Blog Archive

Friday, May 20, 2016

Computerမွာ Hard Disk ေနရာလြတ္အမ်ားၾကီးရလာေအာင္ လုပ္နည္း

ကြန္ျပဴတာမွာ Hard Disk ေနရာလြတ္အမ်ားၾကီးရလာေအာင္ လုပ္နည္း

အခုေခတ္မွာ ဟာ့ဒ္ဒစ္ေတြက ဖိုင္ဆိုက္ေတြ ပုိမ်ားလာတယ္ဆုိေပမယ့္၊ ကြန္ျပဴတာသုံးသူတုိင္း အျမဲၾကဳံေတြ႔ရတဲ့ျပႆနာက Hard Disk ေနရာလြတ္သိပ္မရွိေတာ့တဲ့ ျပႆနာပါ။ HDD ေတြထက္စာရင္ ဖိုင္ဆံ့တာပုိနည္းတဲ့ SDD သုံးတဲ့လူေတြဆုိရင္ ပုိသိသာပါတယ္။

တကယ္လုိ႔၊ ကြန္ျပဴတာမွာ အေရးတၾကီးဖုိင္ေတြ၊ ဗီဒီယိုေတြ၊ ပရိုဂရမ္ေတြ သိမ္းခ်င္ေပမယ့္၊ Hard disk သိပ္မလြတ္ေတာ့တဲ့အတြက္ ဒုကၡေရာက္ေနသူေတြအတြက္ ကြန္ျပဴတာထဲက မလိုအပ္တဲ့ အပုိဖိုင္ေတြကို ဖ်က္ျပီး ေနရာလြတ္မ်ားမ်ားရေအာင္ လုပ္နည္းကို မသိေသးသူေတြအတြက္ ေ၀မွ်ေပးလုိက္ပါတယ္။
နည္း (၁) – Disk Cleanup လုပ္ေပးပါ။

Windows ေတြမွာ မလုိအပ္တဲ့ေဒတာေတြ၊ ခဏသိမ္းထားတဲ့ temporary file ေတြကို ဖ်က္ဖုိ႔အတြက္ tool တစ္ခု အစကတည္းက ပါလာပါတယ္။ ဒီ tool ကို သုံးမယ္ဆုိရင္၊ My Computer ထဲ၀င္၊ ကိုယ္ clean လုပ္ခ်င္တဲ့ drive ကို ေရြးျပီး၊ right-click ႏွိပ္၊ Properties ထဲ ၀င္လိုက္ပါ။

Box တစ္ခုက်လာျပီး၊ Disk Cleanup ဆုိတာကို ကလစ္လုိက္ရင္ Windows က ဖ်က္လုိ႔ရမယ့္ဖိုင္ေတြကို အလုိလုိတြက္ေပးပါလိမ့္မယ္။ ကိုယ္ဖ်က္ခ်င္တဲ့ဖိုင္ေတြကို အမွန္ျခစ္လုိက္ျခစ္ေပးပါ။ Temporaray ဖိုင္ေတြ၊ log ဖိုင္ေတြ၊ recycle bin ထဲကဖိုင္ေတြနဲ႔ တျခားအေရးမၾကီးဖုိင္ေတြကို ဖ်က္ပစ္ႏိုင္ပါတယ္။

ဒီစာရင္းထဲမွာမေပၚတဲ့ စစ္စတမ္ဖိုင္ေတြကိုလည္း ေအာက္နားက Cleanup System files ဆုိတဲ့ ခလုတ္ကို ႏွိပ္ျပီး ဖ်က္ပစ္ႏိုင္ပါတယ္။

