Blog Archive
Tuesday, December 27, 2016
နှလုံးသွေးကြောကျဉ်းအတွက် ဆေးနည်း
နှလုံးသွေးကြောကျဉ်းအတွက် ဆေးနည်း
ကျွန်တော်နှလုံးရောဂါပြင်းထန်စွာ ခံစားရချိန် ကျွန်တော်နေထိုင်ရာ ပုသိမ်မြို့  ရှိ ပုသိမ်ဆေးရုံကြီးနှင့် ဇီဝကအထူးကု
ဆေးခန်းတို့ တွင် တက်ရောက်ကုသခဲ့ရာ
ဆေးစစ်ချက်အရ နှလုံးသွေးကြော
သုံးချောင်းကျဉ်းနေပြီး တစ်ချောင်းမှာ
ကောင်းစွာ အလုပ်မလုပ်တော့သောကြောင့်
နှလုံးစက် ထည့်ရမည့်အခြေနေ
ဖြစ်ခဲ့ပါသည်။
ထိုအချိန်တွင် မိတ်ဆွေတစ်ယောက်မှ
ကျွန်တော့်လို ခွဲစိပ်ခါနီး လူနာတစ်ဦး
မခွဲစိပ်ရပဲ သက်သာပျောက်ကင်းသွား
သည်ဆိုသောဆေးနည်းကို ပေးသဖြင့်
ရန်ကုန်၌ ဆေးကုသခံရန် ပြင်ဆင်နေချိန်တွင်
ခုနှစ်ရက်မျှ ဆက်တိုက်သောက်ခဲ့ပါသည်။
ထို့ နောက် ရန်ကုန်အာရှတော်ဝင်
အထူးကုဆေးခန်းတွင် သွားရောက်စမ်းသပ်ရာ နှလုံးသွေးကြောပိတ်ဆို့ မှုများ
မရှိတော့ပဲ အကောင်းပကတိဖြစ်နေကြောင်း
အံ့သြဖွယ်တွေ့ရှိရပါသည်။
ဆရာမကြီးမှာ ပုသိမ်မှဆေးစစ်ချက်များကိုကြည့်၍
မယုံနိုင်ဖြစ်ကာ သေချာစေရန်
မဟာမြိုင် အထူးကုဆေးခန်း၌ 24နာရီစက်ဖြင့်
ထပ်မံစမ်းသပ်ရာ နှလုံးသွေးကြောများ
ပုံမှန်ကောင်းမွန်နေကြောင်း
သေချာသွားတော့သည်။
ကျွန်တော်ခံစားနေရသော ရင်ဘတ်အောင့်ခြင်းနှင့်
ဘယ်ဘက်လက်မောင်း ကိုက်ခြင်းဝေဒနာများလည်း
ပျောက်ကင်းသွားပါသည်။
ထို့ ကြောင့် ကျွန်တော့်လို
နှလုံးသွေးကြောကျဉ်းဝေဒနာ ခံစားနေရသူများအတွက်
စေတနာရှေ့ ထား၍ ကျွန်တော့်ကိုယ်တွေ့ ဆေးနည်းကို
ပြန်လည်မျှဝေပေးလိုက်ပါသည်။
ဆေးနည်းမှာ -
၁- ကြွက်နားရွက်မှို ၂ကျပ်ခွဲသား
၂- တရုတ်ဇီးသီး ၅လုံး
၃- ချင်း(ဂျင်း)တက် လက်တစ်ဆစ်ခန့် 
၎- ဆားအနည်းငယ်တို့ကို ရေ ၆ ဖန်ခွက်ကို
၂ခွက်ကျန်အောင်ကျိုပြီး မနက်တစ်ခွက်
ညတစ်ခွက်သောက်ရုံပင်ဖြစ်ပါသည်။
ဆေးနည်းပေးသူ မိတ်ဆွေအား
ကျေးဇူးအထူးတင်ပါသည်။
Credit to Ko Sai
ဘလောက်ဂါသမားများတွက်နည်းပညာအပိုင်းစ
ဘလောက်ဂါသမားများတွက်နည်းပညာအပိုင်းစ
ဘလောက်ဂါများအတွက် အသုံးတည့်မှာလေးတွေ
သူငယ်ချင်းတို့ရေ
မဟာဂုရုကြီးတွေတော့မပါဘူးပေါ့ ကိုယ့်လို ဘလောက်ဂါပိစိကွေးတွေ အတွက် ဘလောက်မှာလိုတာလေးတွေလုပ်ဖို့ ရှာဖွေတွေ့တာလေးတွေ ပေးလိုက်တယ် သုံးကြည့်အဆင်မပြေတော့လည်း မေတ္တာပို့ကြပေါ့
စာတမ်းတွေပြေးခိုင်းမလား ဒစ္စကိုကခိုင်းမလား Codes လိုချင်ရင် ဒီကိုသွားပါ
HTML ထဲမှာဖြစ်ဖြစ် Gadget ထဲမှာဖြစ်ဖြစ်လိုအပ်တဲ့ ကာလာ Codes ကိုယူမှာရယ် မကျေနပ်လို့ ကိုယ်ကြိုတ်တဲ့အရောင် ကိုယ်စပ်ချင်တာရော ဒီကိုသွားလိုက်ပါ
ဘလောက်မှာ Player ကို icon လေးနှင့် အလန်းလေးလုပ်ချင်ရင် ဒီကိုသွားပါ
နောက်ထပ် သုံးလို့ကောင်းတယ် သီချင်းတွေ ဗွီဒီယိုတွေ ဓါတ်ပုံတွေကို အကောင့်ဖွင့်ပြီး တင်လို့ရတယ် player နှင့် Embed codes ပါရတယ် Free storage ပါပေးတာလိုရင် ဒီကိုသွားပါ
ခဏခဏ ဘလောက်ကို လူအ၀တ်လဲသလို Template လဲတက်တဲ့ သူငယ်ချင်းများ ဒီကိုသွားလိုက်ပါမကြိုတ်သေးရင် နောက်ထပ်သွားမွှေရမှာက ဒီမှာပါ
အလံတွေ ရုပ်ပုံတွေ Animations အဖြစ်အဆင်သင့် Free လိုချင်ရင် ဒီကိုသွားလိုက်ပါ
ထပ်ရှာချင်ရင် ဒီမှာ
ကီးတွေဘာတွေကို ဘာညာသာရကာလုပ်ခြင်ရင် သဘောကောင်းတဲ့ Hacking ပညာရှင်တယောက်လုပ်ထားတဲ့ နေရာလေးတခုက ဒီမှာပါ
