Blog Archive

Friday, May 20, 2016

ဗုဒၶေျခေတာ္ရာ အေၾကာင္း သိေကာင္းစရာမ်ား နွင့္ ဘုရားရွင္၏ အံ့ဖြယ္ (၁၈) ပါး အေၾကာင္း

ဗုဒၶေျခေတာ္ရာ အေၾကာင္း သိေကာင္းစရာမ်ား နွင့္
ဘုရားရွင္၏ အံ့ဖြယ္ (၁၈) ပါး အေၾကာင္း
*********************************
နဳ ့ညက္ ညံ့ထြား၊ ေရႊဘြား စကၠင္၊ စုံႏွစ္ျပင္ျဖင့္၊
ေျမတြင္ မထိ၊ ပကတိအား၊ ေလးသစ္ ျခားလ်က္၊
ဘုရားတုိ ့တမ္း၊ ၾကြလွမ္း ေမြ ့ညက္၊
ၿငိမ္သက္ ေလးတင္၊ ၾကြလာ က်င္မွ။
လကၤာ၌ ေျမတြင္ မထိ ဟုဆုိေသာ္လည္း ေျမတြင္ ဘုရားရွင္၏ ေျခေတာ္ရာမ်ား မထင္ဟု ယူဆရမည္ထင္ပါသည္။
မွန္၏၊ ဘုရားရွင္တုိ ့၏ ေျခေတာ္ရာ မထင္ျခင္း အေၾကာင္းသုံးပါးကုိ
(၁) သိမ္ေမြ ့ႏူးညံ့ေသာေၾကာင့္လည္း၊
(၂) ခြန္အားႀကီးမားလွေသာေၾကာင့္လည္းေကာင္း၊
(၃) လူအမ်ားအား ငဲ့ညွာသနားေတာ္မူေသာ ေၾကာင့္လည္းေကာင္း၊ ေျခေတာ္ရာမထင္ေၾကာင္း အဂၤုတၱရနိကာယ္၊ စတုကၠနိပါတ္၊ ေဒါဏသုတ္အဖြင့္ (၂၉၉)၌ဖြင့္ျပထားသည္။
ဘုရားရွင္၏ ကုိယ္ေတာ္ အေရေတာ္သည္ နဳး ့ညံ့ေသာေၾကာင့္ ဘုရားရွင္တုိ ့ေျခခ်ရာ အရပ္သည္ ၀ါဂြမ္း ေလးမ်ားထိရာ က်ရာအရပ္သုိ ့သာျဖစ္၍ ေျခေတာ္ရာမထိေပ။
ထုိ ့အတူ သိေႏၶာျမင္းပ်ံသည္ ပဒုမၼာၾကာရြက္ေပၚ၌ နင္း၍သြားေသာ္လည္း နင္းကာမတၱမွ် ျဖစ္၍ ေျခရာမထင္၊ ဤနည္းအတူ အားေတာ္ဆယ္တန္ႏွင့္ ျပည့္စုံေတာ္မူေသာ ဘုရားရွင္၏ နင္းအပ္ရာအရပ္သည္လည္း၊ ေျခေတာ္ရာမထင္ေပ။ (န တတၳ ပဒ၀လေဥၥာ ပညာယတိ)။
ဘုရားရွင္၏ ေနာက္ေတာ္သုိ ့လုိက္ပါလာသူ လူအမ်ားသည္ ဘုရားရွင္၏ ေျခေတာ္ရာကုိ ျမင္ေတြ႔ ့ရလွ်င္ နင္းဘုိ ့ေက်ာ္ဘုိ ့မ၀ံ့ရဲသျဖင့္ ေရွာင္ကြင္းေနရ၍ ခရီးသြားလာမႈ ၾကန္ ့ၾကာ ေႏွာင့္ေႏွးျခင္း ျဖစ္ၾကရေပသည္။