ဒီနည္းနဲ႔ဖိုင္ေတြဖ်က္ျပီးသြားရင္၊ ေနာက္ထပ္ ‘More Options’ ဆုိတာထဲ ၀င္ျပီး၊ ‘System Restore and Shadow Copies’ ဆုိတဲ့ ေခါင္းစဥ္ေအာက္က၊ ‘Clean up’ ကို ႏွိပ္ျပီး၊ ကြန္ျပဴတာစစ္စတမ္ကေန restore သိမ္းထားတဲ့ဖိုင္ေတြ ထပ္ဖ်က္ႏိုင္ပါေသးတယ္။ တစ္ခုသတိျပဳရမွာက- ဒါကိုဖ်က္လိုက္ရင္ ကြန္ျပဴတာရဲ့ restore လုပ္ထားတဲ့အဆင့္ေတြကိုလည္း ဖ်က္သြားမွာျဖစ္တာေၾကာင့္၊ ကြန္ျပဴတာ error တစ္ခုခု ၾကဳံရင္၊ ပုံမွန္လုိ ရက္ေတာ္ေတာ္ၾကာၾကာတစ္ခ်ိန္က ကြန္ျပဴတာစစ္စတမ္ဆီ ျပန္သြားလုိ႔ရမွာမဟုတ္ေတာ့ပါဘူး။

C ကို ဖ်က္ျပီးရင္၊ အထက္ပါ Cleanup နည္းေတြအတိုင္း D ကိုလည္း ဖ်က္ေပးပါ။
နည္းလမ္း(၂)- ေနရာအမ်ားၾကီးယူထားတဲ့ပရိုဂရမ္ေတြကိုဖ်က္ပစ္ပါ။

မလုိအပ္တဲ့ပရုိဂရမ္ေတြကို uninstall လုပ္ပစ္ျခင္းကလည္း Hard Disk မွာ ေနရာလြတ္ေတာ္ေတာ္ ထြက္လာမယ့္နည္းပါ။

ဒီနည္းကေတာ့ Control Panel ထဲ အရင္၀င္ျပီး၊ Programs and Features ကို ႏွိပ္လုိက္ပါ။ ညာဘက္ေဘးနားက Size ဆုိတာကိုႏွိပ္ျပီး၊ ဖိုင္ဆုိက္အမ်ားဆုံးပရိုဂရမ္ကေန အနည္းဆုံးအထိ အထက္ေအာက္ေပၚေအာင္ ေျပာင္းၾကည့္ႏိုင္ပါတယ္။ (တစ္ခ်ိဳ႔ပရိုဂရမ္ေတြက သူတုိ႔အမွန္တကယ္ယူထားတဲ့ space ကို တိတိက်က်မေဖာ္ျပတတ္ပါဘူး။ တခါတေလ ျပထားတာထက္ ဖိုင္ဆုိက္ပုိယူထားတတ္ပါတယ္)။ ေပၚလာတဲ့ ပရိုဂရမ္ေတြထဲက၊ ကိုယ္သိပ္မသုံးျဖစ္တာေတြ၊ မလုိအပ္တဲ့ပရုိဂရမ္ေတြကို uninstall လုပ္ေပးပါ။
နည္း(၃) ဖိုင္ရွင္းလင္းေရးလုပ္ေပးတဲ့ေဆာ့ဖ္၀ဲသုံးပါ။

Windows ကပါတဲ့ Disk Cleanup tool က ေတာ္ေတာ္အသုံး၀င္တယ္ဆုိေပမယ့္၊ တျခားပရိုဂရမ္ေတြ (ဥပမာ – Firefox တုိ႔ Chrome) တုိ႔ကသုံးထားတဲ့ caches ဖိုင္ေတြ၊ ယာယီဖိုင္ေတြကို မဖ်က္ေပးပါဘူး။ ဒီလုိဖိုင္ေတြ ဖ်က္ခ်င္ရင္ေတာ့၊ အေကာင္းဆုံးနဲ႔ လူသုံးအမ်ားဆုံးေဆာ့ဖ္၀ဲက CCleaner ျဖစ္ပါတယ္။ ဒီကေန ေဒါင္းလုဒ္ဆြဲႏိုင္ပါတယ္။

