Blog Archive

Friday, May 20, 2016

ကားမူးေရာဂါသမားမ်ား ေလးညႇင္း ၂ပြင့္ေဆာင္ပါ

ကားမူးေရာဂါသမားမ်ား ေလးညႇင္း ၂ပြင့္ေဆာင္ပါ

"ကားရပ္ေပးပါ ကားရပ္ေပးပါ ေဝါ့  ေဝါ့
ဆက္မလိုက္နိုင္ေတာ့ဘူးသည္မွာပဲထားခဲ့ပါေတာ့
ေခါင္းေတြမူးေနျပီ အန္ရတာလဲေမာေနျပီ"

ဆူညံ့သံမ်ားျဖင့္ ညဘက္ေမွာင္ေမွာင္မွာကားထိုးရပ္
သံျကားရေလသည္။
ထိုအခါ အန္ေနသူေအာ္ေျပာသူကိုဓါတ္မီးမ်ားျဖင့္ဝိုင္း
ထိုးထားမွအလင္းေရာင္ေအာက္မွာအေဒၚျကီးတစ္
ေယာက္ကိုျမင္ရေလသည္။
ထိုအခါ အန္ေနသူ့့ေဘးမွအေဒၚျကီးက

"ဟဲ့ စိန္တုတ္ ျပႆနာမရွာနဲ့ေနာ္ ညည္းသည္မွာေနခဲ့
လို့ျဖစ္မလား"
"မသိဘူးေအက်ဳပ္မလိုက္နိုင္ေတာ့ဘူးေတာ့"

ေျပာလည္းေျပာကားေပၚကအတင္းဆင္းဖို့အလုပ္မွာ

"စိန္တုတ္ ေနျပည္ေတာ္ေရာက္လို့နင္မပါရင္နင့္လင္ကို
ငါဘယ္လိုေျပာရမလဲ"

"နင့္ကိုယူပါလို့ေျပာလိုက္ေကာင္မေရ" "အေရးထဲအိမ္က
ဟာကိုအလြမ္းလာသည္ေနေသးတယ္"ဟုပြစိပြစိေျပာကာျပန္ခ်ဲေလသည္။

"တယ္   သည္မတာမ စိန္တုတ္"

တစ္ေယာက္ကလည္းျပန္တြယ္ေလသည္။

ကားထဲမွာေတာ့ဝါးခနဲ့ဝိုင္းရီျကေလသည္။
သည္ေတာ့မွကိုေနလည္းထိုင္ရာမွထကာအေဒၚက်ေနာ့မွာကားမမူးမအန္တဲ့ေဆးရွိတယ္ေသာက္မလား
ဟုလွမ္းေမးလိုက္မိသည္။

ေဝါ့
ထိုအခါအေဒၚျကီးကကားေပၚမွေျမျပင္ေပၚသို့အန္ခ်ျပီး
မမူးမအန္ဘူးဆိုရင္ျမန္ျမန္ေပးပါကြယ္ဟုအတင္းေတာင္းေလသည္။
က်ေနာ္လည္းေဆးအိတ္ထဲမွေဆးပြင့္နွစ္ပြင့္ထုတ္ေပး
လိုက္ေလသည္။
ထိုအေဒၚျကီးက ေဆးပြင့္နွစ္ပြင့္ဝါးစားရင္းက်ေနာ္ကို
မ်က္လုံးျပဴးျကည့္ကာ

"ေသခ်ာတယ္ေနာ္"
"ဟုတ္ေသခ်ာပါတယ္ ဝါးစားျပီးေရေသာက္လိုက္ပါ'
"ေအး ေအ"ဟုဆိုကာေရေသာက္ျပီးထိုင္ခုံမွာျပန္ထိုင္
ေနေလသည္။

ကားဆရာလည္းေနျပည္ေတာ္ဘက္ကားဆက္ေမာင္းေလသည္။

ခဏျကာေတာ့အန္သံေပ်ာက္ျပီးတစ္ကားလုံးျငိမ္သက္အိပ္ေမာက်သြားေလသည္။
မနက္မိုးလင္း၍ေနျပည္ေတာ္ေရာက္ေသာအခါထိုအ
ေဒၚျကီးမွက်ေနာ့္ကိုျကည့္ကာ

"ငါ့တူေဆးနွစ္ပြင့္ကစြမ္းလွခ်ည္လား"
"ဟုတ္ကဲ့အရမ္းစြမ္းပါတယ္"
"ေနာက္တစ္ခါကားစီးရင္ေဆးနွစ္ပြင့္ျကိုေသာက္ထားလိုက္မယ္ ေက်းဇူးပါကြယ္"

"ဟုတ္ကဲ့" ဟုေျပာရင္း ေနျပည္ေတာ္ျမို့မေစ်းဘက္
ေျခလွမ္းျပင္လိုက္စဥ္

"အကိုေရ အကို ခဏခဏ"
ေမာေမာပန္းပန္းနဲ့စပါယ္ယာေကာင္ေလးေျပးလိုက္လာကာ"ညီဆရာ့ကကားမူးအအန္ေပ်ာက္တဲ့
ေဆးနွစ္ပြင့္ဘာလဲေျပာခဲ့ပါတဲ့"
"ေျသာ္ဒါလား ေလးညွင္းပြင့္နွစ္ပြင့္ပါညီေလးရာ"ဟု
ေျပာရင္း ခရီးဆက္ခဲ့ေလေတာ့သည္။

