Blog Archive
Friday, May 20, 2016
နွေရာသီတွင်​Heat Stroke ကိုသတိထား
နွေရာသီတွင်​Heat Stroke ကိုသတိထား
=========================
ဖြစ်လာတဲ့အတွက်ဆေးရုံကိုပို့ဆောင်နေစဉ်မှာပဲသေဆုံးသွား
ခဲ့ပါတယ်တဲ့
ကိုခွဲစိပ်စစ်ဆေးကြည့်တဲ့အခါမှာတော့ ဦးနှောက်သွေးကြောပြတ်
ပြင်းထန်တဲ့နေပူဒဏ်ဟာ အရေပြားကနေတဆင့် ခန္ဓာကိုယ်
သွေးကြောထဲကိုရောက်ရှိသွားပြီး၊ အပူအအေးဆန့််ကျင်ဘက်
ဟောင်းနွမ်းပြီးမာဆတ်နေပြီဖြစ်တဲ့အတွက် ပလတ်စတစ်ပိုက်တွေ
တွေ အထူးသတိထားသင့်ပါတယ်တဲ့။
အဖျားကြီးပြီးတက်တာ၊ ဖျားပြီးဦးနှောက်အမြေးရောင်တာ၊အူတွင်းသွေး
ကြောတွေ၊ ဦးနှောက်သွေးကြောတွေပေါက်ထွက်တာတွေဖြစ်ပြီး
Heat Stroke မဖြစ်အောင် ဒါတွေကိုရှောင်ရပါမယ်တဲ့-
      အောက်မှ စောင့်ပါ။
     ခံနိုင်ရည်ရှိသည်။
(၆)ပူစပ်တဲ့အစာစားရင်ကိုယ်အပူရှိန်တက်တတ်ပြီး၊ပူပြင်းတဲ့နေ့လည်နှင့်ညနေစောင်းတွေမှာအရက်သေစာမသောက်စားသင့်ပါ။
(၇)ရေနွေးကြမ်းမှာဆားလှော်အနည်းငယ်ခပ်သောက်တာဟာ
      ရှေးလူကြီးများ၏အပူဒဏ်ကာကွယ်နည်းတစ်မျိုးဖြစ်တဲ့အတွက်
လိုက်ပါတယ်ခင်ဗျား။
မှီငြမ်းကိုးကား;
.
.
Heat Stroke ကိုသတိထား
=========================
လွန်ခဲ့သောရက်ပိုင်းအတွင်းမှာ အသက် ၂၃ နှစ်အရွယ်
လူငယ်တစ်ဦး နေပူပြင်းချိန်တွင် အပြင်မှပြန်လာပြီး
ရေခဲသေတ္တာထဲက ရေသန့်ဗူးကိုယူသောက်မိပါတယ်တဲ့
ခဏအကြာမှာပဲ နုတ်ခမ်းတွေပြာနှမ်းလာပြီးစကားမေးမရ
ဖြစ်လာတဲ့အတွက်ဆေးရုံကိုပို့ဆောင်နေစဉ််မှာပဲသေဆုံးသွား
ခဲ့ပါတယ်တဲ့
သူသောက်ခဲ့တဲ့ရေကိုစစ်ကြည့်တော့လဲ ရိုးရိုးရေပါပဲ၊အလောင်း
ကိုခွဲစိပ်စစ်ဆေးကြည့်တဲ့အခါမှာတော့ ဦးနေှာက်သွေးကြောပြတ်
ပြီးသေဆုံးကြောင်း ဆရာ၀န်ကြီးတွေကအတည်ပြုခဲ့ပါတယ်တဲ့
အခုလိုပူပြင်းတဲ့ရာသီကိုရောက်တဲ့အခါမှာ
ပြငး်ထန်တဲ့နေပူဒဏ်ဟာ အရေပြားကနေတဆင့် ခန္ဓာကိုယ်
သွေးကြောထဲကိုရောက်ရှိသွားပြီး၊ အပူအအေးဆန့််ကျင်ဘက်
ဖြစ်စဉ်ပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာတတ်ပါတယ်တဲ့
နေပူထဲက နေ အအေးထဲကိုရုတ်ချည်း၀င်ရောက်ခြင်း၊
ရေအေးသောက်ခြင်း၊ ရေချိုးခြင်း၊အအေးခန်းတွင်းကနေရုတ်တရက်
ပူပြင်းတဲ့နေရောင်ထဲကိုထွက်ခြင်းတွေကြောင့် လူ့ခန္ဓာကိုယ်မှာ
အပူအအေး ရုတ်တရက်ပြင်းထန်စွာပြောင်းလဲမှုဖြစ်စဉ်ဖြစ်ပေါ်
ပြီး Heat Stroke မြန်မာလို ( အပူရှပ်ခြင်း ) ဖြစ်ပေါ်ပါတယ်တဲ့
Heat Stroke ဖြစ်ပြီဆိုရင် အပူအအေးရုတ်ချည်းပြောင်းလဲတဲ့
အတွက် ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကြောတွေဟာပူလို့ကျယ်တဲ့ဒဏ် ၊အေးလို့ကျုံ့တဲ့ဒဏ်တွေကြောင့်  သွေးစိးကြောင်း
အကျဉ်းအကျယ်ဖြစ်တဲ့ဒဏ်ကိုမခံနိုင်တော့ပဲ သွေးကြောကြီးတွေဆို
