Blog Archive

Wednesday, July 27, 2016

အရက်နာကျတာ သက်သာအောင်

အရက်နာကျတာ သက်သာအောင်

တစ်ခါတလေမှာ အသောက် အ စားများသွားလို့ နေမထိ ထိုင်မသာ ဖြစ်ပြီး အရက်နာကျသူတွေ သက်သာစေမယ့်နည်းလမ်း တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ဂေါ်ဖီထုပ်ချဉ်- အချဉ်တည်ထား တဲ့ ဂေါ်ဖီထုပ်ကို စားပေးတာဟာ အရက်နာကျတာကို သက်သာစေတယ်ဆိုရင် အံ့သြကြမလား။ ဟုတ်၊ မဟုတ် စမ်းဖို့အတွက် ဂေါ်ဖီချဉ် အရင်တည်ထားဖို့တော့ လိုပါတယ်။

ကညွတ်- ကညွတ်စားပေးတဲ့အ ခါ အရက်နာကျတဲ့ဒဏ်ကြောင့် ပျို့အန်ချင်တာ၊ ခေါင်းကိုက်တာ နဲ့ အင်အားချည့်နဲ့ ထိုင်းမှိုင်းတာ တွေကို သက်သာစေပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်း- အပြေး လေ့ကျင့်ခန်းယူတာမျိုး၊ ယောဂ ဒါမဟုတ် အေရိုးဗစ်လေ့ကျင့်ခန်း လေးလုပ်ရင် ချွေးများများ ထွက်၊ သွေးလည်ပတ်မှုကောင်းပြီး တက်ကြွလန်းဆန်းအောင် ပြန်လုပ်လို့ ရပါတယ်။
ဂျပန်ဆီးသီးခြောက်- အရက်နာ ကျတာကို အံ့သြလောက်အောင် သက်သာစေတာက ဂျပန်ဆီးသီး ခြောက်ပါတဲ့။

ချင်း-အရက်နာကျပြီး ခေါင်း ကိုက်၊ အော့အန်နေထိုင်မကောင်း သူတွေအတွက် ချင်းက မရှိမဖြစ် တဲ့ အရာပါ။ ချင်းလက်ဖက်ရည် ဒါမှမဟုတ် ချင်းသကြားလုံးလို မျိုး စားပေးနိုင်ပါတယ်။
သစ်သီးဖျော်ရည်-လိမ္မော်သီး ဖျော်ရည် ဒါမှမဟုတ် ဘယ်အသီး ဖျော်ရည်မဆို အရက်နာကျတာ သက်သာစေပြီး အထူးသဖြင့် ဗီတာမင်စီများများပါတဲ့ အသီး ဖျော်ရည်တွေက ပိုပြီးမြန်မြန် သက်သာစေပါတယ်။

ကိုကာကိုလာ-ရေခဲပြီး ရှတတ ကိုကာကိုလာကို သောက်ပေး တဲ့အခါ ခေါင်းကိုက်တာတွေနဲ့ ကတုန်ကယင်ဖြစ်တာတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။
ဝက်ပေါင်ခြောက်နဲ့ ကြက်ဥ- အ စားနဲ့ ကုစားချင်တယ်ဆိုရင်တော့ ၀က်ပေါင်ခြောက်လေးနဲ့ ကြက်ဥ စားပေးတာဟာ အကောင်းဆုံး နည်းလမ်းလို့ သိရပါတယ်။

ခရမ်းချဉ်သီးဖျော်ရည်-ခရမ်းချဉ် သီးဖျော်ရည်ထဲကို စပျစ်သီးရှလ  ကာရည်လက်ဖက်ရည် ဇွန်းသုံးဇွန်း၊ သံပရည်အနည်းငယ်၊ ဆားအနည်းငယ်နဲ့ ငရုတ်ကောင်းမှုန့် လေး ခပ်သောက်တဲ့အခါ မြန်မြန် သက်သာစေတယ်လို့ ဆိုပါတယ်။

ရေ-အကုန်အကျ အနည်းဆုံး ကု စားနည်းကတော့ ရေများများ သောက်တာပါပဲ။ ရေဓာတ်ပြည့်ဝ အောင် လုပ်ဆောင်ခြင်းဖြင့် ခန္ဓာ ကိုယ်ထဲက မလိုအပ်တဲ့ အဆိပ် အတောက်တွေကို ဖယ်ရှားပေး လို့ပဲ ဖြစ်ပါတယ်။
-Ref: healthypanda
http://www.7daydaily.com/story/56292
Visit website

***သင်ဝယ်ယူထားသော iDevices တွင် သင်မသိဘဲ iCloud Security ပါဝင်နေခြင်းကို မသိဘဲ Version မြှင့်မိပါက ကျပ် ၂ သိန်း မှ ကျပ် ၄ သိန်းခွဲအထိ ကုန်ကျနိုင်ပါတယ်။***

***သင်ဝယ်ယူထားသော iDevices တွင် သင်မသိဘဲ iCloud Security ပါဝင်နေခြင်းကို မသိဘဲ Version မြှင့်မိပါက ကျပ် ၂ သိန်း မှ ကျပ် ၄ သိန်းခွဲအထိ ကုန်ကျနိုင်ပါတယ်။***

