Blog Archive

Tuesday, January 10, 2017

“ခင်ပွန်းကြီး(၁၀)ပါးအား ဝန်ချကန်တော့ရန်

☆“ခင်ပွန်းကြီး(၁၀)ပါးအား ဝန်ချကန်တော့ရန်

☆ (၁) သဗ္ဗညုတ ဘုရားရှင်များတို့၏ အပေါ်၌လည်းကောင်း၊

☆ (၂) ပစ္စေကဗုဒ္ဓါ အရှင်မြတ်များတို့၏ အပေါ်၌လည်းကောင်း၊

☆ (၃) အဂ္ဂသာဝက အရှင်မြတ်များတို့၏ အပေါ်၌လည်းကောင်း၊

☆ (၄) ရဟန္တာ အရှင်မြတ်များတို့၏ အပေါ်၌လည်းကောင်း၊

☆ (၅) ပစ္စုပ္ပန်၌ တော်စပ်သော မိခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော မိခင်များတို့၏ အပေါ်၌လည်းကောင်း၊

☆ (၆) ပစ္စုပ္ပန်၌ တော်စပ်သော ဖခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော ဖခင်များတို့၏ အပေါ်၌လည်းကောင်း၊

☆ (၇) တရားအသိထူးရအောင် ဟောပြောပေးကြသော လောကုတ္တရာ ဆရာသမားများတို့၏ အပေါ်၌လည်းကောင်း၊

☆ (၈) သီလဝန္တ သူတော်စင်အပေါင်းတို့၏ အပေါ်၌လည်းကောင်း၊

☆ (၉) လောကီပညာများကို သင်ပေးကြကုန်သော ဆရာသမားများတို့၏ အပေါ်၌လည်းကောင်း၊

☆ (၁ဝ) မိမိတို့ အခက်အခဲရှိစဉ်က စားဝတ်နေရေး စောင့်ရှောက်ပေးဖူးကုန်ကြသော ကျေးဇူးရှင်အပေါင်းတို့၏ အပေါ်၌လည်းကောင်း၊

☆ ဤခင်ပွန်းကြီးဆယ်ပါးတို့အပေါ်၌ ဘုရားတပည့်တော်သည် ပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ သံသရာဘဝ၌လည်းကောင်း သိ၍့ဖြစ်စေ၊ မသိ၍ဖြစ်စေ ကာယကံ၊ ဝစီကံ၊ မနောကံ တို့တွင် တစ်ပါးပါးသော ကံတို့ဖြင့် ပြစ်မှား၊ ကျူးလွန်၊ ကြံစည်၊ ပြုလုပ်မိခြင်းကို သိရှိနားလည်စွာဖြင့် ဝန်ခံပါ၏။ ဝန်ချပါ၏။ တောင်းပန်ပါ၏။ ကန်တော့ပါ၏  ☝

☆ ဤကုသိုလ်စေတနာတို့ကြောင့် ဆိုးကျိုးပေးဆဲ၊ ဆိုးကျိုးပေးလတ္တံ့သော အကုသိုလ်မှန်သမျှအနန္တတို့သည် ပိန်းကြာဖက်တွင်ရေမတင် လျှောကျဘိသကဲ့သို့ ကင်းစင်လွင့်ပျောက် မထိရောက်တော့ဘဲ

☆ ကောင်းကျိုးအနန္တဖြစ်ထွန်းရပါလို၏ မြတ်စွာဘုရား။ (၃-ကြိမ်)

☆ ကောင်းကျိုးအနန္တဖြစ်ထွန်းရ၍ အားထုတ်ဆဲ၊ အားထုတ်လတ္တံ့သော ဒါန၊ သီလ၊ စေတနာကံနှင့်တကွ ဝိပဿနာဉာဏ်သည် မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏ မြတ်စွာဘုရား  ☝

#cd

No comments:

Post a Comment