Blog Archive

Monday, May 23, 2016

အရေပြားရောဂါများအတွက် ကြိတ်မှန်ရွက်

အရေပြားရောဂါများအတွက် ကြိတ်မှန်ရွက်

ပွေး၊ ၀ဲ၊ ညှင်း၊ နှင်းခူ၊ အနာစိမ်း၊ ထိခိုက်ဒဏ်ရာ၊ မီးလောင်ဒဏ်ရာ စသည့် အရေပြားပေါ်မှ အနာရောဂါအမျိုးမျိုးအတွက် ကြိတ်မှန်ရွက်ဖြင့်
ပျောက်ကင်းအောင် ကုသနည်းကို မျှဝေပေးလိုက်ပါတယ်။

ကြိတ်မှန်ရွက်ကို အင်္ဂလိပ်လို Eclipta Alba လို့ ခေါ်ပါတယ်။ နေရာဒေသ အနှံ့မှာ ပေါက်ကြပါတယ်။

(၁) ယားနာ၊ ပွေး၊ ၀ဲ၊ ညှင်း၊ နှင်းခူ စသည့် ယားနာနှင့်အနာစိမ်းများပေါက်လျှင် ကြိတ်မှန်ရွက် လက်တစ်ဆုပ်ခန့်ကို ရေစင်အောင်ဆေးကာ ကြိတ်၍ အရည်ညှစ်ယူပါ။

(၂) ၄င်းသတ္တုရည်ဖြင့် အနာပေါ်ကို တစ်နေ့ ၃ ကြိမ် လိမ်းပေးပါ။

(၃) ကြိတ်မှန်ရွက်ကို ပြုတ်၍ ၄င်းပြုတ်ရည်ဖြင့် အနာကို ဆေးကြော သန့်စင်ပေးပါ။

(၄) ရေယုန်ပေါက်လျှင် ကြိတ်မှန်ရွက်နှင့် နနွင်းကို ဆတူကြိတ်၍ ရေယုန်ပေါ်ကို တစ်နေ့ ၂ ကြိမ် လိမ်းပေးထားပါ။

(၅) မီးလောင်ဒဏ်ရာ၊ ရေနွေးအပူလောင်ဒဏ်ရာ၊ အရေပြားပေါ်မှ အဖြူကွက်ဒဏ်ရာများဖြစ်လျှင် ကြိတ်မှန်ရွက်နှင့် ပင်စိမ်းရွက်တို့ကို ဆတူရောကြိတ်၍ ၄င်းသတ္တုရည်ကို တစ်နေ့ ၂ ကြိမ် လိမ်းပေးပါ။

လွယ်ကူသက်သာ၍ ထိရောက်စွာ ပျောက်ကင်းစေနိုင်မည့် သဘာဝဆေးနည်းဖြင့် အနာရောဂါများကို ကုသနိုင်ကြပါစေနော်။ လူသားတိုင်း အနာရောဂါကင်းရှင်းနိုင်ကြပါစေ။

စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား - မြန်မာ့ရိုးရာဆေးကျမ်းများ

Credit: စောနွဲ့ နေဆိုင် - ပူတာအို

Samsung Android တွေကို Odin နှင့် Firmware ရေးသည့်အခါ သိထားသင့်တဲ့ အခြေခံသဘောတရားများ

Samsung Android တွေကို Odin နှင့် Firmware ရေးသည့်အခါ သိထားသင့်တဲ့ အခြေခံသဘောတရားများ

Pit ဆိုတာက Partitioin Information Table ဖိုင်ဖြစ်ပါတယ်။ဖုန်းတစ်လုံးရဲ့Firmware ကို partition အပိုင်းတွေနဲ့ ခွဲခြားထားပြီး ၄င်း Parititon တစ်ခုခြင်းစီကို EMMC အတွင်း နေရာတကျအစီအရီ ထည့်ထားတာဖြစ်ပါတယ်။ဒါဆိုရင် ကျနော်တို့ဟာ Odin ကနေ Pit ဖိုင်တစ်ခုကို ရေးမယ်ဆိုရင် ဖုန်းရဲ့ Partition တွေဟာ ပြောင်းလဲသွားနိုင်သလို ရှိရင်းစွဲ Partition Table အတိုင်းတူညီတဲ့ Pit ဖိုင်ဆိုရင်တော့ ထူးခြားမှုရှိမှာ မဟုတ်ပါ။ Model မတူ EMMC Storage မတူတာကို မှားပြီး Pit နဲ့ repartition လုပ်မိတာဟာ ဖုန်းကို Brick ဖြစ်သွားစေနိုင်ပါတယ်။ Bootloader or BL ဆိုတဲ့နေရာမှာထည့်ရေးတဲ့ဖိုင်တွေထဲမှာ sboot,aboot,tz,param အစရှိတဲ့ Bootloader နဲ့သက်ဆိုင် Parition တွေကို စုဝေးထားတာဖြစ်ပါတယ်။ အထိက အရေးကြီးတဲ့ အပိုင်းဖြစ်ပြီး Phone ကို deadboot ဖြစ်သွားစေနိုင်လောက်တဲ့ အပိုင်းပဲဖြစ်ပါတယ်။ PDA or AP ဆိုတဲ့နေရာမှာထည့်ရေးတဲ့ဖိုင်တွေထဲမှာ boot,recovery,system တို့ပါဝင်ပြီး boot တက်ဖို့ ၊ android system လည်ပတ်ဖို့နဲ့ android system ကို update သို့မဟုတ် emergency အနေနဲ့ wipe data လုပ်နိုင်မယ့် recovery ဖိုင်တွေ ပါဝင်ပါတယ်။ Phone or CP ဆိုတဲ့နေရာမှာထည့်ရေးတဲ့ဖိုင်တွေထဲမှာ NON-HLOS.bin or modem.img အစရှိတဲ့ Network အသုံးပြုနိုင်ဖို့လိုအပ်တဲ့ Baseband Firmware ပါဝင်ပါတယ်။ CSC မှာတော့ ဖုန်းရဲ့ Region အလိုက်ကွဲပြားတဲ့ App တွေပါဝင်တဲ့ hidden, system ကိုအထောက်အပံ့ပေးမယ့် Cache partition ဖိုင်တွေပါဝင်ပါတယ်။ Q- Odin မှာ ဘာလို့ Setup Connection နဲ့ရပ်နေတတ်သလဲ? A- Download mode ကို နောက်တစ်ခါပြန်ဝင်ပေးသင့်တယ်။ Q- Odin မှာ ဘာလို့ Fail ပြတတ်သလဲ? A- ကိုယ်ရေးတဲ့ ဖန်ဝဲက Bootloader version နိမ့်နေလို့၊ Model မတူလို့။ Q- Odin နဲ့ရေးပြီး ဘာလို့ deadboot ဖြစ်သွားတာလဲ? A- ကိုယ်ရေးလိုက်တဲ့ဖိုင်ထဲက Bootloader ကြောင့်ဖြစ်နိုင်ပါတယ်။ Q- Deadboot တွေ ဘယ်လိုပြန်နှိုးလဲ? A- အရင်တုန်းကတော့ Riff box အသုံးပြုခဲ့တယ်၊နောက်တော့ boot sdcard လေးတွေနဲ့ နှိုးပါတယ်။ Q- IMEI တွေ ဘာလို့ပျောက်တတ်လဲ? A- Software ကြောင့်ဖြစ်နိုင်သလို hardware ကြောင့်လည်းဖြစ်နိုင်တယ်။ Q- Network Lock ကျသွားတတ်တာကရော? A- Region မကိုက်တာတင်မိလို့ဖြစ်ပါတယ်။ Q- Firmware တင်ပြီးမှ MIC မရတာဖြစ်တတ်လား။ A- S3 တွေမှာ 4.1.2 တင်မိတဲ့ အခါဖြစ်တတ်ပါတယ်။ Software နဲ့ပဲ ပြန်ပြီးဖြေရှင်းနိုင်ပါတယ်။