အက်ကွဲလာပြီး၊ သွေးကြောငယ်လေးတွေဆိုပြတ်ထွက်တာတွေ
ဖြစ်နိုင်ပါတယ်တဲ့။အသက်ကြီးတဲ့သူတွေရဲ့ သွေးကြောတွေဟာ
ဟောင်းနွမ်းပြိီးမာဆတ်နေပြီဖြစ်တဲ့အတွက် ပလတ်စတစ်ပိုက်တွေ
ဟောင်းနွမ်းလာတဲ့အခါ မာကျွတ်လာသလို ကွဲလွယ်ပေါက်လွယ်ဖြစ်
လာတာကြောင့်အသက်ကြီးတဲ့လူတွေမှာပိုဖြစ်လွယ်ပါတယ်တဲ့။
အထူးသဖြင့်အသက် ၅၀ ကျော်လူကြီးတွေ၊ သွေးတိုးရောဂါသမား
တွေ အထူူးသတိထားသင့်ပါတယ်တဲ့။
လူကြီးပဲဖြစ်ဖြစ် လူငယ်ပဲဖြစ်ဖြစ် Heat Stroke ဖြစ်ပြီဆို သတိလစ်တာ၊
အဖျားကြီးပြီးတက်တာ၊ ဖျားပြီးဦးနေှာက်အမြေးရောင်တာ၊အူတွင်းသွေး
ကြောတွေ၊ ဦးနေှာက်သွေးကြောတွေပေါက်ထွက်တာတွေဖြစ်ပြီး
အသက်ဆုံးရှုံးနိုင်ပါတယ်တဲ့။
Heat Stroke မဖြစ်အောင် ဒါတွေကိုရေှာင်ရပါမယ်တဲ့-
(၁) နေပြင်းချိန်အပြင်မထွက်ပါနှင့်၊မလွဲသာလို့ထွက်ရမယ်ဆိုရင်လည်း
       အဆောင်း၊ အကာ၊ ထီး၊ ဦးထုပ်ပါရမည်။
(၂) စောင့်ဆိုင်းရသောအလုပ်ဖြစ်လျင် သစ်ပင်အရိပ်၊အမိုးအကာ
      အောက်မှ စောင့်ပါ။
(၃)ရေသောက်လျင်ရိုးရိုးရေသောက်ပါ။ရေခဲရေမသောက်ပါနှင့်။
(၄)အဲကွန်းကားစီးပြီး၊နေပူရှိန်ပြင်းသောနေရာတွင်ဆင်းရမည်ဆိုလျင်
     မဆင်းမီကကြိုတင်ရေသောက်ထားပါ။အစာအိမ်အတွင်းရေရှိလျင်
     သွေးကြောများက ရေကိုစုပ်ယူထားသဖြင့်သာမန်အပူဒဏ်ကို
     ခံနိုင်ရည်ရှိသည်။
(၅)နေပူထဲမှလာပြီးခန္ဓာကိုယ်မအေးမီချက်ခြင်းရေမချိုးပါနှင့်၊မျက်နှာ
     မသစ်ပါနှင့်၊ခြေထောက်မဆေးပါနှင့်။
(၆)ပူစပ်တဲ့အစာစားရင်ကိုယ်အပူရှိန်တက််တတ်ပြီး၊ပူပြင်းတဲ့နေ့လည်နှင့်ညနေစောင်းတွေမှာအရက်သေစာမသောက်စားသင့်ပါ။
(၇)ရေနွေးကြမး်မှာဆားလေှာ်အနည်းငယ်ခပ်သောက်တာဟာ
      ရေှးလူကြီးများ၏အပူဒဏ်ကာကွယ်နည်းတစ်မျိုးဖြစ်တဲ့အတွက်
      ကျင့်သုံးသင့်ပါတယ်တဲ့.
ယခုနှစ်မှာ အယ်နီညိုရာသီဥတုကြောင့်မြန်မာနိုင်ငံဟာအပြင်းထန်ဆုံး
အပူချိန်ကိုခံစားရမှာဖြစ်တဲ့အကြောင်း မိုးလေ၀သပညာရှင်တွေကခန့်
မှန်းထားကြသလိုပဲ ပူပြင်းလွန်းတာကြောင့် မီလောင်မှုတွေကို ဆက်
တိုက်ကြုံတွေ့နေကြရပါပြီ။ အပူဒဏ်ဟာ မီးလောင်မှုအပြင် Heat
Stroke ကိုပါဖြစ်စေနိုင်ပြီး အသက်အန္ဒရာယ်ကိုပါထိခိုက်နိုင်တာကြောင့်
လုပ်ရိုးလုပ်စဉ်အလုပ်တွေကို ပုံမှန်ရာသီဥတုမှာလို ပေါ့ပေါ့ဆဆ သွားလာ
နေထိုင်လုပ်ကိုင်နေရုံနဲ့ မလုံလောက်ပါကြောင်းနှင့် Heat Stroke မဖြစ်
အောင် သတိထားပြီးနေထိုင် သွားလာသင့်ပါကြောင်း နိုးဆော်တင်ပြ
လိုက်ပါတယ်ခင်ဗျား။
မှီငြမ်းကိုးကား;
၅-၃-၂၀၁၆ နေ့ထုတ်ကြေးမုံသတင်းစာပါ
ဆောင်းပါးရှင်ကြည်လွင်မြင့်(မုဒြာ)၏
Heat Stroke ရောက်လာပြီ ဆောင်းပါး
No comments:
Post a Comment