သင့်ရဲ့  iPhone, iPad, iPod မှာ iCloud Lock ရှိမရှိ ဘယ်လိုစစ်ဆေးမလဲ။
***********************************************

iDevices (iPhone, iPad, iPod, iWatch) ရဲ့ လုံခြုံရေးအတွက် Apple ကနေ iCloud Security ကို ထည့်သွင်းထားပါတယ်။ iCloud Security ကို မိမိကိုယ်တိုင်ထည့်သွင်းထားပါက လုံခြုံရေးအရ ကောင်းမွန်သော်လည်း မိမိမထည့်သွင်းပါပဲနှင့် မိမိမသိသော အခြား Account တစ်ခုရှိနေပါက  ဖုန်းကို Factory Reset ချခြင်း ၊ Verison မြှင့်ခြင်းများ ပြုလုပ်၍မရနိုင်ပါ။ မစစ်ဆေးမိဘဲ Fimware တင်ခြင်း Version မြှင့်ခြင်းတို့ ပြုလုပ်မိပါက iCloud Lock ကျသွားပြီး သင့်ဖုန်းကို အသုံးပြု၍ ပင်မရနိုင်ပါ။ ထိုအနေအထားတွင် ပြန်လည်အသုံးပြု၍ရအောင် ပြုပြင်နိုင်သော်လည်း လွန်စွာ ကုန်ကျစရိတ်များပါသည်။ သင်၏ Device ပေါ်မူတည်ပြီး ကျပ် ၂ သိန်းမှကျပ် ၄ သိန်းခွဲ အထိ ကျသင့်နိုင်ပါတယ်။  ထိုအနေအထားထိ မရောက်ခင် မိမိ၏ iDevice ကို iCloud Security ထည့်သွင်းထားမထား စစ်ဆေးသင့်ပါသည်။

💡💡 iCloud Security ဆိုသည်မှာ အဘယ်နည်း။

သင်၏ iDevices တွင် iCloud ထည့်သွင်းထားခြင်းဖြင့် သင့်ဖုန်းအတွင်းမှ ဓာတ်ပုံများ၊ ဖိုင်အရွယ်အစားကြီးမားသော သီချင်းများ၊ ဗီဒီယိုများ၊ ဖုန်းနံပါတ်၊ မှတ်စု အစရှိတဲ့ သင့်ဖုန်းနဲ့ ပတ်သတ်တဲ့ ကိုယ်ရေးအချက်အလက်များကို iCloud ပေါ်တွင် သိမ်းဆည်းထားနိုင်ပါသည်။ ထို့အပြင် iCloud၏ အရေးပါသော Find My Phone ဟု ခေါ်သော Feature တစ်ခုလဲ ပါရှိပါသည်။

iCloud ထည့်လိုက်သည်နှင့် တပြိုင်နက် Find My Phone သည်စတင်အလုပ်လုပ်ပါသည်။ Find My Phone ဆိုသည့် နာမည်အတိုင်း မိမိဖုန်း ကျပျောက်ခြင်း ၊ ခိုးယူခံရခြင်းတို့ ဖြစ်ပေါ်ပါက ပျောက်ဆုံးနေသော ဖုန်းကိုခြေရာခံနိုင်ခြင်း၊ အချက်ပေးသံပေးနိုင်ခြင်း၊မိမိ၏ Data များကို အခြားသူလက်အတွင်းသို့ မရောက်အောင် ဖျက်ပစ်နိုင်ခြင်း၊ Lost Mode ပြုလုပ်နိုင်ခြင်းတို့ ကို ပြုလုပ်နိုင်ပါသည်။

💡💡 iCloud Lock  ဆိုသည်မှာ အဘယ်နည်း။

iCloud Lock ဆိုသည်မှာ Find My Phone Activation Lock ကို ဆိုလိုခြင်းဖြစ်ပါသည်။ Find My Phone ကို ဖွင့်လျှက်အနေအထားဖြစ်နေပါက သင်ထည့်ထားသော Apple ID နှင့် Password ကို မသိဘဲ -

✔ ဖုန်းအတွင်းရှိ Data များကို ကြည့်ရှုခြင်း/ ဖျက်ခြင်း မပြုလုပ်နိုင်ပါ။
✔ Find My Phone ကို ပိတ်မပစ်နိုင်ပါ။
✔ သင့်ဖုန်းကို Activate ပြန်လုပ်ပြီး အသုံးပြု ၍ မရနိုင်ပါ။

💡💡 iCoud Lock ရှိမရှိ ဘယ်လိုစစ်ဆေးမလဲ။

🔹 iCloud Lock စစ်ဆေးရန် စစ်ဆေးလိုသောဖုန်း၏ IMEI (သို့) Serial Number ကို အရင်မှတ်သားရပါမယ်။
👉👉 သင့်ဖုန်းရဲ့ ဖုန်းခေါ်တဲ့ Dialer Screen မှာ *#06# ဖြင့် IMEI  နံပါတ်ကို မှတ်သားပါ။  (သို့) ဖုန်း Setting > General > About တွင် IMEI နံပါတ်ဖြစ်စေ ၊ Serial Number ကိုဖြစ်စေ ကူးယူမှတ်သားပါ။

🔹 https://www.icloud.com/activationlock/  သို့ ဝင်ရောက်ပြီး မှတ်သားထားသော IMEI (သို့ ) Serial Number ကို ထည့်သွင်းပါ။

🔹 အောက်ဖက် အကွက်လေးထဲတွင် ဘေးပုံမှ စကားလုံး (၅) လုံးကို ထည့်သွင်းပါ။

🔹 Continue ကို နှိပ်ပါ။

Activation Lock : On ဟု ပေါ်နေပါက iCloud ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။
Activation Lock : Off ဟု ပေါ်နေပါက iCloud ထည့်သွင်းထားခြင်းမရှိပါ။