Samsung Phone တွေမှာ Pattern Lock မေ့ရင် Pin Lock မေ့ရင် ပြန်လုပ်နည်း

Samsung Phone တွေမှာ Pattern Lock မေ့ရင် Pin Lock မေ့ရင် ပြန်လုပ်နည်း

Password နည်းလမ်းများ

 Samsung ဖုန်းတွေမှာ Pin Lock ပဲဖြစ်ဖြစ် Pattern Lock ပဲဖြစ်ဖြစ် မေ့ခဲ့ရင် တခါတလေ ကိုယ့်ဖုန်းကိုလာကိုင်တဲ့ တစ်ယောက်က ခဏခဏ မှားလုပ်မိရင် Lock ကျသွားတာ ဖြစ်တတ်ပါတယ် ။ ဖုန်းတစ်လုံးနဲ့ တစ်လုံး လုပ်နည်းမတူ “wipe data/factory reset " လုပ်ရင်တော့ မြန်တယ် 5မိနစ်အတွင်း ပြန်ရ ပြန်ပွင့်ပါတယ် ။ တခြားနည်းတွေနဲ့ လည်း လုပ်ရပေမယ့် ဒီနည်းကတော့ အလွယ်ဆုံး အမြန်ဆုံးပါ ။ Home key နဲ့ Power Key -Volume Down Key ဖုန်းအမျိုးစားပေါ်မူတည်ကွဲပါတယ် ။ Recovery Mood ထဲရောက်လာရင် လုပ်နည်းအတူတူပဲ ။ သူများ ဖုန်းစောစောက Pattern Lock ကျနေလို့ ပြန်ပီး ဖွင့်ပေးတာ ။ မလုပ်တတ်သေးသူရှိရင် ဖုန်းမော်ဒယ်အလိုက် လုပ်နည်းရေးမှ  အဆင်ပြေမယ် အောက်ကနည်းကတော့ Galaxy Ace ကိုလုပ်ထားတာပါ Pattern Lock သို့ မဟုတ် Pin Lock ကျနေရင် ပြုလုပ်နည်း
1- ပါဝါ ပိတ် ဘက်ထရီ ခဏဖြုတ်ပြီး ပြန်တပ်လိုက်ပါ
2- Power ခလုပ်နဲ့  Home Key ကို ခပ်ကြာကြာ တွဲဖိထားလိုက်ပါ
3-“wipe data/factory reset “ ရောက်အောင် Volume down နဲ့ ချပါ
4-ရောက်ရင် Home Key ကိုနှိပ်လိုက် ခဏစောင့်လိုက်ပါ
5-ပီးသွားရင် Volume up နဲ့  reboot now ကိုပြောင်း Home Key နှိပ်လိုက် ဒါဆိုရင် Restart ပြန်တက်လာရင် Lock မရှိတော့ပဲ ပုံမှန်အတိုင်း ပြန်ပွင့်ပါပြီ Email သုံးတယ် အင်တာနက်လိုင်းသုံးတယ်ဆို ပြန်လုပ်ရတာလွယ်တယ် စမ်းကလိမယ်ဆို ဖုန်းနံပတ်တွေ မှတ်ထား SD Card ကိုတော့ မဖျက်ပါဘူး မြန်မာစာတွေ ဆော့ဝဲတွေကတော့ ပြန်ထည့်ရမှာပါ တခြားနည်းလမ်းတွေ ထပ်ရေးပေးပါ့မယ် . ခုတော့ တိုက်ဆိုင်သူ သုံးဖို့  သူများဖုန်းလုပ်ပေးနေရင်း မျှဝေလိုက်ပါတယ် ။ ပညာရချင် ကိုယ့်ဖုန်းကို Lock ချပြီးစမ်းလိုက်ပါ

