ သဘာဝအတိုင်း အအေးဓါတ် ပေးနိုင်တဲ့ အစွမ်းသတ္တိ ရှိတာကြောင့် အပူလောင်ပြီးရင် နံနံပင်ကို ကြိတ်ပြီး တစ်ရက်နှစ်ကြိမ် ကပ်ပေးရင် အပူလောင်သက်သာစေရုံမက အမာရွက်ဖြစ်ခြင်းကိုလဲလျော့နဲစေပါတယ်။
Cucumber – သခွားသီးကတော့ နံမည်ကြီးပဲဟေ့... ကြိတ်ပြီး အမာရွက်နေရာကို အုပ်ပေးပါ။
Green Tea – လက်ဖက်ခြောက် (ရေနွေးကြမ်း) ထဲမှာ အဝတ်စလေးကိုစိမ်ပေးပြီး အမာရွက်နေရာကို တစ်ရက်သုံးကြိမ် အုပ်ပေးပါ။ Green Tea ဟာ အသားရေလှဖို့အတွက်ဆို ဘယ်နေရာမှာမဆို အသုံးဝင်ပါတယ်။ တချို့တွေဆိုရင် တိုနာ အတွက်တောင် Green Tea ကို သုံးကြပါတယ်။
Honey – ပျားရည်မှာ အံ့သြစရာကောင်းလောက်အောင် Antiseptic လို့ခေါ်တဲ့ အမာရွက်ကိုကျန်းမာစေနိုင်တဲ့ ဓါတ်ကြွယ်ဝလွန်းတာကြောင့် တစ်ရက်နှစ်ကြိမ် ပုံမှန်လိမ်းပေးပါ။
Lavender Oil – Lavender Oil ကို အမာရွက်ပေါ်မှာ တစ်ရက်ကို အကြိမ်တော်တော်များများ လိမ်းပေးရင်လဲ အရေပျားဆဲလ် တွေကို ကုသပေးနိုင်ပါတယ်။
Lemon Juice – ပုံမှန်အတိုင်းပဲ သံပုယိုရည်ကတော့ မရိုးနိုင်အောင်ကို နေရာတကာမှာ အသုံးဝင်နေပြီ... Vitamin C က အမာရွက်ကို သက်သာစေနိုင်စွမ်းရှိတာကြောင့် သံပုယိုသီးကို အမာရွက်နေရာကို ပွက်ပေးပါ။
Massage နှိပ်နယ်ပေးခြင်း ဟာ မာကျောနေတဲ့ အမာရွက်တွေကို နူးညံ့လာစေနိုင်ပါတယ်။ နေ့စဉ်ပုံမှန် နှိပ်နယ်ပေးခြင်းဖြင့် အမာရွက်ရဲ့တစ်ရှုးတွေကို ပျက်စေပြီး သွေးလည်ပတ်မှုကောင်းအောင် ကူညီပေးပါတယ်။
Mustard Seed-Oil – မုံညင်းဆီ ကို အမာ၇ွက်ပေါ်မှာ တစ်ရက်သုံးကြိမ် လိမ်းပေးခြင်းဖြင့်လည်း အမာရွက်သက်သာလာတာကိုတွေ့ရမှာပါ။
Olive oil – သံလွင်ဆီမှာ ဗိုင်တာမင်အီး နှင့် ဗိုင်တာမင်ကေ ဓါတ်တွေပါဝင်တာကြောင့် အမာရွက်ပေါ်မှာ နေ့စဉ်ပုံမှန် လိမ်းပေးခြင်းဖြင့် အမာရွက်ကို လျော့ကျစေနိုင်ပါတယ်။
Onion extract – ကြက်သွန်နီကိုလဲစမ်းကြည့်ပါ။
Potato Peels – အားလူးစိမ်းကို ပါးပါးလှီးပြီးကပ်ပေးကြည့်ပါ။
Sandalwood – ရှင်မတောင် သနပ်ခါးကို တစ်ညလုံး အမာရွက်ပေါ်မှာ အုပ်ထားပေးခြင်းဖြင့် မနက်ကျရင် အမာရွက် ပါးလာတာကို တွေ့ရမှာပါ။
Tomato – ခရမ်းခြည်သီးကို ကပ်ပေးပါ။
ကဲနည်းလမ်းတွေကတော့စုံနေတာပဲ.... စမ်းကြည့်ဖို့ပဲလိုတော့တယ်။
Credit ~ ရှင် နှင့် ဘဝ

ATM ကတ်​ဖြင့်​​ငွေထုတ်​ရာတွင်​ ​ငွေထွက်​မလာ​သောအခါပြုလုပ်​ရန်

မျက်မှောက်ခေတ်မှာ ကုမ္ပဏီတွေ အတော်များများက လစာကို ATM ကတ်တွေထဲ ထည့်ပေးတတ်ကြပါတယ်။ ဒါ့အပြင်   ငွေသားသယ်ဆောင် မသွားလိုသူတွေကလည်း ATM ကတ်တွေ အသုံးပြုကြပါတယ်။ ATM ကတ်တွေ အသုံးပြုတာတွင် ကျယ်လာပေမယ့်   ငွေထုတ်စက်တွေမှာ   ငွေထုတ်တဲ့အခါ အခက်အခဲအမျိုးမျိုးကြောင့် တစ်ခါတစ်ရံ ငွေမထွက်တာမျိုး ရှိတတ်ပါတယ်။ ဒါမျိုးကြုံလာတဲ့အခါ ဘယ်လို   ဖြေရှင်းရမယ်ဆိုတာကို ဒီတစ်ပတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။

