Blog Archive

Thursday, July 7, 2016

ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်ပေါ်နိုင်သော ကျန်းမာရေးထိခိုက်မှုများ

ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်ပေါ်နိုင်သော ကျန်းမာရေးထိခိုက်မှုများ

ခရမ်းလွန်ရောင်ခြည်ပမာဏ အနည်းငယ်နှင့် ထိတွေ့ခြင်းမှာ လူများအတွက် အကျိုးကျေးဇူးရှိပြီး ဗီတာမင်ဒီထုတ်လုပ်ရာတွင် အရေးပါ သည့် ရောင်ခြည်ဖြစ်သည်။ ထို့ပြင် ခရမ်းလွန်ရောင်ခြည်ကို ဗီတာ မင်ဒီချို့တဲ့၍ဖြစ်သည့် ကလေးအရိုးပျော့ရောဂါ၊ psoriasis ဟုခေါ် သည့် အရေပြားရောဂါ၊ နှင်းခူနှင့် အသားဝါရောဂါတို့အပါအဝင် ရောဂါများစွာကို ကုသရာတွင် အသုံးပြုသည်။

သို့သော် ခရမ်းလွန်ရောင်ခြည်တွင် ကောင်းကျိုးများရှိသကဲ့သို့ ဆိုးကျိုးများလည်းရှိသည်။ နေရောင်ခြည်တွင် ပါဝင်သော ခရမ်းလွန်ရောင်ခြည်နှင့် အချိန်ကြာမြင့်စွာ ထိတွေ့ခြင်းကြောင့် အရေပြား၊ မျက်စိနှင့် ကိုယ်ခံအားစနစ်တို့တွင် ပြင်းထန်သော ကျန်းမာရေးထိ ခိုက်မှုများကို အချိန်ကြာမြင့်စွာ ခံစားရနိုင်သည်။
ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုလွန်ကဲသောကြောင့် ဖြစ် ပေါ်မှုအများဆုံး လက္ခဏာတစ်ခုသည် နေလောင်ခြင်းဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ခရမ်းလွန်ရောင်ခြည်က အရေပြားပေါ်ရှိ ဆဲလ်များ၌ သေဆုံးစေသော ပြောင်းလဲမှုများ ဖြစ်ပေါ်စေ သည်။ တစ်သျှူးအမျှင်များ၊ သွေးကြောများတွင် ဆဲလ်သေဆုံးမှုများ ဖြစ်ပေါ်စေသောကြောင့် အရွယ်မတိုင်မီ အရေပြားအိုမင်းရင့် ရော်ခြင်းဖြစ်ပေါ်စေသည်။
နောက်ထပ် ရေရှည်ထိခိုက်နိုင်မှုတစ်ခုမှာ မျက်စိရောင်ရမ်းခြင်း ဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်နှင့် လွန်ကဲစွာ ထိတွေ့မှုကြောင့် အဖြစ်အများဆုံးရောဂါမှာ အရေပြားကင်ဆာနှင့် မျက်စိတိမ်စွဲခြင်း တို့ဖြစ်သည်။

နှစ်စဉ် မပြင်းထန်သော အရေပြားကင်ဆာဖြစ်ပွားမှု လူနှစ်သန်းနှင့် သုံးသန်းကြားရှိသော်လည်း အသက်သေဆုံးမှုမှာ ကြုံတောင့်ကြုံ ခဲကိစ္စဖြစ်ကာ ခွဲစိတ်ကုသမှုဖြင့် ကင်ဆာဖြစ်နေသော အရေပြားများကို ဖယ်ရှားနိုင်သည်။

