Blog Archive

Friday, May 20, 2016

ေပ်ာက္ဆံုးသြားသည့္ Android ဖုန္းကို ေျခရာခံျခင္း

ေပ်ာက္ဆံုးသြားသည့္ Android ဖုန္းကို ေျခရာခံျခင္း

Android ဖုန္းမ်ား ေပ်ာက္ဆံုးသြားတဲ့အခါမွာ မိမိရဲ႕ ဖုန္းက ဘယ္ေနရာမွာ ေရာက္ရွိေနတယ္ဆိုတာကို ေျခရာခံ ရွာေဖြႏိုင္ပါတယ္။ Android ဖုန္း ေပ်ာက္ဆံုးသြားရင္ ေျခရာခံႏိုင္ရန္အတြက္ ကိုယ္အသံုးျပဳတဲ့ဖုန္းမွာ Google Account ထည့္သြင္းထားဖို႔က အေရးႀကီးဆံုး ျဖစ္ပါတယ္။
Android ဖုန္းမ်ား ေပ်ာက္ဆံုးသြားတဲ့အခါမွာ မိမိရဲ႕ ဖုန္းက ဘယ္ေနရာမွာ ေရာ
Google Account ကိုထည့္သြင္းၿပီးၿပီဆိုရင္ Google Settings App မွာ အနည္းငယ္ ျပင္ဆင္စရာ ရွိပါေသးတယ္။ Google Settings မွာ ျပင္ဆင္ဖို႔အတြက္ Google Settings App ကို ဖြင့္လိုက္ပါ။ ၿပီးသြားရင္ Security ဆိုတာကို ႏွိပ္ပါ။ ၿပီးရင္ Remotely locate this device ကို အမွန္ျခစ္ထည့္ျခင္း ရိွ၊ မရိွ စစ္ေဆးပါ။ အကယ္၍ အမွန္ျခစ္ မလုပ္ထားရေသးဘူးဆိုရင္ အမွန္ျခစ္ထည့္ေပးလိုက္ပါ။ Allow remote lock and erase ဆိုတဲ့ ေနရာမွာလည္း အမွန္ျခစ္ ထည့္ေပးထားရမွာျဖစ္ပါတယ္။ ဒီေနရာမွာ အမွန္ျခစ္ထည့္ေပးထားမွ ဖုန္းမေတာ္တဆ ေပ်ာက္ဆံုးသြားတာမ်ိဳးပဲျဖစ္ျဖစ္ အခိုးခံရတာမ်ိဳးပဲျဖစ္ျဖစ္ ကိုယ့္ရဲ႕ဖုန္းကို အေဝးကေနလွမ္းၿပီး Lock ျပဳလုပ္ထားႏိုင္မွာ ျဖစ္ပါတယ္။