Samsung ဖုန်းအများစုမှာဖြစ်တတ်​တဲ့ Charger ERROR ဖြေရှင်းနည်း

Samsung ဖုန်းအများစုမှာဖြစ်တတ်​တဲ့ Charger ERROR ဖြေရှင်းနည်း

Samsung ဖုန်းအများစုမှာဖြစ်တက်တဲ့ Charger ERROR ဖြေရှင်းနည်းလေးမျှဝေပေးလိုက်ပါတယ် cbကမေးထားတဲ့ ဘော်ဘော်များအတွက်နဲ့ hardware ပိုင်းခုမှစတင်လေ့လာသူများအတွက် ERROR အဖြေရှာနိုင်စေရန်ရည်ရွယ်လိုက်ခြင်းဖြစ်ပါတယ်
ကလေးအထာလေးတွေမို့လို့ဆရာသမားများကျော်ခွသွားပေးပါ သိထားတာလေးကိုပြန်လည်မျှဝေတာဖြစ်လို့ အမှားရှိရင်ခွင့်လွှတ်ပါ လိုအပ်ချက်ရှိရင်လမ်းညွှန်ပေးပါ ဆရာများအားလုံးကိုရိုသေလေးစားလျှက် Myat Taunggyi

၁။battery အားအပြည့်ရှိပါလျှက် power key နှိပ်လျှင် ပါဝါမပွင့်ဘဲbattery အားမရှိဟုပြသောအခါ
၂။charger ကြိုးတပ်၍battery သွင်းသည့်အခါ battery ရာခိုင်နှုန်းမြင့်တက်မလာခြင် နှင့် battery ရှိအားများလျှော့သွားခြင်း
၃။အားသွင်းကြိုးမထိုးဘဲ အားသွင်းနေသည့်သင်္ကေတပြခြင်း နှင့် အားသွင်းကြိုးထိုးထားသော်လည်း အားဝင်သည့် သင်္ကေတမပြခြင်း
၎။အားသွင်းကြိုးထိုးလျှင်ပါဝါပိတ်သွားခြင်း resedကျခြင်း
၅။power key နှိပ်လျှင်ပါဝါမတက်ခြင်း [key ခလုပ်ကိုဦးစွာစစ်ဆေးပါ]

စသည့်ပြသနာများကြုံတွေ့လာလျှင်
Samsung ဖုန်းအများစုဟာ battery မှလာသော vol များဟာ pw ic ကို တိုက်ရိုက်မသွားဘဲ charger ic မှတဆင့်ခွဲထွက်ကာ pw ic သို့ တဆင့်ခံသွားသည့်ဟု သိရှိထားပါသည်
ထို့ကြောင့် အခြားဖုန်းများသည် charger ic ဖြုတ်ထားလျှင်လည်း အားသွင်းမရခြင်းမှလွဲ၍ ပါဝါပွင်ပြီး ပုံမှန်လုပ်ဆောင်ချက်မျာလုပ်ဆောင်နိုင်ပါတယ်
Samsung ဖုန်းအများစုကတော့ charger ic ဖြုတ်ထားလျှင် ပါဝါနိုးတော့မည်မဟုတ်ပါ note 3 ဆိုလျှင် USB ခေါင်းဆားပေါက်ခြင်း အကြောင်းတစ်ခုခုကြောင့် usb ခေါင်းမှခဲများပူးသွားပါက ပါဝါမနိုးပါ လက်တွေ့ကြုံဖူးတာပါ

အားလုံးကိုခြုံငုံပြီးဖြေရှင်းကြည့်ပါမယ်

ပထမအဆင့် usb ခေါင်းကိုစစ်ပါ တင်နာဖြင့်တိုက်ဆေးပါ usb ရဲ့ ပင်ငုတ်လေးများ ဘုတ်ပြားနှင့်ထိမထိစစ်ဆေးပါ usb ခေါင်းမကောင်းလျှင် အသစ်လဲရတော့မည်ဆိုပါက usb ခေါင်းအနီးတဝိုက်တွင်ရှိသော ic လေးများမထိခိုက်စေရန် မီးခံတိပ်ပတ်ပြီးမှ မီးခံတိပ်မရှိပါက အပူခံသံပြားခွံလေးများဖြင့်သေချာဖုံးအုပ်ပြီး မှ ခေါင်းလဲဖို့စဉ်းစားပါ usb ခေါင်းလဲတာ ဘေးက ic လေးများကို အပူဒဏ်မကာကွယ်မိလို့ လျှော့ကျသွားခြင်း ပါဝါသေသွားခြင်းများမဖြစ်ရအောင်လို့ပါ ကာကွယ်မှုပြီးပြီဆိုလျှင် heater 4.5 air 2.5 လောက်ချိန်ပြီး ထင်းရူးဆီသန့်များများထည့်ကာ အပူပေးပါ usb ခေါင်းကိုအတင်းမဆွဲပါနှင့် အောက်ခြေငုတ်များပဲ့ပါသွားမည်ဖြစ်ပါသဖြင့် ထိန်းပြီးမှအသာအယာမထုပ်ပါ usb အသစ်ကို ဘုတ်ပြားအထိုင်တွင် သေချာစွာချိန်ထည့်ပြီး gun ဖြင့် ခြေငုတ်လေးများကိုခဲတို့ပါ ပင်ငုတ်လေးတွေကိုလည်းသေချာထိစပ်အောင် ခဲတို့ပါ usb ခေါင်း ကောင်းမကောင်းစစ်လိုလျှင် အားသွင်းကြိုးထိုပြီး ဘယ်ညာအစွန်နှစ်ငုတ်ကို မီတာဖြင့်တိုင်းပါ 3.7 သို့ 4.5 စသဖြင့် vol ထွက်ရှိလျှင် usb ခေါင်းကောင်းတာသေချာပါပြီ
usbခေါင်းလဲရုံဖြင် အထက်ပါerror အများစုဖြေရှင်းနိုင်ပါတယ်