CCleaner ဟာ တျခား third-part ပရိုဂရမ္ေတြက မလုိတဲ့ဖိုင္ေတြကို ဖ်က္ေပးႏိုင္သလုိ၊ Disk Cleanup က မဖ်က္ေပးတဲ့ Windows ဖိုင္ေတြကိုလည္း ဖ်က္ေပးႏိုင္ပါတယ္။

နည္း(၄) – System Restore အတြက္သုံးတဲ့ ဖိုင္ဆိုက္ပမာဏကို ေလွ်ာ့ေပးပါ။

System Restore က ကြန္ျပဴတာကို အရင္စစ္စတမ္အေျခအေနဆီ ျပန္သြားဖို႔လုိအပ္တဲ့ restore point ေတြအတြက္ ဖိုင္ဆုိက္ပမာဏအမ်ားၾကီးယူထားတယ္ဆုိရင္၊ ဒီပမာဏကို ေလွ်ာ့ေပးပါ။ ကိုယ္က ဟိုကလိ၊ ဒီကလိလည္းမသုံးဘူးဆုိရင္ System Restore က သိပ္မလုိဘူးလုိ႔ေျပာလုိ႔ရပါတယ္။ ဒါေၾကာင့္၊ Control Panel ထဲက System ထဲ၀င္၊ System protection ကိုေရြး ( Computer မွာ right-click ေထာက္ျပီး၊ Properties ထဲ၀င္လည္းရပါတယ္)

System Protection ထဲ ေရာက္သြားျပီဆုိရင္၊ Configure ကိုေရြးလုိက္ပါ။ ဒါဆုိစခရင္တစ္ခုေပၚလာမွာျဖစ္ျပီး၊ ဒီမွာ System Protection ကို လုံး၀ပိတ္ပစ္ႏိုင္လုိ၊ အရင္မွတ္ထားတဲ့ restore points ေတြလည္း အကုန္ဖ်က္ပစ္ႏိုင္ပါတယ္။ System Restore မပိတ္ခ်င္ဘူးဆုိရင္ေတာ့ ေအာက္ကဘားေလးမွာ ဖိုင္ဆုိက္ နည္းနည္းဆြဲျပီး ေလွ်ာ့ခ်လိုက္ပါ။ ျပီးရင္ Apply လုပ္ျပီး၊ OK ႏွိပ္လိုက္ရင္ ျပီးပါျပီ။

Ref: How to Geek

Credit - digitaltimes.com.mm

  www.ayekyaw.org
Visit website
.
.
ကွန်ပြူတာမှာ Hard Disk နေရာလွတ်အများကြီးရလာအောင် လုပ်နည်း

အခုခေတ်မှာ ဟာ့ဒ်ဒစ်တွေက ဖိုင်ဆိုက်တွေ ပိုများလာတယ်ဆိုပေမယ့်၊ ကွန်ပြူတာသုံးသူတိုင်း အမြဲကြုံတွေ့ရတဲ့ပြဿနာက Hard Disk နေရာလွတ်သိပ်မရှိတော့တဲ့ ပြဿနာပါ။ HDD တွေထက်စာရင် ဖိုင်ဆံ့တာပိုနည်းတဲ့ SDD သုံးတဲ့လူတွေဆိုရင် ပိုသိသာပါတယ်။

တကယ်လို့၊ ကွန်ပြူတာမှာ အရေးတကြီးဖိုင်တွေ၊ ဗီဒီယိုတွေ၊ ပရိုဂရမ်တွေ သိမ်းချင်ပေမယ့်၊ Hard disk သိပ်မလွတ်တော့တဲ့အတွက် ဒုက္ခရောက်နေသူတွေအတွက် ကွန်ပြူတာထဲက မလိုအပ်တဲ့ အပိုဖိုင်တွေကို ဖျက်ပြီး နေရာလွတ်များများရအောင် လုပ်နည်းကို မသိသေးသူတွေအတွက် ေ၀မှျပေးလိုက်ပါတယ်။
နည်း (၁) – Disk Cleanup လုပ်ပေးပါ။

