Blog Archive

Tuesday, December 27, 2016

တန်​​ဆောင်​တိုင်​မီးထွန်းပွဲ​တော်

တန်​​ဆောင်​တိုင်​မီးထွန်းပွဲ​တော်

ဂေါတမဘုရားရှင်​    လက်​ထက်​​တော်​အခါက  
တန်​​ဆောင်​မုန်းလပြည့်​​နေ့ ညမှာ   အဇာတသတ်​မင်းတရား   မှူးမတ်​​ပေါင်းစုံလင်​စွာဖြင့်​    ညီလာခံသဘင်
ဆင်​ယင်​ကျင့်​ပ​နေပါတယ်​  ။
ဆီးနှင်းမြူတိမ်​    သူရိန်​မီးခိုး   ညစ်​မျိုးငါးဝ
ကင်းစင်​ပပြီး    ကြည်​နူးသာယာဖွယ်​​ကောင်းတဲ့
တန်​​ဆောင်​မုန်းလပြည့်​​နေ့ ညရဲ့   အလှအပကိုကြည့်​ပြီး
အဇာတသတ်​မင်းက
၁/ရမဏီယာ   ဝတ  =​မွေ့ ​လျော်​ဖွယ်​​ကောင်း​သောညပါတကား  ။
၂/အဘိရူပါ   ဝတ  =အလွန်​လှပ​သောညပါတကား  ။
၃/ဒဿဏနီ ယာ      ဝတ   =  ရှုဖွယ်​​ကောင်း​သောညပါတကား   ။
၎/ ပါသာဒိကာ  ဝတ  =   ကြည်​လင်​ရွှန်းပ​သောညပါတကား  ။
၅/ လက္ခညာ   ဝတ  = ​မေ့ မရနိုင်​​သောညပါတကား   ။
လို့    စကားငါးခွန်းဖြင့်​    ချီးကျူးပါတယ်​  ။
အဇာတသတ်​မင်းတရားဟာ   ဖခင်​ကိုသတ်​ခဲ့မိတဲ့
အကုသိုလ်​ကံ​ကြောင့်​    အလွန်​ကြည်​နူးသာယာဖွယ်​​ကောင်း​သော    တန်​​ဆောင်​မုန်းလပြည့်​ညရဲ့   အလှအပကို   မခံစားနိင်​ပဲ      အိပ်​စက်​မရ​အောင်​ဖြစ်​​နေပါတယ်​   ။  
သမား​တော်​ကြီး  ဆရာဇီဝက   ရဲ့ ​ကျေးဇူး​ကြောင့်
မြတ်​စွာဘုရားကို   ဖူး​တွေ့ ပြီးမှ   အိပ်​စက်​လို့ရသွားပါတယ်​    ။
တန်​​ဆောင်​မုန်းလပြည့်​နေ့ ည   ဘုရား​ကျောင်း​တော်​သို့
သွား​ရောက်​တဲ့အခါ   ရာဇဂြိုဟ်​မြို့  အ​ရှေ့ ဘက်​ရှိ
တောရိပ်​ ​တောင်​ရိပ်​တို့က    အ​မှောင်​လွှမ်း၍
မီးရှူးတိုင်​များကို    လူတိုင်းကိုယ်​စီ      ကိုင်​​ဆောင်
သွားကြရပါတယ်​  ။
ဟို​ရှေးတုန်းက   ဆီမီး​ရောင်​ကို   တန်​​ဆောင်​လို့
ခေါ်ဆိုပြီး    တိုင်​ထိပ်​မှတင်​ပြီး    ဆီမီးထွန်းညှိတိုင်​ကို
တန်​​ဆောင်​တိုင်​လို့ ​ခေါ်ဆိုကြပါတယ်​   ။
အဇာတသတ်​မင်းနှင့်​    ​နောက်​ပါပရိတ်​များ   
မြတ်​စွာဘုရားထံ     အဖူးအ​မျှော်​သွားစဉ်​က
တန်​​ဆောင်​တိုင်​မီးများ   ထွန်းညှိသွားတဲ့ ထုံးကို 
နှလုံးမူပြီး    ဗုဒ္ဓဘာသာဝင်​များက
တန်​​ဆောင်​မုန်းလမှာ    တန်​​ဆောင်​တိုင်​မီးများ
ထွန်​ညှိပူ​ဇော်​​နေကြ​သော   အစဉ်​အလာ   
ဖြစ်​​ပေါ်လာခြင်း   ဖြစ်​ပါသည်​  ။

                                မာဂဓီ   (   သာစည်​      )
အခါ​တော်​​နေ့ များ   စာအုပ်​    စာမျက်​နှာ   ၁၈၆   မှ
ကူးယူ​ဖေါ်ပြသည်​    ။

No comments:

Post a Comment