Blog Archive

Tuesday, January 17, 2017

အူမကြီးကင်ဆာကို အုန်းဆီက အပြတ်တိုက်နိုင်သတဲ့...

အူမကြီးကင်ဆာကို အုန်းဆီက အပြတ်တိုက်နိုင်သတဲ့...

လေ့လာတွေ့ရှိချက်များအရ လူတွေမှာအဖြစ်များလေ့ရှိတဲ့ ကင်ဆာရောဂါများထဲမှာ အူမကြီးကင်ဆာလည်း တစ်ခုအပါအဝင်ဖြစ်ပြီး အမျိုးသားအမျိုးသမီးမရွှေး ဖြစ်ပွားလေ့ရှိပါတယ်။

ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ ရောဂါဆိုးကြီးကို ခေတ်မှီဆေးဝါးများနဲ့ ကုသနေပေမယ့်လည်း ထိရောက်တဲ့သက်သာမှုတွေတော့ ဖြစ်မလာနိုင်သေးပါဘူး။ ဒါပေမယ့် ထူးထူးခြားခြား အုန်းဆီကရရှိတဲ့ အာနိသင်တစ်ခုဟာ အူမကြီးကင်ဆာကို တိုက်ခိုက်နိုင်စွမ်းရှိကြောင်း တွေ့ရှိလာခဲ့ရပါတယ်။

အုန်းဆီတွေမှာပါဝင်တဲ့ Lauric အက်ဆစ်ဓါတ်ဟာ အူမကြီးကင်ဆာရောဂါကို နှစ်ရက်အတွင်းမှာ ၉၃% လောက်အထိ ဖျက်ဆီးစေနိုင်စွမ်းရှိကြောင်း သြစတြေးလျတက္ကသိုလ်မှ လေ့လာသူများက သိရှိ
ခဲ့ရတာဖြစ်ပါတယ်။Lauricအက်ဆစ်ဓါတ်ဟာ၄၈နာရီအတွင်းကင်ဆာဆဲလ်တွေကိုအကုန်နီးပါးချေ
မှုန်းနိုင်ပြီး ကင်ဆာဆဲလ်ကို အဓိကဖြစ်ပွားစေနိုင်တဲ့ Glutathione ကို သိသာထင်ရှားစွာ
လျော့ချပေးနိုင်ပါတယ်။

ဒီလို အုန်းဆီတွေမှာ ပါဝင်နေတဲ့ Lauric အက်ဆစ်ဓါတ်ဟာမိခင်နို့ရည်တွေထဲမှာလည်းပါရှိနေတတ်ပြီး ကိုယ်ခံအားနည်းတဲ့ ရောဂါလက္ခဏများကို တိုက်ထုတ်နိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။

အုန်းဆီကိုအသုံးပြုပြီး အူမကြီးကင်ဆာသာမက ဆီးချိုရောဂါ ၊ အရိုးပွရောဂါနဲ့ အသဲရောင်ရောဂါတို့ကို ကုသကာကွယ်ပေးနိုင်ပါသေးတယ်။ အုန်းဆီကြောင့် ကင်ဆာရောဂါဝေဒနာရှင်များ ခံစားရလေ့ရှိတဲ့ ဓာတုကုထုံးရဲ့ဘေးထွက်ဆိုးကျိုးများကို လျော့ပါးစေနိုင်ကြောင်း လေ့လာမှုများအရ သိရှိခဲ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin

No comments:

Post a Comment