Windows တွေမှာ မလိုအပ်တဲ့ဒေတာတွေ၊ ခဏသိမ်းထားတဲ့ temporary file တွေကို ဖျက်ဖို့အတွက် tool တစ်ခု အစကတည်းက ပါလာပါတယ်။ ဒီ tool ကို သုံးမယ်ဆိုရင်၊ My Computer ထဲ၀င်၊ ကိုယ် clean လုပ်ချင်တဲ့ drive ကို ရွေးပြီး၊ right-click နှိပ်၊ Properties ထဲ ၀င်လိုက်ပါ။

Box တစ်ခုကျလာပြီး၊ Disk Cleanup ဆိုတာကို ကလစ်လိုက်ရင် Windows က ဖျက်လို့ရမယ့်ဖိုင်တွေကို အလိုလိုတွက်ပေးပါလိမ့်မယ်။ ကိုယ်ဖျက်ချင်တဲ့ဖိုင်တွေကို အမှန်ခြစ်လိုက်ခြစ်ပေးပါ။ Temporaray ဖိုင်တွေ၊ log ဖိုင်တွေ၊ recycle bin ထဲကဖိုင်တွေနဲ့ တခြားအရေးမကြီးဖိုင်တွေကို ဖျက်ပစ်နိုင်ပါတယ်။

ဒီစာရင်းထဲမှာမပေါ်တဲ့ စစ်စတမ်ဖိုင်တွေကိုလည်း အောက်နားက Cleanup System files ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။

ဒီနည်းနဲ့ဖိုင်တွေဖျက်ပြီးသွားရင်၊ နောက်ထပ် ‘More Options’ ဆိုတာထဲ ၀င်ပြီး၊ ‘System Restore and Shadow Copies’ ဆိုတဲ့ ခေါင်းစဉ်အောက်က၊ ‘Clean up’ ကို နှိပ်ပြီး၊ ကွန်ပြူတာစစ်စတမ်ကနေ restore သိမ်းထားတဲ့ဖိုင်တွေ ထပ်ဖျက်နိုင်ပါသေးတယ်။ တစ်ခုသတိပြုရမှာက- ဒါကိုဖျက်လိုက်ရင် ကွန်ပြူတာရဲ့ restore လုပ်ထားတဲ့အဆင့်တွေကိုလည်း ဖျက်သွားမှာဖြစ်တာကြောင့်၊ ကွန်ပြူတာ error တစ်ခုခု ကြုံရင်၊ ပုံမှန်လို ရက်တော်တော်ကြာကြာတစ်ချိန်က ကွန်ပြူတာစစ်စတမ်ဆီ ပြန်သွားလို့ရမှာမဟုတ်တော့ပါဘူး။

C ကို ဖျက်ပြီးရင်၊ အထက်ပါ Cleanup နည်းတွေအတိုင်း D ကိုလည်း ဖျက်ပေးပါ။
နည်းလမ်း(၂)- နေရာအများကြီးယူထားတဲ့ပရိုဂရမ်တွေကိုဖျက်ပစ်ပါ။

မလိုအပ်တဲ့ပရိုဂရမ်တွေကို uninstall လုပ်ပစ်ခြင်းကလည်း Hard Disk မှာ နေရာလွတ်တော်တော် ထွက်လာမယ့်နည်းပါ။