ငွေထုတ်ပြေစာကို ယူပါ

ငွေထုတ်လို့ ထွက်မလာတဲ့အခါ စိတ်မပူပါနဲ့။ စက်ထဲက ထွက်လာမယ့် ငွေထုတ်ပြေစာကို ယူပါ။ ဒီငွေထုတ်ပြေစာက ကိုယ့်ဘက်ကနေ စက်မှာ ငွေထုတ်ခဲ့တယ်ဆိုတာကို ပြနိုင်တဲ့သက်သေ ဖြစ်ပါတယ်။

ကိုယ်ချိတ်ဆက်ထားတဲ့ဘဏ်ကို ဆက်သွယ်ပါ

ဥပမာ- ကိုယ်က CB ဘဏ်မှာ ကတ်လုပ်ထားတယ်ဆိုပါတော့။ အခြားဘဏ်တစ်ခုရဲ့ ATM မှာ ငွေထုတ်လို့ ထွက် မလာတဲ့အခါ ကိုယ်ကတ်လုပ်ထားတဲ့ CB ဘဏ်ကိုပဲ ဆက်သွယ်ရမှာပါ။ ငွေထွက်မလာတဲ့အပေါ် ထူပူပြီး ဘယ်ကို ဆက်သွယ်ရမှန်းမသိ ဖြစ်တတ်ပါတယ်။

ငွေထုတ်ပြေစာနဲ့ မှတ်ပုံတင်လိုအပ်တယ်

ရုံးဖွင့်ရက်မှာ ငွေထုတ်ပြေစာနဲ့ မှတ်ပုံတင်ယူပြီး ကိုယ်ကတ်လုပ်ထားတဲ့ဘဏ်မှာ အခက်အခဲကို တင်ပြရမှာ ဖြစ်ပါတယ်။

ဘဏ်က ဘယ်နေရာကစက်မှာ ငွေဘယ်လောက်ထုတ်တာ ထွက်မလာဘူးစတဲ့ ကိုယ်ပြောပြတဲ့ အချက်တွေကို ဗဟို ဘဏ်ဆီ ထပ်ဆင့်တင်ပြပေးမှာ ဖြစ်ပါတယ်။ ဗဟိုဘဏ်ကတစ်ဆင့် ကိုယ်ငွေထုတ်တဲ့ ATM စက်ရဲ့ သက်ဆိုင်ရာ ဘဏ်ကို ဆက်သွယ်ပေးမှာပါ။ သက်ဆိုင်ရာဘဏ်က စစ်ဆေးပြီး ထွက် မလာတဲ့ငွေကို ဗဟိုဘဏ်ကတစ်ဆင့် ထုတ်ပေးမှာ ဖြစ်ပါတယ်။

အချိန်ဘယ်လောက်ကြာမလဲ

ကိုယ်ကတ်လုပ်ထားတဲ့ ဘဏ်ရဲ့ ငွေထုတ်စက်မှာထုတ်လို့ ထွက်မလာတာဆိုရင် ချက်ချင်းရနိုင်ပါတယ်။ ဗဟိုဘဏ်ကို ဖြတ်ဖို့မ လိုတဲ့အတွက်   ဖြစ်ပါတယ်။ အခြားဘဏ်ရဲ့ ငွေထုတ်စက်မှာ ထုတ်လို့ အခက်အခဲ ဖြစ်တာဆိုရင်တော့ အချိန် ၇ ရက်ခန့်ကြာနိုင်ပါတယ်။ ဗဟိုဘဏ် ကနေဖြတ်ပြီး အဆင့်ဆင့် လုပ်ဆောင်ရတဲ့အတွက် ဖြစ်ပါတယ်။

ကတ်ပျောက်ရင် ဘယ်လိုလုပ်ရမလဲ

ATM ကတ်ပျောက်တဲ့အခါ သက်ဆိုင်ရာဘဏ်ရဲ့ Hot Line ဖုန်းတွေကို ဖုန်းဆက်အကြောင်းကြားပြီး ကတ်ကိုပိတ်လို့ ရပါတယ်။ ကတ်ပြန်လုပ်ချင်ရင်တော့ မှတ်ပုံတင်နဲ့အတူ လူကိုယ်တိုင် သွားရောက် လျှောက်ထားရမှာဖြစ်ပါတယ်။ ကတ် လျှို့ဝှက်နံပါတ်ပျက်တာဖြစ်စေ၊   မေ့လျော့တာဖြစ်စေ ဖြစ်တယ်ဆိုရင်လည်း အထက်ပါနည်းအတိုင်း ပြန်လည်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ငွေထုတ်တဲ့အခါ ထွက်မလာတဲ့အတွက် စိတ်လှုပ်ရှားပြီး ငွေထုတ်ပြေစာ မရယူတာ၊ ဘယ်ကိုဆက်သွယ်ရမှန်း မသိတာတွေကြောင့် ငွေပြန်ရဖို့ လုပ်တဲ့နေရာမှာ အခက်အခဲ မဖြစ်စေဖို့အတွက် ဒီတစ်ပတ်အတွက် ဖော်ပြလိုက်ပါတယ်။