ကမ္ဘာတစ်ဝန်း တစ်နှစ်လျှင် ပြင်းထန်သော အရေပြားကင်ဆာ ဖြစ်ပွားသူ ၁၃၀,၀၀၀ ခန့်ရှိသဖြင့် အသားဖြူသူများကြား အသက် သေဆုံးမှုနှုန်း ပိုများလာရသည်။ အရေပြားကင်ဆာကြောင့် နှစ်စဉ် သေဆုံးမှု ၆၆,၀၀၀ ခန့်ရှိကြောင်း သိရသည်။ ကမ္ဘာတစ်ဝန်း လူပေါင်း၁၂ သန်းမှ ၁၅ သန်းခန့်သည် မျက်စိတိမ်စွဲခြင်းကြောင့် နှစ်စဉ် မျက် စိကွယ်နေရပြီး ယင်းမှာ နေရောင်ခြည် ထိတွေ့မှုနှင့် ၂၀ ရာခိုင်နှုန်းသက်ဆိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ခန့်မှန်းထား သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများစွာသည် အီကွေတာနှင့် နီးကပ်စွာ တည်ရှိ သောကြောင့် ယင်းနိုင်ငံများတွင် မြင့်မားသည့် ခရမ်းလွန်ရောင်ခြည် နှင့် လူအများထိတွေ့နေရသည်။ နေရောင်ခြည်နှင့် လွန်ကဲစွာ ထိတွေ့မှုနှင့်ပတ်သက်၍ အသားဖြူသူများသာ စိုးရိမ်စရာလိုသည်ဆို ခြင်းမှာ လူပြောများသော လွဲမှားသည့် ယူဆချက်တစ်ခုဖြစ်သည်။

အသားမည်းသူများသည် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ပိုခံနိုင် ရည်ရှိပြီး အသားမည်းသူများအကြား အရေပြားကင်ဆာဖြစ်ပွားမှု ပိုနည်းသည်။
သို့သော်လည်း အသားမည်းသူများ အရေပြားကင်ဆာဖြစ်နိုင် ပြီး နောက်ကျပြီးမှ စစ်ဆေးတွေ့ရှိလေ့ရှိကာ အလွန်အန္တရာယ်များ သည့် အခြေအနေရောက်မှသာ စစ်ဆေးတွေ့ရှိလေ့ရှိသည်။
ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်ရန် အရေပြားကို အများဆုံး ဖုံးအုပ်နိုင်သော အဝတ်အစားများဝတ်ဆင်ကာ ဦးထုပ်ဆောင်းခြင်း နှင့် မျက်စိများကို ကာကွယ်ရန် မျက်မှန်တပ်ခြင်းတို့ ပြုလုပ်ပြီး အရိပ်ရသည့် နေရာတွင် နေထိုင်ပါ။ ထို့ပြင် နေပူခံလိမ်းဆေး လိမ်းပေးနိုင် သည်။
—Ref: Wikipedia

http://www.7daydaily.com/story/59497
Visit website

Software မလိုပဲ Password ခံပြီ ကွန်ပျူတာထဲ့က Folder တွေကို ပျောက်ထားမယ်...

Software မလိုပဲ Password ခံပြီ ကွန်ပျူတာထဲ့က Folder တွေကို ပျောက်ထားမယ်...

မေးထားကြတဲ့ မန်ဘာဝင်သူငယ်ချင်းတွေ အတွက်  ဒီနေ့တော့ Software မလိုပဲ Password  ခံပြီ ကွန်ပျူတာထဲ့က Folder တွေကို ပျောက်ထားနိုင်မည့် ကွန်ပျူတာ အခြေခံ နည်းပညာလေးကို တင်ပေးလိုက်ပါတယ်။
ကဲ့လိုအပ်သူများ အောက်မှာ အဆင့်တွေနှင့် ပြထားပါတယ်။

အရင်ဆုံး မိမိ ကွန်ပျုတာ Desktop မှာ New Folder တစ်ခု အရင် ပြုလုပ်ပါ..

New Folder ကို ဖွင့်ပြီး Folder အတွင်းမှာ..New Text Document တစ်ခု ပြန်လုပ်ပါ

New Text Document မှာ ထည့်ဖို့ အတွက် အောက်က ကုတ်တွေကို ကူးယူပြီး

Select all
cls  @ECHO OFF  title Folder Private  if EXIST "HTG Locker" goto UNLOCK  if NOT EXIST Private goto MDLOCKER  :CONFIRM  echo Are you sure you want to lock the folder(Y/N)  set/p "cho=>"  if %cho%==Y goto LOCK  if %cho%==y goto LOCK  if %cho%==n goto END  if %cho%==N goto END  echo Invalid choice.  goto CONFIRM  :LOCK  ren Private "HTG Locker"  attrib +h +s "HTG Locker"  echo Folder locked  goto End  :UNLOCK  echo Enter password to unlock folder  set/p "pass=>"  if NOT %pass%== PASSWORD_GOES_HERE goto FAIL  attrib -h -s "HTG Locker"  ren "HTG Locker" Private  echo Folder Unlocked successfully  goto End  :FAIL  echo Invalid password  goto end  :MDLOCKER  md Private  echo Private created successfully  goto End  :End
မိမိ ကွန်ပျူတာထဲ့က New Text Document မှာ . ကုဒ်တွေကို
Peste ပြုလုပ်ပါ။
အဲ့ဒီ ကုဒ်တွေ ထဲ့က
if NOT %pass%== PASSWORD_GOES_HERE goto FAIL