ပရုပ်ဆီ လိမ်းချင်လဲ ဒီကိုသွားလိုက်ပါ အခြင်းခြင်း လိုက်မဆဲကြေးနော် :P
အားလုံးကိုခင်လျှက် အွန်လိုင်းပေါ်မှ လိုက်ဖွယင်း ပြန်လည်ဝေမျှလိုက်ပါတယ်။ကိုဂေါ်လီ
ကိုဂေါ်လီရဲ့  http://mixgawli.blogspot.com ပို့ စ်တင်ပြချိန် 7/25/2012 07:45:00 am
Visit website
Android ဖုန်းနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဘယ်လိုဒေါင်းလုဒ်လုပ်မလဲ
♪ Android ဖုန်းနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဘယ်လိုဒေါင်းလုဒ်လုပ်မလဲ ♫
Pyae Phyo (MMiTD) / 10 hours ago
ယခင်တုန်းက ဒီခေါင်းစဉ်နဲ့ Article တစ်ပုဒ်ကို ရေးပြီးတင်ဖူးပါတယ်။ အဲ့ဒီတုန်းကတင်တဲ့ နည်းလမ်းက TTorrent Lite ကိုအသုံးပြုပြီး၊ Search Engine ကနေတိုက်ရိုက်ရှာဖွေ၊ တိုက်ရိုက်ဒေါင်းလုဒ်ရယူ နိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် ယခုအခါ Ttorrent App က Search Engine ကိုတိုက်ရိုက်ရှာဖွေနိုင်တဲ့ အဆင့်ကို ဖျောက်လိုက်လို့ Search ကိုတိုက်ရိုက်ရှာလို့ မရတော့တာကြောင့် ဒေါင်းတဲ့လူတွေ အခက်တွေ့ကုန်ပါတယ်။ ဒါကြောင့် Search လုပ်လို့မရတာ၊ Torrent Link ကိုထည့်လို့မရတာ စတဲ့ ပြသနာတွေ ကြုံတွေ့လာကြပါတယ်။ ဒါကြောင့် ယခုတော့ ကျွန်တော့်အနေနဲ့ ဒီလိုအခက်အခဲတွေ  တွေ့နေတဲ့သူတွေလည်း ပြေလည်အောင်၊ မသိသေးတဲ့သူတွေလည်း သိရှိအောင် နောက်ထပ် အဆင်အပြေဆုံးဖြစ်နိုင်မယ့် နည်းလမ်းတစ်မျိုးကို တင်ဆက်ပေးလိုက်ပါတယ်။
အရင်ဆုံးသင့်အနေနဲ့ ပြုလုပ်ရမှာက App နှစ်ခုကို ဒေါင်းလုဒ်ပြုလုပ်ရမှာပါ။ ပထမတစ်ခုကတော့ ဒေါင်းလုဒ်လုပ်ရမယ့် Torrent App ဖြစ်တဲ့ Ttorrent ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Search Engine ဖြစ်တဲ့ KickassTorrents တို့ပါပဲ။ ဒီနှစ်ခုလုံးကိုသင့်အနေနဲ့ ဒေါင်းလုဒ်ဆွဲပြီး ရယူဖို့လိုအပ်ပါတယ်။ ကျွန်တော်ကတော့ Play Store အသုံးမပြုပဲ Aptoide App ကိုအသုံးပြုပြီး ဒေါင်းလုဒ်လုပ်ခဲ့တာပါ။ Aptoid App ကိုအသုံးပြုပြီး App တွေဒေါင်းလုဒ်လုပ်ပုံကို သိချင်ရင် ဒီနေရာကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။ ကျွန်တော်ကတော့ စာအရမ်းရှည်သွားမှာစိုးလို့ မပြတော့ပါဘူး။ ဒါကြောင့် Aptoide ရဲ့ Search ဘားမှာ Ttorrent Lite ရယ်၊ KickassTorrents ရယ်ကို ရှာပြီး ဒေါင်းလိုက်ပါ။
ကဲ App နှစ်ခုက သင့်ဖုန်းထဲမှာ အဆင်သင့်ဖြစ်နေပြီဆိုရင်တော့ စတင်ပြီး အလုပ်လုပ်လို့ ရပါပြီ။ အရင်ဆုံး KickassTorrents App ထဲကို ဝင်လိုက်ပါ။ ပြီးရင် အပေါ်မှာရှိတဲ့ မှန်ဘီလူးပုံစံ icon လေးကိုနှိပ်ပြီး သင်ဒေါင်းလုဒ်လုပ်ချင်တဲ့ ဇာတ်ကားနာမည် တစ်ခုခုကို ရိုက်ရှာလိုက်ပါ။ ဇာတ်ကားထွက်တဲ့ခုနှစ်သိရင်လည်း ထည့်ရိုက်ပြီး ရှာနိုင်ပါတယ်။ ကျွန်တော်လည်းတစ်ခုရှာပြထားပါတယ်။ Matt Damon ရဲ့ “The Bourne Ultimatum (2007)” ဇာတ်ကားကို ရှာပြထားပါတယ်။
ရှာလိုက်တော့ ကျလာတဲ့ Resault တွေကိုတွေ့ရမှာပါ။ အောက်ဖက်မှာ ဇာတ်ကားရဲ့ အရွယ်အစားတွေ ပါဝင်ပါတယ်။ သင့်အနေနဲ့ ဇာတ်ကားအရွယ်ပမာဏအဆင်ပြေပြီး ရုပ်ထွက်လည်း အဆင်ပြေစေနိုင်တဲ့ ဇာတ်ကားတစ်ကားကို ရွေးချယ်ရမှာပါ။