ဒုတိယအဆင့် usb ပင်ချောင်းမှထွက်လာတဲ့ ပင်ငုတ်၅ခုသို့မဟုတ်၇ခု တို့၏လမ်းကြောင်းပျက်တောက်မှုရှိမရှိကိုစစ်ဆေးပါ ပြက်တောက်လမ်းကြောင်းအား jumper လေးဖြင့်ခုန်လိုက်ပါ ထိုလမ်းကြောင်းရှိ dioud နှင့် C လေးများ ကွိုင်လေးများမကောင်းပါက အထက်ပါerror များကြုံတွေ့ရတက်ပါသည် မီတာဖြင့်တိုင်၍စစ်ဆေးကာ မကောင်းသော Cလေးများ dioud ကွိုင်တို့ကို အမျိုးအစားတူတာလေးများကို အစားထိုးကြည့်ပါ C နှင့် dioud ကွိုင်လေးများကို လဲရုံဖြင့် အထက်ပါ error အချို့ကိုဖြေရှင်းနိုင်ပါတယ်

တတိယအဆင့် charger ic ကိုစစ်ဆေးရပါမည် အဓိကအကျဆုံးအရာလည်းဖြစ်ပါသည် ရေဝင်းခြင်း ချွေးငွေ့ရိုက်ခြင်းတို့ကြောင့် ic ရှိခဲများဆားပေါက်ခြင်းဖြစ်တက်ပါသည် charger ic အတွင်ငုတ်များပူးနေခြင်းအခြေငုတ်များပျက်တောက်ခြင်း တို့ကြောင့် အထက်ပါerror များဖြစ်ပေါ်လာရခြင်းဖြစ်ပါသည် ဖြေရှင်းဖို့ကတော ထင်းရူးဆီသန့်အနည်းငယ် ic ဘေးပတ်လည်တွင်ချကာ air heater ဖြင့်အပူပေးကြည့်ပါ ဇာကနာဖြင့်အနည်းငယ်တုန်ကြည့်ပါ အဆင်ပြေတက်ပါသည် မရမှ charger icကိုဖြုတ်ကာ ခဲပြန်လောင်း၍ပြန်ထိုင်ပေးရပါမည် ကျွန်တော်ကြုံတွေ့ရသလောက် samsung charger ic များသည် ခဲလောင်ပြန်ထိုင်လျှင်အများဆုံးအဆငိပြေကြပါသည် Cလေးတွေလျှော့မကျဘဲ charger ic အရမ်းပူမှသာလျှင်အသစ်လဲလှယ်ရပါသည်
ဒီအဆင့်ရောက်သည်အထိ အထက်ပါerror မဖြေရှင်းနိုင်သေးပါက pw ic သို့ ထက်မံချီတက်ရပါမည် အချိန်အားလျှင် ဆက်လက်ရေးသားပေးပါမည် အားလုံးကိုလေးစားလျှက်



