Blog Archive

Friday, May 20, 2016

Marshmallow သို့ အဆင့်မြှင့်သည့်အခါ”

“Marshmallow သို့ အဆင့်မြှင့်သည့်အခါ”

Marshmallow လို့ခေါ်ပြီး Android 6.0 လို့လည်း လူသိများတဲ့ OS ကို စမတ်ဖုန်းသုံးစွဲသူတွေရော တက်ဘ လက်သုံးစွဲတဲ့သူတွေပါ သဘောကျ ပါတယ်။ ဒါပေမယ့် စမတ်ဖုန်းတော်တော်များများမှာ Android 6.0 ထည့်မ ပေးသေးဘူး။ Android 5.1 နဲ့ပဲ စခန်းသွားနေကြပါတယ်။ ဟန်းဆက်လုပ်တဲ့ သူတွေကတော့ ပြောတာချည်းပဲ ဗျ။ သူတို့ဖုန်းတွေက Android 6 Upgradable တဲ့။ သွားပြီးမယုံစားလိုက်ပါနဲ့။ မြန်မာပြည်က စမတ်ဖုန်းတွေက ဟန်းဆက်တစ်သက်မှာ မူရင်းပါလာတဲ့ OS Version နဲ့ပဲ ကိစ္စပြတ်တာများ ပါတယ်။ကျွန်ုပ်တို့ကုမ္ပဏီထုတ်ဟန်းဆက်ဝယ်ထားသူများခင်ဗျာ၊ OS Version အသစ်ကို အခမဲ့ Upgrade လုပ်ပေးနေ ပါတယ်။ မိမိတို့ရဲ့ ဟန်းဆက်ကိုယူလာပြီး Upgrade အခမဲ့လုပ်နိုင်ပါတယ်လို့ ပြောသံတစ်ခါမှ မကြားမိပေါင်။ သူတို့လုပ်မပေးရင် ကိုယ့်ဘာသာလုပ်ယူရပါလိမ့်မယ်။ တစ်ခုတော့ရှိသပေါ့ဗျာ။ ကိုယ့်ဟန်းဆက်ထုတ်တဲ့ ကုမ္ပဏီကအမှန်အကန် ထုတ်ပေးတဲ့ Stock ROM ဖြစ်ဖို့တော့လိုပါလိမ့်မယ်။ Android အပိုင်း သက်သက်ဖိုင် အရွယ်သိပ်မကြီးပါဘူး။ Mb ရာဂဏန်းလောက်ရှိတာ။ ကုမ္ပဏီက Android နဲ့အတူ သူတို့ ထည့်ချင်တာ တွေရောထည့် လိုက်တော့ ဖိုင်အရွယ်အစားက 1Gb ၀န်းကျင်ဖြစ်သွားပါတယ်။ နိုင်ငံခြားသား ကွန်ရက် ကနေ မနက်(၅) နာရီလောက်ထဆွဲရင် (၆)နာရီလောက် ဆိုကိစ္စပြတ် ပါတယ်။ Upgrade ကပါးစပ်ပြောလွယ်ပေမယ့် ပြဿနာလေးတွေရှိတယ်ဗျ။ ဘာပြဿနာတွေလဲ . . .
<Marshmallow Upgrade နှင့် ပြဿနာများ>
ရှေ့မှာကျွန်တော်ပြောခဲ့ပြီးပါပြီ။ ကိုယ့်ဟန်းဆက်နဲ့ လုံးဝဥဿုံကိုက် ညီမယ့် Stock ROM ရမှဖြစ်မယ်ဆိုတာ။ ဒီတော့ ကိုယ့်ဟန်းဆက်အတွက် မူရင်း ကုမ္ပဏီထုတ် Stock ROM အွန်လိုင်းမှာရပြီလားဆိုတာ အရင်စစ်ကြပါ မယ်။ ရှာပုံရှာနည်းကတော့တူပါတယ်။ Setting>about phone> System update ကနေ၀င်ပြီးရှာရပါမယ်။ System update ထဲဝင်ပြီးရင်တော့ ဟန်းဆက်ကိုလိုက်ပြီးပြပုံပြနည်းကကွဲသွားပြီ။ တချို့မှာက CHECK FOR UPDATE တဲ့၊ တချို့မှာက DETECT