ထုိလူမ်ား ငဲ့ညွာသနားေတာ္မူသျဖင့္ ေျခေတာ္ရာသည္ (ထင္လွ်င္လည္း) ခ်က္ျခင္းပင္ ကြယ္ေပ်ာက္သြားရေလသည္။
ေျခေတာ္ရာ ဖူးေတြ ့ရသူမ်ား
ေဒါဏပုဏၰားႀကီးကား ဘုရားရွင္၏ အဓိဌာန္ေတာ္မူေသာေၾကာင့္သာ ေျခေတာ္ရာကိုေတြ ့ျမင္
ရျခင္းျဖစ္ေပသည္၊ (အံဌ-၁၊၃၃၅)။
ဘုရားရွင္သည္ ျမင္ေစလုိသူတုိ ့အား ေျခေတာ္ရာေစတီ ခ်၍ ျမင္ေစသတည္းဟု အဓိဌာန္ေတာ္မူသည္။ ထုိ ့ေၾကာင့္ မာဂ႑ီပုဏၰားမိသားစုလည္း ဘုရားေျခေတာ္ရာကုိ ျမင္ေတြ ့ရျခင္းျဖစ္သည္၊ (ဓမၼပဒဌ-၁၊၁၉၂)။
ထုိ ့အတူ ဗာ၀ရီပုဏၰားႀကီး ၏တပည့္တုိ ့သည္လည္း ဘုရားေျခေတာ္၏ အဓိ႒ာန္ေတာ္မူေသာေၾကာင့္သာ ေဇတ၀န္ ေက်ာင္းေတာ္အနီး၌ ဘုရားရွင္ေတာ္၏ ေျခေတာ္ရာကုိ ျမင္ေတြ ့ရျခင္းျဖစ္သည္၊ (သုတၱ႒-၁၊၂၉၉)။
အဓိ႒ာန္၍ ခ်ထားအပ္ေသာ ေျခရာေတာ္ ေစတီကား ဆင္ျမင္းစေသာ သတၱ၀ါတုိ ့ နင္းေက်ာ္သြားေသာ္လည္း မပ်က္၊ မုိးႀကီးရြာသြန္းလည္း ေပ်ာက္မသြား၊ ေ၀ရမၻေလ (တိုေနး တုိးေလေဗြ) ႀကီးမ်ား ေ၀ွ ့တုိက္သြားေသာ္လည္း ပကတိတည္ျမဲတုိင္ပင္၊ တည္ရွိေနေလသည္၊ မည္သူ တစုံတစ္ေယာက္မွ် မေဖ်ာက္ဖ်က္နိဳင္ေပ။ (ဓမၼပဒ႒-၁၊၁၂၉)။
ဗုဒၶေျခေတာ္ရာမ်ား
နမၼဒါနဂါးမင္းက ေတာင္းပန္၍ နမၼဒါျမစ္ကမ္း၌ ေျခေတာ္ရာတစ္ဆူ၊ သစၥဗႏၶရဟန္း ေတာင္းပန္၍ သစၥဗႏၶေတာင္ထိပ္၌ တစ္ဆူရွိေၾကာင္း (သံ႒-၃၊၂၅၊ ပံ႒-၄၊၂၃၉) အ႒ကထာ
တုိ ့၌ မိန္ ့ဆုိခ်က္ရွိ၏။
ဤမဃေဒ၀လကၤာသစ္ပုိဒ္ေရ ၅၈၀-၌လည္း-
ရွင္ေတာ္ဘုရား၊ လုိေတာ္အားျဖင့္၊
ပုဏၰား ေဒါဏ၊ ပုတၱသာရီ
မာဂ႑ီႏွင့္၊ ဗာ၀ရီ ၀တၳဳ
ေလးခု ျခင္းတ၊ ထုိကိစၥမွ
ဌာန အျခား၊ ရပ္တစ္ပါးႏွိဳက္၊
ေရႊဘြား ညံ့ႏု၊ ၀ါဂြမ္းစုႏွင့္
လြတ္တု အားအန္၊ ေနာင္က်န္ ေထာက္ထား
ေၾကာင္းသုံးပါးေၾကာင့္၊ ၾကြသြားတုိင္ပင္
ရာမထင္လည္း။