နားကိုက်ဝေဒနာအတွက် ​ဆေးနည်း

ကြက်သွန်ဖြူကို နားကိုက်ဝေဒနာအတွက် ဘယ်လိုသုံးမလဲ
ကြက်သွန်ဖြူကို အမျိုးစုံသုံးတာ သိပါသလား။ အစိမ်းလိုက်လည်း စားနိုင်သလို အရသာ ပိုမို ကောင်းမွန်စေဖို့ အစားအစာထဲမှာလည်း ထည့်သုံးနိုင်ပြီး အသားကင် သံဘားတွေ သန့်ရှင်းစေဖို့လည်း အသုံးပြုနိုင်ပါတယ်။
အဲဒါတင်မကသေးပါဘူး။ ကြက်သွန်ဖြူကို အနာရောဂါအမျိုးမျိုး ကုသပျောက်ကင်းစေဖို့ ဆေးနည်းအဖြစ်လည်း အသုံးပြုနိုင်တယ်။ အအေးမိ၊ ကိုယ်ပူနဲ့ တုပ်ကွေးရောဂါလက္ခဏာတွေ ကုသပေးနိုင်တယ်။
နားရွက်မှာ နာကျင်ကိုက်ခဲမှုဝေဒနာ ခံစားရပါက ဒီရှေးရိုးနည်းလေးကို စမ်းသုံးကြည့်ပါ။
ကြက်သွန်ဖြူ တစ်စိတ်ကိုယူ အဲဒါကို ဆေးကြောသန့်စင်ပြီး အလယ်အတွင်းသားကိုသာ ယူပါ။ ယင်းကြက်သွန်ဖြူကို ညမအိပ်ခင် အနာဖြစ်နေတဲ့ နားရွက်ထဲ ထည့်ထားရပါမယ်။ နောက်တစ်နေ့ မနက်ရောက်တဲ့အခါ များစွာ သက်သာလာတာ ခံစားပါလိမ့်မယ်။
ကြက်သွန်ဖြူက နားဖားချေးကို ပျော့အိစေပြီး နားကို ရှင်းလင်းရ ပိုလွယ်ကူစေပါတယ်။ နာကျင်ကိုက်ခဲစေတဲ့ နားရွက်ရောဂါကူးစက်မှု လျော့နည်းစေပါတယ်။

ကြွက်နို့ လက်တွေ့ပျောက် ဆေးမီးတို

“ ကြွက်နို့ လက်တွေ့ပျောက် ဆေးမီးတို ”

ကြွက်နို့ကို သွေးအနည်းငယ်စို့်အောင် သန့်ရှင်းတဲ့ပစ္စည်းတစ်ခုခုနဲ့လုပ်ပါ။ ပြီးရင် ကြက်သွန်ဖြူကို အခွံနွှာပြီး ဓါးနဲ့လှီးပြီးအစေးထွက်အောင်လုပ်ပါ။ အဲဒီ အစေးနဲ့ သွေးစို့နေတဲ့ ကြွက်နို့ကိုပွတ်တိုက်ပါ။

ဒီနေ့လုပ် မနက်ဖန် ချက်ချင်းပျောက်ပေါ့။

နောက်တစ်နည်းကတော့ ကြောင်လျှာပင်ရှိလျှင် အဆင်ပြေပြီဟုသာ မှတ်ယူလိုက်ပါတော့။ ကြောင်လျှာပင်မှ အခေါက်ကို ဖဲ့ခွာလျှင် ကျောက်ပျဉ်၌ ရေဖြင့် ခပ်ပျစ်ပျစ်ကလေးသွေးလိုက်ပါ။ ထိုသွေးထားသော အရည်ကို “ပထမဦးဆုံးပေါက်သော ကြွက်နို့”ပေါ်တွင် အမြဲမပြက် လိမ်း လိမ်းပေးပါ။ တစ်ရက်ထက် တစ်ရက် ကြွက်နို့မှာ ပြားချပ်ပျော့ပျောင်းလာပြီး မကြာခင်ကာလအတွင်းမှာပင် ပျောက်ကင်းသွားပါလိမ့်မည်။
Visit website