👉👉ထိုအနေအထားတွင် iCloud တွင် ထည့်သွင်းထားသော Email နှင့် Password ကို မသိပါက သိရှိအောင် ပြုလုပ်နည်းကို ကျွန်တော်တို့၏ MPPG သင်တန်းတွင်   💰💰 သင်တန်းကြေး ၈ သောင်းကျပ် ဖြင့် သင်ကြားပေးလျှက်ရှိပါသည်။
⏳⏳ သင်တန်းကာလ - ၃ နာရီသာ ကြာမြင့်မှာဖြစ်ပါတယ်။
👌👌 မိမိဖုန်းကို မိမိ တစ်ခါ ထဲ ယူဆောင်လာလို့ရပါတယ်။
👍👍 ကိုယ်တိုင် ပြုလုပ်နိုင်သည်အထိ သင်ကြားပေးမှာဖြစ်ပါတယ်။

ဆားဗစ်ပြုပြင်သူမဟုတ်ဘဲ အသုံးပြုသူများကိုယ်တိုင် တက်ရောက် သင်ကြားနိုင်ပါသည်။ 

✔Activate လုပ်မရဘဲ iCloud Lock ကျသည့် အနေအထားဖုန်းများကို ပြုပြင်လိုပါကလဲ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်
==========
MPPG (Mobile Phone Professional Group)
မိုဘိုင်းဖုန်းအမျိုးမျိုးပြုပြင်ရေး နှင့် သင်တန်းကျောင်း
၈၆ လမ်း နှင့် ၃၄ လမ်းထောင့်
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☏ 02- 64572
📱09-960010140
📱09-444004039

Android ဖုန်းနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဘယ်လိုဒေါင်းလုဒ်လုပ်မလဲ

♪ Android ဖုန်းနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဘယ်လိုဒေါင်းလုဒ်လုပ်မလဲ ♫
Pyae Phyo (MMiTD) / 10 hours ago

ယခင်တုန်းက ဒီခေါင်းစဉ်နဲ့ Article တစ်ပုဒ်ကို ရေးပြီးတင်ဖူးပါတယ်။ အဲ့ဒီတုန်းကတင်တဲ့ နည်းလမ်းက TTorrent Lite ကိုအသုံးပြုပြီး၊ Search Engine ကနေတိုက်ရိုက်ရှာဖွေ၊ တိုက်ရိုက်ဒေါင်းလုဒ်ရယူ နိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် ယခုအခါ Ttorrent App က Search Engine ကိုတိုက်ရိုက်ရှာဖွေနိုင်တဲ့ အဆင့်ကို ဖျောက်လိုက်လို့ Search ကိုတိုက်ရိုက်ရှာလို့ မရတော့တာကြောင့် ဒေါင်းတဲ့လူတွေ အခက်တွေ့ကုန်ပါတယ်။ ဒါကြောင့် Search လုပ်လို့မရတာ၊ Torrent Link ကိုထည့်လို့မရတာ စတဲ့ ပြသနာတွေ ကြုံတွေ့လာကြပါတယ်။ ဒါကြောင့် ယခုတော့ ကျွန်တော့်အနေနဲ့ ဒီလိုအခက်အခဲတွေ  တွေ့နေတဲ့သူတွေလည်း ပြေလည်အောင်၊ မသိသေးတဲ့သူတွေလည်း သိရှိအောင် နောက်ထပ် အဆင်အပြေဆုံးဖြစ်နိုင်မယ့် နည်းလမ်းတစ်မျိုးကို တင်ဆက်ပေးလိုက်ပါတယ်။

အရင်ဆုံးသင့်အနေနဲ့ ပြုလုပ်ရမှာက App နှစ်ခုကို ဒေါင်းလုဒ်ပြုလုပ်ရမှာပါ။ ပထမတစ်ခုကတော့ ဒေါင်းလုဒ်လုပ်ရမယ့် Torrent App ဖြစ်တဲ့ Ttorrent ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Search Engine ဖြစ်တဲ့ KickassTorrents တို့ပါပဲ။ ဒီနှစ်ခုလုံးကိုသင့်အနေနဲ့ ဒေါင်းလုဒ်ဆွဲပြီး ရယူဖို့လိုအပ်ပါတယ်။ ကျွန်တော်ကတော့ Play Store အသုံးမပြုပဲ Aptoide App ကိုအသုံးပြုပြီး ဒေါင်းလုဒ်လုပ်ခဲ့တာပါ။ Aptoid App ကိုအသုံးပြုပြီး App တွေဒေါင်းလုဒ်လုပ်ပုံကို သိချင်ရင် ဒီနေရာကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။ ကျွန်တော်ကတော့ စာအရမ်းရှည်သွားမှာစိုးလို့ မပြတော့ပါဘူး။ ဒါကြောင့် Aptoide ရဲ့ Search ဘားမှာ Ttorrent Lite ရယ်၊ KickassTorrents ရယ်ကို ရှာပြီး ဒေါင်းလိုက်ပါ။