1GB ကျော်သွားရင် ဖုန်းဘေလ်ကုန်မယ့်ပမာဏက များလွန်းတာကြောင့် သိပ်အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့်သင့်အနေနဲ့ ဖိုင်ဆိုက် MB ခြောက်ရာက MB ၈ရာကြားပမာဏ၊ ရုပ်ထွက်လည်း 720p လောက်ရှိမယ့် အရည်အသွေး၊ ပမဏ အဆင်ပြေစေနိုင်တဲ့တစ်ခုကို ရွေးချယ်ရမှာပါ။
အပေါ်ဆုံးနေရာတွေမှာ သင့်တော်တဲ့ဇာတ်ကားတွေ တော်တော်များများရှိနေတတ်ပေမယ့် အဆင်ပြေတာမတွေ့သေးရင် အောက်က List တွေပါ ဆွဲပြီး ရှာဖွေရမှာပါ။ ကျွန်တော်ကတော့ အပေါ်ဆုံးမှာတင် ဆိုက် MB ရှစ်ရာကျော်ကျော်နဲ့ အဆင်ပြေနိုင်တဲ့ တစ်ခုကိုတွေ့လိုက်ပါတယ်။
အဲ့ဒါကို နှိပ်ပြီး အထဲကိုဝင်လိုက်ရင် ဖိုင်နဲ့ပတ်သက်တဲ့ အချက်အလက် အသေးစိတ်ကို တွေ့ရမှာပါ။ အောက်ဆုံးထိသွားလိုက်ရင် အောက်မှာ Torrent Link, Magnet Link စတဲ့ လုပ်ဆောင်ချက်တွေတွေ့ ရမှာပါ။ Magnet Link ကိုနှိပ်လိုက်ပါ။ Link ကို Copy ဆွဲလိုက်ကြောင်း စာသားတစ်ခုပြပါလိမ့်မယ်။
ဒါဆိုရင် KickassTorrents App ထဲက အပြီးထွက်လိုက်လို့ရပါပြီ။ ပြီးရင် TTorrent ထဲကို ဝင်လိုက်ပါ။ အထဲရောက်ရင် အပေါ်ပိုင်းမှာ တွေ့ရတဲ့ သံလိုက်ပုံစံ icon လေးနှိပ်လိုက်ပါ။
ဒါဆိုရင် သင့်ကို ခုနကကူးခဲ့တဲ့ Torrent ရဲ့ Magnet Link ကို ဖော်ပြပေးထားမှာဖြစ်ပြီး Download ကိုနှိပ်လိုက်ပါ။
ဒါဆိုရင်တော့ ခုနကကျွန်တော် ရွေးချယ်ခဲ့တဲ့ ဖိုင်ဆိုက် MB ရှစ်ရာကျော်ရှိတဲ့ The Bourne Ultimatum ဇာတ်ကားကို ဒေါင်းလုဒ်လုပ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ သင့်အနေနဲ့ အဲ့ဒီအထဲကိုဝင်ပြီး ဖိုင်ရဲ့ အသေးစိတ်အချက်အလက်၊ ဘယ်လောက်ဒေါင်းပြီးသွားတယ်၊ ဘယ်လောက်လိုသေးတယ်၊ စတာတွေအပြင် ဒေါင်းနေတာကို ရပ်ထားချင်တယ်ဆိုလဲ ရပ်ထားလို့ရနိုင်ပါတယ်။
ကဲဒီလောက်ဆိုရင် သင့်အနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ဘယ်လိုမျိုးဒေါင်းလုဒ်လုပ်နိုင်တယ်ဆိုတာကို သိလောက်ပါပြီ။ သတိထားရမှာက သင့်အနေနဲ့ ဇာတ်ကားဒေါင်းလုဒ်လုပ်နေချိန်မှာ ဘက်ထရီစားတာကြောင့် ဒေါင်းလုဒ်ချနေတုန်း ဘက်ထရီမဒေါင်းသွားအောင် ဘက်ထရီအပြည့်ဖြည့်ထားဖို့ လိုအပ်ပါတယ်။ ဖုန်းဘေလ်လည်းစားနိုင်တာကြောင့် ဖုန်းဘေလ်လည်းအပြည့်ဖြည့်ထားဖို့လိုပါတယ်။ အဆင်ပြေရင်ညကျမှ Telenor ရဲ့ စူပါဇီးကွက်၊ MPT ရဲ့ Night Time Data စတဲ့ Package တွေနဲ့ ဒေါင်းကြပေါ့ဗျာ။ Wi-Fi ရတဲ့နေရာဆိုရင်တော့ အကောင်းဆုံးပေါ့။ သင့်အနေနဲ့ Pcloud ကိုအသုံးပြုပြီး ဒေါင်းလုဒ်လုပ်ချင်တဲ့ နည်းကိုသိချင်တယ် ဆိုရင်တော့ ဒီလင့်ကိုကလစ်လုပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
Credit to ==> Digital Times
<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
www.pyaephyo.com
Visit website
Formalin – ဖော်မလင်အ​ကြောင်း
Formalin – ဖော်မလင်အ​ကြောင်း
မင်္ဂလာပါဆရာ၊ ကျနော်က ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်က့ ပါ၊ ခုတလော နာမည်ကြီးနေသည့် မုန့်ဟင်းခါး၊ ပဲပြားတို့တွင် Formarlin ဆိုသော ဓာတုများ အသုံးပြုကြသည်ဟု ဆိုကြပါသည်။ ထို ဓာတုက လူသေကို ကြာရှည် မပုပ်အောင်လည်း အသုံးပြုကြသည်ဟု ကြားဖူးပါသည်။ ထို့ကြောင့် ဆရာ့အနေဖြင့် ထို formarlin ဆိုသည့် ဓာတုဗေဒ နှင့်ပတ်သက်၍ မည်သို့သော ဆိုးကျိုးများဖြစ်နိုင်သည်ကို ဗဟုသုတရစေရန်အလို့ငှါ မျဝေပေးစေလိုပါသည်။ ကျေးဇူးတင်လျက်။