ဒီနည်းကတော့ Control Panel ထဲ အရင်၀င်ပြီး၊ Programs and Features ကို နှိပ်လိုက်ပါ။ ညာဘက်ဘေးနားက Size ဆိုတာကိုနှိပ်ပြီး၊ ဖိုင်ဆိုက်အများဆုံးပရိုဂရမ်ကနေ အနည်းဆုံးအထိ အထက်အောက်ပေါ်အောင် ပြောင်းကြည့်နိုင်ပါတယ်။ (တစ်ချို့ပရိုဂရမ်တွေက သူတို့အမှန်တကယ်ယူထားတဲ့ space ကို တိတိကျကျမဖော်ပြတတ်ပါဘူး။ တခါတလေ ပြထားတာထက် ဖိုင်ဆိုက်ပိုယူထားတတ်ပါတယ်)။ ပေါ်လာတဲ့ ပရိုဂရမ်တွေထဲက၊ ကိုယ်သိပ်မသုံးဖြစ်တာတွေ၊ မလိုအပ်တဲ့ပရိုဂရမ်တွေကို uninstall လုပ်ပေးပါ။
နည်း(၃) ဖိုင်ရှင်းလင်းရေးလုပ်ပေးတဲ့ဆော့ဖ်၀ဲသုံးပါ။

Windows ကပါတဲ့ Disk Cleanup tool က တော်တော်အသုံး၀င်တယ်ဆိုပေမယ့်၊ တခြားပရိုဂရမ်တွေ (ဥပမာ – Firefox တို့ Chrome) တို့ကသုံးထားတဲ့ caches ဖိုင်တွေ၊ ယာယီဖိုင်တွေကို မဖျက်ပေးပါဘူး။ ဒီလိုဖိုင်တွေ ဖျက်ချင်ရင်တော့၊ အကောင်းဆုံးနဲ့ လူသုံးအများဆုံးဆော့ဖ်၀ဲက CCleaner ဖြစ်ပါတယ်။ ဒီကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။

CCleaner ဟာ တခြား third-part ပရိုဂရမ်တွေက မလိုတဲ့ဖိုင်တွေကို ဖျက်ပေးနိုင်သလို၊ Disk Cleanup က မဖျက်ပေးတဲ့ Windows ဖိုင်တွေကိုလည်း ဖျက်ပေးနိုင်ပါတယ်။

နည်း(၄) – System Restore အတွက်သုံးတဲ့ ဖိုင်ဆိုက်ပမာဏကို လေှျာ့ပေးပါ။

System Restore က ကွန်ပြူတာကို အရင်စစ်စတမ်အခြေအနေဆီ ပြန်သွားဖို့လိုအပ်တဲ့ restore point တွေအတွက် ဖိုင်ဆိုက်ပမာဏအများကြီးယူထားတယ်ဆိုရင်၊ ဒီပမာဏကို လေှျာ့ပေးပါ။ ကိုယ်က ဟိုကလိ၊ ဒီကလိလည်းမသုံးဘူးဆိုရင် System Restore က သိပ်မလိုဘူးလို့ပြောလို့ရပါတယ်။ ဒါကြောင့်၊ Control Panel ထဲက System ထဲ၀င်၊ System protection ကိုရွေး ( Computer မှာ right-click ထောက်ပြီး၊ Properties ထဲ၀င်လည်းရပါတယ်)

System Protection ထဲ ရောက်သွားပြီဆိုရင်၊ Configure ကိုရွေးလိုက်ပါ။ ဒါဆိုစခရင်တစ်ခုပေါ်လာမှာဖြစ်ပြီး၊ ဒီမှာ System Protection ကို လုံး၀ပိတ်ပစ်နိုင်လို၊ အရင်မှတ်ထားတဲ့ restore points တွေလည်း အကုန်ဖျက်ပစ်နိုင်ပါတယ်။ System Restore မပိတ်ချင်ဘူးဆိုရင်တော့ အောက်ကဘားလေးမှာ ဖိုင်ဆိုက် နည်းနည်းဆွဲပြီး လေှျာ့ချလိုက်ပါ။ ပြီးရင် Apply လုပ်ပြီး၊ OK နှိပ်လိုက်ရင် ပြီးပါပြီ။

Ref: How to Geek

Credit - digitaltimes.com.mm

  www.ayekyaw.org
Visit website

No comments:

Post a Comment