Visit website

Android ဖုန်း​ပျောက်​ဆုံးသွားလျှင်​ပြန်​လည်​ရှာ​ဖွေရန်

ပျောက်ဆုံးသွားသည့် Android ဖုန်းကို ခြေရာခံခြင်း

Android ဖုန်းများ ပျောက်ဆုံးသွားတဲ့အခါမှာ မိမိရဲ့ ဖုန်းက ဘယ်နေရာမှာ ရောက်ရှိနေတယ်ဆိုတာကို ခြေရာခံ ရှာဖွေနိုင်ပါတယ်။ Android ဖုန်း ပျောက်ဆုံးသွားရင် ခြေရာခံနိုင်ရန်အတွက် ကိုယ်အသုံးပြုတဲ့ဖုန်းမှာ Google Account ထည့်သွင်းထားဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။
Android ဖုန်းများ ပျောက်ဆုံးသွားတဲ့အခါမှာ မိမိရဲ့ ဖုန်းက ဘယ်နေရာမှာ ရော
Google Account ကိုထည့်သွင်းပြီးပြီဆိုရင် Google Settings App မှာ အနည်းငယ် ပြင်ဆင်စရာ ရှိပါသေးတယ်။ Google Settings မှာ ပြင်ဆင်ဖို့အတွက် Google Settings App ကို ဖွင့်လိုက်ပါ။ ပြီးသွားရင် Security ဆိုတာကို နှိပ်ပါ။ ပြီးရင် Remotely locate this device ကို အမှန်ခြစ်ထည့်ခြင်း ရှိ၊ မရှိ စစ်ဆေးပါ။ အကယ်၍ အမှန်ခြစ် မလုပ်ထားရသေးဘူးဆိုရင် အမှန်ခြစ်ထည့်ပေးလိုက်ပါ။ Allow remote lock and erase ဆိုတဲ့ နေရာမှာလည်း အမှန်ခြစ် ထည့်ပေးထားရမှာဖြစ်ပါတယ်။ ဒီနေရာမှာ အမှန်ခြစ်ထည့်ပေးထားမှ ဖုန်းမတော်တဆ ပျောက်ဆုံးသွားတာမျိုးပဲဖြစ်ဖြစ် အခိုးခံရတာမျိုးပဲဖြစ်ဖြစ် ကိုယ့်ရဲ့ဖုန်းကို အဝေးကနေလှမ်းပြီး Lock ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြထားတာတွေကတော့ ဖုန်းက မတော်တဆ ပျောက်ဆုံးသွားတာမျိုးပဲဖြစ်ဖြစ် ခိုးယူခြင်းခံရတာမျိုးပဲဖြစ်ဖြစ် ဖြစ်ပေါ်လာခဲ့ရင် ကိုယ့်ရဲ့ဖုန်းက ဘယ်နေရာကိုရောက်နေတယ် ဆိုတာကို ခြေရာခံနိုင်မှာဖြစ်သလို၊ အရေးကြီးအချက်အလက်များ ပါဝင်ပါကလည်း ပျောက်ဆုံးသွားတဲ့ဖုန်းကို အခြားသူတစ်ယောက်ယောက်က အလွယ်တကူနဲ့ အသုံးမပြုနိုင်စေရန်အတွက် ကာကွယ်ထားနိုင်ပါတယ်။
Android ဖုန်း ပျောက်ဆုံးသွားတာပဲဖြစ်ဖြစ် ခိုးယူခံရတာပဲဖြစ်ဖြစ် ဝက်ဘ်ဆိုက်လိပ်စာကို သွားရပါမယ်။ အဆိုပါ ဝက်ဘ်ဆိုက်လိပ်စာကို ရောက်ပြီဆိုရင် Google Account User Name နဲ့ Password ကို ထည့်သွင်းပါ။
User Name နဲ့ Password ထည့်သွင်းပြီးပြီဆိုရင် မြေပုံနဲ့ ကိုယ်ပျောက်ဆုံးသွားတဲ့ ဖုန်းမော်ဒယ်အမျိုးအစားကို ဖော်ပြထားတာကို တွေ့ရပါလိမ့်မယ်။ ဖုန်းမော်ဒယ်ဘေးမှာ Locate device ဆိုတာကို ဖော်ပြပေးထားပြီး ၎င်းခလုတ်လေးကို နှိပ်လိုက်ပါက ပျောက်ဆုံးသွားတဲ့ဖုန်းဟာ ဘယ်နေရာမှာ နောက်ဆုံး အသုံးပြုခဲ့တယ်ဆိုတာကို အင်တာနက်ဖွင့်ထားတဲ့အခါတိုင်းမှာ ဖော်ပြပေးနေမှာပါ။ အဆိုပါ ဖုန်းမော်ဒယ်အောက်မှာ Ring, Lock, Erase ဆိုတာကို တွေ့ရမှာဖြစ်ပြီး၊ Ring ကို နှိပ်လိုက်ပါက ဖုန်းမြည်သံထွက်လာအောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။ Ring ဟာ ကိုယ့်ရဲ့ဖုန်းက မြေပုံထဲမှာကြည့်လို့ ရောက်ရှိတဲ့နေရာနဲ့ နီးနေတယ်ဆိုရင် အလွယ်တကူသိရှိနိုင်ရန်အတွက် Ring ကို နှိပ်လိုက်တာနဲ့ ဖုန်းမှာထည့်သွင်းထားတဲ့ Ringtone အသံကိုဖော်ပြပေးနေမှာပါ။ Lock ကို နှိပ်လိုက်ရင် Lock ပြုလုပ်ဖို့အတွက် Password box ကျလာမှာဖြစ်ပြီး၊ ၎င်း Password box မှာ ထည့်သွင်းချင်တဲ့ Password အသစ်ကိုထည့်သွင်းပြီး Lock Screen မှာတော့ ကိုယ်ပေါ်စေချင်တဲ့ message ကို ဖုန်းရရှိထားသူ မြင်နိုင်ရန်အတွက် Recovery Message ဆိုတဲ့နေရာမှာ Message ကို ထည့်သွင်းပေးနိုင်ပါတယ်။ ပြီးသွားရင် Lock ကို နှိပ်လိုက်တာနဲ့ ပျောက်ဆုံးသွားတဲ့ဖုန်းဟာ Lock ကျသွားမှာ ဖြစ်ပါတယ်။
Erase ကတော့ ကိုယ့်ရဲ့ဖုန်းကို ပြန်ရဖို့ အခြေအနေမရှိတဲ့အခါမျိုးမှာ ကိုယ့်ရဲ့အရေးကြီး အချက်အလက်တွေ အခြားသူ မမြင်နိုင်စေဖို့အတွက် တစ်ခါတည်း ဖျက်လိုက်တာမျိုးဖြစ်လို့ ဖုန်းပြန်လည်ရရှိနိုင်မယ့် အခွင့်အရေးရှိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် Erase ကို ဖုန်း လုံးဝပြန်လည်ရရှိနိုင်တော့တဲ့ အခြေအနေမျိုး မဟုတ်တဲ့အခါမှာသာ အသုံးပြုသင့်ပါတယ်။
Ref: pcadvisor
By: သီဟ
Credit: Internet Journal