ဖော်မလင် ဆိုတာ Formaldehyde (CH2O) (ဖော်မယ်လ်ဒီဟိုဒ်) ကိုရောထားတဲ့ ဆေးရည် ဖြစ်တယ်။ လူသေအလောင်းတွေ။ အင်္ဂါအစိတ်အပိုင်းနမူနာတွေကို မပုပ်အောင် ဆေးစိမ်တာမှာ သုံးတယ်။ ပိုးသေဆေးအနေနဲ့လဲ အပျော့စားကို သုံးနိုင်တယ်။ ပဲပြား၊ နွားနို့နဲ့ ချက်နို့ဆီတွေမှာ ဖော်မလင် ထည့်ကြတယ်။
စားစရာတွေမှာသုံးတဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးစတာတွေကိုတော့ လူသိများပါတယ်။ စားသောက်ကုန်တွေကို ရောင်းပန်းလှအောင် (ဖလေဗာ) ကိုလည်းထည့်ကြတယ်။ အရသာအတွက် အချိုမှုန့် အလွန်အကျွံထည့်တယ်၊ အချိုကဲစေဘို့ ဆေးသကြားကို သုံးတယ်၊ အကြော်တွေကို ကြွပ်ရွနေစေဖို့ ပလတ်စတစ်ရေသန့်ဘူးခွံ၊ (ပီဗွီစီ) ပလတ်စတစ်တွေ ထည့်ကြော်ကြတယ်။
အရောင်၊ အနံ့၊ အရသာ ပိုကောင်းအောင်၊ ဓာတုပစ္စည်းတွေကို ထည့်သုံးလာကြတယ်။ ဝက်အူချောင်း၊ ကြက်အူချောင်းတို့ကို ယမ်းစိမ်းနဲ့ နီအောင်လုပ်တယ်။ လက်ဖက်ကို ချည်ထည်ဆိုးဆေး အိုရာမင်အိုနဲ့ စိမ်းဝါဝါအရောင် ဖြစ်စေတယ်။ ပုစွန်ကို ဆပ်ပြာရည်ဖျော်ပြီး စိမ်တယ်။ မဲနယ်ဆိုးတယ်။ လိမ္မော်သီးအခွံပေါ်မှာ အညိုကွက်ဖြစ်နေရင် Citrus Red No.2 ကို ဖျန်းပေးပြီး ရောင်းတယ်။ ငှက်ပျောသီး၊ သရက်သီး၊ ထောပတ်သီးစတဲ့ သစ်သီးတွေကို မှည့်နေသလို ဖြစ်အောင် အက်သလင်းဓာတ်ငွေ့ ဖျန်းတယ်။ မျှစ်၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်နဲ့ ငရုတ်သီးမှုန့်တွေနဲ့ အထားခံသစ်သီးတွေ၊ ငါးနဲ့ ပုစွန်အသားပြားလွှာတွေမှာ Rhodamine B ခေါ် ချည်ထည်ဆိုးဆေး၊ လက်ဖက်ခြောက်၊ ခရမ်းချဉ်သီးဆော့စ်မှာ Orange II ထည့်တယ်။ ကင်ဆာဖြစ်တဲ့အထိ အန္တရာယ်ပေးနိုင်တယ်။
အရက်ချက်တဲ့အခါ ဖားပြုတ်၊ ဖိနပ်တာယာ ထည့်တယ်။ အချဉ်ဖောက်မြန်စေရန်ဖို့ ပိုးမွှားတွေကနေ (စိုင်းယနိုက်) အဖြစ်ပြောင်းပေးနိုင်တဲ့ ဓာတ်မြေသြဇာ၊ သေစေနိုင်တဲ့ (အင်ဒရင်း) ပိုးသတ်ဆေး၊ ဆေးရွက်ကြီး ထည့်ချက်ကြတယ်။ ငါးပိလုပ်ရာမှာ ငါးအရိုးဆွေးမြန်စေဖို့ ဓာတ်မြေသြဇာထည့်တယ်။
(ဖော်မယ်လ်ဒီဟိုဒ်)က သက်ရှိတိုင်းအတွက်အဆိပ် ဖြစ်ပါတယ်။ (ဖော်မယ်လ်ဒီဟိုဒ်) ၃၇ ရာခိုင်နှုန်းကို ၃၀ အမ်အယ်လ် ၁ အောင်စ မျိုချမိရင် သေစေနိုင်တယ်။ အစာလမ်းကို လောင်စေနိုင်တယ်။ အလာဂျီ ရနိုင်တယ်။ ကင်ဆာဖြစ်စေနိုင်တဲ့သီအိုရီက ၁၉၇၈ ကတည်းက ရှိခဲ့တာပါ။ အသက်ရှုလမ်းအပေါ်ပိုင်းကင်ဆာ ဖြစ်စေနိုင်တယ်။ လုပ်ငန်းခွင်တွေမှာ သုံးလို့ လေထု အဆိပ်သင့်တယ်။ ၀ ဒသမ ၁ ပီပီအမ်ထက်များရင် မျက်စိနဲ့ အရေပြားအပါးစားတွေကို နေမထိ ဖြစ်စေတယ်၊ ခေါင်းကိုက်မယ်။ လည်ချောင်းနာမယ်။ အသက်ရှု ခက်မယ်။ အနံ့ကနေ ကလေးတွေမှာ ပန်းနာ ဖြစ်စေတယ်။
၁၅-၆-၂ဝ၁၃ နေ့က ဘင်္ဂလားဒေ့ရှ်သတင်းစာတစောင်မှာ သစ်သီးထဲပါ ဖော်မလင်က လူတွေကို သေစေနိုင်တယ်လို့ သတင်းဆောင်းပါးတပုဒ်ပါတယ်။ အသက်ရှုလမ်း၊ အစာလမ်း၊ နှလုံးနဲ့ အာရုံကြောတွေကို ထိခိုက်စေတယ်။ ကင်ဆာအထိ ဖြစ်နိုင်တယ်လို့ ရေးထားတယ်။ (ဖော်မလင်) က ၀ ဒသမ ၀၅ ပီပီအမ် ရှိတာနဲ့ အနံ့ ရတယ်။ ၀ ဒသမ ၃ ပီပီအမ်ထက် ကျော်ရင် မျက်စိ၊ နှာခေါင်းနဲ့ လည်ချောင်းကို သက်ရောက်တယ်။ ခဏခဏတွေ့ပြီး ၅ – ၃၀ ပီပီအမ် ကျော်ရင် ပန်းနာ ဖြစ်နိုင်တယ်။ အရေပြား အလာဂျီဖြစ်မယ်။ သွေးအားနည်းတာဖြစ်နိုင်တယ်။ ကိုယ်ဝန်ပျက်တာလည်း ဖြစ်နိုင်တယ်။ (ဖော်မလင်) ပါနေတဲ့ အသီးတွေက သဘာဝအတိုင်း မှည့်လာသလို ထင်ရတယ်။ အသီးကလည်း မာတင်းတင်းရှိတယ်။ အရောင်တော့ နည်းနည်းမွဲတယ်။ အင်းဆက်ကောင်တွေ အနားမကပ်ချင်ဘူး။ အသီးတွေ၊ နွားနို့နဲ့ တချို့အစားအသောက်တွေ အထားခံအောင်သုံးတယ်။ ၉-၆-၂ဝ၁၄ နေ့သတင်းအရ အသီး ၈၂ မျိုးထဲမှာ ၄ဝ ရာခိုင်နှုန်း ပိုးသတ်ဆေး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အသီး + နွားနို့နဲ့ ငါးတွေမှာ တွေ့တာပါ။ ရှိသင့်တာထက် အဆ ၂ဝ ပိုနေတယ်။ ၁၄-၈-၂ဝ၁၄ နေ့ကလည်း ဒါကာ ထရီဗျူးသတင်းစာမှာ ဈေးချိုတဲ့ ဖော်မလင်စမ်းနည်းလို့ပါတယ်။ ဆေးရည် ၂ မျိုးသုံးရတယ်။ ဒါပေမယ့် တချို့ပညာရှင်တွေက တိကျမှုအတွက် သံသယရှိတယ်။
(ဖော်မယ်လ်ဒီဟိုဒ်) ကို သစ်သား၊ စက္ကူ၊ အထည်အလိပ်စက်ရုံတွေမှာ သုံးတယ်။ စက်တွေက ထွက်တဲ့ (အိတ်ဇော) ငွေ့ထဲမှာလည်းပါနေတယ်။ နည်းနည်းလေးသာဝင်ယုံနဲ့တော့ ဒုက္ခမပေးပါ။ (ဖော်မယ်လ်ဒီဟိုဒ်) ကို အစားအသောက် လုပ်ငန်းတွေမှာ သုံးလာကြတယ်။ ဟင်းသီးဟင်းရွက်၊ အသားငါး၊ ပင်လယ်စာ၊ မှိုခြောက်။ အဲတာကိုသုံးထားတဲ့ အစားအစာထဲမှာ တွေ့တာကို (TMAO) ဓာတ်လို့ခေါ်တယ်။ သူ့အလိုလိုလည်း ရှိနေတယ်။
ပန်းသီး = 6.3-22.3
ငှက်ပျောသီး = 16.3
ဂေါ်ဖီထုပ် = 26.9
သစ်တော်သီး = 38.7-60
မှိုခြောက် = 100-406 / 6-54.4
အမဲသား၊ ဝက်သား၊ ဆိတ်သား = 2.5-20
ပင်လယ်စာ = 4.6-34, 6.8, 1-98
အဲတာတွေကို ပုံမှန်သာ စားလို့ရောဂါ မရစေပါ။ ဒီဓာတ်က ရေမှာ ပျော်ဝင်လို့ မစားခင် ပိုက်ကနေကျနေတဲ့ရေနဲ့ ကောင်းကောင်းဆေးသင့်တယ်။ ချက်ပြုတ်ရာမှာ အပူချိန် 75°C ထက်ကျော်သင့်တယ်။
ကျနော်ရေးတာတွေက မီဒီယာကြိုက်မယ့်၊ လူတွေစိတ်ဝင်စားတဲ့ တစ္ဆေဇာတ်လမ်းမပါ။ အစစ်တွေ ချည်းသာ။ ဖြဲမခြောက်ပါ။
ဒေါက်တာတင့်ဆွေ / DVB
၇-၇-၂ဝ၁၆
Visit website
ဘုရားအနေကဇာ မတင်ဘဲ ကိုးကွယ်လို့ ရ မရ
ဘုရားအနေကဇာ မတင်ဘဲ ကိုးကွယ်လို့ ရ မရ
           ဘုရား ဆင်းတုတွေ ကို တစ်ချို့က အနေကဇာတင်မှ အသက် ဝင်တယ် အနေကဇာမတင်ရင် အသက် မဝင်ဘူး လို့ပြောကြသလို တစ်ချို့က အနေကဇာတင်မှ ဘုရားဖြစ်တာ အနေကဇာမတင်ဘဲ ကိုးကွယ်ရင် ကုသိုလ်မရဘူးလို့လဲ ပြောကြပါတယ် ။ တစ်ချို့က အနေကဇာမတင်ဘဲ မကိုးကွယ်ကောင်းဘူးလို့လဲ ယူဆကြ ပါသေးတယ် ။
.     .ယ္ခု အယူအဆတွေက မှားပါတယ် တကယ်တော့ အနေကဇာတင်တယ် ဆိုတာ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တွေ ကျေးဇူးတော်တွေကို အောက်မေ့ ရွတ်ဖတ် ပူဇော်ခြင်း အမှတ်ရခြင်း ပြုတဲ့ သဘောမျိုးပါ ။ စေတီတော် ဆင်းတု တော်တွေကို ထပ်မံမွန်းမံခြင်းလို့လဲ ဆိုနိုင် ပါတယ် ။ အနေကဇာတင်တော့ အနေကဇာတိ စတဲ့ ဗုဒ္ဓ ကြုံးဝါးခဲ့တဲ့ ဂါထာတော်တွေကို ကြားနာခွင့်ရတယ် ။ ဗုဒ္ဓ ဆင်ခြင်သုံးသပ်ခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ်ကို နာခွင့်ရတယ် ။ ရဟန်းတော်တွေကို လှူဒါန်း ကုသိုလ်ပြုခွင့်ရတယ်  အစရှိ သဖြင့် ဆိုင်ရာ အကျိုးတွေ ရပါတယ် ။
