Blog Archive

Tuesday, January 17, 2017

သုမှတ်​စု သိမှတ်​ဖွယ်​ရာများ

လူမျိုး ၁၀၁ပါး
***********
၁။ မြန်မာ၇မျိုး
၂။ တလိုင်း ၄မျိုး
၃။ ရှမ်း ၃၀ မျိုး
၎။ ကုလား ၆၀ မျိုး

လက်ထပ်ခြင်း ၂မျိုး
*****************
၁။ အာဝါဟ - ယောက်ျားကလေး၏ အိမ်တွင် မင်္ဂလာဆောင်ခြင်း။
၂။ ဝိဝါဟ - မိန်းကလေး၏ အိမ်တွင် မင်္ဂလာဆောင်ခြင်း။

၃၇
***
-ဓားရေး ၃၇မျိုး
-မြင်းခင်း ၃၇မျိုး
-ရကင်းသံ ၃၇ချင်း
-အတွင်းနတ် ၃၇ မင်း
-အပြင်နတ် ၃၇ မင်း
-တူရိယာ ၃၇ပါး
-ကျွန် ၃၇ပါး
-ဗောဓိပက္ခိယတရား ၃၇ပါး
-လှေလှော်ခြင်းတက်ရေး ၃၇မျိုး
-သီချင်းသံရေး ၃၇ ချင်း (ဥပမာ
သပြေလားသံ၊ ဘီလူးမစည်သံ၊ မျောက်မင်းညည်းသံစသည်)

အူမကြီးကင်ဆာကို အုန်းဆီက အပြတ်တိုက်နိုင်သတဲ့...

အူမကြီးကင်ဆာကို အုန်းဆီက အပြတ်တိုက်နိုင်သတဲ့...

လေ့လာတွေ့ရှိချက်များအရ လူတွေမှာအဖြစ်များလေ့ရှိတဲ့ ကင်ဆာရောဂါများထဲမှာ အူမကြီးကင်ဆာလည်း တစ်ခုအပါအဝင်ဖြစ်ပြီး အမျိုးသားအမျိုးသမီးမရွှေး ဖြစ်ပွားလေ့ရှိပါတယ်။

ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ ရောဂါဆိုးကြီးကို ခေတ်မှီဆေးဝါးများနဲ့ ကုသနေပေမယ့်လည်း ထိရောက်တဲ့သက်သာမှုတွေတော့ ဖြစ်မလာနိုင်သေးပါဘူး။ ဒါပေမယ့် ထူးထူးခြားခြား အုန်းဆီကရရှိတဲ့ အာနိသင်တစ်ခုဟာ အူမကြီးကင်ဆာကို တိုက်ခိုက်နိုင်စွမ်းရှိကြောင်း တွေ့ရှိလာခဲ့ရပါတယ်။

အုန်းဆီတွေမှာပါဝင်တဲ့ Lauric အက်ဆစ်ဓါတ်ဟာ အူမကြီးကင်ဆာရောဂါကို နှစ်ရက်အတွင်းမှာ ၉၃% လောက်အထိ ဖျက်ဆီးစေနိုင်စွမ်းရှိကြောင်း သြစတြေးလျတက္ကသိုလ်မှ လေ့လာသူများက သိရှိ
ခဲ့ရတာဖြစ်ပါတယ်။Lauricအက်ဆစ်ဓါတ်ဟာ၄၈နာရီအတွင်းကင်ဆာဆဲလ်တွေကိုအကုန်နီးပါးချေ
မှုန်းနိုင်ပြီး ကင်ဆာဆဲလ်ကို အဓိကဖြစ်ပွားစေနိုင်တဲ့ Glutathione ကို သိသာထင်ရှားစွာ
လျော့ချပေးနိုင်ပါတယ်။

ဒီလို အုန်းဆီတွေမှာ ပါဝင်နေတဲ့ Lauric အက်ဆစ်ဓါတ်ဟာမိခင်နို့ရည်တွေထဲမှာလည်းပါရှိနေတတ်ပြီး ကိုယ်ခံအားနည်းတဲ့ ရောဂါလက္ခဏများကို တိုက်ထုတ်နိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။

အုန်းဆီကိုအသုံးပြုပြီး အူမကြီးကင်ဆာသာမက ဆီးချိုရောဂါ ၊ အရိုးပွရောဂါနဲ့ အသဲရောင်ရောဂါတို့ကို ကုသကာကွယ်ပေးနိုင်ပါသေးတယ်။ အုန်းဆီကြောင့် ကင်ဆာရောဂါဝေဒနာရှင်များ ခံစားရလေ့ရှိတဲ့ ဓာတုကုထုံးရဲ့ဘေးထွက်ဆိုးကျိုးများကို လျော့ပါးစေနိုင်ကြောင်း လေ့လာမှုများအရ သိရှိခဲ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin

ဝန်​ချ​တောင်းပန်​ခြင်းဖြင့်​ အပြစ်​​ပြေ​ပျောက်​ မ​ပျောက်

"ဝန်​ချ​တောင်းပန်​ခြင်းဖြင့်​ အပြစ်​​ပြေ​ပျောက်​ မ​ပျောက်
      ဘုရား၊တရား၊သံဃာဟုဆိုအပ်​​သော ရတနာသုံးပါးနှင့်​ မိဘ၊ဆရာ၊ဘိုးဘွား၊အသက်​ကြီးသူ၊ဂုဏ်​ကြီးသူတို့
အ​ပေါ်၌ ပြစ်​မှားမိ​သော သာမာန်​အပြစ်​​တွေမှာ ပြစ်​မှားခံရသူ၏ ​ရှေ့၌လည်း​ကောင်း၊ ထိုသူမရှိ​တော့လျှင်​ ထိုသူ
၏ သချိင်္ုင်းသို့သွား၍လည်း​ကောင်း၊ ထိုသို့မသွားနိုင်​လျှင်​ ဘုရားထံ၊ သံဃာများထံ၌လည်း​ကောင်း ​နောင်​တရသ
ဖြင့်​ စိတ်​ပါလက်​ပါ မာန်​မာန ​လျော့ချ၍ ကန်​​တော့ခြင်းမှန်​လျှင်​ ​ပြေ​ပျောက်​နိုင်​၏ ။
      ဂရုကံဟု ဆိုအပ်​​သော အဖသတ်​ခြင်း၊ အမိသတိခြင်း၊ ရဟန္တာသတ်​ခြင်း၊ ဘုရားသခင်​အား ​သွေးစိမ်းတည်
အောင်​ပြုခြင်း၊သံဃာသင်းခွဲခြင်း၊ အပြစ်​ကြီးတို့သည်​ ​ပြေ​ပျောက်​သွားခြင်းမရှိ​ပေ။
(သို့​သော်​ သက်​သာမှု (​လျော့မှု) ​တော့ရနိုင်​သည်​။
ဆရာ​တော်​ဘန္ဒန္တ ပညာသာရ၏ တရား​တော်​မှ 👏👏👏
:-) :-) :-)