ကဲ App နှစ်ခုက သင့်ဖုန်းထဲမှာ အဆင်သင့်ဖြစ်နေပြီဆိုရင်တော့ စတင်ပြီး အလုပ်လုပ်လို့ ရပါပြီ။ အရင်ဆုံး KickassTorrents App ထဲကို ဝင်လိုက်ပါ။ ပြီးရင် အပေါ်မှာရှိတဲ့ မှန်ဘီလူးပုံစံ icon လေးကိုနှိပ်ပြီး သင်ဒေါင်းလုဒ်လုပ်ချင်တဲ့ ဇာတ်ကားနာမည် တစ်ခုခုကို ရိုက်ရှာလိုက်ပါ။ ဇာတ်ကားထွက်တဲ့ခုနှစ်သိရင်လည်း ထည့်ရိုက်ပြီး ရှာနိုင်ပါတယ်။ ကျွန်တော်လည်းတစ်ခုရှာပြထားပါတယ်။ Matt Damon ရဲ့ “The Bourne Ultimatum (2007)” ဇာတ်ကားကို ရှာပြထားပါတယ်။


ရှာလိုက်တော့ ကျလာတဲ့ Resault တွေကိုတွေ့ရမှာပါ။ အောက်ဖက်မှာ ဇာတ်ကားရဲ့ အရွယ်အစားတွေ ပါဝင်ပါတယ်။ သင့်အနေနဲ့ ဇာတ်ကားအရွယ်ပမာဏအဆင်ပြေပြီး ရုပ်ထွက်လည်း အဆင်ပြေစေနိုင်တဲ့ ဇာတ်ကားတစ်ကားကို ရွေးချယ်ရမှာပါ။

1GB ကျော်သွားရင် ဖုန်းဘေလ်ကုန်မယ့်ပမာဏက များလွန်းတာကြောင့် သိပ်အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့်သင့်အနေနဲ့ ဖိုင်ဆိုက် MB ခြောက်ရာက MB ၈ရာကြားပမာဏ၊ ရုပ်ထွက်လည်း 720p လောက်ရှိမယ့် အရည်အသွေး၊ ပမဏ အဆင်ပြေစေနိုင်တဲ့တစ်ခုကို ရွေးချယ်ရမှာပါ။

အပေါ်ဆုံးနေရာတွေမှာ သင့်တော်တဲ့ဇာတ်ကားတွေ တော်တော်များများရှိနေတတ်ပေမယ့် အဆင်ပြေတာမတွေ့သေးရင် အောက်က List တွေပါ ဆွဲပြီး ရှာဖွေရမှာပါ။ ကျွန်တော်ကတော့ အပေါ်ဆုံးမှာတင် ဆိုက် MB ရှစ်ရာကျော်ကျော်နဲ့ အဆင်ပြေနိုင်တဲ့ တစ်ခုကိုတွေ့လိုက်ပါတယ်။

အဲ့ဒါကို နှိပ်ပြီး အထဲကိုဝင်လိုက်ရင် ဖိုင်နဲ့ပတ်သက်တဲ့ အချက်အလက် အသေးစိတ်ကို တွေ့ရမှာပါ။ အောက်ဆုံးထိသွားလိုက်ရင် အောက်မှာ Torrent Link, Magnet Link စတဲ့ လုပ်ဆောင်ချက်တွေတွေ့ ရမှာပါ။ Magnet Link ကိုနှိပ်လိုက်ပါ။ Link ကို Copy ဆွဲလိုက်ကြောင်း စာသားတစ်ခုပြပါလိမ့်မယ်။

ဒါဆိုရင် KickassTorrents App ထဲက အပြီးထွက်လိုက်လို့ရပါပြီ။ ပြီးရင် TTorrent ထဲကို ဝင်လိုက်ပါ။ အထဲရောက်ရင် အပေါ်ပိုင်းမှာ တွေ့ရတဲ့ သံလိုက်ပုံစံ icon လေးနှိပ်လိုက်ပါ။

ဒါဆိုရင် သင့်ကို ခုနကကူးခဲ့တဲ့ Torrent ရဲ့ Magnet Link ကို ဖော်ပြပေးထားမှာဖြစ်ပြီး Download ကိုနှိပ်လိုက်ပါ။

ဒါဆိုရင်တော့ ခုနကကျွန်တော် ရွေးချယ်ခဲ့တဲ့ ဖိုင်ဆိုက် MB ရှစ်ရာကျော်ရှိတဲ့ The Bourne Ultimatum ဇာတ်ကားကို ဒေါင်းလုဒ်လုပ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ သင့်အနေနဲ့ အဲ့ဒီအထဲကိုဝင်ပြီး ဖိုင်ရဲ့ အသေးစိတ်အချက်အလက်၊ ဘယ်လောက်ဒေါင်းပြီးသွားတယ်၊ ဘယ်လောက်လိုသေးတယ်၊ စတာတွေအပြင် ဒေါင်းနေတာကို ရပ်ထားချင်တယ်ဆိုလဲ ရပ်ထားလို့ရနိုင်ပါတယ်။