.     .ဒါပေမဲ့ အဲဒီလို အနေကဇာ တင်ခြင်းကြောင့် စေတီ ရုပ်ထုတွေက အသက်ဝင်လာတာတော့ မဟုတ်ပါဘူး ။ ဗုဒ္ဓဘာသာတွေကလဲ အဲဒီ ရုပ်ထုတွေကို ကိုးကွယ်နေတာ မဟုတ်ရပါဘူး ။ ဗုဒ္ဓ၏ ဂုဏ်တော်တွေကို ကိုးကွယ်တာပါ ။ စေတီ ရုပ်ထု ဆိုတာက ဗုဒ္ဓ၏ ဂုဏ်တော်တွေကို အာရုံပြုလို့ လွယ်ကူအောင် အထောက်ပံ့ ပြုတဲ့ အရာမျှသာ ဖြစ်ကြပါတယ် ။ စေတီ ဆင်းတုတော်တွေကို ဖူးမျှော်ပြီး ဗုဒ္ဓ၏ ဂုဏ်တော် ကျေးဇူးတော်တွေကို အာရုံပြုကြ ပူဇော်ကြရပါတယ် ။ ရှေ့မှာ ရှိနေတဲ့ စေတီ ဆင်းတုတော်တွေကို ပူဇော်နေကြတာ မဟုတ်ပါဘူး ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးဖြစ်တဲ့ မြတ်စွာဘုရားရှင်၏ ကျေးဇူးတော် အနန္တ ဂုဏ်တော် အနန္တကို ပူဇော်နေကြတာပါ။
      မိမိစိတ်က ဗုဒ္ဓ၏ ဂုဏ်တော်တွေကို ရည်မှတ်ဖို့သာ အဓိက ကျတာဖြစ်ပါတယ် စေတီ ဆင်းတုတွေက အဓိက မကျပါဘူး သာမညမျှသာ ဖြစ်ကြပါတယ် ။ ဒါကြောင့် မိမိ အနေနဲ့ ဗုဒ္ဓ၏ဂုဏ်တော်တွေကို ရည်မှတ်ရရင် အနေကဇာ တင်တင် မတင်တင် ကိုးကွယ်လို့ ရပါတယ် ။ မြတ်ဗုဒ္ဓအား မိမိ၏ ကြည်ညိုမှု သဒ္ဓါ ထက်သန်သလောက် အကျိုးထူးရရှိမှာသာ ဖြစ်ပါတယ် သူတော်ကောင်းတို့ ။
.     .စာဖတ်သူ ဓမ္မမိတ်ဆွေ အပေါင်းသူတော်ကောင်းတို့ အားလုံး မြတ်ဗုဒ္ဓ၏ ကျေးဇူးတော် ဂုဏ်တော် အနန္တတွေကို ထက်သန်သော သဒ္ဓါတရား နှင့် ကိုးကွယ် ဆည်းကပ် ပူဇော်တတ်သူ စစ်စစ်များ ဖြစ်ကြပါစေ။
     မေတ္တာဖြင့် အရှင်နန္ဒောဘာသ (ဓမ္မရောင်စဉ်)
သင့်ရဲ့ iPhone, iPad, iPod မှာ iCloud Lock ရှိမရှိ ဘယ်လိုစစ်ဆေးမလဲ။ ***********************************************
***သင်ဝယ်ယူထားသော iDevices တွင် သင်မသိဘဲ iCloud Security ပါဝင်နေခြင်းကို မသိဘဲ Version မြှင့်မိပါက ကျပ် ၂ သိန်း မှ ကျပ် ၄ သိန်းခွဲအထိ ကုန်ကျနိုင်ပါတယ်။***
သင့်ရဲ့  iPhone, iPad, iPod မှာ iCloud Lock ရှိမရှိ ဘယ်လိုစစ်ဆေးမလဲ။
***********************************************
iDevices (iPhone, iPad, iPod, iWatch) ရဲ့ လုံခြုံရေးအတွက် Apple ကနေ iCloud Security ကို ထည့်သွင်းထားပါတယ်။ iCloud Security ကို မိမိကိုယ်တိုင်ထည့်သွင်းထားပါက လုံခြုံရေးအရ ကောင်းမွန်သော်လည်း မိမိမထည့်သွင်းပါပဲနှင့် မိမိမသိသော အခြား Account တစ်ခုရှိနေပါက  ဖုန်းကို Factory Reset ချခြင်း ၊ Verison မြှင့်ခြင်းများ ပြုလုပ်၍မရနိုင်ပါ။ မစစ်ဆေးမိဘဲ Fimware တင်ခြင်း Version မြှင့်ခြင်းတို့ ပြုလုပ်မိပါက iCloud Lock ကျသွားပြီး သင့်ဖုန်းကို အသုံးပြု၍ ပင်မရနိုင်ပါ။ ထိုအနေအထားတွင် ပြန်လည်အသုံးပြု၍ရအောင် ပြုပြင်နိုင်သော်လည်း လွန်စွာ ကုန်ကျစရိတ်များပါသည်။ သင်၏ Device ပေါ်မူတည်ပြီး ကျပ် ၂ သိန်းမှကျပ် ၄ သိန်းခွဲ အထိ ကျသင့်နိုင်ပါတယ်။  ထိုအနေအထားထိ မရောက်ခင် မိမိ၏ iDevice ကို iCloud Security ထည့်သွင်းထားမထား စစ်ဆေးသင့်ပါသည်။
💡💡 iCloud Security ဆိုသည်မှာ အဘယ်နည်း။
သင်၏ iDevices တွင် iCloud ထည့်သွင်းထားခြင်းဖြင့် သင့်ဖုန်းအတွင်းမှ ဓာတ်ပုံများ၊ ဖိုင်အရွယ်အစားကြီးမားသော သီချင်းများ၊ ဗီဒီယိုများ၊ ဖုန်းနံပါတ်၊ မှတ်စု အစရှိတဲ့ သင့်ဖုန်းနဲ့ ပတ်သတ်တဲ့ ကိုယ်ရေးအချက်အလက်များကို iCloud ပေါ်တွင် သိမ်းဆည်းထားနိုင်ပါသည်။ ထို့အပြင် iCloud၏ အရေးပါသော Find My Phone ဟု ခေါ်သော Feature တစ်ခုလဲ ပါရှိပါသည်။
iCloud ထည့်လိုက်သည်နှင့် တပြိုင်နက် Find My Phone သည်စတင်အလုပ်လုပ်ပါသည်။ Find My Phone ဆိုသည့် နာမည်အတိုင်း မိမိဖုန်း ကျပျောက်ခြင်း ၊ ခိုးယူခံရခြင်းတို့ ဖြစ်ပေါ်ပါက ပျောက်ဆုံးနေသော ဖုန်းကိုခြေရာခံနိုင်ခြင်း၊ အချက်ပေးသံပေးနိုင်ခြင်း၊မိမိ၏ Data များကို အခြားသူလက်အတွင်းသို့ မရောက်အောင် ဖျက်ပစ်နိုင်ခြင်း၊ Lost Mode ပြုလုပ်နိုင်ခြင်းတို့ ကို ပြုလုပ်နိုင်ပါသည်။