ဖုန်းမှန်ပေါ်က အစင်းရာတွေကို လုံးဝဖျောက်ပစ်နိုင်မယ့် နည်းလမ်းငါးသွယ်

ဖုန်းမှန်ပေါ်က အစင်းရာတွေကို လုံးဝဖျောက်ပစ်နိုင်မယ့် နည်းလမ်းငါးသွယ်

ဖုန်းကို အိတ်ကပ်ထဲမှာ သော့တွေနဲ့အတူ ရောထားတာ၊ အမှတ်တမဲ့ ဖုန်းလွတ်ကျတာတွေကြောင့် ဖုန်းမှန် ပေါ်မှာ အစင်းရာတွေ ဖြစ်ပေါ်တတ်ပါတယ်။
ဖုန်းက ဘယ်လောက်ပဲလုပ်ဆောင်ချက်ကောင်းမွန်နိုင်ပါစေ၊ ခြစ်ရာထင်းရာတွေ ပြည့်နှက်နေတဲ့အခါ၊ သုံးရတာ စိတ်ချမ်းသာမှုမရှိသလို၊ ဘယ်လောက်ပဲဒီဇိုင်းလှတဲ့ဖုန်းဖြစ်ဖြစ်၊ အစွန်းအထင်းတွေနဲ့ဆို ရုပ်ဆိုးသွားတတ်ပါတယ်။
ဒါဆို ဖုန်းပေါ်က အစင်းရာတွေကို ဘယ်လိုဖျောက်ပစ်မလဲ။ ဟုတ်ကဲ့၊ ဖုန်းပေါ်က အစွန်းအထင်းတွေကို အမြန်ဆုံးနဲ့ အလွယ်ဆုံးဖျောက်ပစ်နိုင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။ ပထမဦးဆုံး သတိထားရမှာက၊ ဖုန်းကို အရင်ဆုံးပါဝါပိတ်၊ ဘက်ထရီထုတ်ကာ၊ စပီကာအပေါက်တွေကို တိပ်နဲ့လုံအောင်ပိတ်ပြီးမှ လုပ်တာက ဖုန်းထဲကို အရည်မ၀င်နိုင်တော့ဘဲ ပိုမိုစိတ်ချရမှုရှိပါတယ်။
၁။ သွားတိုက်ဆေး
အစွန်းအထင်းတွေပြည့်နေတဲ့ ကိုယ့်ဖုန်းလေးကိုကြည့်ပြီး စိတ်ညစ်နေရသလား။ သင့်ဝေဒနာကို ကုသပေးမယ့် ဆေးက သင့်ရေချိုးခန်းထဲမှာတင် ရှိပါတယ်။ အသုံးပြုနည်းကတော့
သွားတိုက်ဆေးအနည်းငယ်ကို သန့်ရှင်းတဲ့အ၀တ်စ (သို့) ဂွမ်းစနဲ့ ယူပါ။ (ဂျယ်ပါဝင်တဲ့သွားတိုက်ဆေး မဟုတ်ဘဲ၊ သာမန်သွားတိုက်ဆေးဖြစ်ရပါမယ်။)
အစင်းရာထင်နေတဲ့မှန်တစ်ဝိုက်မှာ၊ စက်ဝိုင်းပုံစံလမ်းကြောင်းအတိုင်း အစင်းရာတွေပျောက်သွားတဲ့အထိ ဖြည်းညှင်းစွာပွတ်ပေးပါ။
ထို့နောက်၊ ရေမဆိုစလောက်လေး စွတ်ထားတဲ့အ၀တ်စတစ်ခုနဲ့ သွားတိုက်ဆေးပွတ်ထားတဲ့ မှန်နေရာကို ပြောင်သွားအောင်ပွတ်ပေးလိုက်ရင်၊ ဖုန်းမှန်ပေါ်က အစင်းရာတွေ မျက်လှည့်ပြသလို ပျောက်သွားမှာပါ။

၂။ မုန့်ဖုတ်ဆိုဒါ (Baking Soda)
ခွက်သေးတစ်ခွက်ထဲမှာ မုန့်ဖုတ်ဆိုဒါ နှစ်ဆ၊ ရေတစ်ဆကို ထည့်ပါ။
ထူပျစ်လာတဲ့အထိ မွှေပေးပါ။
မွှေလို့ရလာတဲ့ မုန့်ဖုတ်ဆိုဒါအနှစ်ကို အ၀တ်သန့်တစ်ခုနဲ့ ယူပြီး၊ အစင်းရာရှိတဲ့ ဖုန်းမှန်ပေါ်မှာ စက်ဝိုင်းပုံစံလမ်းကြောင်းအတိုင်း ဖြည်းညှင်းစွာပွတ်ပေးပါ။
ထို့နောက်၊ ရေအနည်းငယ်စွတ်ထားတဲ့အ၀တ်သန့်တစ်ခုနဲ့ ဖုန်းမှန်ကို သန့်ရှင်းပေးလိုက်ရင် အစင်းရာတွေ ပျောက်သွားတာကို တွေ့မြင်ရပါမယ်။

၃။ ဘေဘီပေါင်ဒါ
သားသားမီးမီးတို့အတွက် သုံးတဲ့ပေါင်ဒါကိုလည်း အထက်ပါ Baking soda နည်းအတိုင်း ပြုလုပ်ပြီး ဖုန်းမှန်ပေါ်က အစွန်းအထင်းတွေကို ဖျောက်နိုင်ပါတယ်။

၎။ ဟင်းသီးဟင်းရွက်ဆီ
ဟင်းသီးဟင်းရွက်ဆီကတော့ ခဏတာပဲ ဖုန်းပေါ်က ခြစ်ရာ၊အစင်းရာတွေကို ဖျောက်ပေးနိုင်ပါတယ်။ တစ်စက်၊ နှစ်စက်လောက်ပဲ ဖုန်းမှန်ပေါ်ချပေးပြီး၊ အ၀တ်သန့်နဲ့ စက်ဝိုင်းပုံလမ်းကြောင်းအတိုင်း ပွတ်တိုက်ပေးပါ။
၅။ Brasso ,Silvo စတဲ့ သတ္တုအရောင်တင်ဆေး
ဒီနည်းလမ်းကတော့ နည်းနည်းသတိထားလုပ်ရပါမယ်။ Brasso တို့ Silvo တို့လို သတ္တုကြေးချွတ်၊ အရောင်တင်ဆေးနဲ့ ခြစ်ရာဖျောက်တဲ့အခါ၊ တခါတလေ ဖုန်းမှန်ကိုအပေါ်ကအုပ်ထားတဲ့ အလွှာကို ပျက်စီးစေပြီး၊ ပိုကြီးတဲ့ အစင်းရာတွေထင်နိုင်ပါတယ်။ ( မိမိဆန္ဒအလျောက်လုပ်လိုက လုပ်နိုင်ပါတယ်)
ခွက်သေးတစ်ခုထဲ သတ္တုကြေးချွတ်ဆေးကို လောင်းထည့်ပါ။ ခွက်အောက်မှာ အ၀တ်ဟောင်းတစ်ခု ခံထားပေးရင်၊ အောက်ကိုအစွန်းအထင်းတွေ ပေမှာမဟုတ်တော့ပါဘူး။
နူးညံ့သန့်ရှင်းတဲ့အ၀တ်စတစ်ခုကို ခွက်ထဲ အနည်းငယ်နှစ်လိုက်ပါ။
ဖုန်းမှန်ပေါ်က အစင်းရာ အထက်နဲ့အောက်ကို စက်ဝိုင်းပုံစံလမ်းကြောင်းအတိုင်း ဖြည်းညှင်းစွာ ပွတ်ပေးပါ။
ထို့နောက်၊ ခြောက်သွေ့တဲ့အ၀တ်စတစ်ခုနဲ့ သင့်ဖုန်းမှန်ကို ပွတ်ပေးလိုက်ရင်၊ မှန်ပေါ်က အစင်းရာတွေ ပျောက်ကွယ်သွားတာကို တွေ့မြင်နိုင်ပါတယ်။ (ဒီနည်းလမ်းဟာ အန္တရာယ်အနည်းငယ်ရှိတာကြောင့်၊ လွှဲမရှောင်သာတဲ့အခြေအနေမျိုးမှာမှ သုံးဖို့အကြံပေးချင်ပါတယ်။ ကျွန်တော်တို့ စမ်းသပ်ကြည့်သလောက်၊ သွားတိုက်ဆေးနဲ့ ဖျက်တာကိုက တော်တော်အလုပ်ဖြစ်တာကို တွေ့ရပါတယ်။