သင်္ချာယူနစ်များ၊အလေးချိန်ယူနစ်များ

သင်္ချာယူနစ်များ
အလေးချိန်ယူနစ်များ
မြန်မာ့အလေးချိန်စနစ် ၃၆ ပရမာဏုမြူ = ၁ အဏုမြူ ၃၆ အဏုမြူ = ၁ လိက္ခာမြူ ၇ လိက္ခာမြူ = ၁ သန်းဦးခေါင်း ၇ သန်းဦးခေါင်း = ၁ မုန်ညင်းလုံး ၃ မုန်ညင်းလုံး = ၁ နှမ်းလုံး ၄ နှမ်းလုံး = ၁ ဆန်လုံး ၄ ဆန်လုံး = ၁ ချင်းရွေး ၈ ချင်ရွေး = ၁ ပဲ ၅ ပဲ = ၁ မတ် ၂ မတ် = ၁ ငါးမူး ၂ ငါးမူး = ၁ ကျပ် ၅ ကျပ် = ၁ ပို ၂၀ ပို = ၁ ပိသာ ၄ ပိသာ = ၁တုလာ ၄ တုလာ = ၁ ပုံ ဗြိတိသျှအလေးချိန်စနစ် ၁၆ ဒရမ် = ၁ အောင်စ ၁၆ အောင်စ = ၁ ပေါင် ၁၄ ပေါင် = ၁ စတုံ ၂ စတုံ = ၁ ကွာတ ၄ ကွာတ = ၁ ဟန်နြိတ် ၂၀ ဟန်နြီတ်= ၁ တန်(တန်ရှည်) မတ်ထရစ်အလေးချိန်စနစ် ၁၀၀၀ မိုက်ခရိုဂရမ် = ၁ မီလီဂရမ် ၁၀ မီလီဂရမ် = ၁ စင်တီဂရမ် ၁၀ စင်တီဂရမ် = ၁ ဒက်စီဂရမ် ၁၀ ဒက်စီဂရမ် = ၁ဂရမ် ၁၀ ဂရမ် = ၁ ဒက်ကာဂရမ် ၁၀ ဒက်ကာဂရမ် = ၁ ဟက်တိုဂရမ် ၁၀ ဟက်တိုဂရမ် = ၁ကီလိုဂရမ် ၁၀ ကီလိုဂရမ် = ၁ မီရီယာဂရမ် ၁၀ မီရီယာဂရမ် = ၁ကွင်တယ်
အခြင်အတွယ်ယူနစ်များ
မြန်မာ့ရိုးရာစနစ် ၂ လမြူ = ၁ လမြက် ၂ လမြက်= ၁ လမယ် ၂ လမယ်= ၁ စလယ် ၂ စလယ်= ၁ ခွက် ၂ ခွက် = ၁ ပြည် ၄ ပြည် = ၁ စိတ် ၂ စိတ် = ၁ ခွဲ ၂ ခွဲ = ၁ တင်း ဗြိတိသျှစနစ် ၄ ဂီလ် = ၁ ပိုင့် ၂ ပိုင့် = ၁ ကွပ် ၂ ကွပ် = ၁ ပေါ့တဲလ် ၂ ပေါ့တဲ= ၁ ဂါလံ ၂ ဂါလံ = ၁ ပက် ၄ ပက် = ၁ ဘူရှယ် ၈ ဘူရှယ်= ၁ ကွာတ ၅ ကွာတ= ၁ ၀ီး ၂ ၀ီး = ၁ လတ်စ် ဗြိတိသျှစနစ်(အရည်) ၃ လက်ဘက်ရည်ဇွန်း = ၁ စားပွဲဇွန်း ၂ စားပွဲဇွန်း = ၁ အရည်အောင်စ ၅ အရည်အောင်စ = ၁ ဂီလ် ၄ ဂီးလ် = ၁ ပိုင့် ၂ ပိုင့် = ၁ ကွပ် ၄ ကွပ် = ၁ ဂါလံ ၆၀ မိနင် = ၁ အရည်ဒရမ် ၄ အရည်ဒရမ်= ၁ စားပွဲဇွန်း မတ်ထရစ်စနစ် ၁၀ မီလီလီတာ = ၁ စင်တီလီတာ ၁၀ စင်တီလီတာ = ၁ ဒက်စီလီတာ ၁၀ ဒက်စီလီတာ= ၁ လီတာ ၁၀ လီတာ = ၁ ဒက်ကာလီတာ ၁၀ ဒက်ကာလီတာ= ၁ ဟက်တိုလီတာ ၁၀ ဟက်တိုလီတာ = ၁ ကီလိုလီတာ အခြင်အတွယ်မှတ်စုအကျဉ်း ၁ ပြည် = ၄.၅ ပိုင့် = ၂.၅၅၇၁ လီတာ ၁ ပိုင့် = ၀.၂ ပြည် = ၀.၅၆၈၂ လီတာ ၁ လီတာ = ၀.၃၉၁၁ ပြည် = ၀.၇၅၉၈ ပိုင့် ၁တင်း = ၉ ဂါလံ = ၄၀.၉၁၃၇ လီတာ ၁ ဂါလံ = ၀.၁ တင်း = ၄.၅၄၅၉၆ လီတာ ၁ ကီလိုလီတာ = ၂၄.၄၄ တင်း = ၂၁၉.၉၇၅ ဂါလံ

၁ ကွင်တယ် = ၁မက်ထရစ်တန် အလေးချိန် မှတ်စုအကျဉ်း ၁ ကျပ်သား = ၀.၅၇၆ အောင်စ ၁ အောင်စ = ၁.၇၃၆ ကျပ်သား ၁ ကျပ်သား = ၁၆.၃၂၉၃ ဂရမ် ၁ ဂရမ် = ၀.၀၆၁၂၄ ကျပ်သား ၁ ပေါင် = ၀.၄၅၃၅၉ ကီလိုဂရမ် ၁ ကီလိုဂရမ်=၂.၂၀၄၆ ပေါင် ၁ ပိသာ = ၃.၆ ပေါင် ၁ ပေါင် = ၀.၂၇၇၈ပိသာ ၁ပိသာ = ၁.၆၃၂၉ ကီလိုဂရမ် ၁ ကီလိုဂရမ်= ၀.၆၁၂၄ ပိသာ ၁ တန် = ၁.၀၁၆ မက်ထရစ်တန် ၁ မက်ထရစ်တန်= ၀.၉၈၄၂ တန်