ဟုမာန္လည္ဆရာေတာ္ကုိယ္တုိင္ ဖြဲ ့ဆုုိထားသည့္အတုိင္း
(၁) ေဒါဏပုဏၰား၊
(၂) သာရိပုတၱေထရ္
(၃) မာဂ႑ီ မိသားစု
(၄) ဗာ၀ရီ၀တၳဳ တုိ ့၌ ေျခေတာ္ရာျပသျခင္း ေလးဌာန ရွိေၾကာင္း ဖြဲ ့ဆုိထားသည္။
ထုိးေလး႒ာနႏွင့္ နမၼဒါျမစ္ကမ္း၊ သစၥဗႏၶေတာင္ထိပ္ ေျခေတာ္ရာ ႏွစ္ဆူထည့္လွ်င္ ေျခာက္႒ာနတုိ ့၌ ဗုဒၶျမတ္စြာ၏ ေျခေတာ္ရာမ်ား ထင္ရွိေၾကာင္း သိနဳိင္သည္။
အရွင္သာရိပုတၱရာႏွင့္ ေျခေတာ္ရာ
အရွင္သာရိပုတၱရာေထရ္အား ဗုဒၶျမတ္စြာက ေျခေတာ္ရာခ်ျပေတာ္မူေၾကာင္းကုိ စူဠ၀ဂၢါဒိ အ႒ကထာ (၁၇၆)၌ ဖြင့္ျပထား၏။
ကုကၠဳဋမိတၱေနသာဒ၀တၳဳ၌ကား ကုကၠဳဋမုဆုိး ေထာင္ထားသည့္ ေက်ာ့ကြင္းအနီး၌ ဗုဒၶျမတ္စြာေျခေတာ္ရာ ခ်ထားေတာ္မူပုံ ေတြ ့ရသည္။
ထုိ ့ေၾကာင့္ အထက္ပါ ေျခာက္ဌာနႏွင့္ ေပါင္း၍ ခုႏွစ္႒ာနတုိ ့၌ ေျခေတာ္ရာ ခ်ထားေၾကာင္း သိပါေလ။
ယေန ့တုိင္ ဖူးေတြ ့ရေသာ ေျခေတာ္ရာမ်ား
အထက္ပါ ေျခေတာ္ရာ ခုႏွစ္ဆူတြင္လည္း နမၼဒါျမစ္ကမ္းႏွင့္ သစၥဗႏၶေတာင္ရွိ ေျခေတာ္ရာ
တုိ ့့ကား ယေန ့တုိင္ထင္ရွားရွိေနေသးသည္ဟု ဆုိရေပမည္။
မဟာ၀ံသက်မ္းအလုိ သီရိလကၤာနိဳင္ငံ၊ ေစတီပါဒေတာင္ထိပ္၌ ယေန ့တုိင္ ေျခေတာ္ရာ တစ္ဆူထင္ရွားရွိ၏။ ဗုဒၶျမတ္စြာ သက္ေတာ္ထင္ရွားရွိစဥ္က ခ်ထားေတာ္မူခဲ့ေသာ ေျခေတာ္ရာဟု ဆုိၾက၏။
ထုိ ့ေၾကာင္ ဇမၺဴမွာ ေဒြး၊ ယာမွာဧ ဟု ဇမၺဴဒိပ္ကြ်န္းတြင္ ေျခေတာ္ရာ ႏွစ္ဆူ၊ သီရိလကၤာ၌ လက္ယာေျခေတာ္ရာ တစ္ဆူဟု ေျခေတာ္ရာသုံးဆူ လူ ့ေလာက၌ရွိေၾကာင္း ေရွးက ဆုိထုံးျပဳ ခဲ့ၾကသည္။
by အရွင္နာယကာလကၤာရ
စက္ေတာ္ရာ ၏ အရြယ္ပမာဏ
******************************
ဗုဒၶ စက္ေတာ္ရာ ၏ အရြယ္ ပမာဏႏွင့္ ပတ္သက္၍ စာေပက်မ္းဂန္ မ်ား တြင္ ေရွး ပညာရွိ မ်ားက ျပ ဆိုၾက သည္ မွာ.....