💡💡 iCloud Lock  ဆိုသည်မှာ အဘယ်နည်း။
iCloud Lock ဆိုသည်မှာ Find My Phone Activation Lock ကို ဆိုလိုခြင်းဖြစ်ပါသည်။ Find My Phone ကို ဖွင့်လျှက်အနေအထားဖြစ်နေပါက သင်ထည့်ထားသော Apple ID နှင့် Password ကို မသိဘဲ -
✔ ဖုန်းအတွင်းရှိ Data များကို ကြည့်ရှုခြင်း/ ဖျက်ခြင်း မပြုလုပ်နိုင်ပါ။
✔ Find My Phone ကို ပိတ်မပစ်နိုင်ပါ။
✔ သင့်ဖုန်းကို Activate ပြန်လုပ်ပြီး အသုံးပြု ၍ မရနိုင်ပါ။
💡💡 iCoud Lock ရှိမရှိ ဘယ်လိုစစ်ဆေးမလဲ။
🔹 iCloud Lock စစ်ဆေးရန် စစ်ဆေးလိုသောဖုန်း၏ IMEI (သို့) Serial Number ကို အရင်မှတ်သားရပါမယ်။
👉👉 သင့်ဖုန်းရဲ့ ဖုန်းခေါ်တဲ့ Dialer Screen မှာ *#06# ဖြင့် IMEI  နံပါတ်ကို မှတ်သားပါ။  (သို့) ဖုန်း Setting > General > About တွင် IMEI နံပါတ်ဖြစ်စေ ၊ Serial Number ကိုဖြစ်စေ ကူးယူမှတ်သားပါ။
🔹 https://www.icloud.com/activationlock/  သို့ ဝင်ရောက်ပြီး မှတ်သားထားသော IMEI (သို့ ) Serial Number ကို ထည့်သွင်းပါ။
🔹 အောက်ဖက် အကွက်လေးထဲတွင် ဘေးပုံမှ စကားလုံး (၅) လုံးကို ထည့်သွင်းပါ။
🔹 Continue ကို နှိပ်ပါ။
Activation Lock : On ဟု ပေါ်နေပါက iCloud ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။
Activation Lock : Off ဟု ပေါ်နေပါက iCloud ထည့်သွင်းထားခြင်းမရှိပါ။
👉👉ထိုအနေအထားတွင် iCloud တွင် ထည့်သွင်းထားသော Email နှင့် Password ကို မသိပါက သိရှိအောင် ပြုလုပ်နည်းကို ကျွန်တော်တို့၏ MPPG သင်တန်းတွင်   💰💰 သင်တန်းကြေး ၈ သောင်းကျပ် ဖြင့် သင်ကြားပေးလျှက်ရှိပါသည်။
⏳⏳ သင်တန်းကာလ - ၃ နာရီသာ ကြာမြင့်မှာဖြစ်ပါတယ်။
👌👌 မိမိဖုန်းကို မိမိ တစ်ခါ ထဲ ယူဆောင်လာလို့ရပါတယ်။
👍👍 ကိုယ်တိုင် ပြုလုပ်နိုင်သည်အထိ သင်ကြားပေးမှာဖြစ်ပါတယ်။
ဆားဗစ်ပြုပြင်သူမဟုတ်ဘဲ အသုံးပြုသူများကိုယ်တိုင် တက်ရောက် သင်ကြားနိုင်ပါသည်။ 
✔Activate လုပ်မရဘဲ iCloud Lock ကျသည့် အနေအထားဖုန်းများကို ပြုပြင်လိုပါကလဲ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။
ဆက်သွယ်ရန်
==========
MPPG (Mobile Phone Professional Group)
မိုဘိုင်းဖုန်းအမျိုးမျိုးပြုပြင်ရေး နှင့် သင်တန်းကျောင်း
၈၆ လမ်း နှင့် ၃၄ လမ်းထောင့်
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☏ 02- 64572
📱09-960010140
📱09-444004039
နာကျင်မှုဝေဒနာများကို ပြေလျော့စေမယ့်သဘာဝနည်းလေးများ
နာကျင်မှုဝေဒနာများကို ပြေလျော့စေမယ့်သဘာဝနည်းလေးများ
-------
(၁) တကိုယ်လုံးက ကြွက်သားတွေ နဲ့  အရိုးများနာကျင်ကိုက်ခဲနေပါသလား?
ဂျင်း လက်တဆစ်လောက်ကို နေ့ တိုင်းစားပေး ပါ။ (အဆစ်ရောင်ရောဂါတွေအပြင်၊ အဆစ် တွင်းရှိ အရိုးနုများပျက်စီးတဲ့ရောဂါ တို့ ကိုပါ ၇၅ရာခိုင်နှုန်းလောက် သက်သာသွားစေ နိုင်ပါတယ်)
(၂) သွားကိုက်ပြီး သွားဖုံးတွေရောင်ကိုင်းနေပါသလား?
လေးညှင်းပွင့် ၂-ပွင့်ကို အာခံ တွင်းထဲမှာ ဖြည်းဖြည်းချင်းမြှု့ံ၍ ၀ါးပေးပါ။
(၃) ဘာအစာမှ စားချင်စိတ်မရှိဘဲ လေပူထနေပါသလား?