ကဲဒီလောက်ဆိုရင် သင့်အနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ဘယ်လိုမျိုးဒေါင်းလုဒ်လုပ်နိုင်တယ်ဆိုတာကို သိလောက်ပါပြီ။ သတိထားရမှာက သင့်အနေနဲ့ ဇာတ်ကားဒေါင်းလုဒ်လုပ်နေချိန်မှာ ဘက်ထရီစားတာကြောင့် ဒေါင်းလုဒ်ချနေတုန်း ဘက်ထရီမဒေါင်းသွားအောင် ဘက်ထရီအပြည့်ဖြည့်ထားဖို့ လိုအပ်ပါတယ်။ ဖုန်းဘေလ်လည်းစားနိုင်တာကြောင့် ဖုန်းဘေလ်လည်းအပြည့်ဖြည့်ထားဖို့လိုပါတယ်။ အဆင်ပြေရင်ညကျမှ Telenor ရဲ့ စူပါဇီးကွက်၊ MPT ရဲ့ Night Time Data စတဲ့ Package တွေနဲ့ ဒေါင်းကြပေါ့ဗျာ။ Wi-Fi ရတဲ့နေရာဆိုရင်တော့ အကောင်းဆုံးပေါ့။ သင့်အနေနဲ့ Pcloud ကိုအသုံးပြုပြီး ဒေါင်းလုဒ်လုပ်ချင်တဲ့ နည်းကိုသိချင်တယ် ဆိုရင်တော့ ဒီလင့်ကိုကလစ်လုပ်ပြီး ကြည့်ရှုနိုင်ပါတယ်။

Credit to ==> Digital Times

<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



www.pyaephyo.com
Visit website

" မင်မိုရီကတ်နှင့် သတိပြုစရာများ "

" မင်မိုရီကတ်နှင့် သတိပြုစရာများ "

အရင်တုန်းက မင်မိုရီကတ်တွေကို ဒစ်ဂျစ်တယ်ကင်မရာထဲထည့်ပြီး သုံးခဲ့ကြပါတယ်။ မိုဘိုင်းဖုန်းခေတ်ရောက်လာတော့ စမတ်ဖုန်းနဲ့ တက်ဘလက်တွေထဲ မင်မိုရီကတ်ကို မဖြစ်မနေ ထည့်သုံးလာကြရပါတယ်။ မင်မိုရီကတ်တွေကို အခုအချိန်မှာ တစ်သက်တာ warranty နဲ့ ရောင်းလာပါတယ်။ ဒါဖြင့် အဲဒီကတ်တွေက တစ်သက်လုံးခံသလားလို့ မေးစရာရှိတယ်။ မခံပါဘူး။ မကြာခဏ အသွင်းအထုတ်လုပ်ရင် မင်မိုရီကတ်က ငုတ်ကလေးတွေစားပြီး အထဲက data တွေ ဖတ်လို့မရတော့တဲ့ ပြဿနာရှိပါတယ်။ သူတင်မကဘဲ ဖုန်းထဲ၊ တက်ဘလက်ထဲက card reader ငုတ်ကလေးတွေပါစားပြီး ကတ်မသိတာမျိုး ဖြစ်နိုင်ပါသေးတယ်။ ဒါ့အပြင် မင်မိုရီကတ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့မသိသေးတဲ့ ပြဿနာအတော်များများလည်း ရှိပါသေးတယ်။ ဘာတွေလည်း ... ။

1. ကတ်ထဲက ဖိုင်တွေကို ကူးနေတုန်းမှာ Property loss warming ပေါ်ခြင်း။
ကွန်ပျူတာထဲက content တွေကို မင်မိုရီကတ်ထဲကူးတဲ့အခါ တစ်ခါတလေ property loss ဆိုတဲ့ သတိပေး message ပေါ်တတ်ပါတယ်။ ဘာကြောင့်ပေါ်ရတာလည်းဆိုရင် hard drive နဲ့ မင်မိုရီကတ်ကို format ချထားတဲ့ပုံစံခြင်း မတူလို့ဖြစ်ပါတယ်။ တခြား device တွေနဲ့ တွဲဖက်သုံးစွဲနိုင်မှု (Compatibility) အဆင်ပြေစေဖို့အတွက် မင်မိုရီကတ်တွေကို FAT 32 ဆိုတဲ့ ဖိုင်စနစ်ဟောင်းသုံးပြီး format ချလေ့ရှိပါတယ်။ တကယ်လို့ pre-formatted ဆိုရင်လည်း FAT 32 ကိုပဲ သုံးတာများပါတယ်။

ဒါပေမဲ့ Windows စနစ်သုံး hard drive တွေမှာ Windows XP လောက်မှာကတည်းက NTFS ကို သုံးတာရှိလာပါတယ်။ Windows 7 လောက်သုံးလာချိန်မှာ Hard drive အများစုကို လုံခြုံရေးပိုကောင်းတဲ့ NTFS စနစ်နဲ့ format ချလာပါတယ်။ NTFS ဟာ FAT 32 ထက်စာရင် meta data တွေကို ပိုပြီးလည်း သိုလှောင်နိုင်ပါတယ်။ ဒါကြောင့် data တွေကို NTFS ကနေ FAT 32 ထဲကိုပို့ပြီး သိုလှောင်ရင် တချို့သော data တွေ ဆုံးရှုံးသွားနိုင်တယ်ဆိုပြီး လာသတိပေးတာဖြစ်ပါတယ်။