(၁) ေျခဖဝါး ၏ အလ်ားသည္ ျမတ္စြာဘုရား ၏ အထြာ ေတာ္ႏွင့္ တစ္ထြာ သံုးသစ္၊
(၂) မဇၩိမပုရိသ အေနျဖင့္ တစ္ ေထာင့္ထြာ သံုးသစ္
(၃) သာမန္ ပကတိ ပုရိသ အေနျဖင့္ ႏွစ္ ေတာင့္ထြာ ခုနစ္ လက္သစ္၊ ႏွစ္မုေယာဟူ၍ ဆိုၾကသည္။
ေျခဖဝါးေတာ္ ၏ အနံကို မူ အလ်ားႏွင့္ လိုက္ဖက္ ေသာ အတိုင္း အတာ အျဖစ္ မွတ္ယူၾကသည္။
ျမတ္စြာ ဘုရား ၏ ေျခဖဝါးေတာ္ ၌ စက္ေတာ္ရာ တည္ေနရာ သည္ ေျခဖဝါး ေတာ္ ၏ အလ်ား ကို ေလးပိုင္း ပိုင္းလွ်င္ ေျခဖေနာင့္ေတာ္ပိုင္း မွ စတင္၍ ဒုတိယပိုင္းျဖစ္ေသာ ဖမ်က္ေတာ္ အပိုင္းတြင္ တည္ရွိသည္ဟု ဆိုသည္။
အခ်ဳပ္ ဆိုရေသာ္ အိႏိၵယႏိုင္ငံ ရွိ ဗုဒၶဂယာေဒသ သည္ ျမတ္စြာ ဘုရားရွင္ သီတင္းသံုးရာ ဗုဒၶဌာန မ်ားျဖစ္ သကဲ့သို႔ ျမန္မာႏုိင္ငံ မင္းဘူးေဒသ ရွိ အထက္ စက္ေတာ္ရာႏွင့္ ေအာက္ စက္ေတာ္ရာ ပါဒႏွစ္ဆူ သည္ ျမန္မာ တို႔၏ ဗုဒၶဂယာ အျဖစ္ ၾကည္ညိဳ ပူေဇာ္ႏိုင္ေသာ ဗုဒၶေဒသမ်ား ဟု ဆိုႏုိင္ပါသည္။
''ျမတ္ႏိုးလွစြာ ေျခေတာ္ရာ သို႔ တစ္ေခါက္ေရာက္ လွ်င္ သြားခ်င္ေနၾက လြန္ေတာင့္ တ၍ ဟတၱသြယ္ေပ်ာင္း၊ လက္ ဆယ္ေခ်ာင္း ကို ဦးေခါင္း ထိပ္တင္ ၾကည္လင္ျမတ္ႏိုး ရွိခိုး ပါ၏''
ဘုရားရွင္၏ အံ့ဖြယ္ ၁၈ ပါး
*********************
( by Myanmar Cupid Forum )
သမႏ ၱစကၡဳဒီပနီ တတိယတြဲ ပုစာၦအမွတ္-၇၁ ။ စာမ်က္ႏွာ ၂၃၉-၌အက်ယ္ရႈပါ ။
ဘုရားရွင္၏ အံ့ဖြယ္ ၁၈ ပါး။
(၁) ၀တ္ေတာ္မူေသာ သကၤန္းေတာ္သည္ ဖြပ္ဆိုးရျခင္း၊ ေဟာင္းႏြမ္းျခင္းမရွိျုခင္း။
(၂) ပရိကၡရာ (၈)ပါးကို ေဆာင္ေတာ္မူလွ်င္ ကိုယ္ႏွင့္မထိ လက္ေလးသစ္မွ်ကြာျခင္း။
(၃) ေတာ္ထြက္ေတာ္မူစဥ္က ပယ္ျဖတ္မူေသာဆံေတာ္သည္ လက္ႏွစ္သစ္မွ်သာ တစ္သက္ပတ္လံုး တည္ေတာ္မူျခင္း။
(၄) ဆြမ္းစားျပီးေသာ္ သပိတ္ေတာ္ေဆးလွ်င္ လက္ေတာ္စင္ ၊ လက္ေတာ္ေဆးလ်ွင္ သပိတ္ေတာ္စင္၏။
(၅) မုန္ညင္းေစ႔မွ်ေသာ ၾကဳတ္ထဲသို႔ ၀င္ႏို္င္ျခင္း။
(၆) ေရာင္ျခည္ေတာ္ (၆)ပါး လႊတ္ေတာ္မူေသာ္ အရပ္(၁၀)မ်က္ႏွာကို ေဖာက္ထြင္းျခင္း။
(၇) ေ၀ေနယ်သတၱ၀ါသို႔လိုက္၍ ကုိယ္ေတာ္မွတစ္ပါး နိမၼိတဘုရားေပါင္းမ်ားစြာ ဖန္ဆင္းႏိုင္ျခင္း။ (အေသေခ်ၤ)