အနာသိရင္ေဆးရွိပါတယ္ကားမူးျပီးအန္တတ္ရင္
ေလးညွင္းပြင့္နွစ္ပြင့္သာေဆာင္ထားပါဟုအသိေပး
ခြင့္ျပဳပါေလ။
Nay MinLay(ျမန္မာ့ေဆးပညာ-၁/ရန္ကုန္)

စိတ္မဆိုး နႏြင္းလံုး
.
.
#ကားမူးရောဂါသမားများ လေးညှင်း ၂ပွင့်ဆောင်ပါ

"ကားရပ်ပေးပါ ကားရပ်ပေးပါ ဝေါ့  ဝေါ့
ဆက်မလိုက်နိုင်တော့ဘူးသည်မှာပဲထားခဲ့ပါတော့
ခေါင်းတွေမူးနေပြီ အန်ရတာလဲမောနေပြီ"

ဆူညံ့သံများဖြင့် ညဘက်မေှာင်မေှာင်မှာကားထိုးရပ်
သံကြားရလေသည်။
ထိုအခါ အန်နေသူအော်ပြောသူကိုဓါတ်မီးများဖြင့်ဝိုင်း
ထိုးထားမှအလင်းရောင်အောက်မှာအဒေါ်ကြီးတစ်
ယောက်ကိုမြင်ရလေသည်။
ထိုအခါ အန်နေသူ့့ဘေးမှအဒေါ်ကြီးက

"ဟဲ့ စိန်တုတ် ပြဿနာမရှာနဲ့နော် ညည်းသည်မှာနေခဲ့
လို့ဖြစ်မလား"
"မသိဘူးအေကျုပ်မလိုက်နိုင်တော့ဘူးတော့"

ပြောလည်းပြောကားပေါ်ကအတင်းဆင်းဖို့အလုပ်မှာ

"စိန်တုတ် နေပြည်တော်ရောက်လို့နင်မပါရင်နင့်လင်ကို
ငါဘယ်လိုပြောရမလဲ"

"နင့်ကိုယူပါလို့ပြောလိုက်ကောင်မရေ" "အရေးထဲအိမ်က
ဟာကိုအလွမ်းလာသည်နေသေးတယ်"ဟုပွစိပွစိပြောကာပြန်ချဲလေသည်။

"တယ်   သည်မတာမ စိန်တုတ်"

တစ်ယောက်ကလည်းပြန်တွယ်လေသည်။

ကားထဲမှာတော့ဝါးခနဲ့ဝိုင်းရီကြလေသည်။
သည်တော့မှကိုနေလည်းထိုင်ရာမှထကာအဒေါ်ကျနော့မှာကားမမူးမအန်တဲ့ဆေးရှိတယ်သောက်မလား
ဟုလှမ်းမေးလိုက်မိသည်။

ဝေါ့
ထိုအခါအဒေါ်ကြီးကကားပေါ်မှမြေပြင်ပေါ်သို့အန်ချပြီး
မမူးမအန်ဘူးဆိုရင်မြန်မြန်ပေးပါကွယ်ဟုအတင်းတောင်းလေသည်။
ကျနော်လည်းဆေးအိတ်ထဲမှဆေးပွင့်နှစ်ပွင့်ထုတ်ပေး
လိုက်လေသည်။
ထိုအဒေါ်ကြီးက ဆေးပွင့်နှစ်ပွင့်ဝါးစားရင်းကျနော်ကို
မျက်လုံးပြူးကြည့်ကာ

"သေချာတယ်နော်"
"ဟုတ်သေချာပါတယ် ဝါးစားပြီးရေသောက်လိုက်ပါ'
"အေး အေ"ဟုဆိုကာရေသောက်ပြီးထိုင်ခုံမှာပြန်ထိုင်
နေလေသည်။

ကားဆရာလည်းနေပြည်တော်ဘက်ကားဆက်မောင်းလေသည်။

ခဏကြာတော့အန်သံပျောက်ပြီးတစ်ကားလုံးငြိမ်သက်အိပ်မောကျသွားလေသည်။
မနက်မိုးလင်း၍နေပြည်တော်ရောက်သောအခါထိုအ
ဒေါ်ကြီးမှကျနော့်ကိုကြည့်ကာ

"ငါ့တူဆေးနှစ်ပွင့်ကစွမ်းလှချည်လား"
"ဟုတ်ကဲ့အရမ်းစွမ်းပါတယ်"
"နောက်တစ်ခါကားစီးရင်ဆေးနှစ်ပွင့်ကြိုသောက်ထားလိုက်မယ် ကျေးဇူးပါကွယ်"

"ဟုတ်ကဲ့" ဟုပြောရင်း နေပြည်တော်မြို့မစျေးဘက်
ခြေလှမ်းပြင်လိုက်စဉ်

"အကိုရေ အကို ခဏခဏ"
မောမောပန်းပန်းနဲ့စပါယ်ယာကောင်လေးပြေးလိုက်လာကာ"ညီဆရာ့ကကားမူးအအန်ပျောက်တဲ့
ဆေးနှစ်ပွင့်ဘာလဲပြောခဲ့ပါတဲ့"
"သြော်ဒါလား လေးညှင်းပွင့်နှစ်ပွင့်ပါညီလေးရာ"ဟု
ပြောရင်း ခရီးဆက်ခဲ့လေတော့သည်။

အနာသိရင်ဆေးရှိပါတယ်ကားမူးပြီးအန်တတ်ရင်
လေးညှင်းပွင့်နှစ်ပွင့်သာဆောင်ထားပါဟုအသိပေး
ခွင့်ပြုပါလေ။
Nay MinLay(မြန်မာ့ဆေးပညာ-၁/ရန်ကုန်)

စိတ်မဆိုး နနွင်းလုံး

No comments:

Post a Comment