Ref: Mashable
http://digitaltimes.com.mm/
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Ph Setting မှ VPN ​ကျော်​၍အသုံးပြုနည်း

သူများဆီက မလာတာပါ ခင်ဗျ  VPN ကျော်ရင် တချို့ဖုန်းတွေက ဆော့ဝဲလ်ရွေးတဲ့အတွက် ဆော့ဝဲလ်မလိုပဲ
setting ထဲက ကျော်နည်းကို တင်ပေးလိုက်ပါတယ်. တခုတော့ ကြိုပြောပါရစေ.  မိတ်ဆွေတို့ ဘယ်လောက်တတ်နေ တတ်နေ ကိုယ်တိုင်
မလုပ်ပဲနဲ့ သူများလုပ်တာကိုတော့ ဖောင်းမထုပါနဲ့. 

phone ကို screen lock ချထားမှ  VPN ထဲမှာ နိုင်ငံတွေရဲ့  IP ရေးလို့ရမှာပါ.  
phone setting> More>Vpn ကိုသွားပါ.

IOS ဆိုရင်

+ PPTP ရွေးချယ်ပြီး ဝင်မယ်
+ ခေါင်းစဉ်ရေးမယ် ။
+ Server မှာ ထိုနိုင်ငံ IP ထည့်မယ်
+ Account မှာ မိမိဝင်တဲ့နိုင်ငံ မှတ်သားချက်ဖြစ်တဲ့ vpnu လား vpnc လားဆိုတာဖြည့်
+ Pass နေရာမှာ အဆင်ပြေရာထည့်.

xxxxxxxxxxxxxxxxxxxxxxxxxx

(( Android ဆိုရင် ))

+ PPTP ရွေးချယ်ပြီး ဝင်မယ်
+ ကိုယ်ကျော်မယ့် နိုင်ငံနာမည်ထည့်မယ်.
+ Server မှာ အာ့ နိုင်ငံရဲ့ IP ထည့်မယ် Save လိုက်ပါ.

ပြီးရင် ထို Save ထားတာကိုနှိပ်လိုက် Username နဲ့ Password တောင်းပါမယ် ။

+ Username မှာ မိမိဝင်တဲ့နိုင်ငံ မှတ်သားချက်ဖြစ်တဲ့ vpnu လား vpnc လားဆိုတာဖြည့်
+ Password မှာ ကြိုက်တာထည့်
ရပါပီ.  အောက်မှာ  မှတ်ထားသလောက်
ကျနော်သိတဲ့ IP တွေပါ. အဆင်ပြေပါစေ.
            နိုင်ငံ IP များ

Vietnam
123.30.128.97
vpnc

———-

USA
96.127.150.50
vpnu

USA
184.22.233.220
vpnu

————

Thailand
202.129.16.66
vpnc

————–

Taiwan
59.124.14.102
vpnu

——————

Spain
82.98.129.35
vpnc

——————-

Singapore
180.210.204.107
vpnu

—————–

Russia
193.106.172.91
vpnu

——————–

Newzealand
103.18.56.250
vpnu

———————-

Malaysia
111.90.151.204
vpnu

———————

Mainland China
210.14.64.211
vpnu

China
210.14.64.211
vpnu

China
61.129.35.177
vpnu

China
61.152.249.6
vpnu

——————–

Korea
58.180.70.160
vpnu

———————
Japan
106.187.53.96
vpnu

Japan
153.122.0.87
vpnu

———————

Indonesia
103.28.15.7
vpnc

———————–

Indian
111.118.213.155
vpnc

——————–

Hong Kong
110.4.89.2
vpnu

——————-

Germany
85.195.119.222
vpnu

———————

Egypt
41.77.136.94
vpnu

———————-

Britain
5.152.197.237
vpnu

————————

Australia
27.50.70.137
vpnu

Ph internet မြန်​ဆန်​လာ​စေရန်

ဟိုက်စပိ မြန်မာဖုန်းအန်ဒရိုက် အင်တာနက်

ပထမဦးစွာ မိမိဖုန်းကို “WCDMA only” mode ကိုပြောင်းပါ Settings -> Wireless and networks -> Mobile Networks -> Network Preferences -> WCDMA only ဒါမှမဟုတ် *#*#4636#*#* dialer မှာနှိပ်ပါ prefferd network ကို WCDMA only mode ပြောင်းပါ ၁)3g/4g speed optimizer ကိုဒေါင်းပါ ၂)Script manager ကိုဒေါင်းပါ ၃)3G turboCharger script မိမိ speed ကိုစမ်းချင်ရင် google play ကနေ Speedtest app ကိုဒေါင်းပြီးစမ်းနိုင်ပါတယ် ဦးစွာ 3g/4g speed optimizer ကို ဖွင့်ပါ -network speed ကို 12/28/7-max speed လို့ရွေးပါ -down speed increase ကို check လုပ်ပေးလိုက်ပါ -ပြီးရင် apply tweak ကို နှိပ်ပါ စက်ကို restart ပြန်လုပ်ပြီး Script Manager ကိုဖွင့်ပါ -ဒေါင်းလုပ်လုပ်ထားတဲ့ 3G turboCharger ဖိုင်ကို ရှာပါ -superuser icon ကို check လုပ်ပါ -script အလုပ်စဖို့ run ကိုနှိပ်ပါ၊ တစ်ခုခုရွေးခိုင်းတဲ့အထိစောင့်
ပါ -fast, faster, fastest ဆိုပြီးရွေးခိုင်းပါလိမ့်မယ် fastest ကိုရွေးပါ -reboot နောက်တစ်ခါလုပ်လိုက်ပါကဲ reboot လုပ်လို့ပြီးသွားရင်တော့ 3G speed ကတိုးလာပါပြီသတိ။ user အားလုံးအတွက်အလုပ်ဖြစ်ချင်မှဖြစ်မယ်၊ မရရင်သင်ဟာ သင့် network operator ကနေ max speed ရနေပြီးဖြစ်လိမ့်မယ် မှတ်ချက်- မိမိဖုန်းကို root လုပ်ထားဖို့ တော့လိုပါမယ် ဆော့ ဝဲလ် ဒေါင်းရန်.. , http://www.ziddu.com/download/21309921/internetspeedpro.rar.html