(၈) ေခတ္သံုးပါးတုိ႔၌ အမိုက္တိုက္ကိုလည္းေကာင္း၊ အလင္းကိုလည္းေကာင္း ေပးႏိုင္ျခင္း။
(၉) အထက္ေကာင္းကင္တြင္ လ၀န္းကဲ႔သို႔ ျမင္ေတာ္မူျခင္း။
(၁၀) လူနတ္တို႔၏စိတ္ကို အသာသယာႏုသယဉာဏ္ေတာ္ျဖင့္ သိစြမ္းေတာ္မူျခင္း။
(၁၁) အသံေတာ္ရွစ္ပါးႏွင့္တရားေဟာ္ေတာ္မူရာ အလံုးစံုေသာပရိတ္သတ္တို႔၏အနားသို႔ ကပ္၍ေဟာသကဲ႔သို႔ၾကားရျခင္း။
(၁၂) ကၽြတ္အံ႔ေသာ သတၱ၀ါတို႔ကို မဟာဂရုဏာ သမာပတၱိဉာဏ္ေတာ္ျဖင့္ သိႏိုင္ျခင္း။ ခပ္သိမ္းေသာ သတၱ၀ါတို႔အေပၚတြင္ ကရုဏာတရား ပြားမ်ားအားၾကီးျခင္း။
(၁၃) လူနတ္ျဗဟၼာတို႔၏ ကၽြတ္မည့္အခါတည္းဟူေသာ အိေျႏၵအႏုအရင့္ကို သိေတာ္မူျခင္း။
(၁၄) အထက္ပါ(၁၃)ပါးႏွင့္ ေဥယ်ဓံတရား(၅)ပါးကို သိႏိုင္ျခင္း။
(၁၅) အလိုရွိ၍လက္ေတာ္ကိုဆန္႔လိုက္လွ်င္ သပိတ္ေတာ္အလိုအေလ်ာက္ ေရာက္လာျခင္း။
(၁၆) ေရအစံု ၊ မီးအစံုႏွင့္ တန္ခိုးျပာဋိဟာျပႏို္င္ျခင္း။
(၁၇) တာ၀တႎသာသို႔ အဘိဓမၼာတရားေဟာ္ေတာ္မူရန္ ပကတိ သံုးဖ၀ါးႏွစ္လွမ္းတည္းျဖင့္ ၾကြေတာ္မူႏိုင္ျခင္း။
(၁၈)ေဒသစာရီၾကြခ်ီေတာ္မူလွ်င္ေျခရာမတင္သည့္အျပင္ေျမအညီအညြတ္ျဖစ္ရျခင္း။
တို႔ျဖစ္သည္။
(ဘုရားရွင္၏ အံ့ဖြယ္ ၁၈ ပါး။)
ျပန္လည္မၽွေဝပါသည္။
.
.
ဗုဒ္ဓခြေတော်ရာ အကြောင်း သိကောင်းစရာများ နှင့်
ဘုရားရှင်၏ အံ့ဖွယ် (၁၈) ပါး အကြောင်း
*********************************
နု ့ညက် ညံ့ထွား၊ ရွွေဘွား စက္ကင်၊ စုံနှစ်ပြင်ဖြင့်၊
မြေတွင် မထိ၊ ပကတိအား၊ လေးသစ် ခြားလျက်၊
ဘုရားတို ့တမ်း၊ ကြွလှမ်း မွေ ့ညက်၊
ငြိမ်သက် လေးတင်၊ ကြွလာ ကျင်မှ။
လင်္ကာ၌ မြေတွင် မထိ ဟုဆိုသော်လည်း မြေတွင် ဘုရားရှင်၏ ခြေတော်ရာများ မထင်ဟု ယူဆရမည်ထင်ပါသည်။
မှန်၏၊ ဘုရားရှင်တို ့၏ ခြေတော်ရာ မထင်ခြင်း အကြောင်းသုံးပါးကို
(၁) သိမ်မွေ ့နူးညံ့သောကြောင့်လည်း၊
(၂) ခွန်အားကြီးမားလှသောကြောင့်လည်းကောင်း၊
(၃) လူအများအား ငဲ့ညှာသနားတော်မူသော ကြောင့်လည်းကောင်း၊ ခြေတော်ရာမထင်ကြောင်း အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ ဒေါဏသုတ်အဖွင့် (၂၉၉)၌ဖွင့်ပြထားသည်။