တဲ့။ တချို့ကတော့ ONLINE, LOCAL Update တဲ့အဆင်ပြေတာတစ်ခု ကြည့်ပြီးရွေးပါ။မူရင်းကုမ္ပဏီကိုယ်တိုင်က Stock ROM ထုတ်မပေးသေးဘူးဆိုရင် ဖြင့် ဘာမှမတတ်နိုင်ဘူးပေါ့။ စောင့်ရုံရှိသပ။ အဲဒီစောင့်တဲ့ကိစ္စကလည်း အတော်ကြာတတ်သဗျ။ ကံဆိုး ချင်ရင် လချီကြာတတ်တယ်။ တစ်လတစ်ခါလောက် အွန်လိုင်းတက်ကြည့် ပေါ့ဗျာ။ စောင့်ရတာသိပ်ကြာတယ်ထင်ရင် Marshmallow System image ကို download ဆွဲပြီး Manual upgrade လည်းလုပ်နိုင်ပါတယ်။ OS upgrade လုပ်ရတဲ့အလုပ်က အဆင့်များပြီး နည်းနည်းရှုပ်ပါတယ်။ ဟန်းဆက်ကို လိုက်ပြီး လုပ်ထုံးလုပ်နည်းတွေကွာပါတယ်။ ကျွမ်းကျင်သူရဲ့အကူအညီရ ရင်ပိုကောင်းပါတယ်။ ဒီလိုမရနိုင်ရင် Google Search ကတစ်ဆင့် ကိုယ့် ဟန်းဆက်အတွက် Upgrade လုပ်ထုံး လုပ်နည်းတွေကို အပင်ပန်းခံရှာပြီး လုပ်ရပါမယ်။
<Upgrade မအောင်မြင်တဲ့ပြဿနာ>
OS Upgrade လုပ်တယ်ဆိုတာ အတွေ့အကြုံတစ်ခုလိုပါတယ်။ မှန်းရမ်းပြီး Upgrade လုပ်တဲ့အခါ မအောင် မြင်တာမျိုးတွေရှိတယ်။ နဂို OS လည်းသုံး မရ၊ OS အသစ်လည်းသုံးမရဖြစ်တတ်တယ်။ Upgrade မအောင်မြင်ရင် မူလအခြေအနေအတိုင်း ပြန်ရအောင်လုပ်နိုင်မှာလား။ အဲဒါက ဘယ် အခြေအနေလောက်အထိပဲမှားတယ် ဆိုတဲ့အပေါ်မူတည်ပါတယ်။ တကယ် လို့များ မူလအခြေအနေအတိုင်းပြန်ရမယ်ဆိုရင် စိတ်မပျက်ပါနဲ့။ လုပ်ထုံး လုပ်နည်းတွေကို အသေအချာပြန်လေ့လာပြီး နောက်တစ်ခါထပ်ကြိုးစားပါ။ OS Upgrade လုပ်တဲ့အခါ အွန်လိုင်းကိုအားကိုးရတာမို့ အင်တာနက်လုံးဝ မပြတ်တာသေချာရမယ်။တစ်နာရီဝန်းကျင်ကြာမယ့်ကိစ္စအတွက် ဖုန်း ဘက်ထရီ(၅၀)ရာခိုင်နှုန်းအထက်ရှိရမယ်။ (၉၀)ရာခိုင်နှုန်းဆိုပိုကောင်း တာပေါ့။ မသေချာရင်ဖုန်းကို ပါဝါ ကြိုးထိုးထားလိုက်ပါ။ ဟဲဟဲ ပြောသာ ပြောရတယ် လိုင်းမီးကလည်း စိတ်မချရဘူးဗျ။သူများတိုင်းပြည်က လူတွေ OS Upgrade လုပ်တဲ့အခါ Wi-Fi ကတစ်ဆင့်အင်တာနက်ချိတ်ပြီး လုပ်ကြပါ တယ်။ ပိုမြန်ပြီးဈေးသက်သာလို့ပါ။ ကျွန်တော်တို့ဆီမှာတော့ လူအများစု အတွက် မိုဘိုင်းအင်တာနက်သုံး နေရဦးမှာပါပဲ။ အင်တာနက်လိုင်းနဲ့ လျှပ်စစ်မီးသေချာဖို့ရယ်လုပ်ထုံးလုပ်နည်းအဆင့်မှန်ဖို့ရယ်လိုတယ်။ မဟုတ်ရင် System Crash ဖြစ်ပြီး Screen သေသွားတယ်။ ဘယ်မှ ဆက်မတက်ဘူး။ ပါဝါခလုတ်နဲ့ အသံလျှော့ခလုတ်ကို တွဲပြီး ဆယ်စက္ကန့် ထက်မနည်းနှိပ်ထားရင် reset လုပ်လို့ရပါတယ်။