ပန်းသီးတစ်ခြမ်းကို အ ခွံနွှာပြီးနောက် ညက်ညက်ဝါးစားပေးလိုက်ပါ။
(၄) နားကိုက်နေပါသလား?
ကြက်သွန်ဖြူ ၃-တက် လောက်စားပါ။
(၅) ခေါင်းအုံပြီး ကိုက်ခဲနေပါသလား?
ချယ်ရီသီး လက်တဆုပ် စာလောက် နေ့  စဉ်စားပေးပါ။
(၆) အူရောင်ငန်းဖျား ရောဂါဖြစ်နေပါသလား?
အဆီများတဲ့ငါးများဖြစ်ကြတဲ့ ဆယ်လ် မွန်၊ တူနာ၊ ငါးသေတ္တာငါးများနှင့် ပင်လယ် ငါးအ မျိုးမျိုး တို့ စားပေးပါ။
(၇) ကျန်းမာရေးအတွက် ဘက်စုံ ကောင်းချင်ပါသလား?
အဆီမပါတဲ့ ဒိန်ချဉ် ကို နေ့ စဉ် ၂-ခွက်လောက်သောက်ပေးပါ။
(၈) ခန္ဓာကိုယ်တစ်ခုလုံး (နာတာရှည်)နာကျင်ကိုက်ခဲနေပါသလား?
နနွင်းမှုန့် စစ် စစ်ကို နေ့ စဉ် လ္ဘက်ရည် ဇွန်း ၄-ပုံ ၁-ပုံ လောက် သောက်ပေးပါ။ (အရိုး/အကြောနဲ့  ကိုယ်တိုင်းကိုယ်ပ ရောင်ရမ်းနာတွေကို သက်သာစေတဲ့အပြင် ကင်ဆာရောဂါများ၊ မျက်လုံး ရေတိမ်စွဲခြင်း နဲ့ အယ်လ်ဇိုင်းမား(ခေါ်) ဦးနှောက် အကြိုဇရာ ရောဂါတွေကို မဆိုးဝါးလာအောင် ထိန်းထားပေးနိုင်ပါ တယ်)
(၉) အမျိုးသမီးရောဂါ ဖြစ်နေပါသလား?
ကွေကာအုပ်(အကြမ်း) နေ့ စဉ်စားပေးပါ (သားအိမ်အတွင်းမြှေးများကို ကောင်းကျိုးပြု ပါ တယ်)
(၁၀) ခြေစွယ်ငုပ်ပြီး ပြည်တည်နေပါသလား?
ဇလုံ တစ်ခုထဲမှာ ရေနွေး ၁-ခွက်ကို ဆား စားပွဲတင်ဇွန်း ၁-ဇွန်းနှုန်းဖြင့်ရော ၍ ခြေထောက် ထဲ့စိမ်ပေးပါ။ (မိနစ် ၂၀ ခန့်ကြာအောင် တနေ့  ၂-ကြိမ် ကျ ခြေထောက် စိမ်ပေးရပါမယ်)
(၁၁) လေပွနေပါသလား?
နာနတ်သီး လတ်လတ်ဆတ်ဆတ် ၁-စိပ် လောက်ကို ညက် ညက်ဝါးစားပေးလိုက်ပါ။
(၁၂) မှင်ရောဂါကြောင့် အသားတွေရောင်ကိုင်း နာကျင်နေပါသလား?
ပူစီနံရွက် များများစားပါ (သို့ မဟုတ်) ပူစီနံရွက်အဆီလိမ်း ပေးပါ။
(၁၃) ခါးနာနေပါသလား?
နေ့ စဉ် စပျစ်သီး လက်တဆုပ်လောက် စားပေးပါ။
(၁၄) သွေးယားယံခြင်း ရောဂါခံစားနေရပါသလား?
သောက်ရေသန့် သန့်  ၈-ခွက်လောက် နေ့ စဉ်သောက်သုံးပေးပါ။ (သွေးရော ဂါအမျိုးမျိုး တို့ ကို ပျောက်ကင်းစေတဲ့အပြင် သွေးသန့် စေပါတယ်)
(၁၅) ဆီးလမ်းကြောင်းပိုးဝင်ပြီး ဆီးအိမ်ရောင်နေပါသလား?
ဘလူးလယ်ရီသီးကို လက်တဆုပ်စာလောက် နေ့ စဉ်စားပေးပါ။
(၁၆) နာတာရှည် ကိုယ်ရေပြားရောင်ရမ်းနာ ဖြစ်နေပါသလား?
သဘာဝ ပျားရည်စစ်စစ် ကို တနေ့  ၄-ကြိမ်လောက် လိမ်းပေးပါ။
(၁၇) ကိုယ်ခံအားနည်းလို့  မကြာခဏ နေမကောင်းဖြစ်နေပါသလား?
အိုမီဂါ ၃ ဖက်တီးအက်ဆစ်ကြွယ်ဝတဲ့ အ၀ါရောင် ဂုန် လျှော်စေ့(ဂုန် လျှော်ပင်ရဲ့ အစေ့) ကို နေ့ စဉ် လ္ဘက်ရည်ဇွန်း ၃-ဇွန်းစားပေးပါ။ (အမျိုးသမီးများ သားမြတ် (ရင် သား) ရောင် ရမ်း နာ ကျင်မှုကိုပါ ပျောက်ကင်းစေပါတယ်)
့(၁၈) ခေါင်းတခြမ်းကိုက်နေပါသလား?
ကော်ဖီပူပူလေး ဖျော်သောက်လိုက်ပါ။
(၁၉) ခြေသလုံးသားတွေ မကြာခဏ ကြွက်တက်နေပါလား?
ပိုတက်စီယမ်ကြွယ်ဝတဲ့ ခရမ်းချဉ်သီးမှည့်မှည့်ကို နေ့ စဉ်စားပေး ပါ။ (ကိုင်းခရမ်းချဉ် သီး မဟုတ်ပါ)
လူတိုင်းသက်ရှည်ကျန်းမာစေဖို့ ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။