ဘုရားရှင်၏ ကိုယ်တော် အရေတော်သည် နုး ့ညံ့သောကြောင့် ဘုရားရှင်တို ့ခြေချရာ အရပ်သည် ၀ါဂွမ်း လေးများထိရာ ကျရာအရပ်သို ့သာဖြစ်၍ ခြေတော်ရာမထိပေ။
ထို ့အတူ သိန္ဓောမြင်းပျံသည် ပဒုမ္မာကြာရွက်ပေါ်၌ နင်း၍သွားသော်လည်း နင်းကာမတ္တမှျ ဖြစ်၍ ခြေရာမထင်၊ ဤနည်းအတူ အားတော်ဆယ်တန်နှင့် ပြည့်စုံတော်မူသော ဘုရားရှင်၏ နင်းအပ်ရာအရပ်သည်လည်း၊ ခြေတော်ရာမထင်ပေ။ (န တတ္ထ ပဒ၀လေဥ္စာ ပညာယတိ)။
ဘုရားရှင်၏ နောက်တော်သို ့လိုက်ပါလာသူ လူအများသည် ဘုရားရှင်၏ ခြေတော်ရာကို မြင်တွေ့ ့ရလှျင် နင်းဘို ့ကျော်ဘို ့မ၀ံ့ရဲသဖြင့် ရေှာင်ကွင်းနေရ၍ ခရီးသွားလာမွု ကြန် ့ကြာ နေှာင့်နေှးခြင်း ဖြစ်ကြရပေသည်။
ထိုလူများ ငဲ့ညှာသနားတော်မူသဖြင့် ခြေတော်ရာသည် (ထင်လှျင်လည်း) ချက်ခြင်းပင် ကွယ်ပျောက်သွားရလေသည်။
ခြေတော်ရာ ဖူးတွေ ့ရသူများ
ဒေါဏပုဏ္ဏားကြီးကား ဘုရားရှင်၏ အဓိဌာန်တော်မူသောကြောင့်သာ ခြေတော်ရာကိုတွေ ့မြင်
ရခြင်းဖြစ်ပေသည်၊ (အံဌ-၁၊၃၃၅)။
ဘုရားရှင်သည် မြင်စေလိုသူတို ့အား ခြေတော်ရာစေတီ ချ၍ မြင်စေသတည်းဟု အဓိဌာန်တော်မူသည်။ ထို ့ကြောင့် မာဂဏ္ဍီပုဏ္ဏားမိသားစုလည်း ဘုရားခြေတော်ရာကို မြင်တွေ ့ရခြင်းဖြစ်သည်၊ (ဓမ္မပဒဌ-၁၊၁၉၂)။
ထို ့အတူ ဗာ၀ရီပုဏ္ဏားကြီး ၏တပည့်တို ့သည်လည်း ဘုရားခြေတော်၏ အဓိဋ္ဌာန်တော်မူသောကြောင့်သာ ဇေတ၀န် ကျောင်းတော်အနီး၌ ဘုရားရှင်တော်၏ ခြေတော်ရာကို မြင်တွေ ့ရခြင်းဖြစ်သည်၊ (သုတ္တဋ္ဌ-၁၊၂၉၉)။
အဓိဋ္ဌာန်၍ ချထားအပ်သော ခြေရာတော် စေတီကား ဆင်မြင်းစသော သတ္တ၀ါတို ့ နင်းကျော်သွားသော်လည်း မပျက်၊ မိုးကြီးရွာသွန်းလည်း ပျောက်မသွား၊ ေ၀ရမ္ဘလေ (တိုနေး တိုးလေဗွေ) ကြီးများ ေ၀ှ ့တိုက်သွားသော်လည်း ပကတိတည်မြဲတိုင်ပင်၊ တည်ရှိနေလေသည်၊ မည်သူ တစုံတစ်ယောက်မှျ မဖျောက်ဖျက်နိုင်ပေ။ (ဓမ္မပဒဋ္ဌ-၁၊၁၂၉)။
ဗုဒ္ဓခြေတော်ရာများ
နမ္မဒါနဂါးမင်းက တောင်းပန်၍ နမ္မဒါမြစ်ကမ်း၌ ခြေတော်ရာတစ်ဆူ၊ သစ္စဗန္ဓရဟန်း တောင်းပန်၍ သစ္စဗန္ဓတောင်ထိပ်၌ တစ်ဆူရှိကြောင်း (သံဋ္ဌ-၃၊၂၅၊ ပံဋ္ဌ-၄၊၂၃၉) အဋ္ဌကထာ
တို ့၌ မိန် ့ဆိုချက်ရှိ၏။
ဤမဃဒေ၀လင်္ကာသစ်ပိုဒ်ရေ ၅၈၀-၌လည်း-