ဒီနည်းနဲ့ဘာမှလုပ်မရဘူးဆိုရင် ဖုန်းဆားဗစ်လော ကမှာ bricked ဖြစ်သွား တယ်လို့ ပြောကြပါတယ်။ Recovery mode ကနေ boot တက်လို့ရအောင် ကြိုးစား ရပါတော့မယ်။Recovery mode ထဲဝင်တဲ့နည်းက ဟန်းဆက်ကို လိုက်ပြီးကွဲလွဲတတ်ပါတယ်။ အသုံးများတဲ့နည်းက အသံ အတိုးအကျယ် ခလုတ်နှစ်ခုလုံးနဲ့ ပါဝါခလုတ်ကိုတွဲပြီး ငါးစက္ကန့်လောက်နှိပ်ထားတဲ့နည်းပါ။ graphical user interface ပေါ်လာမှာမဟုတ်ပါဘူး။ text based interface ပေါ်လာမှာပါ။ ကွန်ပျူတာပေါ်က Command Line နဲ့တူပါတယ်။ အပေါ်တက် အောက်ဆင်းကို အသံတိုးကျယ်ခလုတ်နှစ်ခုနဲ့ လုပ်ရပါမယ်။ enter အတွက်က ပါဝါ ခလုတ်ပါ။ ဒီနေရာကနေပြီး ကိုယ့်ဟန်းဆက်ကို reboot လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် Factory Setting ရောက်အောင် လုပ်ပစ်နိုင်တယ်။ ဟန်းဆက်ကိုလိုက်ပြီးလုပ်ထုံးလုပ်နည်းတွေကွာပါတယ်။ ကြိုတင်လေ့လာထားဖို့လိုပါ တယ်။
<Marshmallow မှာ notification ကောင်းကောင်းအလုပ်မလုပ်ဘူး>
ဒီပြဿနာကိုတွေ့ရင် စဉ်းစားစရာရှိလာတယ်။ Marshmallow မို့လို့ notification တွေက ကောင်းကောင်း အလုပ်မလုပ်တာလား။ ဒီလို တော့မဟုတ်ဘူး။ Marshmallow မှာ ဘက်ထရီကို အကောင်းဆုံးချွေတာ ပေးတဲ့ Doze ကြောင့်ပြဿနာတက်တာပါ။သူကဘက်ထရီကိုချွေတာတဲ့ အခါတချို့ app တွေအလုပ်လုပ်တာရပ်သွား ပါတယ်။ ဘေးထွက် ဆိုးကျိုးလို့ ပြောရမလားပဲ။ ဒါကြောင့် Calendar app လိုဟာမျိုးမှာ notification မတက် တာတွေရှိနိုင်ပါတယ်။ဒီကိစ္စကိုဖြေရှင်းဖို့ home screen ကိုဝင်ပါ။ Setting>Battery ထဲသွားပါ။ ပြီးရင် Menu အပေါ်အောက်ဆင့် ထားတဲ့ အစက်လေးသုံးစက် နေရာမှာနှိပ်ပါ။ ပြီးရင် Battery Optimization ကို ရွေးပါ။ ကြီးရင် Not Optimized ကိုနှိပ်ပါ။ All apps ကိုရွေးပေးပါ။ ပေါ်လာတဲ့ app တွေထဲက notification အလုပ်မလုပ်ဖြစ်နေတဲ့ app ကိုရွေးပါ။ ပြီးရင် Don’s Optimize ကိုနှိပ်ပေးပါ။ ပြီးရင် Done ကိုနှိပ်။
