Blog Archive

Friday, May 20, 2016



ဖုန်းတစ်ခု နှင့် ဓာတ်ပုံရိုက်ရတာဟာ အင်မတန် လွယ်ကူတဲ့ အလုပ်တစ်ခုပါ။ Auto-Mode ထားပြီး Click တစ်ချက်နှိပ်လိုက်ယုံနဲ့ ကောင်းမွန်တဲ့ ဓာတ်ပုံတစ်ခု ရရှိနိုင်ပါပီ။ ခုဖော်ပြပေးမယ့် အကြောင်းအရာ  တွေကတော့  ဖုန်းတစ်ခု ဖြင့် Professional ဆန်ဆန် ဓာတ်ပုံ ကောင်းကောင်းတွေရဖို့ ဘယ်လိုပြုလုပ်ရမယ့် ဆိုတဲ့ အချက်တွေကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။

Lens များကို အမြဲ သန့်ရှင်းရေးလုပ်ခြင်း

ဓာတ်ပုံတစ်ပုံကိုစရိုက်တော့မယ်ဆိုရင်ဖုန်း ကင်မရာ၏ Lens များကိုအရင်ဦးစွာစနစ်တကျသန့်ရှင်းရေးပြုလုပ်သင့်ပါသည်။ Len တွေဟာဖုန်းတွင်အလွယ်တကူ ဖုန်တက်လွယ်တဲ့အပိုင်းမှာရှိနေတာကြောင့်၎င်းဖုန်များသည်ဓာတ်ပုံရိုက်ရာတွင်အနှောက်အယှက်တစ်ခုကဲ့သို့ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ဓာတ်ပုံတစ်ပုံ ရိုက်တော့မယ်ဆိုရင် Len တွေကို အဝတ်စ(အင်္ကျီ) တစ်ခုခုဖြင့် ပွတ်ကာ သန့်ရှင်းရေး ပြုလုပ်သင့်ပါသည်။

Mobile-Photography-iPhone-Tips-24

Set the Focus
ဖုန်းနဲ့ ဓာတ်ပုံရိုက်တဲ့ အခါမှာ ဒီအတိုင်းရိုက်လိုက်တာထက်စာရင်  မရိုက်ခင်အချိန်လေးအတွင်းမှာ ကိုယ်ရိုက်ချင်တဲ့ ၊ ပေါ်စေချင်တဲ့ Object ကို   phone screen ပေါ်မှာ လက်နဲ့ ဖိ  focus ယူပြီးမှ ရိုက်ခြင်းဟာ ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရရှိစေပါတယ် ။

Mobile-Photography-iPhone-Tips-1

Flash ကို လိုသည်ထက် ပိုမိုအသုံးမပြုခြင်း

DSLR ကင်မရာများတွင်ပင် Flash Function သည်မဖြစ်မနေအနေအထားတွင်သာအသုံးပြုရန်ထည့်သွင်းထားတာဖြစ်ပါတယ်။ကျနော်တို့ဟာဓာတ်ပုံရိုက်တဲ့နေရာမှာသဘာဝပုံတွေဖြစ်နေဖို့အတွက် Flash အသုံးပြုခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။ SmartPhone တွေမှာပါဝင်တဲ့ LED Flash Light တွေကိုအသုံးပြုသင့်တဲ့အချိန်ရှိပါတယ်၊အဲတာကတော့သဘာဝအလင်းရောင်မလုံလောက်တဲ့နေရာတွေမှာပဲဖြစ်ပါတယ်။

Zoom အသုံးပြုပြီး အမြဲမရိုက်ပါနှင့်

Digital Zoom စနစ်သည် Smartphone ဖြင့်ဓာတ်ပုံရိုက်ရာမှာအဆိုးရွားဆုံးပုံများထွက်စေတယ်ဆိုပြီးနာမည်ကြီးတဲ့ Feature တစ်ခုပါ။မဖြစ်မနေ Zoom ဆွဲပြီးရိုက်ရတော့မယ်ဆိုလျှင်တော့ပုံမှန်အတိုင်းအရင်ရိုက်ပြီးမှာ ဓာတ်ပုံကို Crop လိုက်ခြင်းက Zoom ဆွဲပြီးရိုက်ခြင်းထက် ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံတစ်ခုကို ရရှိစေမှာဖြစ်ပါတယ်။