နည်းပညာ​လေ့လာသူများသိမ်းဆည်းထားသင့်​တဲ့နည်းပညာဆိုင်​ရာlinksများ

နည်းပညာ​လေ့လာသူများသိမ်းဆည်းထားသင့်​တဲ့နည်းပညာဆိုင်​ရာlinksများ

1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသုံးပြုနည်း
http://www.mssk.info/2013/03/facebook.html
2 - မြန်မာပြည် ဖုန်းနံပတ်နဲ့ Facebook Account အသစ်ဖွင့်နည်း။
http://www.mssk.info/2014/01/facebook-account.html
3 - Lock ကျနေသော Facebook အကောင့်အား Lock ပြန်ဖြည်နည်း
http://www.mssk.info/2014/04/lock-facebook-lock.html
4 - Facebook က သင့် အကောင့်ကို Lock ချခြင်း Block ရခြင်း အကြောင်း များ
http://www.mssk.info/2013/12/facebook-lock-block.html
5 - Facebook တွေသုံးတဲ့အခါ ကိုယ် Liked ထားတဲ့ဟာတွေ ဖွက်ထားနည်း
http://www.mssk.info/2013/06/facebook-liked.html
6- Facebook သုံးနေသူများ အကောင့်နာမည်ကို မြန်မာလို ပြောင်းထည့်နည်း
http://www.mssk.info/2013/08/facebook_6.html
7 - Facebook မှာ ကိုယ့်ရဲ့သူငယ်ချင်းစာရင်း ကို ဖျောက်ထားချင်ရင် ဖျောက်နည်း
http://www.mssk.info/2012/12/facebook_9.html
8 - Facebook မှ ကိုယ်ပိုင် Like Page(Fan Page) ပြုလုပ်နည်း အသေးစိတ်
http://www.mssk.info/2013/12/facebook-like-page.html
9- Phone ကနေ Facebook သုံးပီး Photo Comment အမြန်ပေးဖို့ ဆော့ဝဲ
http://www.mssk.info/20…/…/phone-facebook-photo-comment.html
10- Facebook မှာ ဘယ်သူက Unfriend လုပ်သွားလည်း စစ်ပေးနိုင်မယ် APK
http://www.mssk.info/2013/10/facebook-unfriend-apk.html
11- Facebook တွင် Block လုပ်ထားသူကို သူငယ်ချင်းအဖြစ် ပြန်ပြီး Add နည်း
http://www.mssk.info/2012/10/facebook_15.html
12 - Facebook အကောင့်သစ်ဖွင့်တိုင်း Lock လော့ကျကျနေတယ်ဆိုလုပ်နည်း
http://www.mssk.info/2013/08/facebook-lock_30.html
13-Facebook အကောင့်ကို အပြီးဖျက်နည်းနဲ့  ခေတ္တခဏ ပိတ်ထားနည်း
http://www.mssk.info/2012/04/facebook.html
14-Phone နဲ့  Photo Comments ပေးချင်သူအတွက် ဟာသပုံစုစုပေါင်း ၃၅၉ ပုံ
http://www.mssk.info/2014/04/phone-photo-comments.html
15- Facebook Fun Page အဟောင်းတွေကို ဖျက်နည်း ခေတ္တပိတ်ထားနည်း
http://www.mssk.info/2012/11/facebook-fun-page.html
မောင်(စွယ်စုံကျမ်း)

fb ဖွင့်နည်း အစုံပါ Gmail Mail Fb Acc ဖွင့်နည်းပါ

Gmai Acc ဖွင့်နည်းစာအုပ်
pCloud .Link
http://pc.cd/TB77

Mail Acc ဖွင့်နည်းစာအုပ်
pCloud .Link
http://pc.cd/t5X7
Hola Apk နဲ့ Fb Acc lock
မကြအောင်ဖွင်နည်း စာအုပ်
pCloud .Link
http://pc.cd/jW77
Fb Acc ဖွင့်နည်း Video
pCloud .Link
http://pc.cd/MB77

Mail apk
pCloud .Link
http://pc.cd/BW77
Hola .Apk
pCloud .Link
http://pc.cd/7Nk7
Nameတစ်လုးံထည်းfb ဖွင့်နည်း
http://pc.cd/ui6

gmailပြောင်နည်း
http://pc.cd/RX3
Facebook မှာ မိမိ သုံးတဲ့ password ကို ကြည့်မယ်
http://mgkaihtoo.blogspot.com/2014/10/facebook-password.html
1 ... fb password မေ့နေလျှင် ပြန်ယူနည်း
ဒေါင်းရန် .....
http://pc.cd/vvU
2 ... gmail password မေ့လျှင် ပြန်ယူနည်း
ဒေါင်းရန် .....
http://pc.cd/UvU
fb password ပြန်ယူဖို့ အတွက် gmail password သိရပါမယ် gmail password မေ့နေလျှင် ပြန်ယူနည်းပါ
Lock ဖြည်းနည်များပါ
id lock ဖြည်နည်း
https://beta.m.box.com/…/https%3A%2F%2Fapp.box.com%2Fs%2