ရှင်တော်ဘုရား၊ လိုတော်အားဖြင့်၊
ပုဏ္ဏား ဒေါဏ၊ ပုတ္တသာရီ
မာဂဏ္ဍီနှင့်၊ ဗာ၀ရီ ၀တ္ထု
လေးခု ခြင်းတ၊ ထိုကိစ္စမှ
ဌာန အခြား၊ ရပ်တစ်ပါးနှိုက်၊
ရွွေဘွား ညံ့နု၊ ၀ါဂွမ်းစုနှင့်
လွတ်တု အားအန်၊ နောင်ကျန် ထောက်ထား
ကြောင်းသုံးပါးကြောင့်၊ ကြွသွားတိုင်ပင်
ရာမထင်လည်း။
ဟုမာန်လည်ဆရာတော်ကိုယ်တိုင် ဖွဲ ့ဆုုိထားသည့်အတိုင်း
(၁) ဒေါဏပုဏ္ဏား၊
(၂) သာရိပုတ္တထေရ်
(၃) မာဂဏ္ဍီ မိသားစု
(၄) ဗာ၀ရီ၀တ္ထု တို ့၌ ခြေတော်ရာပြသခြင်း လေးဌာန ရှိကြောင်း ဖွဲ ့ဆိုထားသည်။
ထိုးလေးဋ္ဌာနနှင့် နမ္မဒါမြစ်ကမ်း၊ သစ္စဗန္ဓတောင်ထိပ် ခြေတော်ရာ နှစ်ဆူထည့်လှျင် ခြောက်ဋ္ဌာနတို ့၌ ဗုဒ္ဓမြတ်စွာ၏ ခြေတော်ရာများ ထင်ရှိကြောင်း သိနိုင်သည်။
အရှင်သာရိပုတ္တရာနှင့် ခြေတော်ရာ
အရှင်သာရိပုတ္တရာထေရ်အား ဗုဒ္ဓမြတ်စွာက ခြေတော်ရာချပြတော်မူကြောင်းကို စူဠ၀ဂ္ဂါဒိ အဋ္ဌကထာ (၁၇၆)၌ ဖွင့်ပြထား၏။
ကုက္ကုဋမိတ္တနေသာဒ၀တ္ထု၌ကား ကုက္ကုဋမုဆိုး ထောင်ထားသည့် ကျော့ကွင်းအနီး၌ ဗုဒ္ဓမြတ်စွာခြေတော်ရာ ချထားတော်မူပုံ တွေ ့ရသည်။
ထို ့ကြောင့် အထက်ပါ ခြောက်ဌာနနှင့် ပေါင်း၍ ခုနှစ်ဋ္ဌာနတို ့၌ ခြေတော်ရာ ချထားကြောင်း သိပါလေ။
ယနေ ့တိုင် ဖူးတွေ ့ရသော ခြေတော်ရာများ
အထက်ပါ ခြေတော်ရာ ခုနှစ်ဆူတွင်လည်း နမ္မဒါမြစ်ကမ်းနှင့် သစ္စဗန္ဓတောင်ရှိ ခြေတော်ရာ
တို ့့ကား ယနေ ့တိုင်ထင်ရှားရှိနေသေးသည်ဟု ဆိုရပေမည်။
မဟာ၀ံသကျမ်းအလို သီရိလင်္ကာနိုင်ငံ၊ စေတီပါဒတောင်ထိပ်၌ ယနေ ့တိုင် ခြေတော်ရာ တစ်ဆူထင်ရှားရှိ၏။ ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်က ချထားတော်မူခဲ့သော ခြေတော်ရာဟု ဆိုကြ၏။
ထို ့ကြောင် ဇမ္ဗူမှာ ဒွေး၊ ယာမှာဧ ဟု ဇမ္ဗူဒိပ်ကျွန်းတွင် ခြေတော်ရာ နှစ်ဆူ၊ သီရိလင်္ကာ၌ လက်ယာခြေတော်ရာ တစ်ဆူဟု ခြေတော်ရာသုံးဆူ လူ ့လောက၌ရှိကြောင်း ရေှးက ဆိုထုံးပြု ခဲ့ကြသည်။
by အရှင်နာယကာလင်္ကာရ
စက်တော်ရာ ၏ အရွယ်ပမာဏ
******************************
ဗုဒ္ဓ စက်တော်ရာ ၏ အရွယ် ပမာဏနှင့် ပတ်သက်၍ စာပေကျမ်းဂန် များ တွင် ရေှး ပညာရှိ များက ပြ ဆိုကြ သည် မှာ.....