The Rule Of Third

Rule of Third  ဆိုတာက   မှာ ရိုးရိုးစင်းစင်းနဲ့ အသုံးများတဲ့ photo technique  ဖြစ်ပါတယ် ။   ကင်မရာsetting မှာပါတဲ့ Grid line option ကို on ပေးလိုက်ပါ ။ ဒါဆိုရင် camera screen မှာလိုင်း ၂ ခုစီ အပေါ်အောက်တားထားတဲ့ ပုံစံကိုတွေ့ရမှာပါ ။ သီအိုရီ တွေအရ ကိုယ် focus ထားပြီးရိုက်မဲ့  subject ကို အဲ့ဒီ့ လိုင်းတွေဆုံတဲ့နေရာမှာ ထားပြီးရိုက်ရင် ဓာတ်ပုံဟာ ပိုပြီးကြွစေတယ်လို့ဆိုပါတယ် ။

Sample of Rule of Third
Sample of Rule of Third
Sample of Rule of Third
Sample of Rule of Third

Use HDR Mode

HDR Mode သည်ရွေ့လျားခြင်းမရှိ၊တည်ငြိမ်နေသောဓာတ်ပုံများကိုရိုက်ယူရာမှာအကောင်းဆုံး Mode တစ်ခုဖြစ်ပါသည်။သို့သော်၎င်း Mode ဖြင့်ရို်က်မည်ဆိုလျှင်လက်ငြိမ်ဖို့တော့လိုအပ်မှာဖြစ်ပါတယ်။ HDR (high dynamic range) သည်ဓာတ်ပုံ၏အလင်းအမှောင်အရိပ်စသည်တို့ကိုအကောင်းဆုံးနှင့်အလိုက်ဖတ်ဆုံးဖြစ်အောင်တစ်ခါတည်းပြုလုပ်ပေးမှာဖြစ်ပါသည်။ HDR Mode ဖြင့်ဓာတ်ပုံရိုက်လျှင်၊တစ်ခါရိုက်လျှင်ပုံနှစ်ခုထွက်မည်ဖြစ်ပြီးပထမတစ်ပုံမှာသာမန်ဖြစ်ပြီး၊နောက်တစ်ပုံတွင်၎င်းပုံနှင့်အလိုက်ဖတ်ဆုံးအနေအထားရောက်အောင်ထိန်းညှိပေးမှာပဲဖြစ်ပါတယ်။

Filters များအသုံးပြုခြင်း

လူအတော်များများဟာဓာတ်ပုံရိုက်ပြီးလျှင်ပိုမိုလှပစေရန်အတွက် Filter လေးတွေထည့်ကာအလှဆင်တတ်ကြပါသည်။၎င်း Filter များမှာသာမန် Smart Phone များတွင် Auto ပါဝင်ပြီးဖြစ်ပြီး၊မပါဝ်ငသောဖုန်းများအတွက်တော့ Pixlr Application သည်အကောင်းဆုံး Application တစ်ခုပါ။

androidpit-htc-one-m8-filters-w628

ရောင်ပြန်ပါသော မျက်မှန်ကို အသုံးပြုပြီးဓာတ်ပုံရိုက်ခြင်း

သင့်မှာရောင်ပြန်ပါတဲ့နေကာမျက်မှန်တစ်ခုသာရှိမယ်ဆိုရင်တော့၊ ပိုမို ကောင်းမွန်တဲ့ ရှုခင်းမျိုးရရန်အတွက် ၄င်း နေကာမျက်မှန်ကို အသုံးပြုသင့်ပါတယ်။

photos-2-w628

Use Panorama mode

ရှုခင်းကောင်းကောင်း မြင်ကွင်းကျယ်ကျယ်နေရာတွေကို Landscape ပုံစံမျိုး ရိုက်မယ်ဆိုရင် Panorama mode ကိုသုံးပြီးရိုက်သင့်ပါတယ် ။
.
.
mobile ဖုန်းနဲ့ ဓာတ်ပုံရိုက်ရာမှာ ပိုမိုကောင်းမွန်သောပုံ ရဖို့အတွက် သိသင့်သည့်အချက်များ

No comments:

Post a Comment