Blog Archive

Monday, January 9, 2017

*မျက်ကြည်လွှာလှူဒါန်းလိုသူများ

*မျက်ကြည်လွှာလှူဒါန်းလိုသူများ

ဓာတ်ပုံ ၁ ပုံ
အသိသက်သေ ၁ ဦး လိုအပ်ပါတယ်

မျက်စိဘဏ်မှာ ရုံးချိန်အတွင်းလှူဒါန်းနိုင်ပါတယ်

သေဆုံးပြီး ၄ နာရီအတွင်း မိသားစုဝင်များမှမျက်စိဘဏ်ကိုဆက်သွယ်ရပါမယ်
တာဝန်ရှိသူများမှလာရောက်ယူဆောင်သွားပါလိမ့်မယ်

*dead body လှူချင်သူများ

ဓာတ်ပုံ ၂ ပုံ
မိသားစုဝင် ၁ ဦး
အသိသက်သေ ၁ ဦး လိုအပ်ပါတယ်

ဆေးတက္ကသိုလ် ၂ (သို့) ၁ မှာ ရုံးချိန်အတွင်း သွားရောက်လှူဒါန်းနိုင်ပါတယ်

ဆေးတက္ကသိုလ် ၂ မှာ လှူဒါန်းပါက ချက်ခြင်းစာရင်းသွင်းပေးပြီး
သက်သေမှတ်တမ်းလွှာပြန်လည်ရရှိပါတယ်
ဆေးတက္ကသိုလ် ၁ မှာ လှူဒါန်းပါက လျှောက်လွှာ ၃ စောင်ဖြည့်ပြီးတင်ရပါမယ်
၃ ပတ်အကြာမှာ ကာယကံရှင်ကိုယ်တိုင်သွားရောက်ထုတ်ယူရပါမယ်
အရိုးအထူးကုဆေးရုံမှာတော့ အဆောင်အသစ်ဆောက်လုပ်နေပြီး
စက်ပစ္စည်းမပြည့်စုံသေးတာမို့ dead body အလှူလက်ခံမှုကိုရပ်ဆိုင်းထားပါတယ်

လှူထားတယ်ဆိုပေမဲ့
သေဆုံးချိန်မှာသတ်မှတ်ချက်တွေနဲ့မကိုက်ညီရင်
accident / cancer / ကူးစက်ရောဂါတွေနဲ့သေဆုံးတဲ့
dead body တွေဆိုလှူလို့မရနိုင်ပါဘူး

လှူလို့ရခဲ့ရင် သေဆုံးချိန်မှာ
-death certificate (သေဆုံးကြောင်းလက်မှတ်)
-death body donation acknowledgement (လှူဒါန်းထားတဲ့သက်သေစာရွက်)
-ရပ်ကွက်ထောက်ခံစာ
-သင်္ချိုင်းလက်မှတ်/သဂြိုလ်ခွင့်လက်မှတ် နှင့်အတူ
သေဆုံးပြီး ၂၄ နာရီအတွင်း လှူဒါန်းထားတဲ့နေရာကိုအရောက်ပို့ပေးရမှာပါ
အကယ်၍ ရုံးချိန်ပြင်ပ/ အစိုးရရုံးပိတ်ရက် မှာသေဆုံးခဲ့ပါက
နီးစပ်ရာရေခဲတိုက်မှာထားပြီး ရုံးဖွင့်ရက်ရောက်မှသွားပြန်သယ်ပြီးပို့ရမှာပါ
ဒါတွေအားလုံး မိသားစုဝင်တွေကဆောင်ရွက်ပေးရမှာမို့
ပါရမီဖြည့်ဖို့ရာ မိသားစုဝင်တွေအကူအညီလိုအပ်ပါတယ်
ရေခြားမြေခြားမှာသေဆုံးခဲ့ရင် ပြန်ပို့ဖို့အခက်အခဲရှိရင်
မိသားစုဝင်တွေရဲ့ဆန္ဒအရ သဂြိုလ်ခွင့်ရှိပါတယ်

သေဆုံးချိန်မှာကိုယ့်အတွက်အသုံးမလိုတော့တဲ့ခန္ဓာကိုယ်က
တခြားအတွက်အထောက်အပံ့ဖြစ်စေဖို့ရည်ရွယ်တာပါ
ပညာရေးအတွက်လည်းတကယ်လိုအပ်လို့
အလှူရှင်များကိုအားလုံးကအလေးထားကျေးဇူးတင်နေမှာပါတဲ့

သိသလောက်လေးပြောပြပေးတာပါ
ပြည့်စုံစွာသိလိုပါက မျက်စိဘဏ် နှင့်
ဆေးတက္ကသိုလ် ခန္ဓာဗေဒ ဌာနမှာ သွားရောက်စုံစမ်းနိုင်ပါတယ်ရှင့်
🙏🏻🙏🏻🙏🏻

#maythetkhine