မင်မိုရီကတ်တွေကို NTFS စနစ်နဲ့ပြောင်းပြီး format အသစ်ရိုက်လို့ ရပါတယ်။ ဒါပေမဲ့ ဒစ်ဂျစ်တယ်ကင်မရာတွေ၊ တခြားသော device တွေနဲ့ တွဲဖက်အလုပ်လုပ်နိုင်စွမ်း ကင်းမဲ့သွားပါလိမ့်မယ်။ ဒါကြောင့် ကွန်ပျူတာထဲက ဖိုင်တွေကို မင်မိုရီကတ်ထဲ ကူးနေတုန်းမှာ Warming message ပေါ်လာခဲ့ရင် ဟုတ်ကဲ့ သိပါတယ်ဆိုပြီး Yes ကို နှိပ်ပေးလိုက်ပါ။ Copy လုပ်တဲ့လုပ်ငန်းစဉ်ကို ဆက်ပြီး လုပ်သွားပါလိမ့်မယ်။ Format စနစ်မတူတဲ့အတွက် ဘယ်လို meta data တွေ ဆုံးရှုံးသွားသလဲဆိုတာ သိချင်ရင် မူရင်းဖိုင်ပေါ်မှာ ညာကလစ်ထောက်ပါ။ ပြီးရင် ပေါ်လာတဲ့အကွက်ထဲက properties ကို ရွေးပါ။ ပြီးရင် မင်မိုရီကတ်ထဲ ရောက်သွားတဲ့ဖိုင်ကိုလည်း အလားတူလုပ်ပါ။ ဖိုင်အရွယ်အစားကိုယှဉ်ကြည့်ပြီး meta data ဘယ်လောက် ဆုံးရှုံးသွားသလဲဆိုတာ သိနိုင်ဖို့ဖြစ်ပါတယ်။ ဓာတ်ပုံတွေကို PC ထဲကနေ ကူးယူတဲ့အခါမျိုးမှာ meta data နဲ့ပတ်သက်ပြီး အကျိုးသက်ရောက်မှု မရှိပါဘူး။ တခြားဖိုင်အမျိုးအစားတွေကို ကူးယူတဲ့အခါမျိုးမှာသာ meta data တချို့ ဆုံးရှုံးနိုင်ပါတယ်။

2. Auto Play Box ပေါ်မလာတော့ဘဲနေခြင်း။
ကွန်ပျူတာမှာ မင်မိုရီကတ်ပဲထိုးထိုး၊ မင်မိုရီစတစ်ပဲထိုးထိုး Auto Play Box မလွဲမသွေပေါ်ရပါမယ်။ USB Security ခံထားရင်တောင် Auto Play Box ပေါ်ပါတယ်။ တကယ်လို့များ မင်မိုရီကတ်ထိုးစိုက်ရဲ့သားနဲ့ Windows ထဲမှာ အဲဒီ box လာပြီး မပြတော့ဘူးဆိုရင် control panel ကို ဖွင့်ပါ။ Hardware and sound ဆိုတဲ့အကန့်ကို ဆက်ဖွင့်ပါ။ အဲဒီလိုဖွင့်လိုက်ရင် Auto Play ကို တွေ့လာရပါမယ်။ Use Auto Play for all media and devices ဘေးက ဘေးမှာအမှန်ခြစ် ရှိ မရှိ သေချာအောင်ကြည့်ပါ။ မရှိရင် ကလစ်နှိပ်ပြီး အမှန်ခြစ်ပေါ်အောင် လုပ်ပေးပါ။ ပြီးရင် dropdown menu ကို ကလစ်နှိပ်ခေါ်ပြီး decide what windows should do with the various media types(discs) မှာလုပ်သင့်တာ တစ်ခုခုရွေးပေးပါ။

နောက်တစ်ခုလုပ်လို့ရတာက Hardward and sound အကန့်ထဲမှာပဲ အောက်ဖက်အထိဆင်းသွားပြီး Reset all defaults ကို ရွေးပါ။ ပြီးရင် save ကို ကလစ်နှိပ်ပါ။ Windows 10 မှာဖြင့် အရင်ပေါ်နေကျ Auto Play box ပေါ်မလာတော့ပါဘူး။ အဲဒီ box အစား screen ရဲ့ အောက်ဖက် ညာဖက်ထောင့်မှာ notification box သေးသေးလေးပေါ်ပါမယ်။ အဲဒီ notification ကို ကလစ်နှိပ်ပြီး option တွေ ကြည့်နိုင်ပါတယ်။ Notification ပေါ်ပြီး ခဏအတွင်း အမြန်အဆန် ကလစ်နှိပ်ဖို့ လိုပါတယ်။ ဘာမှမလုပ်ဘဲထားရင် လေးငါးစက္ကန့်အကြာမှာ notification box သူ့ဘာသာ ပျောက်သွားပါမယ်။

3. မင်မိုရီစတစ်ထဲကို Copy ကူးလို့မရတဲ့ ပြဿနာ၊ Save လုပ်လို့မရတဲ့ ပြဿနာ ရှိခြင်း။
မင်မိုရီကတ်ထဲ ဘာမှကူးထည့်လို့မရဘူးဆိုရင် ကတ်ပျက်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကတ်မှာရှိတဲ့ write protect mode ကိုလည်း တစ်ချက်စစ်ကြည့်ဖို့ ကောင်းပါတယ်။ မင်မိုရီကတ်တွေရဲ့ ဘေးဖက်မှာ write protect switch လေးရှိတယ်။ မင်မိုရီကတ်ထဲက data တွေ မပျက်အောင် ယာယီထိန်းထားဖို့ သုံးပါတယ်။ များသောအားဖြင့် အဲဒီခလုတ်လေးရှိမှန်း လူတွေက သတိမထားမိတာ များပါတယ်။ ခလုတ်ကို အောက်ဖက်ဆွဲချထားတဲ့အနေအထားက Write protect on ထားပါတယ်။ ကတ်ထဲကို ဘာမှ copy ကူးလို့မရ save လို့ မရပါဘူး။ ခလုတ်လေးအောက်ဖက်ရောက်နေရင် အပေါ်ဖက်ကို တွန်းရွှေ့ပေးလိုက်ပါ။ Write protect off ဖြစ်သွားပါမယ်။ မင်မိုရီကတ်ထဲမှာ copy နဲ့ save လုပ်ငန်းစဉ်တွေ ပြန်လုပ်လို့ရလာပါမယ်။ ဒီပြဿနာ နောက်ထပ်မပေါ်ချင်ရင် ခလုတ်လေးကို အပေါ်တွန်းပို့ပြီး သူ့အောက်ဘက်မှာ ဆယ်လိုတိတ်သေးသေးပတ်ပြီး အောက်ဖက်ကို ဆွဲချလို့မရအောင် လုပ်ပေးလိုက်ပါ။