အလျားအတိုင်းအတာယူနစ်များ
မြန်မာစနစ် ၁၀ ဆံခြည် = ၁ နှမ်း ၆ နှမ်း = ၁ မုယော ၄ မုယော = ၁ လက်သစ် ၈ လက်သစ်= ၁ မိုက် ၁.၅ မိုက် = ၁ ထွာ ၂ ထွာ = ၁ တောင် ၃ မိုက် = ၁ တောင် ၄ တောင် = ၁ လံ ၁.၇၅ လံ = ၁ တာ ၇ တောင် = ၁ တာ ၂၀ တာ = ၁ ဥဿဘ ၂၀ ဥဿ = ၁ ကောသ ၄ ကောသ= ၁ ဂါဝုတ် ၄ ဂါဝုတ် = ၁ ယူဇနာ ဗြိတိသျှစနစ် ၄ လက်မ = ၁ လက်ဝါး ၃ လက်မ = ၁ ပေ ၁၂ လက်မ= ၁ ပေ ၃ ပေ = ၁ ကိုက် ၂၂ ကိုက် = ၁ သံကြိုး ၁၀ သံကြိုး= ၁ဖာလုံ ၈ ဖာလုံ = ၁ မိုင် ၃ မိုင် = ၁ လိခ် ရေကြောင်းခရီး အလျားအတိုင်းအတာ ၆ ပေ = ၁ ဖာသွမ် ၁၀၁.၃၃၆၇ ဖာသွမ် = ၁ ကေဘယ်အလျား ၁၀ ကေဘယ်အလျား(သို့) ၆၀၈၀.၂ ပေ= ၁ ရေမိုင် ၁ ရေမိုင် = ၁.၁၅၁၅၅၃ မိုင် ၁ မိုင် = ၀.၈၆၈၃၉ ရေမိုင် မက်ထရစ်စနစ် ၁၀၀၀ မိုက်ကရွန် = ၁ မီလီမီတာ ၁၀ မီလီမီတာ = ၁ စင်တီမီတာ ၁၀ စင်တီမီတာ = ၁ ဒက်စီမီတာ ၁၀ ဒက်စီမီတာ = ၁ မီတာ ၁၀ မီတာ = ၁ ဒက်ကာမီတာ ၁၀ ဒက်ကာမီတာ = ၁ ဟက်တိုမီတာ ၁၀ ဟက်တိုမီတာ= ၁ ကီလိုမီတာ ၁၀ ကီလိုမီတာ = ၁ မီရီယာမီတာ ၁၀၀ မီရီယာမီတာ= ၁ မက်ဂါမီတာ မြန်မာစနစ်မှ ဗြိတိသျှစနစ်သို့ ၁ ဆံခြည် = ၀.၀၀၃၁၂၅ လက်မ ၁ မိုက် = ၆ လက်မ ၁ ထွာ = ၉ လက်မ ၁ တောင် = ၁၈လက်မ = ၁.၅ ပေ ၁ လံ = ၇၂ လက်မ ၁ တာ = ၁၂၆ လက်မ ၁ ဥဿဘ = ၂၅၂၀ လက်မ ၁ ကောသ= ၄၂၀၀ ပေ ၁ ဂါဝုတ် = ၅၆၀၀ ကိုက် ၁ ယူဇနာ = ၁၀၁.၈၁၈၁၈၁၈ ဖာလုံ = ၁၂.၇၂၇၂၇၂၇၂ မိုင် မြန်မာစနစ်မျ မက်ထရစ်စနစ်သို့ ၁ ဆံခြည် = ၇၉.၃၇၅ မိုက်ကရွန် ၁ မိုက် = ၁၅၂.၄ မီလီမီတာ ၁ ထွာ = ၂၂၈.၆ မီလီမီတာ ၁ တောင် = ၄၅၇.၂ မီလီမီတာ ၁ ဂါဝုတ် = ၅.၁၂၀၆၄ ကီလိုမီတာ ၁ ယူဇနာ = ၂၀.၄၈၂၅၆ ကီလိုမီတာ ဗြိတိသျှစနစ်မှ မက်ထရစ်သို. ၁ လက်မ =၂.၅၄ စင်တီမီတာ ၁ ပေ = ၃၀.၄၈ စင်တီမီတာ ၁ မိုင် = ၁.၆၀၉၃၄၄ ကီလိုမီတာ ၁ ကီလိုမီတာ =၃၉၃၇၀ လကိမ =၃၂၈၀.၈၃ ပေ =၀.၆၂၁၃၇ မိုင်

ဧရိယာယူနစ်များ
မြန်မာယူနစ်များ ၆၄ စတုရန်းလက်သစ် = ၁ စတုရန်းမိုက် ၂.၂၅ စတုရန်းမိုက် = ၁ စတုရန်းထွာ ၉ စတုရန်းမိုက် = ၁ စတုရန်းတောင် ၁၆ စတုရန်းတောင် = ၁ စတုရန်းလံ ၄၉ စတုရန်းတောင် = ၁ စတုရန်းတာ ၄၀၀ စတုရန်းတာ = ၁ စတုရန်းဥဿဘ ၄၀၀ စတုရန်းဥဿဘ= ၁ စတုရန်းကောသ ၁၆ စတုရန်းကောသ = ၁ စတုရန်းဂ၀ုတ် ၁၆ စတုရန်းဂါဝုတ် = ၁ စတုရန်းယူဇနာ ဗြိတိသျှစနစ်ယူနစ်များ ၁၄၄ စတုရန်းလက်မ =၁ စတုရန်းပေ ၉ စတုရန်းပေ = ၁ စတုရန်းကိုက် ၄၈၄ စတုရန်းကိုက် = ၁စတုရန်းသံကြိုး ၁၀ စတုရန်းသံကြိုး = ၁ ဧက ၁၀ ဧက = စတုရန်းဖာလုံ ၆၄ စတုရန်းဖာလုံ = ၁စတုရန်းမိုင် မတ်ထရစ်စနစ်ယူနစ်များ ၁၀၀ စတုရန်းမီလီမီတာ = ၁ စတုရန်းစင်တီမီတာ ၁၀၀ စတုရန်းစင်တီမီတာ= ၁ စတုရန်းဒက်စီမီတာ ၁၀၀ စတုရန်းဒက်စီမီတာ = ၁ စတုရန်းမီတာ ၁၀၀ စတုရန်းမီတာ = ၁ စတုရန်းဒက်ကာမီတာ ၁၀၀ စတုရန်းဒက်ကာမီတာ= ၁ စတုရန်းဟက်တိုမီတာ ၁၀၀ စတုရန်းဟက်တိုမီတာ= ၁ စတုရန်းကီလိုမီတာ ၁၀၀ စတုရန်းကီလိုမီတာ = ၁ စတုရန်းမီရီယာမီတာ ၁၀၀ စတုရန်းမီရီယာမီတာ= ၁ စတုရန်းမက်ဂါမီတာ ဆက်သွယ်ချက်များ ၁ စတုရန်းလက်သစ် =၀.၅၆၂၅ စတုရန်းလက်မ = ၃.၂၉၀၂၅ စတုရန်းစင်တီမီတာ ၁ စတုရန်းတောင် = ၃၂၄ စတုရန်းလက်မ = ၂၀၉၀.၃၁၈၄ စတုရန်းစင်တီမီတာ ၁ စတုရန်းယူဇနာ = ၁၆၁.၉၈၃ စတုရန်းမိုင် = ၄၁၉.၅၃၅၂၆၄ စတုရန်းကီလို