(၁) ခြေဖဝါး ၏ အလျားသည် မြတ်စွာဘုရား ၏ အထွာ တော်နှင့် တစ်ထွာ သုံးသစ်၊
(၂) မဇ္ဈိမပုရိသ အနေဖြင့် တစ် ထောင့်ထွာ သုံးသစ်
(၃) သာမန် ပကတိ ပုရိသ အနေဖြင့် နှစ် တောင့်ထွာ ခုနစ် လက်သစ်၊ နှစ်မုယောဟူ၍ ဆိုကြသည်။
ခြေဖဝါးတော် ၏ အနံကို မူ အလျားနှင့် လိုက်ဖက် သော အတိုင်း အတာ အဖြစ် မှတ်ယူကြသည်။
မြတ်စွာ ဘုရား ၏ ခြေဖဝါးတော် ၌ စက်တော်ရာ တည်နေရာ သည် ခြေဖဝါး တော် ၏ အလျား ကို လေးပိုင်း ပိုင်းလှျင် ခြေဖနောင့်တော်ပိုင်း မှ စတင်၍ ဒုတိယပိုင်းဖြစ်သော ဖမျက်တော် အပိုင်းတွင် တည်ရှိသည်ဟု ဆိုသည်။
အချုပ် ဆိုရသော် အိန္ဒိယနိုင်ငံ ရှိ ဗုဒ္ဓဂယာဒေသ သည် မြတ်စွာ ဘုရားရှင် သီတင်းသုံးရာ ဗုဒ္ဓဌာန များဖြစ် သကဲ့သို့ မြန်မာနိုင်ငံ မင်းဘူးဒေသ ရှိ အထက် စက်တော်ရာနှင့် အောက် စက်တော်ရာ ပါဒနှစ်ဆူ သည် မြန်မာ တို့၏ ဗုဒ္ဓဂယာ အဖြစ် ကြည်ညို ပူဇော်နိုင်သော ဗုဒ္ဓဒေသများ ဟု ဆိုနိုင်ပါသည်။
''မြတ်နိုးလှစွာ ခြေတော်ရာ သို့ တစ်ခေါက်ရောက် လှျင် သွားချင်နေကြ လွန်တောင့် တ၍ ဟတ္တသွယ်ပျောင်း၊ လက် ဆယ်ချောင်း ကို ဦးခေါင်း ထိပ်တင် ကြည်လင်မြတ်နိုး ရှိခိုး ပါ၏''
ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး
*********************
( by Myanmar Cupid Forum )
သမန ္တစက္ခုဒီပနီ တတိယတွဲ ပုစ္ဆာအမှတ်-၇၁ ။ စာမျက်နှာ ၂၃၉-၌အကျယ်ရွုပါ ။
ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး။
(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရှိြုခင်း။
(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလှျင် ကိုယ်နှင့်မထိ လက်လေးသစ်မှျကွာခြင်း။
(၃) တော်ထွက်တော်မူစဉ်က ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မှျသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။
(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလှျင် လက်တော်စင် ၊ လက်တော်ဆေးလျှင် သပိတ်တော်စင်၏။
(၅) မုန်ညင်းစေ့မှျသော ကြုတ်ထဲသို့ ၀င်နို်င်ခြင်း။
(၆) ရောင်ခြည်တော် (၆)ပါး လွွတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။
(၇) ေ၀နေယျသတ္တ၀ါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေချေင်္)
(၈) ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။
(၉) အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။
(၁၀) လူနတ်တို့၏စိတ်ကို အသာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။
(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟော်တော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ကြားရခြင်း။
(၁၂) ကျွတ်အံ့သော သတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။
(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော အိန္ဒြေအနုအရင့်ကို သိတော်မူခြင်း။
(၁၄) အထက်ပါ(၁၃)ပါးနှင့် ေဥယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။
(၁၅) အလိုရှိ၍လက်တော်ကိုဆန့်လိုက်လှျင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။
(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးပြာဋိဟာပြနို်င်ခြင်း။
(၁၇) တာ၀တိံသာသို့ အဘိဓမ္မာတရားဟော်တော်မူရန် ပကတိ သုံးဖ၀ါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။
(၁၈)ဒေသစာရီကြွချီတော်မူလှျင်ခြေရာမတင်သည့်အပြင်မြေအညီအညွတ်ဖြစ်ရခြင်း။
တို့ဖြစ်သည်။
(ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး။)
ပြန်လည်မျှဝေပါသည်။

No comments:

Post a Comment