4. ကူးလိုက်သမျှ ဖိုင်အသစ်တွေမှာ အင်္ဂါချို့ယွင်းမှုရှိနေခြင်း။
အင်္ဂါချို့ယွင်းမှုရှိတယ် (corrupted) ဆိုတဲ့အခြေအနေကို ဖိုင်တွေမှာ တွေ့နိုင်သလို Optical disc တွေ၊ မင်မိုရီကတ်တွေ၊ မင်မိုရီစတစ်တွေမှာလည်း တွေ့နိုင်ပါတယ်။ သိုလှောင်ရေးပစ္စည်းတွေမှာ corrupted ဆိုရင် ဘာဖိုင်မှ ကြည့်လို့မမြင်ရတော့ပါဘူး။ တကယ်လို့ ဖိုင်တစ်ဖိုင်ကို corrupted လို့လာပြရင် အဲဒီဖိုင်ကို ဖွင့်လို့မရတော့ပါဘူး။ ဓာတ်ပုံဖိုင်တစ်ဖိုင် corrupted ဆိုရင် ဖိုင်ကယ်တင်ရေး saftware နဲ့ ဖွင့်ရင်တောင် ပုံတစ်စိတ်တစ်ပိုင်းပဲ မြင်ရပါမယ်။ မင်မိုရီကတ်ပေါ် ကူးတင်လိုက်တဲ့ ဖိုင်အသစ်တွေ ဘာကြောင့် corrupted ဖြစ်ရတယ်ဆိုတာ ခိုင်လုံတဲ့အကြောင်း မရှိပါဘူး။ များသောအားဖြင့် data ၀င်ဆန့်မှုကို လိမ်ပြီးပြထားတဲ့ မင်မိုရီကတ်တွေမှာ ဖြစ်လေ့ရှိပါတယ်။ ဥပမာ - 2GB ၀င်ဆန့်တဲ့ကတ်ကို 4GB လို့ ပြထားတာမျိုးပေါ့။

ဒီလို မင်မိုရီကတ်အလိမ်ထိရင် ပထမပိုင်းကူးထည့်သမျှဖိုင်တွေဟာ အဆင်ပြေနေပါမယ်။ Windows ကတောင်မှ လိမ်ပြီးပြထားတဲ့ capacity အတိုင်း လိုက်ပြနိုင်ပါသေးတယ်။ ဒါပေမဲ့ ကတ်တဖြည်းဖြည်း ပြည့်လာတာနဲ့အမျှ ပြဿနာတွေ တဖြည်းဖြည်းတက်လာပါမယ်။ ဆိုကြပါစို့ 1GB ပဲရှိတဲ့ကတ်ကို 32GB လို့ပြထားမယ်ဆိုရင် 1GB မပြည့်ခင်အထိ အလုပ်လုပ်တာ အားလုံးအိုကေပါမယ်။ 1GB လည်း ပြည့်ပြီးဆိုရော ကူးထည့်သမျှ ဖိုင်တွေကို corrupted လိုလားပြီး ပြပါမယ်။ ကံဆိုးတာကတော့ အင်ထုထားတဲ့ မင်မိုရီကတ်တွေကို ပြန်ပြီးပြုပြင်နိုင်တဲ့နည်းလမ်း မရှိတာပါ။ ဒါကြောင့် ၀ယ်တဲ့အခါမှာ နာမည်ကောင်းရှိတဲ့ vendor ပစ္စည်းအရည်အသွေးကောင်းတဲ့ vendor ဆီက ၀ယ်သင့်ပါတယ်။ ကိုယ့် data တွေ မဆုံးအောင် corrupted file လို့ပြနေတဲ့ မင်မိုရီကတ်ထဲက data တွေကို ရသမျှပြန်ပြီး ဆယ်တင် (recover) လုပ်ထားသင့်ပါတယ်။

နောင်စိုး (ထားဝယ်)
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်ပေါ်နိုင်သော ကျန်းမာရေးထိခိုက်မှုများ

ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်ပေါ်နိုင်သော ကျန်းမာရေးထိခိုက်မှုများ

ခရမ်းလွန်ရောင်ခြည်ပမာဏ အနည်းငယ်နှင့် ထိတွေ့ခြင်းမှာ လူများအတွက် အကျိုးကျေးဇူးရှိပြီး ဗီတာမင်ဒီထုတ်လုပ်ရာတွင် အရေးပါ သည့် ရောင်ခြည်ဖြစ်သည်။ ထို့ပြင် ခရမ်းလွန်ရောင်ခြည်ကို ဗီတာ မင်ဒီချို့တဲ့၍ဖြစ်သည့် ကလေးအရိုးပျော့ရောဂါ၊ psoriasis ဟုခေါ် သည့် အရေပြားရောဂါ၊ နှင်းခူနှင့် အသားဝါရောဂါတို့အပါအဝင် ရောဂါများစွာကို ကုသရာတွင် အသုံးပြုသည်။