အထက္မွာ ေဖာ္ျပထားတာေတြကေတာ့ ဖုန္းက မေတာ္တဆ ေပ်ာက္ဆံုးသြားတာမ်ိဳးပဲျဖစ္ျဖစ္ ခိုးယူျခင္းခံရတာမ်ိဳးပဲျဖစ္ျဖစ္ ျဖစ္ေပၚလာခဲ့ရင္ ကိုယ့္ရဲ႕ဖုန္းက ဘယ္ေနရာကိုေရာက္ေနတယ္ ဆိုတာကို ေျခရာခံႏိုင္မွာျဖစ္သလို၊ အေရးႀကီးအခ်က္အလက္မ်ား ပါဝင္ပါကလည္း ေပ်ာက္ဆံုးသြားတဲ့ဖုန္းကို အျခားသူတစ္ေယာက္ေယာက္က အလြယ္တကူနဲ႔ အသံုးမျပဳႏိုင္ေစရန္အတြက္ ကာကြယ္ထားႏိုင္ပါတယ္။
Android ဖုန္း ေပ်ာက္ဆံုးသြားတာပဲျဖစ္ျဖစ္ ခိုးယူခံရတာပဲျဖစ္ျဖစ္ ဝက္ဘ္ဆိုက္လိပ္စာကို သြားရပါမယ္။ အဆိုပါ ဝက္ဘ္ဆိုက္လိပ္စာကို ေရာက္ၿပီဆိုရင္ Google Account User Name နဲ႔ Password ကို ထည့္သြင္းပါ။
User Name နဲ႔ Password ထည့္သြင္းၿပီးၿပီဆိုရင္ ေျမပံုနဲ႔ ကိုယ္ေပ်ာက္ဆံုးသြားတဲ့ ဖုန္းေမာ္ဒယ္အမ်ိဳးအစားကို ေဖာ္ျပထားတာကို ေတြ႔ရပါလိမ့္မယ္။ ဖုန္းေမာ္ဒယ္ေဘးမွာ Locate device ဆိုတာကို ေဖာ္ျပေပးထားၿပီး ၎ခလုတ္ေလးကို ႏွိပ္လိုက္ပါက ေပ်ာက္ဆံုးသြားတဲ့ဖုန္းဟာ ဘယ္ေနရာမွာ ေနာက္ဆံုး အသံုးျပဳခဲ့တယ္ဆိုတာကို အင္တာနက္ဖြင့္ထားတဲ့အခါတိုင္းမွာ ေဖာ္ျပေပးေနမွာပါ။ အဆိုပါ ဖုန္းေမာ္ဒယ္ေအာက္မွာ Ring, Lock, Erase ဆိုတာကို ေတြ႔ရမွာျဖစ္ၿပီး၊ Ring ကို ႏွိပ္လိုက္ပါက ဖုန္းျမည္သံထြက္လာေအာင္ ျပဳလုပ္ေပးမွာျဖစ္ပါတယ္။ Ring ဟာ ကိုယ့္ရဲ႕ဖုန္းက ေျမပံုထဲမွာၾကည့္လို႔ ေရာက္ရွိတဲ့ေနရာနဲ႔ နီးေနတယ္ဆိုရင္ အလြယ္တကူသိရွိႏိုင္ရန္အတြက္ Ring ကို ႏွိပ္လိုက္တာနဲ႔ ဖုန္းမွာထည့္သြင္းထားတဲ့ Ringtone အသံကိုေဖာ္ျပေပးေနမွာပါ။ Lock ကို ႏွိပ္လိုက္ရင္ Lock ျပဳလုပ္ဖို႔အတြက္ Password box က်လာမွာျဖစ္ၿပီး၊ ၎ Password box မွာ ထည့္သြင္းခ်င္တဲ့ Password အသစ္ကိုထည့္သြင္းၿပီး Lock Screen မွာေတာ့ ကိုယ္ေပၚေစခ်င္တဲ့ message ကို ဖုန္းရရွိထားသူ ျမင္ႏိုင္ရန္အတြက္ Recovery Message ဆိုတဲ့ေနရာမွာ Message ကို ထည့္သြင္းေပးႏိုင္ပါတယ္။ ၿပီးသြားရင္ Lock ကို ႏွိပ္လိုက္တာနဲ႔ ေပ်ာက္ဆံုးသြားတဲ့ဖုန္းဟာ Lock က်သြားမွာ ျဖစ္ပါတယ္။
Erase ကေတာ့ ကိုယ့္ရဲ႕ဖုန္းကို ျပန္ရဖို႔ အေျခအေနမရွိတဲ့အခါမ်ိဳးမွာ ကိုယ့္ရဲ႕အေရးႀကီး အခ်က္အလက္ေတြ အျခားသူ မျမင္ႏိုင္ေစဖို႔အတြက္ တစ္ခါတည္း ဖ်က္လိုက္တာမ်ိဳးျဖစ္လို႔ ဖုန္းျပန္လည္ရရွိႏိုင္မယ့္ အခြင့္အေရးရွိေတာ့မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ Erase ကို ဖုန္း လံုးဝျပန္လည္ရရွိႏိုင္ေတာ့တဲ့ အေျခအေနမ်ိဳး မဟုတ္တဲ့အခါမွာသာ အသံုးျပဳသင့္ပါတယ္။
Ref: pcadvisor
By: သီဟ
Credit: Internet Journal
.
.
ပျောက်ဆုံးသွားသည့် Android ဖုန်းကို ခြေရာခံခြင်း