စာတန်းလေးမှာ PASSWORD_GOES_HERE ဖျက်ပြီး

အဲ့ဒီ နေရာလေးမှာ ကို ထားချင်တဲ့ Password ကို အစားထိုး ရေးထည့်ပါ ။
ကျနော်ကတော့ www.linmss.org  ကို အစားထိုးပြီ ထည့်ပြထားပါတယ်။

New Text Document ကို   Save ဖို့အတွက် Files ထဲ့က
Save As  ဖြင့်သာ သိမ်းရပါမည်။

Save As  နှင့် ပြန်သိမ်းတဲ့ အခါမှာလည်း  ..
New Text Document နာမည်အစား  Locker.bat  ဆိုပြီး ပြောင်းပေးပါ။
အောက်မှာတော့ All Files ရွေးချယ်ပြီ Save လိုက်ရင် ရပါပြီ။

ပြီးရင်တော့ Locker.bat  ဆိုပြီဖိုင် အသစ် တစ်ခု ပေါ်လာလိမ်မည်။
အဲ့ဒီ Locker.bat ဖိုင်ကိုဘဲ
Run as Administrator ဖြင့်ပုံမှာပြတဲ့အတိုင်း Run လိုက်ပါ.

Private  ဆိုပြီ Folder  အသစ် တစ်ခု ပေါ်လာလိမ့်မည်။
အဲ့ဒီ Private ဖိုင်မှာ မိမိ သိမ်းလို့သော Software နှင့်
Folder အစုံတွေကို ထည့်သွင်းပါ။

ဖိုင်တည်ဆောက်လို့ ပြီးသွားရင်တော့
New Text Document  ကို ဖျက်လို့ ရပါပြီ။

Private ဖိုင်မှာ သိမ်းဆည်းပီးတဲ့ အခါ  Locker.bat ဖိုင်ကို
ပြန် Run as Administrator ဖြင့်ပုံမှာပြတဲ့အတိုင်း Run လိုက်ပါ.။

ပေါ်လာတဲ့ Box လေးမှာ Y  ရိုက်ပြီး  Enter  ခေါက်ပေးလိုက်ရင်တော့

Private ဖိုင်လေး ပျောက်သွားပါပြီဗျာ...

.. အဆင်ပြေပါစေ။

Password ခံပြီ  Folder တွေကို  ပြန်ဖော်နည်း
==========================

ကိုယ်အသုံးလိုလို့ Folder ကို  ပြန်ဖော်ချင်တယ် ဆိုတော့
Locker.bat  ဖိုင်ကို
Run as Administrator ဖြင့်ပုံမှာပြတဲ့အတိုင်း  Run လိုက်ပါ.။

ပေါ်လာတဲ Box လေးမှာ  ကိုထည့်သွင်းထားတဲ့ Password  ကို
ရိုက်ပြီ  Enter  ခေါက်ပေးလိုက်ဖြင့်

Private ဖိုင်   ပြန်ဖော်လာပါတယ်.. ။

ဒီလိုပဲ  ...
မည်သည့် Windows မဆို အားလုံးမှာ
ဒီနည်းလမ်းအတိုင်း အားလုံး အသုံးပြု  အဆင်ပြေပါတယ်။

ကျနော်တင်သမျှ  Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >>
လင်း-ဆော့ဖ်ဝဲ နှင့် နည်းပညာ Page ကိုနှိပ်ပြီး   Like  လုပ်ထားပေးပါ.

ဒေါင်းလုပ်မည့်သူများ ဒီမှာ ဝင်ဖတ်ပေးပါ

လင်းစွယ်စုံ(နည်းပညာမျှဝေခြင်း)
http://www.linmss.org/
အဆင်ပြေကြပါစေ။
Visit website