အရေပြားရောဂါများအတွက် ကြိတ်မှန်ရွက်

အရေပြားရောဂါများအတွက် ကြိတ်မှန်ရွက်

ပွေး၊ ၀ဲ၊ ညှင်း၊ နှင်းခူ၊ အနာစိမ်း၊ ထိခိုက်ဒဏ်ရာ၊ မီးလောင်ဒဏ်ရာ စသည့် အရေပြားပေါ်မှ အနာရောဂါအမျိုးမျိုးအတွက် ကြိတ်မှန်ရွက်ဖြင့်
ပျောက်ကင်းအောင် ကုသနည်းကို မျှဝေပေးလိုက်ပါတယ်။

ကြိတ်မှန်ရွက်ကို အင်္ဂလိပ်လို Eclipta Alba လို့ ခေါ်ပါတယ်။ နေရာဒေသ အနှံ့မှာ ပေါက်ကြပါတယ်။

(၁) ယားနာ၊ ပွေး၊ ၀ဲ၊ ညှင်း၊ နှင်းခူ စသည့် ယားနာနှင့်အနာစိမ်းများပေါက်လျှင် ကြိတ်မှန်ရွက် လက်တစ်ဆုပ်ခန့်ကို ရေစင်အောင်ဆေးကာ ကြိတ်၍ အရည်ညှစ်ယူပါ။

(၂) ၄င်းသတ္တုရည်ဖြင့် အနာပေါ်ကို တစ်နေ့ ၃ ကြိမ် လိမ်းပေးပါ။

(၃) ကြိတ်မှန်ရွက်ကို ပြုတ်၍ ၄င်းပြုတ်ရည်ဖြင့် အနာကို ဆေးကြော သန့်စင်ပေးပါ။

(၄) ရေယုန်ပေါက်လျှင် ကြိတ်မှန်ရွက်နှင့် နနွင်းကို ဆတူကြိတ်၍ ရေယုန်ပေါ်ကို တစ်နေ့ ၂ ကြိမ် လိမ်းပေးထားပါ။

(၅) မီးလောင်ဒဏ်ရာ၊ ရေနွေးအပူလောင်ဒဏ်ရာ၊ အရေပြားပေါ်မှ အဖြူကွက်ဒဏ်ရာများဖြစ်လျှင် ကြိတ်မှန်ရွက်နှင့် ပင်စိမ်းရွက်တို့ကို ဆတူရောကြိတ်၍ ၄င်းသတ္တုရည်ကို တစ်နေ့ ၂ ကြိမ် လိမ်းပေးပါ။

လွယ်ကူသက်သာ၍ ထိရောက်စွာ ပျောက်ကင်းစေနိုင်မည့် သဘာဝဆေးနည်းဖြင့် အနာရောဂါများကို ကုသနိုင်ကြပါစေနော်။ လူသားတိုင်း အနာရောဂါကင်းရှင်းနိုင်ကြပါစေ။

စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား - မြန်မာ့ရိုးရာဆေးကျမ်းများ

Credit: စောနွဲ့ နေဆိုင် - ပူတာအို

ခြင်​မလာ​စေရန်​​ဆေးနည်း

ခြင်​မလာ​စေရန်​​ဆေးနည်း

ဆိုင်ဘာကဖီး (သို့) အင်တာနက်ဆိုင်များတွင်​internetသုံးရာတွင်​သတိပြုရမည့်​အချက်​များ

မန်မာပြည်တွင်းက အချို့သော ဆိုင်ဘာကဖီး (သို့) အင်တာနက်ဆိုင်များရှိ ကွန်ပျူတာတွေထဲမှာ Keyloggerခေါ်တဲ့ ဆော့ဖ်ဝဲများထည့်သွင်းထားနိုင်​​သော​ကြောင့်​ အင်တာနက် သုံးစွဲသူများ အန္တရာယ်ကင်းစေရန် ဖော်ပြခြင်း ဖြစ်ပါတယ်။