Android ဖုန်းများ ပျောက်ဆုံးသွားတဲ့အခါမှာ မိမိရဲ့ ဖုန်းက ဘယ်နေရာမှာ ရောက်ရှိနေတယ်ဆိုတာကို ခြေရာခံ ရှာဖွေနိုင်ပါတယ်။ Android ဖုန်း ပျောက်ဆုံးသွားရင် ခြေရာခံနိုင်ရန်အတွက် ကိုယ်အသုံးပြုတဲ့ဖုန်းမှာ Google Account ထည့်သွင်းထားဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။
Android ဖုန်းများ ပျောက်ဆုံးသွားတဲ့အခါမှာ မိမိရဲ့ ဖုန်းက ဘယ်နေရာမှာ ရော
Google Account ကိုထည့်သွင်းပြီးပြီဆိုရင် Google Settings App မှာ အနည်းငယ် ပြင်ဆင်စရာ ရှိပါသေးတယ်။ Google Settings မှာ ပြင်ဆင်ဖို့အတွက် Google Settings App ကို ဖွင့်လိုက်ပါ။ ပြီးသွားရင် Security ဆိုတာကို နှိပ်ပါ။ ပြီးရင် Remotely locate this device ကို အမှန်ခြစ်ထည့်ခြင်း ရိှ၊ မရိှ စစ်ဆေးပါ။ အကယ်၍ အမှန်ခြစ် မလုပ်ထားရသေးဘူးဆိုရင် အမှန်ခြစ်ထည့်ပေးလိုက်ပါ။ Allow remote lock and erase ဆိုတဲ့ နေရာမှာလည်း အမှန်ခြစ် ထည့်ပေးထားရမှာဖြစ်ပါတယ်။ ဒီနေရာမှာ အမှန်ခြစ်ထည့်ပေးထားမှ ဖုန်းမတော်တဆ ပျောက်ဆုံးသွားတာမျိုးပဲဖြစ်ဖြစ် အခိုးခံရတာမျိုးပဲဖြစ်ဖြစ် ကိုယ့်ရဲ့ဖုန်းကို အဝေးကနေလှမ်းပြီး Lock ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြထားတာတွေကတော့ ဖုန်းက မတော်တဆ ပျောက်ဆုံးသွားတာမျိုးပဲဖြစ်ဖြစ် ခိုးယူခြင်းခံရတာမျိုးပဲဖြစ်ဖြစ် ဖြစ်ပေါ်လာခဲ့ရင် ကိုယ့်ရဲ့ဖုန်းက ဘယ်နေရာကိုရောက်နေတယ် ဆိုတာကို ခြေရာခံနိုင်မှာဖြစ်သလို၊ အရေးကြီးအချက်အလက်များ ပါဝင်ပါကလည်း ပျောက်ဆုံးသွားတဲ့ဖုန်းကို အခြားသူတစ်ယောက်ယောက်က အလွယ်တကူနဲ့ အသုံးမပြုနိုင်စေရန်အတွက် ကာကွယ်ထားနိုင်ပါတယ်။
Android ဖုန်း ပျောက်ဆုံးသွားတာပဲဖြစ်ဖြစ် ခိုးယူခံရတာပဲဖြစ်ဖြစ် ဝက်ဘ်ဆိုက်လိပ်စာကို သွားရပါမယ်။ အဆိုပါ ဝက်ဘ်ဆိုက်လိပ်စာကို ရောက်ပြီဆိုရင် Google Account User Name နဲ့ Password ကို ထည့်သွင်းပါ။
User Name နဲ့ Password ထည့်သွင်းပြီးပြီဆိုရင် မြေပုံနဲ့ ကိုယ်ပျောက်ဆုံးသွားတဲ့ ဖုန်းမော်ဒယ်အမျိုးအစားကို ဖော်ပြထားတာကို တွေ့ရပါလိမ့်မယ်။ ဖုန်းမော်ဒယ်ဘေးမှာ Locate device ဆိုတာကို ဖော်ပြပေးထားပြီး ၎င်းခလုတ်လေးကို နှိပ်လိုက်ပါက ပျောက်ဆုံးသွားတဲ့ဖုန်းဟာ ဘယ်နေရာမှာ နောက်ဆုံး အသုံးပြုခဲ့တယ်ဆိုတာကို အင်တာနက်ဖွင့်ထားတဲ့အခါတိုင်းမှာ ဖော်ပြပေးနေမှာပါ။ အဆိုပါ ဖုန်းမော်ဒယ်အောက်မှာ Ring, Lock, Erase ဆိုတာကို တွေ့ရမှာဖြစ်ပြီး၊ Ring ကို နှိပ်လိုက်ပါက ဖုန်းမြည်သံထွက်လာအောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။ Ring ဟာ ကိုယ့်ရဲ့ဖုန်းက မြေပုံထဲမှာကြည့်လို့ ရောက်ရှိတဲ့နေရာနဲ့ နီးနေတယ်ဆိုရင် အလွယ်တကူသိရှိနိုင်ရန်အတွက် Ring ကို နှိပ်လိုက်တာနဲ့ ဖုန်းမှာထည့်သွင်းထားတဲ့ Ringtone အသံကိုဖော်ပြပေးနေမှာပါ။ Lock ကို နှိပ်လိုက်ရင် Lock ပြုလုပ်ဖို့အတွက် Password box ကျလာမှာဖြစ်ပြီး၊ ၎င်း Password box မှာ ထည့်သွင်းချင်တဲ့ Password အသစ်ကိုထည့်သွင်းပြီး Lock Screen မှာတော့ ကိုယ်ပေါ်စေချင်တဲ့ message ကို ဖုန်းရရှိထားသူ မြင်နိုင်ရန်အတွက် Recovery Message ဆိုတဲ့နေရာမှာ Message ကို ထည့်သွင်းပေးနိုင်ပါတယ်။ ပြီးသွားရင် Lock ကို နှိပ်လိုက်တာနဲ့ ပျောက်ဆုံးသွားတဲ့ဖုန်းဟာ Lock ကျသွားမှာ ဖြစ်ပါတယ်။
Erase ကတော့ ကိုယ့်ရဲ့ဖုန်းကို ပြန်ရဖို့ အခြေအနေမရှိတဲ့အခါမျိုးမှာ ကိုယ့်ရဲ့အရေးကြီး အချက်အလက်တွေ အခြားသူ မမြင်နိုင်စေဖို့အတွက် တစ်ခါတည်း ဖျက်လိုက်တာမျိုးဖြစ်လို့ ဖုန်းပြန်လည်ရရှိနိုင်မယ့် အခွင့်အရေးရှိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် Erase ကို ဖုန်း လုံးဝပြန်လည်ရရှိနိုင်တော့တဲ့ အခြေအနေမျိုး မဟုတ်တဲ့အခါမှာသာ အသုံးပြုသင့်ပါတယ်။
Ref: pcadvisor
By: သီဟ
Credit: Internet Journal

No comments:

Post a Comment