Blog Archive

Monday, May 23, 2016

Samsung Phone တွေမှာ Pattern Lock မေ့ရင် Pin Lock မေ့ရင် ပြန်လုပ်နည်း

Samsung Phone တွေမှာ Pattern Lock မေ့ရင် Pin Lock မေ့ရင် ပြန်လုပ်နည်း

Password နည်းလမ်းများ

 Samsung ဖုန်းတွေမှာ Pin Lock ပဲဖြစ်ဖြစ် Pattern Lock ပဲဖြစ်ဖြစ် မေ့ခဲ့ရင် တခါတလေ ကိုယ့်ဖုန်းကိုလာကိုင်တဲ့ တစ်ယောက်က ခဏခဏ မှားလုပ်မိရင် Lock ကျသွားတာ ဖြစ်တတ်ပါတယ် ။ ဖုန်းတစ်လုံးနဲ့ တစ်လုံး လုပ်နည်းမတူ “wipe data/factory reset " လုပ်ရင်တော့ မြန်တယ် 5မိနစ်အတွင်း ပြန်ရ ပြန်ပွင့်ပါတယ် ။ တခြားနည်းတွေနဲ့ လည်း လုပ်ရပေမယ့် ဒီနည်းကတော့ အလွယ်ဆုံး အမြန်ဆုံးပါ ။ Home key နဲ့ Power Key -Volume Down Key ဖုန်းအမျိုးစားပေါ်မူတည်ကွဲပါတယ် ။ Recovery Mood ထဲရောက်လာရင် လုပ်နည်းအတူတူပဲ ။ သူများ ဖုန်းစောစောက Pattern Lock ကျနေလို့ ပြန်ပီး ဖွင့်ပေးတာ ။ မလုပ်တတ်သေးသူရှိရင် ဖုန်းမော်ဒယ်အလိုက် လုပ်နည်းရေးမှ  အဆင်ပြေမယ် အောက်ကနည်းကတော့ Galaxy Ace ကိုလုပ်ထားတာပါ Pattern Lock သို့ မဟုတ် Pin Lock ကျနေရင် ပြုလုပ်နည်း
1- ပါဝါ ပိတ် ဘက်ထရီ ခဏဖြုတ်ပြီး ပြန်တပ်လိုက်ပါ
2- Power ခလုပ်နဲ့  Home Key ကို ခပ်ကြာကြာ တွဲဖိထားလိုက်ပါ
3-“wipe data/factory reset “ ရောက်အောင် Volume down နဲ့ ချပါ
4-ရောက်ရင် Home Key ကိုနှိပ်လိုက် ခဏစောင့်လိုက်ပါ
5-ပီးသွားရင် Volume up နဲ့  reboot now ကိုပြောင်း Home Key နှိပ်လိုက် ဒါဆိုရင် Restart ပြန်တက်လာရင် Lock မရှိတော့ပဲ ပုံမှန်အတိုင်း ပြန်ပွင့်ပါပြီ Email သုံးတယ် အင်တာနက်လိုင်းသုံးတယ်ဆို ပြန်လုပ်ရတာလွယ်တယ် စမ်းကလိမယ်ဆို ဖုန်းနံပတ်တွေ မှတ်ထား SD Card ကိုတော့ မဖျက်ပါဘူး မြန်မာစာတွေ ဆော့ဝဲတွေကတော့ ပြန်ထည့်ရမှာပါ တခြားနည်းလမ်းတွေ ထပ်ရေးပေးပါ့မယ် . ခုတော့ တိုက်ဆိုင်သူ သုံးဖို့  သူများဖုန်းလုပ်ပေးနေရင်း မျှဝေလိုက်ပါတယ် ။ ပညာရချင် ကိုယ့်ဖုန်းကို Lock ချပြီးစမ်းလိုက်ပါ

No comments:

Post a Comment