Keylogger ဆိုသည်မှာ Windows စတက်ကထဲက အလုပ်လုပ်တဲ့ Software တမျိုးပါ။ ကွန်ပျူတာပိတ်ထားပေမဲ့လဲ အဲဒီ Software က အလုပ်လုပ်နေဆဲပါ။ အဲဒီ Software ရဲ့ထူးခြားချက်က Tray icon မပေါ်ပါ။ ဒါ့ကြောင့် ၄င်းအလုပ်လုပ်နေမှန်း မသိနိုင်ပါ။ သို့သော် ၄င်း Keylogger ကနေ မိမိ Keyboard နဲ့ရိုက်သမျှ၊ Mouse နဲ့နှိပ်လိုက်သမျှအားလုံးကို အချိန်နဲ့ တကွ မှတ်ထား ပေးပါတယ်။ ထိုအခါ မိမိရဲ့ ကိုယ်ရေး ကိုယ်တာနဲ့ ပတ်သက်သမျှ အားလုံးကို ၄င်း Keylogger က မှတ်တမ်း တင်ထားပြီး ဖြစ်လို့ လုံခြုံမှု လုံးဝ မရှိတော့ပါ။ All in 1 key-loggerဆိုရင် ဓါတ်ပုံများ၊ အသံနဲ့ ဗီဒီယိုစသည်များကိုပါ အတိအကျ မှတ်သား ထားပေးနိုင်တဲ့ အဆင့်မြင့် ဆော့ဖ်ဝဲဖြစ်လို့ ပိုမို အန္တရာယ်ကြီးပါတယ်။  ကွန်ပျူတာမှာ အဲဒီ Softwareသွင်းထားပြီး သုံးစွဲသူရဲ့ လုပ်ဆောင်ချက်များကို အတိအကျ မှတ်တမ်းတင်နိုင်တဲ့အတွက် မိမိတို့အနေဖြင့် ဆိုင်ဘာကဖီး (သို့မဟုတ်) သူများရဲ့ကွန်ပျူတာကို သုံးစွဲမယ် ဆိုပါက မိမိသုံးစွဲမည့် ကွန်ပျူတာမှာ၎င်းဆော့ဖ်ဝဲ ရှိမရှိ အရင်ဆုံး စစ်ဆေးကြည့်တဲ့ အလေ့အကျင့် လုပ်ထားပါကအကောင်းဆုံးဖြစ်သလို ပိုမို လုံခြုံမှုရှိပါလိမ့်မယ်။  မိမိရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များ ကွန်ပျူတာက မှတ်မထားနိုင်အောင်လုပ်ရမဲ့ နည်းလမ်း ကတော့
၁) Ctrl+Shift+Esc (or) Ctrl+Alt+Del နှိပ်ပါ။ 
၂) Task manager ပေါ်လာပါမယ်။
၃) Task manager မှ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို ရှာပါ။ 
၎) msdts.exe တွေ့လျှင် အဲဒီကွန်ပျူတာမှာ keylogger ထည့်ထားပါတယ်။
၅) အဲဒီလိုတွေ့ရင် ၄င်း msdts.exe ကိုရွေးကာ End process လုပ်ပါ။
ထိုသို့ End processလုပ် ခြင်းဖြင့် ၄င်းလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေအားလုံးရပ်သွားပြီးမိမိလုပ်ဆောင်ချက်များကို မှတ်မထား နိုင်တော့ပါ။ (ကွန်ပျူတာကို စိတ်ချစွာအသုံးချနိုင်ပါပြီ။)  Task Manager ကို အထက်ပါအတိုင်း ကီးသုံးခု (Ctrl+Alt+Delete) နှိပ်ပြီးခေါ်တာအပြင် နောက် တနည်း ကတော့ window logo+R နှိပ်ပြီးတက်လာတဲ့ Run box မှာ taskmgr လို့ စာရိုက်ပြီး task manager ကို ဖော်ပါ။ ဒါမှမဟုတ် Start ကနေသွားပြီး Run ကိုသွားပါ။ ဆက်လုပ်ရမှာကတော့ အထက်ပါ အတိုင်းပါပဲ။  အကောင်းဆုံး နည်းလမ်းမှာ task manager မှာရှိနေသော process tab ထဲမှာရှိနေတဲ့ ပရိုဂရမ်တွေ ထဲက မိမိသုံးမဲ့ ပရိုဂရမ်လောက်ပဲ Ok ထားပြီး ကျန်တာတွေကို disable သို့မဟုတ် End processပေးလိုက်ခြင်းပါပဲ။ အကြောင်းမှာ သာမန်ကွန်ပျူတာအသုံးပြုသူအနေဖြင့်ဘယ်လိုဖိုင်အမျိုးအစားက အချက်အလက်တွေကို မှတ်ထားတယ်ဆိုတာကိုမသိနိုင်တဲ့အတွက် အန္တရာယ်ကြီးပါတယ်။ မိမိသုံးမဲ့ ပရိုဂရမ်ကိုသာသီးသန့်ထားပြီး ၄င်း process tab ထဲမှာရှိသမျှ ဖိုင်အားလုံးကို End process လုပ်ပြီး သုံးတာက အလုံခြုံဆုံးဖြစ်တဲ့ အတွက် ကြောင့်ပါပဲ။  အထူးသတိပြုရမှာကတော့ တကယ်လို့ task manager ကိုခေါ်မရပဲ adminနဲ့ဆက်ရမယ် ဆိုရင် တော့ အဲဒီလို အင်တာနက်ကဖီးမျိုးကို ရှောင်သင့်သလိုလက်လှမ်းမီရာ သူငယ်ချင်းများကိုပါ အသိ ပေးထားသင့်ပါတယ်။ အဲဒီလိုမှမဟုတ်ရင်မိမိအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ ဒါ့အပြင် keylogger တွေထဲမှာပင် Online webpage မှာတင်လို့ရတဲ့ keylogger နဲ့ hardware keylogger ဆိုပြီး အဆင့်မြင့် နည်းပညာများလဲ ရှိပါ သေးတယ်။ ၄င်း နည်းပညာများထည့်သွင်း တပ်ဆင်ထားတဲ့ ကွန်ပျုတာဆိုရင် Taskmanager ခေါ်ပြီး End process လုပ်ကာ သုံးစွဲပေမဲ့ မလုံခြုံနိုင်ပါ။