<3G /4G နဲ့ Wi-fi ချိတ်လို့မရတဲ့ပြဿနာ>
Wireless Connection မရတာဟာ Android တွေအတွက် အထူးအဆန်း မဟုတ်ပါဘူး။ ဒါပေမယ့် Marshmallow က ဒီပြဿနာတွေကို လွယ်လွယ်ရှင်း လို့ရအောင် လုပ်မပေးထားပါဘူး။ ဖုန်း Signal မမိဘူးလား။ လိုင်းဖြုတ် ကြည့်လိုက် ပြန်ဆက်ကြည့်လိုက် လုပ်ရုံပဲရှိတယ်။ အဲဒီအလုပ်ကိုတချို့ဖုန်း တွေမှာ Taskbar ကနေလွယ်လွယ်လုပ်လို့ရပြီး တချို့ဖုန်းမှာ Setting ကနေ အဆင့်ဆင့်ဝင်လုပ်ရပါတယ်။ အလွယ်နဲ့ လုပ်လို့ရရင် Screen အပေါ်ဘက် ကနေ အောက်ကိုပွတ်ဆွဲလိုက်ပါ။ Android quick setting ကျလာပါမယ်။
ပြီးရင် Wi-fi ဒါမှမဟုတ် Mobile connection icon တစ်ခုခုကို ဆန္ဒရှိသလို ခေါက်လိုက်ပါ။ နှစ်စက္ကန့်လောက် စောင့်လိုက်ပါ။ Function off ဖြစ်သွား ပါမယ်။ နောက်ထပ်နှစ်စက္ကန့်လောက်ကြာရင်အဲဒီ icon ကို တစ်ခါထပ်နှိပ် ပါ။ function ပြန် on သွားပါလိမ့်မယ်။ ဒီနည်းနဲ့နှစ်ကြိမ်သုံးကြိမ်လောက် စမ်းကြည့်ပါ။ တစ်ခါတလေမှာ OS ကြောင့် လိုင်းမမိတာမဟုတ်ဘဲ ကိုယ်နေတဲ့ အရပ်က လိုင်းမမိဘူးဆိုတာမျိုးလည်းဖြစ်တတ်ပါတယ်။ ကိုယ့်အိမ်မှာ လိုင်းမိတာသေချာရင်ဖြင့် ဒီနည်းနဲ့အလုပ်မဖြစ်ရင် ပါဝါခလုတ် နဲ့ အသံလျှော့ခလုတ်ကိုတွဲပြီး ဆယ်စက္ကန့် လောက်နှိပ်ထားပါ။ ဒါတောင်မှ အလုပ်မဖြစ်သေးရင် Setting>Backup and reset> Network Setting reset အတိုင်းဝင်ပါ။ ပြီးရင် Reset Setting ကို ရွေးလိုက်ပါ။
<USB အလုပ်မလုပ်တဲ့ပြဿနာ>
PC နဲ့ ဖုန်းကို USB ကြိုးနဲ့ချိတ်ရတာအရင် Android version တွေမှာ လွယ်တယ်ဆိုပေမယ့် Marshmallow မှာတော့ အရင်ကထက် အလုပ်ပို လေးတွေလုပ်ရနိုင်ပါတယ်။ Home Screen ကိုသွားပါ။ အပေါ်ဘက်ဘယ် ဘက်ခြမ်းကနေ အောက်ကိုပွတ်ဆွဲလိုက်ပါ။ ပြီးရင်ကျလာတဲ့ အကွက်ထဲ ကနေ USB For Charging only နဲ့ Transfer files ဒါမှမဟုတ် Tramsfer photo တစ်ခုခုကို ရွေးပေးပါ။ USB ဟာ အရင်လိုပဲ Power အတွက်ရော Data အတွက်ပါ အလုပ်လုပ်ပါမယ်။
နောင်စိုး(ထားဝယ်)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

www.pyaephyo.com
Visit website

No comments:

Post a Comment