သို့သော် ခရမ်းလွန်ရောင်ခြည်တွင် ကောင်းကျိုးများရှိသကဲ့သို့ ဆိုးကျိုးများလည်းရှိသည်။ နေရောင်ခြည်တွင် ပါဝင်သော ခရမ်းလွန်ရောင်ခြည်နှင့် အချိန်ကြာမြင့်စွာ ထိတွေ့ခြင်းကြောင့် အရေပြား၊ မျက်စိနှင့် ကိုယ်ခံအားစနစ်တို့တွင် ပြင်းထန်သော ကျန်းမာရေးထိ ခိုက်မှုများကို အချိန်ကြာမြင့်စွာ ခံစားရနိုင်သည်။
ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုလွန်ကဲသောကြောင့် ဖြစ် ပေါ်မှုအများဆုံး လက္ခဏာတစ်ခုသည် နေလောင်ခြင်းဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ခရမ်းလွန်ရောင်ခြည်က အရေပြားပေါ်ရှိ ဆဲလ်များ၌ သေဆုံးစေသော ပြောင်းလဲမှုများ ဖြစ်ပေါ်စေ သည်။ တစ်သျှူးအမျှင်များ၊ သွေးကြောများတွင် ဆဲလ်သေဆုံးမှုများ ဖြစ်ပေါ်စေသောကြောင့် အရွယ်မတိုင်မီ အရေပြားအိုမင်းရင့် ရော်ခြင်းဖြစ်ပေါ်စေသည်။
နောက်ထပ် ရေရှည်ထိခိုက်နိုင်မှုတစ်ခုမှာ မျက်စိရောင်ရမ်းခြင်း ဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်နှင့် လွန်ကဲစွာ ထိတွေ့မှုကြောင့် အဖြစ်အများဆုံးရောဂါမှာ အရေပြားကင်ဆာနှင့် မျက်စိတိမ်စွဲခြင်း တို့ဖြစ်သည်။

နှစ်စဉ် မပြင်းထန်သော အရေပြားကင်ဆာဖြစ်ပွားမှု လူနှစ်သန်းနှင့် သုံးသန်းကြားရှိသော်လည်း အသက်သေဆုံးမှုမှာ ကြုံတောင့်ကြုံ ခဲကိစ္စဖြစ်ကာ ခွဲစိတ်ကုသမှုဖြင့် ကင်ဆာဖြစ်နေသော အရေပြားများကို ဖယ်ရှားနိုင်သည်။

ကမ္ဘာတစ်ဝန်း တစ်နှစ်လျှင် ပြင်းထန်သော အရေပြားကင်ဆာ ဖြစ်ပွားသူ ၁၃၀,၀၀၀ ခန့်ရှိသဖြင့် အသားဖြူသူများကြား အသက် သေဆုံးမှုနှုန်း ပိုများလာရသည်။ အရေပြားကင်ဆာကြောင့် နှစ်စဉ် သေဆုံးမှု ၆၆,၀၀၀ ခန့်ရှိကြောင်း သိရသည်။ ကမ္ဘာတစ်ဝန်း လူပေါင်း၁၂ သန်းမှ ၁၅ သန်းခန့်သည် မျက်စိတိမ်စွဲခြင်းကြောင့် နှစ်စဉ် မျက် စိကွယ်နေရပြီး ယင်းမှာ နေရောင်ခြည် ထိတွေ့မှုနှင့် ၂၀ ရာခိုင်နှုန်းသက်ဆိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ခန့်မှန်းထား သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများစွာသည် အီကွေတာနှင့် နီးကပ်စွာ တည်ရှိ သောကြောင့် ယင်းနိုင်ငံများတွင် မြင့်မားသည့် ခရမ်းလွန်ရောင်ခြည် နှင့် လူအများထိတွေ့နေရသည်။ နေရောင်ခြည်နှင့် လွန်ကဲစွာ ထိတွေ့မှုနှင့်ပတ်သက်၍ အသားဖြူသူများသာ စိုးရိမ်စရာလိုသည်ဆို ခြင်းမှာ လူပြောများသော လွဲမှားသည့် ယူဆချက်တစ်ခုဖြစ်သည်။

အသားမည်းသူများသည် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ပိုခံနိုင် ရည်ရှိပြီး အသားမည်းသူများအကြား အရေပြားကင်ဆာဖြစ်ပွားမှု ပိုနည်းသည်။
သို့သော်လည်း အသားမည်းသူများ အရေပြားကင်ဆာဖြစ်နိုင် ပြီး နောက်ကျပြီးမှ စစ်ဆေးတွေ့ရှိလေ့ရှိကာ အလွန်အန္တရာယ်များ သည့် အခြေအနေရောက်မှသာ စစ်ဆေးတွေ့ရှိလေ့ရှိသည်။
ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်ရန် အရေပြားကို အများဆုံး ဖုံးအုပ်နိုင်သော အဝတ်အစားများဝတ်ဆင်ကာ ဦးထုပ်ဆောင်းခြင်း နှင့် မျက်စိများကို ကာကွယ်ရန် မျက်မှန်တပ်ခြင်းတို့ ပြုလုပ်ပြီး အရိပ်ရသည့် နေရာတွင် နေထိုင်ပါ။ ထို့ပြင် နေပူခံလိမ်းဆေး လိမ်းပေးနိုင် သည်။
—Ref: Wikipedia

http://www.7daydaily.com/story/59497
Visit website