Computer Partition ကိုခွဲနည်း

Computer Partition ကိုခွဲနည်း

 
ကျွန်တော်အခု Computer Partition ခွဲတဲ့နည်းကိုရေးခြင်ပါတယ် Partition လုပ်တယ်ဆို
တာကအိမ်တစ်အိမ်ထဲမှာ အခန်းပေါင်းများစွာလုပ်ထားသလိုပါဘဲ ဒီ Partition လုပ်တတ်
ပြီးရင်တော့ Computer ထဲမှာဘယ် ဥပမာ Windows 7 သုံးထားရင်နောက်ထပ် Windows 8
နှစ်မျိုးစလုံးသုံးလိုရတဲ့ နည်းလေးသင်ပေးခြင်ပါတယ် Windows 8,7 မကလို့ Ubuntu တို
တောင်သုံးလိုရပါတယ် ကဲအရင်ဆုံး Partition ခွဲတဲ့နည်းကိုဘဲလုပ်ရအောင် အရင်ဆုံး

My Computer မှာ Right Click လုပ်လိုက်ပါ ပြီးရင်တော့ Manage ကို Click လိုက်ပါ
နောက်ပြီးရင်တော့ အောက်ကပုံလိုမြင်ပါလိပ်မည်။

နောက်ပြီးတော့ Disk Management ကို Click လိုက်ပါ။

နောက်ပြီးတော့အပြာရောင်းလေးကို တွေမယ်လိုထင်ပါတယ် အဲဒီ အပြာရောင်း
လေးမှာ Right Click လုပ်လုပ်ပါ နောက်ပြီးတော့ Shrink Volume ကို Click 
ပေးလိုက်ပါ။

နောက်ပြီးတော့အောက်ကပုံလေးလိုမြင်ပါလိပ်မည်  8042 လိုပြထားတဲ့နေရာမှာ
ကိုယ်ကြိုက်လောက် ဂဏန်ထည့်လိုရပါတယ် ဥပမာ- ၂၁၀၀၀ ဆိုရင်တော့ 20 GB
လောက်ရှိမယ် ၁၀၀၀ ဆိုရင်တော့ 1 GB လောက်ရှိမယ်ကိုယ်လောက် GB လောက်
Partition လုပ်ခြင်တဲ့အပေါမူတည်တယ်။

OK ပေးလိုက်ပြီးရင်တော့ အမဲရောင်လေးပေါ်လာပါလိပ်မည် ။

အမည်နေရာမှာ Right Click ပြန်လုပ်လိုက်ပါ ပြီးရင်တော့ New Simple Volume 
လေးကို Click ပေးလိုက်ပါ။
 

နောက်ပြီးတော့ အကုန်လုံး Next ပေးလိုက်ပါပြီးရင်တော့ ဒီနေရာလေးရောက်ရင်တော့
New Volume နေရာမှာ ကိုလိုခြင်တဲ့နာမည်ကိုရေးလိုက် ပြီးတော့ Next နောက်ပြီးတော့
Finish ကျွန်တော်ပြောတဲ့အတိုင်းလုပ်ကြည့်ရင်တော့ Partition လုပ်တာအောင်မြင်သွားပြီ။

My Computer မှာကြည်ပါ ကိုယ် Partition လုပ်ထားတဲ့ကို ကိုပေးထားတဲ့နည်မည်
လေးနဲတွေပါလိပ်မည်။  
Partition ကိုခွဲပြီးတော့ Delete နည်ကလေးပါ။


ကဲအခုကျွန်တော် Partition ကို Delete လုပ်နည်းကိုအကြောင်းကိုရေးခြင်ပါတယ် အရင်တစ်
ခေါက်က Partition လုပ်နည်းကိုရေးခဲပြီးတဲ့ အတွက်အခုကတော့ Delete နည်းလေးရေးခြင်ပါ
တယ် အရင်က Partition ခွဲထားတစ်လိုဘဲ Computer ကို Right Click လုပ်ပါပြီးတော့ Manage
ကိုရွှေလိုက်ပါနောက်ပြီးတော့ Disk Management ကိုသွားပြီးရင်တော့ အောက်ကပုံလိုမြင်တွေ
ပါလိမ်မည် တွေရင်တော့ ကိုယ်မလိုခြင်တဲ့ Partition ကို Right Click လုပ်လိုက်ပါ ပြီးရင်တော့
Delete Volume ကို Click လိုက်ပါ Click လိုက်ပြီးရင်တော့ အပြာရောင်ကနဲ့ အမည်းရောင်ပြောင်
သွားပါလိမ်မည် နောက်တစ်ဆင့်။


နောက်ပြီးတော့ အပြာရောင်နေရာမှာ Click လိုက်ပါပြီးတော့ Exerted  Volume ကို Click
လိုက်ပါ ကို Delete ခြင်တဲ့ Partition ကပြောက်သွားပါလိပ်မည် ။

အားလုံးပဲ အဆင်ပြေကြပါစေဗျာ မသိလို့ ခဏခဏမေးနေကြသူများ အဆင်ပြေပါစေသော်ဝ်....
ဒီပို့စ်ကို PDF အနေနဲ့လိုချင်ရင် အောက်မျာဒေါင်းယူလိုက်ပါ
, HYPERLINK "http://www.mediafire.com/view/?j1ex5qa7efv34qu" \t "_blank" ,PDFဒေါင်းရန်နှိပ်ပါ>>>,
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..